ကျွန်မဟာ သေဆုံးမှု နဲ့ ဗိသုကာ
အကြောင်း ပုံပြင်ကို ပြောပြချင်တယ်။
လွန်ခဲ့တဲ့ နှစ်တရာတုန်းက ကျွန်မတို့ဟာ
အဆုတ်ရောင်ရောဂါလို
ကူးစက်ရောဂါ ဖြစ်လာရင် လျင်မြန်စွာ
သေဆုံးခဲ့ကြရတာများပါတယ်။
အိမ်မှာ၊ မိမိကုတင်းတွေပေါ်မှာ၊
မိသားစုရဲ့ စောင့်ရှောက်မှုအောက်မှာ၊
ပုံမှန်ဆိုသလို သေခဲ့ကြရတာပါ၊
လူတွေ အများစုဟာ ဆေးကုသမှုကို
မရယူနိုင်ခဲ့ကြလို့ပါ။
ဒါပေမဲ့ ၂၀ ရာစုထဲမှာကျတော့
အရာတော်တော်များများ ပြောင်းလာခဲ့တယ်။
ကျွန်မတို့ဟာ ပင်နီစလင် လို
ဆေးဝါးအသစ်တွေကို တီထွင်လာနိုင်ကြလို့
ခုနကလို ကူးစက်ရောဂါတွေကို
ကုစားလာနိုင်ခဲ့ကြတယ်။
ပြီးတော့ ဓာတ်မှန် စက်လို
နည်းပညာအသစ်တွေ ပေါ်လာခဲ့ကြတယ်။
ဒါပေမဲ့ အဲဒါတွေ သိပ်ကြီးမားခဲ့ကြကာ
ဈေးကြီးခဲ့ကြလို့၊
အဲဒါတွေကို ထားရှိနိုင်ဖို့အတွက် ကြီးမားတဲ့
ဗဟိုအဆောက်အအုံတွေ လိုလာခဲ့တယ်၊
အဲဒီလိုနည်းဖြင့် ခေတ်ပေါ် ဆေးရုံတွေ
ပေါ်ပေါက်လာခဲ့ကြတယ်။
ဒုတိယကမ္ဘာစစ်ကြီးရဲ့ နောက်မှာ၊
နိုင်ငံ အများအပြားတို့ဟာ အထွေထွေ
ကျန်းမာရေး စန်စ်တွေကို ထူထောင်ခဲ့ကြရာ
ကုသမှု လိုအပ်သူတိုင်းဟာ
ကုသမှုကို ရရှိလာနိုင်ပါတယ်။
အဲဒါရဲ့ ရလဒ်အဖြစ် ရာစုနှစ် အစပိုင်းမှာ
၄၅ နှစ်သာရှိခဲ့တဲ့ မျှော်မှန်းချက် အသက်ဟာ
ဒီနေ့ဆိုရင် နှစ်ဆနီးနီး မြင့်မားလာခဲ့ပါပြီ။
ဒီလိုနဲ့ ၂၀ ရာစုဟာဖြင့် သိပ္ပံပညာရဲ့ ကမ်းလှမ်းချက်
တွေကြောင့် သိပ်ကို အကောင်းမြင်ခဲ့ကြတဲ့ ရာစုပါ၊
အားလုံးက အသက်ရှင်ရေးကို အလေးထားခဲ့ကြကာ
သေဆုံးမှုဆိုင်ရာ ချဉ်းကပ်မှု
အကြီးအကျယ် ပြောင်းလဲသွားခဲ့သည့်တိုင်အောင်၊
သေဆုံးမှုကို မေ့သွားခဲ့ကြတယ်၊။
ဒီမှာရပ်နေတဲ့ ကျွန်မဟာ ဗိသုကာပညာရှင်ပါ၊
လွန်ခဲ့တဲ့ နှစ်ခွဲကျော်မှာ ကျွန်ဟာ
အဲဒီလို အပြောင်းအလဲတွေကို စောင့်ကြည့်နေကာ
သေဆုံးခြင်း နဲ့ သေကြေမှုဆိုင်ရာ ဗိသုကာတွေအတွက်
၎င်းတို့ရဲ့ အဓိပ္ပါယ်ကို လေ့လာခဲ့ပါတယ်။
အခုတော့ ကျွန်မတို့ဟာ ကင်ဆာ ဒါမှမဟုတ်
နှလုံးရောဂါကြောင့် သေကြပါတယ်၊
တနည်းအားဖြင့် ကျွန်မတို့ထဲက အများစုတို့ဟာ
သူတို့ဘဝ အဆုံးပိုင်းမှာ နာတာရှည်
ရောဂါတွေကို ခံစားကြရမှာကို ဆိုလိုပါတယ်။
အဲဒီလို နှစ်များအတွင်းမှာ
ကျွန်မတို့ဟာ ဆေးရုံတွေ နဲ့ ဘိုးဘွားရိပ်သာ
စောင့်ရှောက်ရေး ဌာနမှာ နေထိုင်ဖို့များပါတယ်။
ခေတ်ပေါ် ဆေးရုံကို ကျွန်မတို့ အားလုံး
