1 00:00:00,984 --> 00:00:04,507 ငယ်ငယ်တုန်းကတော့ကျွန်မနိုင်ငံက ကမ္ဘာပေါ်မှာအကောင်းဆုံးနိုင်ငံလို့ထင်ခဲ့တာ 2 00:00:05,150 --> 00:00:08,111 "မနာလိုစရာဘာမှမရှိဘူး"ဆိုတဲ့ သီချင်းကို ဆိုပြီး ကြီးလာခဲ့တာ။ 3 00:00:08,984 --> 00:00:10,682 အရမ်းလည်း ဂုဏ်ယူခဲ့တယ်။ 4 00:00:11,080 --> 00:00:14,605 Kim ll-Sung ရဲ့ သမိုင်းကို သင်ရင်း အချိန်တွေ အများကြီး ကုန်ခဲ့တယ် 5 00:00:14,629 --> 00:00:17,704 ဒါပေမဲ့ အပြင်ကမ္ဘာအကြောင်းကို တစ်ခါမှ မသင်ခဲ့ဖူးဘူး။ 6 00:00:18,981 --> 00:00:22,925 အမေရိကား၊ တောင်ကိုရီးယားနဲ့ ဂျပန်ဟာ ရန်သူတွေ ဆိုတာကလွဲလို့ပေါ့ 7 00:00:23,806 --> 00:00:27,195 အပြင်ကမ္ဘာအကြောင်း ခဏခဏတွေးဖူးပေမဲ့ 8 00:00:27,219 --> 00:00:30,859 တစ်ဘဝလုံး မြောက်ကိုရီးယားမှာပဲ ကုန်ဆုံးရမယ်လို့ ထင်ခဲ့တယ် 9 00:00:30,883 --> 00:00:33,267 အရာအားလုံး ရုတ်တရက် မပြောင်းလဲသွားခင်အထိပေါ့ 10 00:00:34,587 --> 00:00:39,108 အသက် ခုနှစ်နှစ်မှာ သေဒဏ် စီရင်တာကို မြင်ခဲ့တယ်။ 11 00:00:39,584 --> 00:00:42,200 ဒါပေမဲ့ မြောက်ကိုရီးယားက ဘဝကို ပုံမှန်ပဲလို့ ထင်နေခဲ့တာ 12 00:00:42,779 --> 00:00:44,693 မိသားစုက ဆင်းရဲတဲ့သူတွေ မဟုတ်ဘူး 13 00:00:44,717 --> 00:00:47,946 ကျွန်မကိုယ်တိုင်လည်း တစ်ခါမှ မငတ်ခဲ့ဖူးဘူး 14 00:00:48,414 --> 00:00:52,955 ဒါပေမဲ့ ၁၉၉၅ က တစ်နေ့မှာတော့ အမေက လုပ်ဖော်ကိုင်ဖက်ရဲ့ ညီမဆီက 15 00:00:52,979 --> 00:00:54,979 စာတစ်စောင်ယူလာခဲ့တယ် 16 00:00:55,003 --> 00:00:58,014 ဖတ်လိုက်တော့ "ဒီစာကို ဖတ်နေတဲ့ အချိန်မှာ 17 00:00:58,038 --> 00:01:02,870 ငါ့မိသားစု ငါးယောက်ဟာ ကမ္ဘာပေါ်မှာ မရှိကြတော့ဘူး 18 00:01:03,304 --> 00:01:06,242 ဘာလို့ဆိုတော့ လွန်ခဲ့တဲ့ သုံးပတ်လောက် လုံးလုံး ဘာမှမစားရလို့ 19 00:01:06,973 --> 00:01:09,409 ကြမ်းပြင်ပေါ်မှာ အတူတူ လဲလျောင်းနေကြတယ် 20 00:01:11,713 --> 00:01:17,382 ငါတို့တွေ အရမ်းအားနည်းနေပြီ။ သေဖို့ပဲရှိတော့တယ်။" 21 00:01:18,616 --> 00:01:20,131 ကျွန်မ အရမ်းလန့်သွားတယ် 22 00:01:21,608 --> 00:01:26,084 နိုင်ငံထဲကလူတွေ ဒုက္ခရောက်နေတယ်လို့ ပထမဆုံးကြားဖူးတာပဲ 23 00:01:28,171 --> 00:01:30,924 သိပ်မကြာခင်မှာ ဘူတာမှာ လမ်းလျှောက်နေတုန်း 24 00:01:30,944 --> 00:01:34,534 ဒီနေ့အထိ မေ့မရတဲ့ ကြောက်စရာ မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ် 25 00:01:36,318 --> 00:01:39,440 မြေကြီးပေါ်မှာ မိန်းမတစ်ယောက် သေနေတာ 26 00:01:39,440 --> 00:01:42,556 ပိန်ချုံးနေတဲ့ ကလေးတစ်ယောက်ကို ပိုက်ထားသေးတယ် 27 00:01:42,636 --> 00:01:45,921 ကလေးက သူ့အမေမျက်နှာကို အားကိုးတကြီး ကြည့်နေရှာတယ် 28 00:01:47,591 --> 00:01:49,286 ဘယ်သူမှ သူတို့ကို မကူညီကြဘူး 29 00:01:49,286 --> 00:01:54,648 ဘာလို့ဆိုသူတို့ဟာ သူတို့ကိုယ်သူတို့နဲ့ မိသားစုကိုပဲ ဂရုစိုက်ဖို့ ကြိုးစားနေရတာ 30 00:01:56,000 --> 00:01:59,041 ၁၉၉၀ အလယ်လောက်မှာ မြောက်ကိုရီးယားမှာ အငတ်ဘေးဆိုက်တယ် 31 00:01:59,541 --> 00:02:04,406 အငတ်ဘေးကြောင့် မြောက်ကိုရီးယားက လူတစ်သန်းကျော် သေကုန်တယ် 32 00:02:04,406 --> 00:02:09,806 အသက်ရှင်ကျန်ခဲ့တဲ့လူတွေက မြက်တွေ၊ သစ်ခေါက်တွေ အကောင်ပလောင်တွေကို စားရတယ်။ 33 00:02:11,676 --> 00:02:14,156 မီးလည်း ခဏခဏပျက်တော့တာပဲ 34 00:02:15,226 --> 00:02:18,713 ညဆိုရင် မှောင်မဲနေတာပဲ 35 00:02:18,713 --> 00:02:21,222 တရုတ်ဘက် ပင်လယ်က အလင်းကလွဲလို့ ဘာမှမရှိဘူး 36 00:02:21,222 --> 00:02:24,622 အိမ်ဘေးက မြစ်ဆီကနေ လှမ်းမြင်ရတယ် 37 00:02:24,622 --> 00:02:27,972 သူတို့ကျတော့ မီးရပြီး ငါတို့ကျတော့ ဘာလို့ မီးမရလဲ တွေးမိတယ် 38 00:02:30,132 --> 00:02:33,908 ဒါက ဂြိုတ်တုကနေ ရိုက်ထားတဲ့ မြောက်ကိုရီးယားရဲ့ညပုံ 39 00:02:34,288 --> 00:02:36,140 အိမ်နီးချင်းတွေနဲ့ ယှဉ်ကြည့်ပါဦး 40 00:02:37,711 --> 00:02:39,221 ဒါက Amnok မြစ် 41 00:02:39,248 --> 00:02:43,905 မြောက်ကိုရီးယားနဲ့ တရုတ်ကို ခွဲခြားပေးထားတဲ့ မြစ် 42 00:02:44,330 --> 00:02:48,454 တွေ့တဲ့အတိုင်းပဲ တချို့နေရာတွေမှာ မြစ်က တော်တော်ကျဉ်းတယ် 43 00:02:48,951 --> 00:02:51,546 ဒီကနေ မြောက်ကိုရီယားတွေက တိတ်တိတ်လေး ထွက်ပြေးလို့ရတယ် 44 00:02:53,266 --> 00:02:54,477 ဒါပေမဲ့ အများအပြားသေကြတယ် 45 00:02:54,907 --> 00:02:59,102 တစ်ခါတစ်လေ အလောင်းတွေ မြစ်ပေါ်မှာ ပေါ်နေတာ တွေ့ဖူးတယ် 46 00:03:02,795 --> 00:03:06,525 မြောက်ကိုရီးယားက ဘယ်လိုထွက်လာခဲ့လဲ ဆိုတာတော့ အတိအကျ မပြောပြနိုင်ဘူး 47 00:03:07,089 --> 00:03:10,597 ပြောနိုင်တာက အဲဒီ အငတ် ဘေးကျနေချိန်မှာ 48 00:03:10,597 --> 00:03:16,215 တရုတ်ပြည်က အမျိုးတွေဆီ သွားနေဖို့ ပို့ခံရတယ် 49 00:03:16,735 --> 00:03:22,383 ထင်တာက မိသားစုနဲ့ ခဏပဲခွဲနေရမယ်ပေါ့ 50 00:03:23,625 --> 00:03:26,095 စုစုပေါင်း ဆယ်လေးနှစ်လောက် ခွဲရလိမ့်မယ်လို့ 51 00:03:26,439 --> 00:03:27,984 တစ်ခါမှ မတွေးမိဖူးဘူး 52 00:03:29,038 --> 00:03:32,562 တရုတ်ပြည်မှာ မိသားစုမရှိပဲ မိန်းကလေးငယ် တယောက်တည်း နေဖို့က အတော် မလွယ်ဘူး 53 00:03:33,086 --> 00:03:36,405 အဲဒီမှာ မြောက်ကိုရီးယား ဒုက္ခသည်အနေနဲ့ ဘယ်လို 54 00:03:36,429 --> 00:03:37,912 နေရထိုင်ရမလဲဆိုတာ လုံးဝ မသိဘူး 55 00:03:38,356 --> 00:03:42,069 ဒါပေမဲ့ နောက်တော့ အဲဒီမှာ နေရတာ ခက်ခဲရုံတင်မကဘူး 56 00:03:42,093 --> 00:03:44,491 အန္တရာယ်လည်း များတယ်ဆိုတာ သိလာရတယ် 57 00:03:44,515 --> 00:03:51,228 မြောက်ကိုရီးယား ဒုက္ခသည်ဆိုတာ တရုတ်ပြည်မှာ တရားမဝင်နေထိုင်သူလို့ သတ်မှတ်ခံထားရတာလေ 58 00:03:52,162 --> 00:03:56,733 ကျွန်မဘယ်သူဆိုတာ ထုတ်ဖော်ခံရတော့မလားဆိုတဲ့ စိုးိမ်စိတ်နဲ့ တလျှောက်လုံး နေလာခဲ့ရတယ်။ 59 00:03:56,757 --> 00:04:00,108 သိသွားခဲ့ရင် ကျွန်မကို မြောက်ကိုရီးယားကို ပြန်ပို့ကြမှာ 60 00:04:00,132 --> 00:04:01,826 တစ်ရက် ဒီအိပ်မက်ဆိုး တကယ်ဖြစ်လာတယ် 61 00:04:02,969 --> 00:04:05,667 တရုတ်ရဲတွေ ဖမ်းတာ ခံခဲ့ရတယ်။ 62 00:04:05,691 --> 00:04:08,414 စစ်ဆေးဖို့ ကျွန်မကို ရဲစခန်းကို ခေါ်သွားခဲ့တယ်။ 63 00:04:12,529 --> 00:04:16,187 တစ်ယောက်ယောက်က ကျွန်မကို မြောက်ကိုရီယားပါလို့ တိုင်လိုက်တာ 64 00:04:16,211 --> 00:04:19,592 မေးခွန်းတွေ အများကြီး မေးခံရတယ်။ 65 00:04:19,616 --> 00:04:22,162 ကျွန်မ အရမ်းကို ကြောက်ခဲ့တာ 66 00:04:25,352 --> 00:04:27,487 နှလုံးတွေ ပေါက်ထွက်သွားပြီတောင် ထင်မိတယ်။ 67 00:04:28,164 --> 00:04:33,021 တခုခုများ လွဲခဲ့ရင် ကျွန်မကို ဖမ်းချုပ်ပြီး ဟိုကို ပြန်ပို့လိုက်ကြမှာ 68 00:04:33,997 --> 00:04:35,735 ငါ့ဘဝတော့ ဆုံးပါပြီလို့ တွေးမိတယ်။ 69 00:04:36,632 --> 00:04:39,508 ဒါပေမဲ့ စိတ်မှာ ဖြစ်နေတာကို ကျွန်မ ထိန်းချုပ်ထားနိုင်ခဲ့တယ်။ 70 00:04:39,532 --> 00:04:41,277 မေးတာတွေကို ဖြေတယ်။ 71 00:04:41,880 --> 00:04:43,638 အကုန်လုံး မေးလို့ ပြီးသွားတော့ 72 00:04:43,662 --> 00:04:46,087 အရာရှိတစ်ယောက်က နောက်တယောက်ကို 73 00:04:46,111 --> 00:04:49,277 "လိမ်ပြီး တိုင်တာပဲကွ။ သူက မြောက်ကိုရီးယား မဟုတ်ပါဘူး" 