0:00:00.984,0:00:04.507 ငယ်ငယ်တုန်းကတော့ကျွန်မနိုင်ငံက[br]ကမ္ဘာပေါ်မှာအကောင်းဆုံးနိုင်ငံလို့ထင်ခဲ့တာ 0:00:05.150,0:00:08.111 "မနာလိုစရာဘာမှမရှိဘူး"ဆိုတဲ့ [br]သီချင်းကို ဆိုပြီး ကြီးလာခဲ့တာ။ 0:00:08.984,0:00:10.682 အရမ်းလည်း ဂုဏ်ယူခဲ့တယ်။ 0:00:11.080,0:00:14.605 Kim ll-Sung ရဲ့ သမိုင်းကို သင်ရင်း [br]အချိန်တွေ အများကြီး ကုန်ခဲ့တယ် 0:00:14.629,0:00:17.704 ဒါပေမဲ့ အပြင်ကမ္ဘာအကြောင်းကို [br]တစ်ခါမှ မသင်ခဲ့ဖူးဘူး။ 0:00:18.981,0:00:22.925 အမေရိကား၊ တောင်ကိုရီးယားနဲ့ [br]ဂျပန်ဟာ ရန်သူတွေ ဆိုတာကလွဲလို့ပေါ့ 0:00:23.806,0:00:27.195 အပြင်ကမ္ဘာအကြောင်း ခဏခဏတွေးဖူးပေမဲ့ 0:00:27.219,0:00:30.859 တစ်ဘဝလုံး မြောက်ကိုရီးယားမှာပဲ [br]ကုန်ဆုံးရမယ်လို့ ထင်ခဲ့တယ် 0:00:30.883,0:00:33.267 အရာအားလုံး ရုတ်တရက် [br]မပြောင်းလဲသွားခင်အထိပေါ့ 0:00:34.587,0:00:39.108 အသက် ခုနှစ်နှစ်မှာ သေဒဏ်[br]စီရင်တာကို မြင်ခဲ့တယ်။ 0:00:39.584,0:00:42.200 ဒါပေမဲ့ မြောက်ကိုရီးယားက [br]ဘဝကို ပုံမှန်ပဲလို့ ထင်နေခဲ့တာ 0:00:42.779,0:00:44.693 မိသားစုက ဆင်းရဲတဲ့သူတွေ မဟုတ်ဘူး 0:00:44.717,0:00:47.946 ကျွန်မကိုယ်တိုင်လည်း တစ်ခါမှ မငတ်ခဲ့ဖူးဘူး 0:00:48.414,0:00:52.955 ဒါပေမဲ့ ၁၉၉၅ က တစ်နေ့မှာတော့ [br]အမေက လုပ်ဖော်ကိုင်ဖက်ရဲ့ ညီမဆီက 0:00:52.979,0:00:54.979 စာတစ်စောင်ယူလာခဲ့တယ် 0:00:55.003,0:00:58.014 ဖတ်လိုက်တော့ "ဒီစာကို ဖတ်နေတဲ့ အချိန်မှာ 0:00:58.038,0:01:02.870 ငါ့မိသားစု ငါးယောက်ဟာ [br]ကမ္ဘာပေါ်မှာ မရှိကြတော့ဘူး 0:01:03.304,0:01:06.242 ဘာလို့ဆိုတော့ လွန်ခဲ့တဲ့ သုံးပတ်လောက်[br]လုံးလုံး ဘာမှမစားရလို့ 0:01:06.973,0:01:09.409 ကြမ်းပြင်ပေါ်မှာ အတူတူ လဲလျောင်းနေကြတယ် 0:01:11.713,0:01:17.382 ငါတို့တွေ အရမ်းအားနည်းနေပြီ။ [br]သေဖို့ပဲရှိတော့တယ်။" 0:01:18.616,0:01:20.131 ကျွန်မ အရမ်းလန့်သွားတယ် 0:01:21.608,0:01:26.084 နိုင်ငံထဲကလူတွေ ဒုက္ခရောက်နေတယ်လို့ [br]ပထမဆုံးကြားဖူးတာပဲ 0:01:28.171,0:01:30.924 သိပ်မကြာခင်မှာ ဘူတာမှာ လမ်းလျှောက်နေတုန်း 0:01:30.944,0:01:34.534 ဒီနေ့အထိ မေ့မရတဲ့ ကြောက်စရာ [br]မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ် 0:01:36.318,0:01:39.440 မြေကြီးပေါ်မှာ မိန်းမတစ်ယောက် သေနေတာ 0:01:39.440,0:01:42.556 ပိန်ချုံးနေတဲ့ ကလေးတစ်ယောက်ကို [br]ပိုက်ထားသေးတယ် 0:01:42.636,0:01:45.921 ကလေးက သူ့အမေမျက်နှာကို [br]အားကိုးတကြီး ကြည့်နေရှာတယ် 0:01:47.591,0:01:49.286 ဘယ်သူမှ သူတို့ကို မကူညီကြဘူး 0:01:49.286,0:01:54.648 ဘာလို့ဆိုသူတို့ဟာ သူတို့ကိုယ်သူတို့နဲ့[br]မိသားစုကိုပဲ ဂရုစိုက်ဖို့ ကြိုးစားနေရတာ 0:01:56.000,0:01:59.041 ၁၉၉၀ အလယ်လောက်မှာ [br]မြောက်ကိုရီးယားမှာ အငတ်ဘေးဆိုက်တယ် 0:01:59.541,0:02:04.406 အငတ်ဘေးကြောင့် မြောက်ကိုရီးယားက [br]လူတစ်သန်းကျော် သေကုန်တယ် 0:02:04.406,0:02:09.806 အသက်ရှင်ကျန်ခဲ့တဲ့လူတွေက မြက်တွေ၊ [br]သစ်ခေါက်တွေ အကောင်ပလောင်တွေကို စားရတယ်။ 0:02:11.676,0:02:14.156 မီးလည်း ခဏခဏပျက်တော့တာပဲ 0:02:15.226,0:02:18.713 ညဆိုရင် မှောင်မဲနေတာပဲ 0:02:18.713,0:02:21.222 တရုတ်ဘက် ပင်လယ်က အလင်းကလွဲလို့ [br]ဘာမှမရှိဘူး 0:02:21.222,0:02:24.622 အိမ်ဘေးက မြစ်ဆီကနေ လှမ်းမြင်ရတယ် 0:02:24.622,0:02:27.972 သူတို့ကျတော့ မီးရပြီး ငါတို့ကျတော့ [br]ဘာလို့ မီးမရလဲ တွေးမိတယ် 0:02:30.132,0:02:33.908 ဒါက ဂြိုတ်တုကနေ ရိုက်ထားတဲ့ [br]မြောက်ကိုရီးယားရဲ့ညပုံ 0:02:34.288,0:02:36.140 အိမ်နီးချင်းတွေနဲ့ ယှဉ်ကြည့်ပါဦး 0:02:37.711,0:02:39.221 ဒါက Amnok မြစ် 0:02:39.248,0:02:43.905 မြောက်ကိုရီးယားနဲ့ တရုတ်ကို [br]ခွဲခြားပေးထားတဲ့ မြစ် 0:02:44.330,0:02:48.454 တွေ့တဲ့အတိုင်းပဲ တချို့နေရာတွေမှာ[br]မြစ်က တော်တော်ကျဉ်းတယ် 0:02:48.951,0:02:51.546 ဒီကနေ မြောက်ကိုရီယားတွေက [br]တိတ်တိတ်လေး ထွက်ပြေးလို့ရတယ် 0:02:53.266,0:02:54.477 ဒါပေမဲ့ အများအပြားသေကြတယ် 0:02:54.907,0:02:59.102 တစ်ခါတစ်လေ အလောင်းတွေ[br]မြစ်ပေါ်မှာ ပေါ်နေတာ တွေ့ဖူးတယ် 0:03:02.795,0:03:06.525 မြောက်ကိုရီးယားက ဘယ်လိုထွက်လာခဲ့လဲ[br]ဆိုတာတော့ အတိအကျ မပြောပြနိုင်ဘူး 0:03:07.089,0:03:10.597 ပြောနိုင်တာက အဲဒီ အငတ်[br]ဘေးကျနေချိန်မှာ 0:03:10.597,0:03:16.215 တရုတ်ပြည်က