ရောက်ခဲ့ဘူးကြပါတယ်။
ဓာတ်မီးချောင်းများ နဲ့ အဆုံးအဆမရှိလို့
ထင်ရတဲ့ စင်္ကြံလမ်းတွေကို၊
ထိုင်ရတာ အဆင်မပြေတဲ့ ကုလားထိုင်
အတန်းတွေကို ရှင်တို့ သတိရကြမှာပါ။
ဆေးရုံတွေရဲ့ ဗိသုကာ
နာမည်ဆိုး ထွက်နေပါတယ်။
ဒီနေရာမှာ အံ့အားသင့်စရာ အချက်က
အမြဲတမ်း အဲဒီလို မဟုတ်ခဲ့ခြင်းပါပဲ။
ဒါကတော့ Brunelleschi က ၁၄၉၁ ခုနှစ်မှာ
ဆောက်လုပ်ပေးခဲ့တဲ့ L'Ospedale degli Innocenti ပါ၊
သူ့ခေတ်ကာလတုန်းက ဩဇာအကြီးမားဆုံး
ဗိသုကာဆရာပါ။
ကျွန်မ အဲဒီ အဆောက်အဦကို ကြည့်ပြီးနောက်
ဒီနေ့ ဆေးရုံတွေကို စဉ်းစားကြည့်တဲ့ အခါမှာ၊
အဆောက်အဦရဲ့ ရည်မှန်းချက်ကို
အံ့အားသင့်မိပါတယ်။
အဲဒါဟာ တကယ့်ကို ဧရာမ အဆောက်အဦကြီးပါ။
အလယ်မှာ ဒီလိုဝင်းခြံတွေ ရှိနေရာ
အခန်းတွေ အားလုံးဟာ နေရောင်နဲ့
လေကောင်းလေသငန့်ကို ရရှိကြပါတယ်၊
အခန်းတွေ ကြီးမားကြကာ
၎င်းတို့ရဲ့ အမိုးဟာ မြင့်မားပါတယ်၊
အဲဒီမှာ နေထိုင်ရတာ ပိုလို့ကို
သက်သောင့်သက်သာ ရှိပုံရပါတယ်။
ပြီးတော့ ၎င်းဟာ လှပါတယ်။.
တကယ်တော့၊ ဆေးရုံအတွက်တောင်မှ
အဲဒီလို ဖြစ်နိုင်တာကို ကျွန်မတို့ မေ့သွားကြပါပြီ။
သေဆုံးဖို့အတွက် အဆောက်အဦတွေကို
ပိုကောင်းစေချင်ရင် အဲဒါကို ပြောကြရပါမယ်၊
သေဆုံးမှုဆိုင်ရာ အကြောင်းအရာတွေကို
ကျွန်မတို့ မပြောဆိုအပ်ဘူးလို့
ယူဆထားကြလို့ မပြောကြပါဘူး၊
ပြီးတော့ လူ့အဖွဲ့အစည်းမှ သေဆုံးမှုအားချဉ်းကပ်မှု
အကြောင်းကိုလည်း မပြောကြပါဘူး။
ကျွန်မရဲ့ သုတေသနထဲမှာ
ကျွန်ကို အံ့အားသင့်စေခဲ့တဲ့ အချက်က၊
ပြောင်းလဲဖို့အတွက် လက်တွေ့ရှိနေကြတဲ့
စိတ်နေစိတ်ထားတွေပါပဲ။
ဟောဒါက ယူကေထဲက ပထမဦးဆုံး
မီးဂြိုဟ်ရုံပါ၊
၁၈၇၀ ပြည့်နှစ်များမှာ စအလုပ်လုပ်လာခဲ့တယ်။
ပထမဦးဆုံး ဆောက်လုပ်မှုဆိုတော့၊
ဒေသထဲက ရွာထဲတွင် ကန့်ကွက်မှုတွေ ရှိခဲ့တယ်။
မီးရှို့သင်္ဂြိုဟ်မှုကို လူတွေက လက်မခံခဲ့ကြလို့
လူ ၉၉.၈ ရာခိုင်နှုန်းအထိကို မြေထဲမြှုပ်နှံခဲ့ကြတယ်။
အဲဒီနောက် နှစ်တရာသာရှိသေး၊ ကျွန်မတို့ထဲက
လေးပုံတပုံဟာ မီးသင်္ဂြိုဟ်မှုကို လက်ခံလာကြတယ်။
လူတွေဟာ၊ အဲဒီအကြောင်းကို
ဆွေးနွေးပြောဆိုခွင့်သာ ရကြရင်၊
အဲဒီလို အပြောင်းအလဲတွေအတွက်
အသင့် ရှိကြပုံရတယ်။
ကျွန်မက ကျွန်မရဲ့ ပထမဦးဆုံး
ပြပွဲ ဖြစ်ခဲ့တဲ့ "Death in Venice"ကို
Venice မြို့မှာ ဇွန်လထဲ ခင်းကျင်းခဲ့စဉ်တုန်းက