74 00:04:50,013 --> 00:04:52,823 နောက်ပြီး သူတို့ ကျွန်မကို လွတ် ပေးလိုက်တယ်။ တကယ်ဘုရားမတာပဲ။ 75 00:04:54,243 --> 00:04:58,426 တချို့မြောက်ကိုရီယားတွေဟာ တရုတ်က နိုင်ငံ ခြားသံရုံးတွေမှာ ခိုလှုံခွင့်တောင်းကြတယ်။ 76 00:04:59,213 --> 00:05:02,681 ဒါပေမယ့် တော်တော်များများက တရုတ်ရဲတွေ ဖမ်းတာ ခံရတာပဲ 77 00:05:02,705 --> 00:05:03,965 နောက်တော့ ပြန်ပို့ခံရတာပါ။ 78 00:05:04,451 --> 00:05:06,167 ဒီကောင်မလေးတွေကတော့ အရမ်းကံကောင်းတယ် 79 00:05:06,191 --> 00:05:07,856 အဖမ်းခံရပေမယ့် 80 00:05:07,880 --> 00:05:11,587 နိုင်ငံတကာ ဖိအားတွေကြောင့် ပြန်လွတ်ပေးခဲ့တယ်။ 81 00:05:12,799 --> 00:05:15,926 ဒီမြောက်ကိုရီးယားတွေကတော့ အဲလို ကံမကောင်းကြဘူး။ 82 00:05:15,950 --> 00:05:19,948 နှစ်တိုင်း မရေမတွက်နိုင်တဲ့ မြောက်ကိုရီး ယားတွေဟာ တရုတ်မှာ အဖမ်းခံရတယ်။ 83 00:05:19,972 --> 00:05:22,543 နောက်ပြီး မြောက်ကိုရီးယားကို ပြန်ပို့ခံရတယ်။ 84 00:05:22,567 --> 00:05:27,746 အဲဒီမှာ သူတို့ နှိပ်စက်ခံရနိုင်၊ထောင်ချ ခံရနိုင်၊လူကြးထဲမှာတောင် သတ်ပစ်ခံရနိုင်တယ် 85 00:05:28,777 --> 00:05:31,857 ကံကောင်းလွန်းလို့ ကျွန်မလွတ်ခဲ့ပေမယ့် 86 00:05:31,881 --> 00:05:34,713 တခြား မြောက်ကိုရီးယားတွေတော့ အဲဒီလောက် ကံမကောင်းနိုင်ဘူး။ 87 00:05:35,150 --> 00:05:38,716 မြောက်ကိုရီးယားလူမျိုးတွေဟာ သူတို့ရဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားရတယ်။ 88 00:05:38,740 --> 00:05:41,981 အသက်ရှင်ဖို့လည်း အရမ်း ရုန်းကန်ရတယ်။ 89 00:05:42,934 --> 00:05:45,948 ဘာသာစကား အသစ်ကို သင်ပြီး အလုပ်ရနေရင်တောင်မှပဲ 90 00:05:45,972 --> 00:05:49,591 သူ့ဘဝဟာ လုံးဝပျက်ချင်ပျက်သွားနိုင်တဲ့ အခြေအနေမှာ အမြဲရှိတယ်။ 91 00:05:50,107 --> 00:05:53,759 ဒါကြောင့်မလို့ ဆယ်နှစ်လောက် ကျွန်မ ကိုယ်ယောက်ဖျောက်ပြီး နေခဲ့ပေမဲ့ 92 00:05:53,783 --> 00:05:57,115 တောင်ကိုရီးယားကို စွန့်စားပြီး သွားဖို့ ဆုံးဖြတ်ခဲ့တာ 93 00:05:57,964 --> 00:06:00,922 နောက်ပြီး ဘဝအသစ်တခုကို တည်ထောင်ခဲ့တယ်။ 94 00:06:00,946 --> 00:06:02,534 တောင်ကိုရီယားမှာ အခြေချရတာဟာ 95 00:06:02,558 --> 00:06:05,569 ထင်ထားတာထက် အများကြီး ပိုခက်ခဲ့တယ်။ 96 00:06:06,331 --> 00:06:09,664 တောင်ကိုရီးယားမှာ အင်္ဂလိပ်စကားတတ်ဖို့ အရမ်းအရေးကြီးတယ်။ 97 00:06:09,688 --> 00:06:12,251 အဲဒါနဲ့ ကျွန်မရဲ့ တတိယ ဘာသာစကားကို လေ့လာရပြန်တယ်။ 98 00:06:13,434 --> 00:06:17,997 တောင်နဲ့ မြောက်မှာ ကွာခြားချက်တွေ အများကြီးရှိတာလည်း သတိပြုမိခဲ့တယ်။ 99 00:06:18,021 --> 00:06:20,174 ကျွန်မတို့အားလုံး ကိုရီးယားတွေဆိုပေမဲ့ 100 00:06:20,198 --> 00:06:24,923 အတွင်းမှာတော့ အရမ်းကို ကွာခြားတယ်။ ၆၇နှစ်လောက် ခွဲခြားခံထားရတာကိုး။ 101 00:06:25,931 --> 00:06:28,911 ပထမဆုံး ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်တယ်။ 102 00:06:29,669 --> 00:06:32,308 ကျွန်မဟာ တောင်ကိုရီးယားလား မြောက်ကိုရီးယားလား.. 103 00:06:32,959 --> 00:06:35,430 ကျွန်မက ဘယ်ကလဲ။ ကျွန်မ ဘယ်သူလဲ။ 104 00:06:36,229 --> 00:06:40,955 ရုတ်တရက် ကျွန်မမှာ ကိုယ့်နိုင်ငံပါလို့ ဂုဏ်ယူစရာ နိုင်ငံမရှိဘူး။ 105 00:06:43,717 --> 00:06:47,454 တောင်ကိုရီးယားမှာ နေထိုင်နိုင်ဖို့ သိပ်မလွယ်ဘူး။ 106 00:06:47,478 --> 00:06:51,779 ကျွန်မ အစီအစဉ်တွေဆွဲတယ်။ တက္ကသိုလ် ဝင်ခွင့်ဖြေဖို့ စာတွေ လေ့လာတယ်။ 107 00:06:52,323 --> 00:06:56,061 ဘဝသစ်ကို စဖို့ ကျွန်မ စလုပ်ခဲ့တယ်။ 108 00:06:56,085 --> 00:06:58,521 ထိတ်လန့်စရာ ဖုန်းတခု ဝင်လာခဲ့တယ် 109 00:06:58,545 --> 00:07:01,251 မြောက်ကိုရီးယား အာဏာပိုင်တွေက မိသားစုဆီ ပို့လိုက်တဲ့ 110 00:07:01,275 --> 00:07:02,910 ငေွကို ကြားဖြတ် ဖမ်းမိသွားတယ် 111 00:07:02,934 --> 00:07:07,956 အပြစ်ပေးတဲ့ အနေနဲ့ ကျွန်မမိသားစုကို နယ်နင်ဒါဏ်ပေးပြီး 112 00:07:07,980 --> 00:07:10,773 ခေါင်တဲ့ နယ်ဆီကို အပို့ခံရတယ်။ 113 00:07:11,503 --> 00:07:13,154 သူတို့ ချက်ချင်းကို ပြေ ာင်းရတာ 114 00:07:13,883 --> 00:07:16,726 ဒါနဲ့ သူတို့ကို ကယ်ထုတ်ဖို့ ကျွန်မ အစီအစဉ် ဆွဲရတော့တယ် 115 00:07:17,599 --> 00:07:21,105 မြောက်ကိုရီးယားကနေ လွတ်မြောက်ဖို့ သွားရတဲ့ 116 00:07:21,129 --> 00:07:22,883 ခရီးက မယုံနိုင်စရာ ရှည်လျားတယ် 117 00:07:23,669 --> 00:07:26,358 တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြားက 118 00:07:26,382 --> 00:07:29,315 နယ်စပ်ကို ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ 119 00:07:29,339 --> 00:07:32,682 ဖြစ်ချင်တာ ဖြစ်တော့ဆိုပြီး တရုတ်ပြည်ကို လေယာဉ်နဲ့ သွားလိုက်တယ် 120 00:07:32,706 --> 00:07:35,728 နောက်ပြီး မြောက်ကိုရီးယားနယ်စပ်ကို ဖြတ်ဖို့ ကြိုးစားတယ် 121 00:07:36,823 --> 00:07:39,521 ကျွန်မ မိသားစုက တရုတ်စကား မပြောတတ်တော့ 122 00:07:39,545 --> 00:07:44,394 ကျွန်မ သူတို့ကို မိုင်ပေါင်း ၂၀၀၀ ကျော် လမ်းပြလုပ်ခဲ့ရတယ် 123 00:07:44,418 --> 00:07:47,965 တရုတ်ထဲမှာရော အဲဒီကနေ အရှေ့တောင် အာရှထဲကို ဝင်တယ် 124 00:07:48,743 --> 00:07:50,837 ဘက်စ်ကားနဲ့ သွားရတဲ့ ခရီးက တစ်ပတ်ကြာတယ် 125 00:07:50,861 --> 00:07:53,582 အဖမ်းခံရမလို ဖြစ်တာ အခါခါပဲ 126 00:07:54,201 --> 00:08:00,336 တစ်ခါမှာတော့ ကားကို တားပြီး တရုတ်ရဲတွေက စစ်တယ် 127 00:08:01,355 --> 00:08:03,102 လူတိုင်းရဲ့ မှတ်ပုံတင်တွေ တောင်းကြည့်တယ် 128 00:08:03,126 --> 00:08:05,843 သူတို့ကို မေးခွန်းတွေ မေးတယ် 129 00:08:05,867 --> 00:08:10,645 ကျွန်မ မိသားစုက တရုတ်လို နားမလည်ကြတော့ 130 00:08:10,669 --> 00:08:13,205 သူတို့တော့ အဖမ်းခံရပြီပဲ ထင်ခဲ့တာ 131 00:08:13,832 --> 00:08:16,553 ကျွန်မ မိသားစုနားကို အဲဒီအရာရှိ ကပ်လာချိန်မှာတော့ 132 00:08:16,577 --> 00:08:19,231 ကျွန်မ ရုတ်တရပ်ထရပ်ပြီး 133 00:08:19,255 --> 00:08:23,318 သူတို့တွေဟာ ဆွံ့အ နားမကြားတွေပါ။ ကျွန်မ စောင့်ရှောက်နေတာပါလို့ ပြေ ာလိုက်တယ် 134 00:08:24,017 --> 00:08:26,108 ကျွန်မကို သူ သင်္ကာမကင်း ကြည့်တယ် 135 00:08:26,132 --> 00:08:29,104 နောက်ဆုံးတော့ ကျွန်မ ပြောတာ သူယုံသွားတယ် 136 00:08:30,015 --> 00:08:32,897 ကျွန်မတို့ လာအိုနယ်စပ်ကို ဖြတ်လာနိုင်ခဲ့တယ် 137 00:08:33,621 --> 00:08:37,968 လာအို နယ်စပ် အစောင့်ကို ကျွန်မမှာ 138 00:08:37,992 --> 00:08:40,206 ပါသမျှ ပိုက်ဆံ အကုန်နီးပါ လာဘ်ထိုးလိုက်ရတယ် 139 00:08:41,040 --> 00:08:43,327 ဒါတောင် ကျွန်မတို့ နယ်စပ်ကို ဖြတ်ပြီးတာနဲ့ 140 00:08:43,351 --> 00:08:48,278 ကျွန်မ မိသားစု အဖမ်းခံရပြီး တရားမဝင် နယ်စပ်ဖြတ်ကူးမှုနဲ့ ထောင်ချခံလိုက်ရတယ် 141 00:08:48,809 --> 00:08:50,957 ဒါဏ်ငွေတွေဆောင်၊ လာဘ်တွေ ထိုးပြီးတော့ 142 00:08:50,981 --> 00:08:53,950 တစ်လလောက်နေတော့ မိသားစုကို ပြန်လွတ်ပေးတယ် 143 00:08:54,570 --> 00:08:58,552 ဒါပေမယ့် သိပ်မကြာခင်မှာပဲ လာအိုရဲ့ မြို့တော်မှာ 144 00:08:58,576 --> 00:09:00,410 နောက်တစ်ခါ အဖမ်းခံရပြီး ထောင်ချခံရတယ် 145 00:09:01,568 --> 00:09:04,689 အဲဒါဟာ ကျွန်မဘဝရဲ့ အဆိုးဆုံး အချိန်ပဲ 146 00:09:05,571 --> 00:09:10,758 သူတို့ လွတ်အောင် ကျွန်မ လုပ်နိုင်သမျှ အကုန်လုပ်ခဲ့တယ် 147 00:09:10,782 --> 00:09:13,132 နောက်ပြီး ဖြစ်လာခာနီးမှ 148 00:09:13,156 --> 00:09:15,429 သူတို့ကို ထောင်ချခံလိုက်ရပြန်တယ် 149 00:09:15,453 --> 00:09:18,424 တောင်ကိုရီးယား သံရုံးနဲ့ နီးနီးလေးမှာပဲ 150 00:09:19,297 --> 00:09:22,053 လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ရဲစခန်းကြားမှာ 151 00:09:22,077 --> 00:09:23,955 ကျွန်မ ခေါက်တုံခေါက်ပြန် သွားနေရတယ် 152 00:09:23,979 --> 00:09:26,892 မိသားစုကို ဘယ်လိုများ ကယ်နိုင်မလဲ ကြိုးစားရင်းပေါ့ 153 00:09:26,916 --> 00:09:30,599 ဒါပေမဲ့ လာဘ်ထိုးဖို့ ပိုက်ဆံ ကျွန်မမှာ မရှိဘူး။ 154 00:09:31,099 --> 00:09:32,488 မျှော်လင့်ချက် မရှိတော့ဘူးလေ 155 00:09:32,924 --> 00:09:36,686 အဲဒီအချိန်မှာ လူတယောက်ရဲ့ အသံကို ကျွန်မကြားခဲ့တယ် 156 00:09:36,710 --> 00:09:37,823 "ဘာဖြစ်နေတာလဲ" 157 00:09:37,847 --> 00:09:42,795 လုံးဝ သူစိမ်းတယောက်က ဒီလိုမေးလာတော့ ကျွန်မ အရမ်း အံ့သြသွားခဲ့တယ် 158 00:09:43,502 --> 00:09:45,907 မီးကျိုးမောင်းပျက် အင်္ဂလိပ်စကားနဲ့ အဘိဓါန်သုံးကာ 159 00:09:45,931 --> 00:09:49,861 ဖြစ်နေတာတွေကို သူ့ကို ရှင်းပြလိုက်တယ်။ 160 00:09:49,885 --> 00:09:52,132 အဲဒီလူက ATM စက်ဆီကို သွားလိုက်ပြီး 161 00:09:52,156 --> 00:09:54,909 ကျွန်မ မိသားစုကို ကယ်ဖို့ လိုအပ်တဲ့ ပိုက်ဆံကို ပေးခဲ့တယ် 162 00:09:54,933 --> 00:09:58,002 အဲဒီနောက်တော့ မြောက်ကိုရီးယား နှစ်ယောက် ထောင်က လွတ်လာတော့တယ် 163 00:09:59,192 --> 00:10:02,525 ကျွန်မ နှလုံးသားထဲကနေ သူ့ကို ကျေးဇူးတင်ပါတယ်။ 164 00:10:02,549 --> 00:10:04,225 "ကျွန်မကို ဘာလို့ ကူညီတာလဲ"မေးတော့ 165 00:10:05,011 --> 00:10:06,686 "ငါက မင်းကို ကူတာမဟုတ်ပါဘူး"တဲ့။ 166 00:10:07,384 --> 00:10:09,479 "မြောက်ကိုရီးယားတွေကို ကူညီတာ"တဲ့ 167 00:10:10,321 --> 00:10:14,157 အဲဒီအခိုက်အတံ့လေးဟာ ကျွန်မဘဝအတွက် အမှတ်ရဖွယ် အချိန်လေးပါ 168 00:10:15,014 --> 00:10:20,039 ဒီလူစိမ်းဟာ ကျွန်မနဲ့ မြောက်ကိုရီးယား လူမျိုးတွေကို အရေးထားတယ် 169 00:10:20,063 --> 00:10:21,531 သူ့လိုလူမျိုးကို အလိုအပ်ဆုံးပဲ 170 