အမျိုးတွေဆီ [br]သွားနေဖို့ ပို့ခံရတယ် 0:03:16.735,0:03:22.383 ထင်တာက မိသားစုနဲ့ ခဏပဲခွဲနေရမယ်ပေါ့ 0:03:23.625,0:03:26.095 စုစုပေါင်း ဆယ်လေးနှစ်လောက် [br]ခွဲရလိမ့်မယ်လို့ 0:03:26.439,0:03:27.984 တစ်ခါမှ မတွေးမိဖူးဘူး 0:03:29.038,0:03:32.562 တရုတ်ပြည်မှာ မိသားစုမရှိပဲ မိန်းကလေးငယ်[br]တယောက်တည်း နေဖို့က အတော် မလွယ်ဘူး 0:03:33.086,0:03:36.405 အဲဒီမှာ မြောက်ကိုရီးယား [br]ဒုက္ခသည်အနေနဲ့ ဘယ်လို 0:03:36.429,0:03:37.912 နေရထိုင်ရမလဲဆိုတာ လုံးဝ မသိဘူး 0:03:38.356,0:03:42.069 ဒါပေမဲ့ နောက်တော့ အဲဒီမှာ [br]နေရတာ ခက်ခဲရုံတင်မကဘူး 0:03:42.093,0:03:44.491 အန္တရာယ်လည်း များတယ်ဆိုတာ သိလာရတယ် 0:03:44.515,0:03:51.228 မြောက်ကိုရီးယား ဒုက္ခသည်ဆိုတာ တရုတ်ပြည်မှာ[br]တရားမဝင်နေထိုင်သူလို့ သတ်မှတ်ခံထားရတာလေ 0:03:52.162,0:03:56.733 ကျွန်မဘယ်သူဆိုတာ ထုတ်ဖော်ခံရတော့မလားဆိုတဲ့[br]စိုးိမ်စိတ်နဲ့ တလျှောက်လုံး နေလာခဲ့ရတယ်။ 0:03:56.757,0:04:00.108 သိသွားခဲ့ရင် ကျွန်မကို [br]မြောက်ကိုရီးယားကို ပြန်ပို့ကြမှာ 0:04:00.132,0:04:01.826 တစ်ရက် ဒီအိပ်မက်ဆိုး[br]တကယ်ဖြစ်လာတယ် 0:04:02.969,0:04:05.667 တရုတ်ရဲတွေ ဖမ်းတာ ခံခဲ့ရတယ်။ 0:04:05.691,0:04:08.414 စစ်ဆေးဖို့ ကျွန်မကို [br]ရဲစခန်းကို ခေါ်သွားခဲ့တယ်။ 0:04:12.529,0:04:16.187 တစ်ယောက်ယောက်က ကျွန်မကို [br]မြောက်ကိုရီယားပါလို့ တိုင်လိုက်တာ 0:04:16.211,0:04:19.592 မေးခွန်းတွေ အများကြီး မေးခံရတယ်။ 0:04:19.616,0:04:22.162 ကျွန်မ အရမ်းကို ကြောက်ခဲ့တာ 0:04:25.352,0:04:27.487 နှလုံးတွေ ပေါက်ထွက်သွားပြီတောင် [br]ထင်မိတယ်။ 0:04:28.164,0:04:33.021 တခုခုများ လွဲခဲ့ရင် ကျွန်မကို [br]ဖမ်းချုပ်ပြီး ဟိုကို ပြန်ပို့လိုက်ကြမှာ 0:04:33.997,0:04:35.735 ငါ့ဘဝတော့ ဆုံးပါပြီလို့ တွေးမိတယ်။ 0:04:36.632,0:04:39.508 ဒါပေမဲ့ စိတ်မှာ ဖြစ်နေတာကို [br]ကျွန်မ ထိန်းချုပ်ထားနိုင်ခဲ့တယ်။ 0:04:39.532,0:04:41.277 မေးတာတွေကို ဖြေတယ်။ 0:04:41.880,0:04:43.638 အကုန်လုံး မေးလို့ ပြီးသွားတော့ 0:04:43.662,0:04:46.087 အရာရှိတစ်ယောက်က နောက်တယောက်ကို 0:04:46.111,0:04:49.277 "လိမ်ပြီး တိုင်တာပဲကွ။ သူက [br]မြောက်ကိုရီးယား မဟုတ်ပါဘူး" 0:04:50.013,0:04:52.823 နောက်ပြီး သူတို့ ကျွန်မကို လွတ်[br]ပေးလိုက်တယ်။ တကယ်ဘုရားမတာပဲ။ 0:04:54.243,0:04:58.426 တချို့မြောက်ကိုရီယားတွေဟာ တရုတ်က နိုင်ငံ [br]ခြားသံရုံးတွေမှာ ခိုလှုံခွင့်တောင်းကြတယ်။ 0:04:59.213,0:05:02.681 ဒါပေမယ့် တော်တော်များများက [br]တရုတ်ရဲတွေ ဖမ်းတာ ခံရတာပဲ 0:05:02.705,0:05:03.965 နောက်တော့ ပြန်ပို့ခံရတာပါ။ 0:05:04.451,0:05:06.167 ဒီကောင်မလေးတွေကတော့ [br]အရမ်းကံကောင်းတယ် 0:05:06.191,0:05:07.856 အဖမ်းခံရပေမယ့် 0:05:07.880,0:05:11.587 နိုင်ငံတကာ ဖိအားတွေကြောင့် [br]ပြန်လွတ်ပေးခဲ့တယ်။ 0:05:12.799,0:05:15.926 ဒီမြောက်ကိုရီးယားတွေကတော့ အဲလို [br]ကံမကောင်းကြဘူး။ 0:05:15.950,0:05:19.948 နှစ်တိုင်း မရေမတွက်နိုင်တဲ့ မြောက်ကိုရီး[br]ယားတွေဟာ တရုတ်မှာ အဖမ်းခံရတယ်။ 0:05:19.972,0:05:22.543 နောက်ပြီး မြောက်ကိုရီးယားကို [br]ပြန်ပို့ခံရတယ်။ 0:05:22.567,0:05:27.746 အဲဒီမှာ သူတို့ နှိပ်စက်ခံရနိုင်၊ထောင်ချ[br]ခံရနိုင်၊လူကြးထဲမှာတောင် သတ်ပစ်ခံရနိုင်တယ် 0:05:28.777,0:05:31.857 ကံကောင်းလွန်းလို့ ကျွန်မလွတ်ခဲ့ပေမယ့် 0:05:31.881,0:05:34.713 တခြား မြောက်ကိုရီးယားတွေတော့ အဲဒီလောက် [br]ကံမကောင်းနိုင်ဘူး။ 0:05:35.150,0:05:38.716 မြောက်ကိုရီးယားလူမျိုးတွေဟာ သူတို့ရဲ့ [br]ဖြစ်တည်မှုကို ဖုံးကွယ်ထားရတယ်။ 0:05:38.740,0:05:41.981 အသက်ရှင်ဖို့လည်း အရမ်း ရုန်းကန်ရတယ်။ 0:05:42.934,0:05:45.948 ဘာသာစကား အသစ်ကို သင်ပြီး[br]အလုပ်ရနေရင်တောင်မှပဲ 0:05:45.972,0:05:49.591 သူ့ဘဝဟာ လုံးဝပျက်ချင်ပျက်သွားနိုင်တဲ့ [br]အခြေအနေမှာ အမြဲရှိတယ်။ 0:05:50.107,0:05:53.759 ဒါကြောင့်မလို့ ဆယ်နှစ်လောက် [br]ကျွန်မ ကိုယ်ယောက်ဖျောက်ပြီး နေခဲ့ပေမဲ့ 0:05:53.783,0:05:57.115 တောင်ကိုရီးယားကို စွန့်စားပြီး [br]သွားဖို့ ဆုံးဖြတ်ခဲ့တာ 0:05:57.964,0:06:00.922 နောက်ပြီး ဘဝအသစ်တခုကို [br]တည်ထောင်ခဲ့တယ်။ 0:06:00.946,0:06:02.534 တောင်ကိုရီယားမှာ အခြေချရတာဟာ 0:06:02.558,0:06:05.569 ထင်ထားတာထက် အများကြီး ပိုခက်ခဲ့တယ်။[br] 