ကျွန်မဟာ သေဆုံးခြင်း နဲ့ ဗိသုကာ အကြောင်းကို
ဆွေးနွေးမှုကို အစပျိုးပေးရန်
ရည်ရွယ်ချက်နဲ့ပါ။
အဲဒါဟာ အတော့်ကို ပါဝင်ကစားဖို့
လိုအပ်ခဲ့တဲ့ ပြပွဲပါ၊
လူတွေဟာ တကယ့်ကို ၎င်းထဲမှာ
ပါဝင်ပတ်သက်ရန် လိုအပ်ခဲ့ပါတယ်။
ဒါက ကျွန်မတို့ ခင်းကျင်းပြသခဲ့တဲ့ ထဲက
တခု ဖြစ်တဲ့ လန်ဒန်မြို့ရဲ့ တန်ပြန်တုံ့ပြန်နိုင်တဲ့ မြေပုံပါ၊
မြို့ထဲက ခြံမြေအဆောက်အဦတွေထဲက
ဘယ်လောက်ကို
သေဆုံးမှု နဲ့ သေဆုံးနေရမှုအတွက် သုံးထားတာကို
ပြပေးထားကာ
ရှင်တို့ရဲ့ လက်တွေကို မြေပုံအပေါ်မှ ဝှေ့ယမ်းပြရင်
အဲဒီလို ခြံမြေအဆောက်အဦ ဒါမှမဟုတ်
သင်င်္ချိုင်းရဲ့ အမည်တွေ ပေါ်လာကြပါမယ်။
နောက်တခု ကျွန်မတို့ ပြသခဲ့ကြတာက
ပို့စ်ကဒ် တတွဲပါ၊
လူတွေဟာ ၎င်းတို့ကို
ကိုယ့်နဲ့အတူ ယူသွားနိုင်ခဲ့ကြတယ်။
အဲဒီထဲမှာ လူတွေရဲ့ နေအိမ်တွေ၊ ဆေးရုံတွေ၊
မီးသင်္ဂြိုဟ်ရုံတွေ နဲ့ အအေးတိုက်တွေကို
ပြသထားကာ၊
သေဆုံးမှုဆိုတဲ့ အရာရဲ့ အဘက်ဘက်မှာ
ကျွန်မတို့ ဖြတ်သန်းကြရတဲ့
ဘဝခရီး အကြောင်းကို ပြောပြထားပါတယ်။
ကျွန်မတို့ သေဆုံးကြရတဲ့ နေရာဟာ
ကျွန်မတို့ ဘယ်လို သေဆုံးကြရတယ်ဆိုတာရဲ့
သော့ချက် ဖြစ်တာကို ကျွန်မတို့ ပြလိုခဲ့ကြတယ်။
ဒီနေရာမှာ ပြပွဲလာ ပရိသတ်က
တုံ့ပြန်ခဲ့ကြပုံဟာ အထူးဆန်းဆုံး ဖြစ်ခဲ့ပါတယ်၊
အထူးသဖြင့် အသံနဲ့အမြင် လုပ်ငန်းတွေမှာပါ။
ကျွန်မတို့ဆီမှာ ကနေကြသူတွေ
ပြေးခုန်နေကြသူတွေ ရှိခဲ့ကာ
သူတို့ဟာ ပြပွဲထဲက အရာတွေကို နည်းမျိုးစုံဖြင့်
အသက်ဝင်လာအောင် အားထုတ်ခဲ့ကြတယ်၊
အဲဒီနောက်မှာ သူတို့ဟာ ရုတ်တရက်
ရပ်တန့်လိုက်ကြကာ
သူတို့ဟာ သေဆုံးမှု အကြောင်း ပြပွဲထဲမှာ
ပါဝင်နေကြတာကို သတိရလိုက်ကြသလိုပါပဲ၊
လူတချို့တို့ အတွက် အဲဒီလို လှုပ်ရှားမှုဟာ
မသင့်လျော်ဘူးလို့ ထင်စရာ ဖြစ်နိုင်ပါတယ်။
တကယ်တော့ ကျွန်မ သိချင်လို့
မေးလိုတဲ့ မေးခွန်းက
သေခြင်းနဲ့ ပတ်သက်ပြီး ရှင်တို့ လုပ်ကိုင်လိုကြတာ
နောက် တမျိုးများလား၊
အဲဒီလို မဟုတ်ဘူးဆိုရင်၊ ကောင်းမွန်တဲ့
သေဆုံးခြင်း ဆိုတာကို ရှင်တို့ ဘယ်လို ထင်ပါသလဲ၊
ပြီးတော့ ကောင်းမွန်တဲ့ သေဆုံးမှုကို
ထောက်ကူပေးနိုင်တဲ့ ဗိသုကာတွေက ဘယ်လိုဟာတွေလဲ၊
ခုနက ပြောခဲ့တာတွေနဲ့ နည်းနည်းလေး မတူတာမျိုး၊
ပိုပြီး တူချင်တာမျိုးများလား။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်တီးသံများ)