1 00:00:00,000 --> 00:00:06,043 ခင်ဗျားတို့ စက်ဘီးစီးရင်း လဲကျသွားတာ ဒါမှမဟုတ် 2 00:00:06,043 --> 00:00:12,087 ချွန်ထွက်နေတဲ့ ဒေါင့်ကို ခေါင်းနဲ့ ဝင်ဆောင့်မိတာ မှတ်မိလား? 3 00:00:12,087 --> 00:00:14,764 ငယ်စဉ်ဘဝက ဒဏ်ရာတွေကို ကျွန်တော်တို့ဟာ မေ့ပစ်လိုကြပါတယ်၊ 4 00:00:14,764 --> 00:00:17,441 ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကျတော့ 5 00:00:17,441 --> 00:00:19,893 ၎င်းတို့ကို အနာရွတ်အဖြစ် မှတ်မိနေတုန်းပါ။ 6 00:00:19,893 --> 00:00:22,345 မလိုချင်ပါလျက်နဲ့ အရေးပေါ် ဆေးကုခန်းကို သွားခဲ့ရတဲ့ 7 00:00:22,345 --> 00:00:24,562 နောက်မှာ ကျန်ရစ်ခဲ့တဲ့ 8 00:00:24,562 --> 00:00:26,779 အဲဒီအမှတ်တရ အနာရွတ်တွေ ဒီလောက်ကြာအောင် 9 00:00:26,779 --> 00:00:28,560 ရှိနေကြတာ ဘာအတွက်များလဲ။ 10 00:00:28,560 --> 00:00:30,341 အနာရွတ်တွေကို အများဆုံး မြင်ကြရတာက 11 00:00:30,341 --> 00:00:32,122 ကျွန်တော်တို့ရဲ့ အရေပြား ပေါ်မှာပါပဲ၊ 12 00:00:32,122 --> 00:00:35,968 ဝန်းကျင်ရှိ အရေပြားနဲ့ မသိမသာ ကွဲပြားနေတဲ့ အကွက်ပါပဲ။ 13 00:00:35,968 --> 00:00:38,053 ရံဖန်ရံခါဆိုသလို အဲဒါကို အလှကို ဖျက်ဆီးနေတဲ့ အရာလို ယူဆကြပေမဲ့၊ 14 00:00:38,053 --> 00:00:40,138 မကြာခဏဆိုသလို အဲဒါကို ရိုးရာအစဉ်အလာထဲမှာရော 15 00:00:40,138 --> 00:00:42,225 မျက်မှောက်ခေတ်မှာပါ 16 00:00:42,225 --> 00:00:46,881 တခုခုကို ကျင်းပလျက်က ဖြစ်စေ၊ ကြည့်ကောင်းအောင် မွမ်းမံလျက်ဖြစ်စေ၊ 17 00:00:46,881 --> 00:00:48,540 တမင်ကို လုပ်ကိုင်တတ်ကြပါတယ်။ 18 00:00:48,540 --> 00:00:50,199 ဒါပေမဲ့ ခုနကပြောခဲ့တဲ့ ကွဲပြားချက်ဟာ 19 00:00:50,199 --> 00:00:51,704 အလှအပသဘော သက်သက် မဟုတ်ပါ။ 20 00:00:51,704 --> 00:00:53,209 ကျွန်တော်တို့ ကျန်းမာတဲ့ အရေပြားကို 21 00:00:53,209 --> 00:00:54,624 မိုက်ခရိုစကုပ်ဖြင့် ကြည့်မယ်ဆိုရင်၊ 22 00:00:54,624 --> 00:00:56,039 ဆဲလ်တွေဟာ အထူးဆဲလူလာ မာထရီးက်စ်၊ 23 00:00:56,039 --> 00:00:58,217 တနည်း ECM နဲ့ ချိတ်ဆက်နေတဲ့ 24 00:00:58,217 --> 00:01:00,395 လုပ်ဆောင်စရာ အမျိုးမျိုးကို လုပ်ကိုင်ကြရတာကို 25 00:01:00,395 --> 00:01:02,282 တွေ့နိုင်ပါတယ်။ 26 00:01:02,282 --> 00:01:04,169 အဲဒါကို ကိုလာဂင်လို၊ အသားဓာတ် 27 00:01:04,169 --> 00:01:06,056 ပုံစံမျိုးဖြင့် ဖွဲ့စည်းထားပြီး 28 00:01:06,056 --> 00:01:09,635 အထူး ဖိုင်ဘရိုဘလာစ်တ် ဆဲလ်များက ထုတ်လုပ်ပေးကြတာပါ။ 29 00:01:09,635 --> 00:01:13,421 ကောင်းမွန်စွာ စီစဉ်ပေးထားတဲ့ ECM ဟာ အာဟာရတွေကို ပို့ပေးခြင်း၊ 30 00:01:13,421 --> 00:01:16,049 ဆဲလ်အချင်းချင်း ဆက်သွယ်မှု နဲ့ တွယ်ကပ်မှုကို ခွင့်ပြုပါတယ်။ 31 00:01:16,049 --> 00:01:18,677 ဒါပေမဲ့၊ နက်ရှိုင်းတဲ့ ဒဏ်ရာတခုခု ရလာရင်တော့ 32 00:01:18,677 --> 00:01:21,244 အဲဒီ အစီအစဉ်ဟာ ပျက်ဆီးသွားတတ်ပါတယ်။ 33 00:01:21,244 --> 00:01:23,811 ဒဏ်ရာကို ကုစားရေး ဖြစ်စဉ်အတွင်းမှာ ကိုလာဂင်ကို 34 00:01:23,811 --> 00:01:25,973 ဒဏ်ရာ အနီးကို ရွှေ့သိမ်းပေးရာ၊ 35 00:01:25,973 --> 00:01:28,135 ကျန်းမာတဲ့ အသားမျှင်ထဲမှာ တွေ့ရတတ်တဲ့ 36 00:01:28,135 --> 00:01:30,104 ကြက်ခြေခတ် ပုံစံမျိုး အစား၊ 37 00:01:30,104 --> 00:01:32,073 အသစ်ပေါ်လာတဲ့ ECM ဆီမှာ ရှေ့ရှုချက် 38 00:01:32,073 --> 00:01:34,618 တခုတည်းသာ ရှိတတ်ပါတယ်၊ 39 00:01:34,618 --> 00:01:37,163 ဆဲလ်အချင်းချင်း လုပ်ငန်းစဉ်များ ကြန့်ကြာလာကာ 40 00:01:37,163 --> 00:01:39,710 ခံနိုင်ရည် နဲ့ ပျော့ပြောင်းမှု ကျဆင်းလာစေပါတယ်။ 41 00:01:39,710 --> 00:01:41,596 အခြေအနေ ပိုဆိုးလာစေတာက၊ 42 00:01:41,596 --> 00:01:43,482 ကုသခံလိုက်ရတဲ့ အသားမျှင်ဟာ အရင်နဲ့စာရင် 43 00:01:43,482 --> 00:01:45,370 ECM အချိုးအစား ပိုများလာတတ်ရာ၊ 44 00:01:45,395 --> 00:01:47,864 အထွေထွေ လုပ်ကိုင်နိုင်စွမ်းဟာ ကျဆင်းလာတယ်။ 45 00:01:47,864 --> 00:01:50,333 အရေပြားထဲမှာကျတော့၊ ကိုလာဂင် လွန်ကဲမှုက 46 00:01:50,333 --> 00:01:52,802 ၎င်းရဲ့ မူရင်း လုပ်ငန်းများကို၊ 47 00:01:52,802 --> 00:01:54,119 ချွေးကို ထုတ်လုပ်ပေးခြင်း၊ 48 00:01:54,144 --> 00:01:55,770 ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းချုပ်ခြင်း၊ 49 00:01:55,795 --> 00:01:58,286 ပြီးတော့ ဆံပင် ကြီးလာခြင်းကိုတောင် နှောင့်ယှက်ပါတယ်။ 50 00:01:58,286 --> 00:02:00,777 အနာရွတ်ထဲက အသားမျှင်ဟာ၊ ထိခိုက်လွယ်ပြီး 51 00:02:00,777 --> 00:02:03,096 အပူချိန် နဲ့ အာရုံဆိုင်ရာ ကိစ္စများကို ခံစားလွယ်ကာ၊ 52 00:02:03,096 --> 00:02:05,415 အနာကျက်မှု အကောင်းဆုံးဖြစ်ရန် စိုစွတ်တဲ့ 53 00:02:05,415 --> 00:02:07,424 ပတ်ဝန်းကျင်မျိုးထဲမှာ ရှိရန် လိုပါတယ်။ 54 00:02:07,424 --> 00:02:09,433 ခန္ဓာကိုယ် အစိတ်အပိုင်း တခုထဲမှာ အဲဒီလို 55 00:02:09,433 --> 00:02:11,301 အမျှင်များ လွန်ကဲစွာ ချိတ်လျက် ရှိနေခြင်းကို 56 00:02:11,301 --> 00:02:13,169 fibrosis လို့ခေါ်ကြရာ အဲဒီလို အသုံးအနှုံးကို 57 00:02:13,169 --> 00:02:15,219 ကြားဘူးသလို ရှိနေတာက၊ 58 00:02:15,219 --> 00:02:17,269 အနာရွတ်တွေဟာ ကျွန်တော်တို့ရဲ့ အရေပြားထဲမှာသာ 59 00:02:17,269 --> 00:02:19,653 ဖြစ်တတ်တာ မဟုတ်လို့ပါ။ 60 00:02:19,653 --> 00:02:22,037 အသက်ရှူလမ်းကြောင်း fibrosis ဆိုရင် မျိုးရိုးဗီဇ 61 00:02:22,037 --> 00:02:24,423 ရောဂါဖြစ်ကာ ပန်ကရိယမှာ အနာရွတ်တွေ ပေါ်လာစေပါတယ်၊ 62 00:02:24,423 --> 00:02:28,011 အဆုတ် fibrosis ဆိုရင် အဆုတ်ထဲ အနာရွတ်တွေ ပေါ်လာလို့ 63 00:02:28,011 --> 