0:06:06.331,0:06:09.664 တောင်ကိုရီးယားမှာ အင်္ဂလိပ်စကားတတ်ဖို့ [br]အရမ်းအရေးကြီးတယ်။ 0:06:09.688,0:06:12.251 အဲဒါနဲ့ ကျွန်မရဲ့ တတိယ ဘာသာစကားကို [br]လေ့လာရပြန်တယ်။ 0:06:13.434,0:06:17.997 တောင်နဲ့ မြောက်မှာ ကွာခြားချက်တွေ [br]အများကြီးရှိတာလည်း သတိပြုမိခဲ့တယ်။ 0:06:18.021,0:06:20.174 ကျွန်မတို့အားလုံး ကိုရီးယားတွေဆိုပေမဲ့ 0:06:20.198,0:06:24.923 အတွင်းမှာတော့ အရမ်းကို ကွာခြားတယ်။ [br]၆၇နှစ်လောက် ခွဲခြားခံထားရတာကိုး။ 0:06:25.931,0:06:28.911 ပထမဆုံး ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး [br]ဝေခွဲမရဖြစ်တယ်။ 0:06:29.669,0:06:32.308 ကျွန်မဟာ တောင်ကိုရီးယားလား [br]မြောက်ကိုရီးယားလား.. 0:06:32.959,0:06:35.430 ကျွန်မက ဘယ်ကလဲ။ [br]ကျွန်မ ဘယ်သူလဲ။ 0:06:36.229,0:06:40.955 ရုတ်တရက် ကျွန်မမှာ ကိုယ့်နိုင်ငံပါလို့ [br]ဂုဏ်ယူစရာ နိုင်ငံမရှိဘူး။ 0:06:43.717,0:06:47.454 တောင်ကိုရီးယားမှာ [br]နေထိုင်နိုင်ဖို့ သိပ်မလွယ်ဘူး။ 0:06:47.478,0:06:51.779 ကျွန်မ အစီအစဉ်တွေဆွဲတယ်။ တက္ကသိုလ် [br]ဝင်ခွင့်ဖြေဖို့ စာတွေ လေ့လာတယ်။ 0:06:52.323,0:06:56.061 ဘဝသစ်ကို စဖို့ ကျွန်မ စလုပ်ခဲ့တယ်။ 0:06:56.085,0:06:58.521 ထိတ်လန့်စရာ ဖုန်းတခု ဝင်လာခဲ့တယ် 0:06:58.545,0:07:01.251 မြောက်ကိုရီးယား အာဏာပိုင်တွေက [br]မိသားစုဆီ ပို့လိုက်တဲ့ 0:07:01.275,0:07:02.910 ငေွကို ကြားဖြတ် ဖမ်းမိသွားတယ် 0:07:02.934,0:07:07.956 အပြစ်ပေးတဲ့ အနေနဲ့ ကျွန်မမိသားစုကို [br]နယ်နင်ဒါဏ်ပေးပြီး 0:07:07.980,0:07:10.773 ခေါင်တဲ့ နယ်ဆီကို အပို့ခံရတယ်။ 0:07:11.503,0:07:13.154 သူတို့ ချက်ချင်းကို ပြေ ာင်းရတာ 0:07:13.883,0:07:16.726 ဒါနဲ့ သူတို့ကို ကယ်ထုတ်ဖို့ ကျွန်မ [br]အစီအစဉ် ဆွဲရတော့တယ် 0:07:17.599,0:07:21.105 မြောက်ကိုရီးယားကနေ လွတ်မြောက်ဖို့ သွားရတဲ့ 0:07:21.129,0:07:22.883 ခရီးက မယုံနိုင်စရာ ရှည်လျားတယ် 0:07:23.669,0:07:26.358 တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြားက 0:07:26.382,0:07:29.315 နယ်စပ်ကို ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ 0:07:29.339,0:07:32.682 ဖြစ်ချင်တာ ဖြစ်တော့ဆိုပြီး တရုတ်ပြည်ကို [br]လေယာဉ်နဲ့ သွားလိုက်တယ် 0:07:32.706,0:07:35.728 နောက်ပြီး မြောက်ကိုရီးယားနယ်စပ်ကို[br]ဖြတ်ဖို့ ကြိုးစားတယ် 0:07:36.823,0:07:39.521 ကျွန်မ မိသားစုက တရုတ်စကား မပြောတတ်တော့ 0:07:39.545,0:07:44.394 ကျွန်မ သူတို့ကို မိုင်ပေါင်း ၂၀၀၀ ကျော် [br]လမ်းပြလုပ်ခဲ့ရတယ် 0:07:44.418,0:07:47.965 တရုတ်ထဲမှာရော အဲဒီကနေ အရှေ့တောင် [br]အာရှထဲကို ဝင်တယ် 0:07:48.743,0:07:50.837 ဘက်စ်ကားနဲ့ သွားရတဲ့ ခရီးက တစ်ပတ်ကြာတယ် 0:07:50.861,0:07:53.582 အဖမ်းခံရမလို ဖြစ်တာ အခါခါပဲ 0:07:54.201,0:08:00.336 တစ်ခါမှာတော့ ကားကို တားပြီး [br]တရုတ်ရဲတွေက စစ်တယ် 0:08:01.355,0:08:03.102 လူတိုင်းရဲ့ မှတ်ပုံတင်တွေ တောင်းကြည့်တယ် 0:08:03.126,0:08:05.843 သူတို့ကို မေးခွန်းတွေ မေးတယ် 0:08:05.867,0:08:10.645 ကျွန်မ မိသားစုက တရုတ်လို နားမလည်ကြတော့ 0:08:10.669,0:08:13.205 သူတို့တော့ အဖမ်းခံရပြီပဲ ထင်ခဲ့တာ 0:08:13.832,0:08:16.553 ကျွန်မ မိသားစုနားကို အဲဒီအရာရှိ [br]ကပ်လာချိန်မှာတော့ 0:08:16.577,0:08:19.231 ကျွန်မ ရုတ်တရပ်ထရပ်ပြီး 0:08:19.255,0:08:23.318 သူတို့တွေဟာ ဆွံ့အ နားမကြားတွေပါ။ ကျွန်မ [br]စောင့်ရှောက်နေတာပါလို့ ပြေ ာလိုက်တယ် 0:08:24.017,0:08:26.108 ကျွန်မကို သူ သင်္ကာမကင်း ကြည့်တယ် 0:08:26.132,0:08:29.104 နောက်ဆုံးတော့ ကျွန်မ ပြောတာ သူယုံသွားတယ် 0:08:30.015,0:08:32.897 ကျွန်မတို့ လာအိုနယ်စပ်ကို [br]ဖြတ်လာနိုင်ခဲ့တယ် 0:08:33.621,0:08:37.968 လာအို နယ်စပ် အစောင့်ကို ကျွန်မမှာ 0:08:37.992,0:08:40.206 ပါသမျှ ပိုက်ဆံ အကုန်နီးပါ [br]လာဘ်ထိုးလိုက်ရတယ် 0:08:41.040,0:08:43.327 ဒါတောင် ကျွန်မတို့ နယ်စပ်ကို ဖြတ်ပြီးတာနဲ့ 0:08:43.351,0:08:48.278 ကျွန်မ မိသားစု အဖမ်းခံရပြီး တရားမဝင် [br]နယ်စပ်ဖြတ်ကူးမှုနဲ့ ထောင်ချခံလိုက်ရတယ် 0:08:48.809,0:08:50.957 ဒါဏ်ငွေတွေဆောင်၊ လာဘ်တွေ ထိုးပြီးတော့ 0:08:50.981,0:08:53.950 တစ်လလောက်နေတော့ မိသားစုကို[br]ပြန်လွတ်ပေးတယ် 0:08:54.570,0:08:58.552 ဒါပေမယ့် သိပ်မကြာခင်မှာပဲ [br]လာအိုရဲ့ မြို့တော်မှာ 