ခင်ဗျားတို့ စက်ဘီးစီးရင်း
လဲကျသွားတာ ဒါမှမဟုတ်
ချွန်ထွက်နေတဲ့ ဒေါင့်ကို ခေါင်းနဲ့
ဝင်ဆောင့်မိတာ မှတ်မိလား?
ငယ်စဉ်ဘဝက ဒဏ်ရာတွေကို
ကျွန်တော်တို့ဟာ မေ့ပစ်လိုကြပါတယ်၊
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကျတော့
၎င်းတို့ကို အနာရွတ်အဖြစ် မှတ်မိနေတုန်းပါ။
မလိုချင်ပါလျက်နဲ့ အရေးပေါ် ဆေးကုခန်းကို
သွားခဲ့ရတဲ့
နောက်မှာ ကျန်ရစ်ခဲ့တဲ့
အဲဒီအမှတ်တရ အနာရွတ်တွေ ဒီလောက်ကြာအောင်
ရှိနေကြတာ ဘာအတွက်များလဲ။
အနာရွတ်တွေကို အများဆုံး မြင်ကြရတာက
ကျွန်တော်တို့ရဲ့ အရေပြား ပေါ်မှာပါပဲ၊
ဝန်းကျင်ရှိ အရေပြားနဲ့ မသိမသာ ကွဲပြားနေတဲ့
အကွက်ပါပဲ။
ရံဖန်ရံခါဆိုသလို အဲဒါကို အလှကို
ဖျက်ဆီးနေတဲ့ အရာလို ယူဆကြပေမဲ့၊
မကြာခဏဆိုသလို အဲဒါကို
ရိုးရာအစဉ်အလာထဲမှာရော
မျက်မှောက်ခေတ်မှာပါ
တခုခုကို ကျင်းပလျက်က ဖြစ်စေ၊
ကြည့်ကောင်းအောင် မွမ်းမံလျက်ဖြစ်စေ၊
တမင်ကို လုပ်ကိုင်တတ်ကြပါတယ်။
ဒါပေမဲ့ ခုနကပြောခဲ့တဲ့ ကွဲပြားချက်ဟာ
အလှအပသဘော သက်သက် မဟုတ်ပါ။
ကျွန်တော်တို့ ကျန်းမာတဲ့ အရေပြားကို
မိုက်ခရိုစကုပ်ဖြင့် ကြည့်မယ်ဆိုရင်၊
ဆဲလ်တွေဟာ အထူးဆဲလူလာ မာထရီးက်စ်၊
တနည်း ECM နဲ့ ချိတ်ဆက်နေတဲ့
လုပ်ဆောင်စရာ အမျိုးမျိုးကို
လုပ်ကိုင်ကြရတာကို
တွေ့နိုင်ပါတယ်။
အဲဒါကို ကိုလာဂင်လို၊ အသားဓာတ်
ပုံစံမျိုးဖြင့် ဖွဲ့စည်းထားပြီး
အထူး ဖိုင်ဘရိုဘလာစ်တ် ဆဲလ်များက
ထုတ်လုပ်ပေးကြတာပါ။
ကောင်းမွန်စွာ စီစဉ်ပေးထားတဲ့ ECM ဟာ
အာဟာရတွေကို ပို့ပေးခြင်း၊
ဆဲလ်အချင်းချင်း ဆက်သွယ်မှု နဲ့
တွယ်ကပ်မှုကို ခွင့်ပြုပါတယ်။
ဒါပေမဲ့၊ နက်ရှိုင်းတဲ့ ဒဏ်ရာတခုခု
ရလာရင်တော့
အဲဒီ အစီအစဉ်ဟာ ပျက်ဆီးသွားတတ်ပါတယ်။
ဒဏ်ရာကို ကုစားရေး ဖြစ်စဉ်အတွင်းမှာ
ကိုလာဂင်ကို
ဒဏ်ရာ အနီးကို ရွှေ့သိမ်းပေးရာ၊
ကျန်းမာတဲ့ အသားမျှင်ထဲမှာ တွေ့ရတတ်တဲ့
ကြက်ခြေခတ် ပုံစံမျိုး အစား၊
အသစ်ပေါ်လာတဲ့ ECM ဆီမှာ ရှေ့ရှုချက်
တခုတည်းသာ ရှိတတ်ပါတယ်၊
ဆဲလ်အချင်းချင်း လုပ်ငန်းစဉ်များ
ကြန့်ကြာလာကာ
ခံနိုင်ရည် နဲ့ ပျော့ပြောင်းမှု
ကျဆင်းလာစေပါတယ်။
အခြေအနေ ပိုဆိုးလာစေတာက၊