00:02:30,036 အသက်ရှူရ ခက်လာခြင်းကို ဆိုလိုတာပါ။ 64 00:02:30,036 --> 00:02:32,061 နှလုံးဖောက်ပြန်မှုရဲ့ နောက်မှာ အနာရွတ်တွေ ပေါ်လာခြင်းနဲ့ 65 00:02:32,061 --> 00:02:34,062 ECM ကို တည်ဆောက်ဖြစ်ခြင်းကြောင့် 66 00:02:34,062 --> 00:02:36,063 နှလုံးခုန်နှုန်း နှေးလာနိုင်ကာ နှလုံးပြဿနာတွေ 67 00:02:36,063 --> 00:02:37,361 ရှေ့ဆက်ဖြစ်ပေါ်စေနိုင်ပါတယ်။ 68 00:02:37,361 --> 00:02:38,659 ဒီတော့ ဒဏ်ရာတခုရဲ့ နောက်မှာ ပေါ်လာတဲ့ 69 00:02:38,659 --> 00:02:39,959 အနာရွတ် အသားမျှင်များဟာ 70 00:02:39,959 --> 00:02:41,919 မူရင်း လုပ်ကိုင်နိုင်စွမ်း အချို့ကို ထိန်းသိမ်းထားနိုင်ပေမဲ့၊ 71 00:02:41,919 --> 00:02:43,879 ၎င်းတို့က အစားထိုးနေရာယူလိုက်ကြတဲ့ 72 00:02:43,879 --> 00:02:45,841 မူလအသားမျှင်များထက်အရည်အသွေး 73 00:02:45,866 --> 00:02:49,525 ညံ့နေခြင်းကို အဲဒီမှာ တွေ့ရပါတယ်။ 74 00:02:49,525 --> 00:02:51,422 ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်စရာတွေ ရှိပါတယ်။ 75 00:02:51,422 --> 00:02:53,319 ဖိုင်ဘရိုဘလာစ်တ် ဆဲလ်များအား ကိုလာဂင် 76 00:02:53,319 --> 00:02:55,218 ပမာဏကို လွန်ကဲစွာ ထုတ်လုပ်လာစေခြင်းရဲ့ 77 00:02:55,218 --> 00:02:57,084 အကြောင်းရင်းတွေ နဲ့ ခန္ဓာကိုယ်ထဲက အခြားဆဲလ်များအား 78 00:02:57,084 --> 00:02:58,950 ထိခိုက်နေတဲ့ အသားမျှင်များကို ထုတ်လုပ်စေလျက် 79 00:02:58,950 --> 00:03:00,816 အစားထိုး ထည့်သွင်းပေးနိုင်ရေးကို 80 00:03:00,816 --> 00:03:03,448 ဆေးကုသရေး ပါရဂူများက အားထုတ်နေကြပါတယ်။ 81 00:03:03,448 --> 00:03:06,080 ဒဏ်ရာ ကုစားမှု နဲ့ အနာရွတ် အသားမျှင် ပေါ်ပေါက်လာမှုကို 82 00:03:06,080 --> 00:03:07,748 ပိုပြီး ကောင်းမွန်စွာ ထိန်းချုပ်ရေးကို သိလာကြမယ်ဆိုရင်၊ 83 00:03:07,748 --> 00:03:09,416 ဒဏ်ရာရဲ့ နောက်ပိုင်းပြဿနာတွေကို ဖြေရှင်းရန် 84 00:03:09,416 --> 00:03:11,085 ဒီနေ့ အသုံးပြုနေတဲ့ 85 00:03:11,110 --> 00:03:13,844 ဒေါ်လာ ဘီလီယံများစွာအထိ ရှိနေတဲ့ ဘတ်ဂျက်ငွေကို 86 00:03:13,868 --> 00:03:15,682 ပိုပြီး ထိရောက်စွာ သုံးစွဲပေးနိုင်ခြင်းဖြင့် 87 00:03:15,682 --> 00:03:17,496 ပြည်သူ သန်းချီတို့ရဲ့ ဘဝကို မြှင့်တင်ပေးလျက် သူတို့ ပိုပြီးကျန်းမာစွာ 88 00:03:17,496 --> 00:03:18,945 နေထိုင်နိုင်အောင် ကူပေးနိုင်မှာပါ။ 89 00:03:18,945 --> 00:03:20,394 ဒါပေမဲ့ အဲဒီမတိုင်မီအထိတော့၊ ယုတ်စွအားဖြင့် 90 00:03:20,394 --> 00:03:22,265 ကျွန်တော်တို့ရဲ့ အနာရွတ် အချို့တို့က 91 00:03:22,265 --> 00:03:24,136 အနာရွတ်တွေ ဖြစ်ပေါ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းမျိုးကို 92 00:03:24,136 --> 00:03:26,009 ရှောင်ရှားရန် ကျွန်တော်တို့အား သတိပေးနေကြမှာပါ။