0:08:58.576,0:09:00.410 နောက်တစ်ခါ အဖမ်းခံရပြီး ထောင်ချခံရတယ် 0:09:01.568,0:09:04.689 အဲဒါဟာ ကျွန်မဘဝရဲ့ အဆိုးဆုံး အချိန်ပဲ 0:09:05.571,0:09:10.758 သူတို့ လွတ်အောင် ကျွန်မ လုပ်နိုင်သမျှ [br]အကုန်လုပ်ခဲ့တယ် 0:09:10.782,0:09:13.132 နောက်ပြီး ဖြစ်လာခာနီးမှ 0:09:13.156,0:09:15.429 သူတို့ကို ထောင်ချခံလိုက်ရပြန်တယ် 0:09:15.453,0:09:18.424 တောင်ကိုရီးယား သံရုံးနဲ့ နီးနီးလေးမှာပဲ 0:09:19.297,0:09:22.053 လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ရဲစခန်းကြားမှာ[br] 0:09:22.077,0:09:23.955 ကျွန်မ ခေါက်တုံခေါက်ပြန် သွားနေရတယ် 0:09:23.979,0:09:26.892 မိသားစုကို ဘယ်လိုများ ကယ်နိုင်မလဲ [br]ကြိုးစားရင်းပေါ့ 0:09:26.916,0:09:30.599 ဒါပေမဲ့ လာဘ်ထိုးဖို့ [br]ပိုက်ဆံ ကျွန်မမှာ မရှိဘူး။ 0:09:31.099,0:09:32.488 မျှော်လင့်ချက် မရှိတော့ဘူးလေ 0:09:32.924,0:09:36.686 အဲဒီအချိန်မှာ လူတယောက်ရဲ့ အသံကို [br]ကျွန်မကြားခဲ့တယ် 0:09:36.710,0:09:37.823 "ဘာဖြစ်နေတာလဲ" 0:09:37.847,0:09:42.795 လုံးဝ သူစိမ်းတယောက်က ဒီလိုမေးလာတော့ [br]ကျွန်မ အရမ်း အံ့သြသွားခဲ့တယ် 0:09:43.502,0:09:45.907 မီးကျိုးမောင်းပျက် [br]အင်္ဂလိပ်စကားနဲ့ အဘိဓါန်သုံးကာ 0:09:45.931,0:09:49.861 ဖြစ်နေတာတွေကို သူ့ကို ရှင်းပြလိုက်တယ်။ 0:09:49.885,0:09:52.132 အဲဒီလူက ATM စက်ဆီကို သွားလိုက်ပြီး 0:09:52.156,0:09:54.909 ကျွန်မ မိသားစုကို ကယ်ဖို့ လိုအပ်တဲ့ [br]ပိုက်ဆံကို ပေးခဲ့တယ် 0:09:54.933,0:09:58.002 အဲဒီနောက်တော့ မြောက်ကိုရီးယား နှစ်ယောက် [br]ထောင်က လွတ်လာတော့တယ် 0:09:59.192,0:10:02.525 ကျွန်မ နှလုံးသားထဲကနေ သူ့ကို [br]ကျေးဇူးတင်ပါတယ်။ 0:10:02.549,0:10:04.225 "ကျွန်မကို ဘာလို့ ကူညီတာလဲ"မေးတော့ 0:10:05.011,0:10:06.686 "ငါက မင်းကို ကူတာမဟုတ်ပါဘူး"တဲ့။ 0:10:07.384,0:10:09.479 "မြောက်ကိုရီးယားတွေကို ကူညီတာ"တဲ့ 0:10:10.321,0:10:14.157 အဲဒီအခိုက်အတံ့လေးဟာ ကျွန်မဘဝအတွက် [br]အမှတ်ရဖွယ် အချိန်လေးပါ 0:10:15.014,0:10:20.039 ဒီလူစိမ်းဟာ ကျွန်မနဲ့ မြောက်ကိုရီးယား [br]လူမျိုးတွေကို အရေးထားတယ် 0:10:20.063,0:10:21.531 