00:10:22,014 --> 00:10:24,864 သူက လူစိမ်းတွေရဲ့ ကြင်နာတရားနဲ့ 171 00:10:24,888 --> 00:10:27,868 နိုင်ငံတကာ လူထုရဲ့ အကူအညီတွေကို ကျွန်မကို ပြသွားခဲ့တယ် 172 00:10:27,892 --> 00:10:31,751 မြောက်ကိုရီးယားက လူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်ပါပဲ 173 00:10:33,077 --> 00:10:35,284 နောက်ဆုံး ကျွန်မတို့ရဲ့ ခရီးစဉ်အပြီးမှာ 174 00:10:35,308 --> 00:10:38,482 တောင်ကိုရီးယားမှာ မိသားစုနဲ့ ကျွန်မ ပြန်ဆုံကြတယ် 175 00:10:39,045 --> 00:10:41,990 လွတ်မြောက်လာတာက တိုက်ပွဲရဲ့ တစ်ဝက်ပဲ ရှိသေးတယ် 176 00:10:42,577 --> 00:10:46,053 မြောက်ကိုရီးယားတွေ အများကြီး မိသားစုနဲ့ ကွဲနေကြတယ် 177 00:10:46,077 --> 00:10:48,637 နိုင်ငံအသစ်ကို ရောက်တဲ့အခါ သူတို့မှာ 178 00:10:48,661 --> 00:10:51,172 ပိုက်ဆံ နည်းနည်းပဲ ရှိတယ် 179 00:10:52,450 --> 00:10:55,482 ဒီတော့ နိုင်ငံတကာ လူ့အဖွဲအစည်းတွေက အကူအညီတွေ ရနိုင်တယ် 180 00:10:55,506 --> 00:11:00,298 ပညာရေးအတွက်၊ အင်္ဂလိပ်စာ သင်ဖို့အတွက်၊ အလုပ်သင်တန်းအတွက် စတာတွေပေါ့။ 181 00:11:01,068 --> 00:11:02,885 မြောက်ကိုရီးယားက လူတွေနဲ့ 182 00:11:02,909 --> 00:11:06,552 အပြင်ကမ္ဘာနဲ့ ကြားမှာတံတားတွေအဖြစ် ကျွန်မတို့ နေကြတယ် 183 00:11:07,234 --> 00:11:12,505 ဘာလို့ဆိုတော့ ကျွန်မတို့အတော်များများရဲ့ မိသားစုတွေဟာ အထဲမှာပဲ ရှိသေးပြီး သူတို့နဲ့ 184 00:11:12,529 --> 00:11:14,673 ကျွန်မတို့ ဆက်သွယ်ကာ သတင်းနဲ့ ငွေတွေပို့တာကိုး 185 00:11:14,697 --> 00:11:17,903 ဒါတွေဟာ မြောက်ကိုရီးယားရဲ့ အတွင်းကို ပြောင်းလဲဖို့ ကူညီတာပဲ 186 00:11:19,332 --> 00:11:24,485 ဒီလို အကူအညီတွေရပြီး ဘဝခွန်အားတွေ ရခဲ့တာ ကျွန်မ သိပ်ကံကောင်းတာပဲ 187 00:11:24,509 --> 00:11:27,730 ကျွန်မလည်း မြောက်ကိုရီးယားကို ကူညီချင်တယ် 188 00:11:27,754 --> 00:11:32,411 နိုင်ငံတကာ အထောက်အပံ့နဲ့ ပေါ့။ 189 00:11:33,561 --> 00:11:36,866 ရှင်တို့တွေ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ မြောက်ကိုရီယားတွေ 190 00:11:36,890 --> 00:11:39,017 ပိုပိုပြီး တွေ့လာနေပြီလို့ ကျွန်မ ယုံပါတယ် 191 00:11:39,041 --> 00:11:40,739 ဒီ TED စင်မြင့်ပေါ်မှာရောပေါ့ 192 00:11:41,223 --> 00:11:42,375 ကျေးဇူးတင်ပါတယ် 193 00:11:42,399 --> 00:11:49,309 (လက်ခုပ်သံများ)