ဘယ်အရာက စာအုပ်ကို စာအုပ်ရယ်လို့ ဖြစ်လာစေတာလဲ။ ဒါက သတင်းအချက်အချက်ကို သိမ်းထာပြီး ဆက်သွယ်ဖို့ သက်သက်ပဲလား။ ဒါမှမဟုတ် စာရွက်၊ စာအုပ်ချုပ်၊ စာလုံးပုံစံ၊ မင်၊ လက်ထဲက ၎င်းရဲ့အလေးချိန်၊ စာမျက်တွေရဲ့ အနံ့တို့နဲ့ သက်ဆိုင်လား။ ဒါ စာအုပ်တစ်အုပ်လား။ မဖြစ်လောက်ပါဘူး။ ဒါပေမဲ့ ဒါကရော။ ဒီမေးခွန်းတွေကို ဖြေဖို့ ကျွန်ပ်တို့သိကြတဲ့ စာအုပ်ရဲ့ အစဆီကို ပြန်သွားဖို့လိုပြီး ဒီအအပိုင်းတွေရဲ့ အပေါင်းထက်ပိုတဲ့ အရာတစ်ခု ဖန်တီးဖို့ ဒီလိုအပ်ချက်တွေ စုပေါင်း လာပုံကို နားလည်ဖို့လိုတယ်။ စာအုပ်တစ်အုပ်အဖြစ် တွေးမိတဲ့ အစောဆုံး အရာဝတ္ထုကတော့ codex ပါ။ အစွန်းတစ်ခုတစ်လျှောက် ချုပ်ထားတဲ့ စာရွက်ပုံတစ်ပုံပါ။ ဒါပေမဲ့ စာအုပ်သမိုင်းရဲ့ တကယ့် အလှည့်အပြောင်းက ၁၅ ရာစုအလယ်က Johannes Gutenberg ရဲ့ ပုံနှိပ်စက်ပါ။ ရွှေ့သုံးနိုင်တဲ့ ပုံနှိပ်နည်းကို အရှေ့ တိုင်း ယဉ်ကျေးမှုမှာ ပိုစောထွင်ခဲ့ပေမဲ့၊ Gutenberg ရဲ့ ပုံနှိပ်စက် မိတ်ဆက်မှုက နက်ရှိုင်းတဲ့ သက်ရောက်မှုတစ်ခု ရှိခဲ့တယ်။ ရုတ်တရက် သီးသန့် ဘုန်းကြီး လူတန်းစားနဲ့ အုပ်ချုပ်ရေး လူတန်းစား တစ်ရပ်ဟာ စာသားတွေထုတ်လုပ်မှုကို ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘူး။ သတင်းစကားတွေ ပိုလွယ်ကူစွာ ပျံ့နှံ့ကာ မူပွားတာတွေကို ချက်ချင်း ထုတ်လုပ်နိုင်ခဲ့တော့ ဥရောပတစ်ခွင်လုံးမှာ ပုံနှိပ်တိုက်တွေ ပေါ်လာတယ်။ စာအုပ်ပုံနှိပ်သမိုင်း တိုးပွားမှုဟာ ကျွန်ုပ်တို့နဲ့ အနေအထားချို့ ရင်နှီးပေမဲ့ အခြားအရာတွေမှာ သိသာစွာ ခြားနားပါတယ်။ စာအုပ်ရဲ့ အောက်ခံဘောင်က စက္ကူ၊ ခဲစာလုံးနဲ့ အဖုံးပါ။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က တရုတ်ဟာ ရေးတဲ့ မျက်နှာပြင်အဖြစ် စက္ကူကို ထွင်ခဲ့တယ်။ အီဂျစ် ကျူပင်စက္ကူက ၎င်းထက် အလျင်ကျတယ်။ ဒါပေမဲ့ ၁၆ ရာစု မတိုင်မီအထိတော့ ဥရောပသားတွေဟာ သစ်သားပြား အပါးတွေနဲ့ ကြာရှည်ခံတဲ့ သားရေပုရပိုက်ပေါ်မှာ အဓိက ရေးသားခဲ့တယ်။ နောက်ဆုံးမှာတော့ စက္ကူရဲ့ ရေပန်းစားမှုက ဥရောပတစ်ခုလုံးမှာ ပျံ့နှံသွားပြီး ပုံနှိပ်ခြင်းအများစုအတွက် ပုရပိုက်တွေကို အစားထိုးလိုက်တာက အလွန် စျေးသက်သာလိူ့ပါ။ မင်တွေကို သဘာဝအပင်နဲ့ တိရစ္ဆာန် ဆိုးဆေးတွေကိုရေ၊ ဝိုင်တို့နဲ့ ပေါင်းစပ်ပြီး လုပ်ခဲ့ပေမဲ့ ရေက သတ္တု ခဲစာလုံးကို မကပ်တာကြောင့် ပုံနှိပ်စက် အသုံးပြုမှုက ဆီအခြေခံ မင်အတွက် အပြောင်းအလဲတစ်ခု လိုအပ်ခဲ့တယ်။ ပုံနှိပ်တိုက်တွေဟာ မီးခွက် ကျပ်ခိုး၊ ထင်းရှူးဆီနဲ့ သစ်ကြားဆီ အရောနဲ့ လုပ်ထားတဲ့ မင်အမည်းကို အသုံးပြုခဲ့ကြတယ်။ စာလုံးပုံစံ အရွယ်နဲ့ ခဲစာလုံးကရော။ အစောဆုံး ရွှေ့သုံးနိုင်တဲ့ ခဲစာလုံးအပိုင်း တွေဟာ ခဲသတ္တုစပ် အတုံးတွေရဲ့ အစွန်းတွေမှာ ပုံလောင်းထားတဲ့ ပြောင်းပြန် အက္ခရာတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါတွေက လက်လုပ်ဖြစ်ပြီး စျေးကြီးတယ်။ ဒီမိုတွေကို ထွင်းထုတဲ့ လူတွေအတိုင်း ပုံစံတွေက ကွဲပြားတယ်။ အမြောက်အမြား ထုတ်လုပ်ခြင်းနဲ့ နားလည်လွယ်တဲ့ စာစီစာရိုက် စနစ်တစ်ခု ဖန်တီးခြင်း မတိုင်မီအထိတော့ စံသတ်မှတ်ခြင်းက တကယ် မဖြစ်နိုင်စရာပါ။ ဟန်ပုံစံအတွက်ကတော့ ရင်းနှီးနေတဲ့ Times Roman အပါအဝင် အခြား ထောင်ချီတဲ့ စာလုံးတွေကိုဖြစ်စေတဲ့ ရိုမန် စာလုံးတွေကို တီထွင်တာအတွက် Nicolas Jenson ကို ကျေးဇူးတင်နိုင်ပါတယ်။ တစ်စုံတစ်ခုက ဒါအားလုံးကို အတူတူ တွဲထားဖို့လိုခဲ့တယ်။ ၁၅ ရာစု နှောင်းပိုင်း ရောက်မှ သစ်သား(သို့) စက္ကူချပ်တွေပါတဲ့ အဖုံးတွေက အတူတူ ကပ်ပေးခဲ့တယ်။ နောက်ဆုံး ဒါတွေကို ကြိုး အမျှင် ကပ်ပြားနဲ့ အစားထိုးခဲ့တယ်။ ၁၇ ရာမှာ အဆင့်မြင့် စာအုပ်ဖုံးတွေအတွက် မူလက ရည်ရွယ်ခဲ့ပေမဲ့ နောက်တော့ စျေးသက်သာတဲ့ ရွေးချယ်မှု တစ်ခုအဖြစ်နဲ့ပါ။ ယနေ့ အများအပြား ထုတ်တဲ့ အဖုံးသရုပ်ဖော်တွေက စျေးကွက် ကိရိယာတွေ ဖြစ်နေပေမဲ့ အစောပိုင်း စာအုပ်တွေရဲ့ အဖုံး ဒီဇိုင်းတွေက အစီအစဉ်ကျဖို့ လုပ်တာပါ။ အနှောင့်တွေမှာတောင် သမိုင်းတစ်ခုရှိတယ်။ ကနဦးက ဒါတွေကို အလှရသအရ အရေးပါခဲ့တယ်။ အစောဆုံး အနှောင့်တွေက လုံးချောဖြစ်တာထက် ပြားနေတယ်။ အပြား ပုံစံက စာအုပ်ကို စားပွဲတစ်လုံးပေါ်မှာ အလွယ်တကူ တင်ထားလာနိုင်ခြင်းက စာအုပ်တွေကို ဖတ်ရ ပိုလွယ်စေတယ်။ ဒါပေမဲ့ ဒီအနှောင့်တွေဟာ သာမန် သုံးမှုရဲ့ ဖိတာတွေကြောင့် ပျက်စီးလွယ်တယ်။ လုံးချော ပုံစံက ဒီပြဿနာကို ဖြေရှင်းပေးတယ်။ ဒါပေမဲ့ စာအုပ်က ၎င်းဘာသာ ပိတ်သွားတာလို ပြဿနာသစ်တွေတော့ ပေါ်လာတယ်။ ဒါပေမဲ့ ပြောင်းလွယ်မှုက ပိုအရေးပါခဲ့တယ်။ အထူးသဖြင့် အလုပ်များတဲ့ စာဖတ်သူအတွက်ပေါ့။ စာအုပ်က တိုးတက်ပြောင်းလဲလာပြီး ချုပ်ထားတဲ့ စာတွေကို စခရင်ပြားတွေ၊ လျှပ်စစ်မင်တွနဲ့ အစားထိုးလာကြတော့ ဒီအရာဝတ္ထုတွေ၊ ဖိုင်တွေက တကယ့် စာအုပ်တွေလား။ အဖုံးထိတွေ့မှု(သို့) စာရွက်အနံ့က အတွေ့အကြုံအတွက် အရေးပါတဲ့ တစ်ခုခုကို ဖြည့်ပေးလား။ ဒါမှမဟုတ် ၎င်းတို့ရဲ့တင်ပြပုံက ဘာဖြစ်နေနေ မှော်ဆန်မှုက စကားလုံးတွေ အတွင်းမှာပဲ ရှင်သန်နေတာလား။