သူ့လိုလူမျိုးကို အလိုအပ်ဆုံးပဲ 0:10:22.014,0:10:24.864 သူက လူစိမ်းတွေရဲ့ ကြင်နာတရားနဲ့ 0:10:24.888,0:10:27.868 နိုင်ငံတကာ လူထုရဲ့ အကူအညီတွေကို[br]ကျွန်မကို ပြသွားခဲ့တယ် 0:10:27.892,0:10:31.751 မြောက်ကိုရီးယားက လူတွေအတွက် [br]မျှော်လင့်ချက် ရောင်ခြည်ပါပဲ 0:10:33.077,0:10:35.284 နောက်ဆုံး ကျွန်မတို့ရဲ့ ခရီးစဉ်အပြီးမှာ 0:10:35.308,0:10:38.482 တောင်ကိုရီးယားမှာ မိသားစုနဲ့ ကျွန်မ [br]ပြန်ဆုံကြတယ် 0:10:39.045,0:10:41.990 လွတ်မြောက်လာတာက တိုက်ပွဲရဲ့ [br]တစ်ဝက်ပဲ ရှိသေးတယ် 0:10:42.577,0:10:46.053 မြောက်ကိုရီးယားတွေ အများကြီး [br]မိသားစုနဲ့ ကွဲနေကြတယ် 0:10:46.077,0:10:48.637 နိုင်ငံအသစ်ကို ရောက်တဲ့အခါ သူတို့မှာ 0:10:48.661,0:10:51.172 ပိုက်ဆံ နည်းနည်းပဲ ရှိတယ် 0:10:52.450,0:10:55.482 ဒီတော့ နိုင်ငံတကာ လူ့အဖွဲအစည်းတွေက [br]အကူအညီတွေ ရနိုင်တယ် 0:10:55.506,0:11:00.298 ပညာရေးအတွက်၊ အင်္ဂလိပ်စာ သင်ဖို့အတွက်၊ [br]အလုပ်သင်တန်းအတွက် စတာတွေပေါ့။ 0:11:01.068,0:11:02.885 မြောက်ကိုရီးယားက လူတွေနဲ့ [br] 0:11:02.909,0:11:06.552 အပြင်ကမ္ဘာနဲ့ ကြားမှာတံတားတွေအဖြစ် [br]ကျွန်မတို့ နေကြတယ် 0:11:07.234,0:11:12.505 ဘာလို့ဆိုတော့ ကျွန်မတို့အတော်များများရဲ့ [br]မိသားစုတွေဟာ အထဲမှာပဲ ရှိသေးပြီး သူတို့နဲ့ 0:11:12.529,0:11:14.673 ကျွန်မတို့ ဆက်သွယ်ကာ[br]သတင်းနဲ့ ငွေတွေပို့တာကိုး 0:11:14.697,0:11:17.903 ဒါတွေဟာ မြောက်ကိုရီးယားရဲ့ [br]အတွင်းကို ပြောင်းလဲဖို့ ကူညီတာပဲ 0:11:19.332,0:11:24.485 ဒီလို အကူအညီတွေရပြီး ဘဝခွန်အားတွေ ရခဲ့တာ [br]ကျွန်မ သိပ်ကံကောင်းတာပဲ 0:11:24.509,0:11:27.730 ကျွန်မလည်း မြောက်ကိုရီးယားကို [br]ကူညီချင်တယ် 0:11:27.754,0:11:32.411 နိုင်ငံတကာ အထောက်အပံ့နဲ့ ပေါ့။ 0:11:33.561,0:11:36.866 ရှင်တို့တွေ ကမ္ဘာပေါ်မှာ [br]အောင်မြင်နေတဲ့ မြောက်ကိုရီယားတွေ 0:11:36.890,0:11:39.017 ပိုပိုပြီး တွေ့လာနေပြီလို့ ကျွန်မ ယုံပါတယ် 0:11:39.041,0:11:40.739 ဒီ TED စင်မြင့်ပေါ်မှာရောပေါ့ 0:11:41.223,0:11:42.375 ကျေးဇူးတင်ပါတယ် 0:11:42.399,0:11:49.309 (လက်ခုပ်သံများ)