ကုသခံလိုက်ရတဲ့ အသားမျှင်ဟာ အရင်နဲ့စာရင်
ECM အချိုးအစား ပိုများလာတတ်ရာ၊
အထွေထွေ လုပ်ကိုင်နိုင်စွမ်းဟာ ကျဆင်းလာတယ်။
အရေပြားထဲမှာကျတော့၊ ကိုလာဂင် လွန်ကဲမှုက
၎င်းရဲ့ မူရင်း လုပ်ငန်းများကို၊
ချွေးကို ထုတ်လုပ်ပေးခြင်း၊
ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းချုပ်ခြင်း၊
ပြီးတော့ ဆံပင် ကြီးလာခြင်းကိုတောင်
နှောင့်ယှက်ပါတယ်။
အနာရွတ်ထဲက အသားမျှင်ဟာ၊ ထိခိုက်လွယ်ပြီး
အပူချိန် နဲ့ အာရုံဆိုင်ရာ ကိစ္စများကို
ခံစားလွယ်ကာ၊
အနာကျက်မှု အကောင်းဆုံးဖြစ်ရန်
စိုစွတ်တဲ့
ပတ်ဝန်းကျင်မျိုးထဲမှာ ရှိရန် လိုပါတယ်။
ခန္ဓာကိုယ် အစိတ်အပိုင်း တခုထဲမှာ
အဲဒီလို
အမျှင်များ လွန်ကဲစွာ ချိတ်လျက်
ရှိနေခြင်းကို
fibrosis လို့ခေါ်ကြရာ
အဲဒီလို အသုံးအနှုံးကို
ကြားဘူးသလို ရှိနေတာက၊
အနာရွတ်တွေဟာ ကျွန်တော်တို့ရဲ့
အရေပြားထဲမှာသာ
ဖြစ်တတ်တာ မဟုတ်လို့ပါ။
အသက်ရှူလမ်းကြောင်း
fibrosis ဆိုရင် မျိုးရိုးဗီဇ
ရောဂါဖြစ်ကာ ပန်ကရိယမှာ အနာရွတ်တွေ
ပေါ်လာစေပါတယ်၊
အဆုတ် fibrosis ဆိုရင်
အဆုတ်ထဲ အနာရွတ်တွေ ပေါ်လာလို့
အသက်ရှူရ ခက်လာခြင်းကို ဆိုလိုတာပါ။
နှလုံးဖောက်ပြန်မှုရဲ့ နောက်မှာ
အနာရွတ်တွေ ပေါ်လာခြင်းနဲ့
ECM ကို တည်ဆောက်ဖြစ်ခြင်းကြောင့်
နှလုံးခုန်နှုန်း နှေးလာနိုင်ကာ
နှလုံးပြဿနာတွေ
ရှေ့ဆက်ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီတော့ ဒဏ်ရာတခုရဲ့ နောက်မှာ ပေါ်လာတဲ့
အနာရွတ် အသားမျှင်များဟာ
မူရင်း လုပ်ကိုင်နိုင်စွမ်း အချို့ကို
ထိန်းသိမ်းထားနိုင်ပေမဲ့၊
၎င်းတို့က အစားထိုးနေရာယူလိုက်ကြတဲ့
မူလအသားမျှင်များထက်အရည်အသွေး
ညံ့နေခြင်းကို အဲဒီမှာ တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်စရာတွေ
ရှိပါတယ်။
ဖိုင်ဘရိုဘလာစ်တ် ဆဲလ်များအား ကိုလာဂင်
ပမာဏကို လွန်ကဲစွာ ထုတ်လုပ်လာစေခြင်းရဲ့
အကြောင်းရင်းတွေ နဲ့ ခန္ဓာကိုယ်ထဲက
အခြားဆဲလ်များအား
ထိခိုက်နေတဲ့ အသားမျှင်များကို
ထုတ်လုပ်စေလျက်
အစားထိုး ထည့်သွင်းပေးနိုင်ရေးကို
ဆေးကုသရေး ပါရဂူများက
အားထုတ်နေကြပါတယ်။
ဒဏ်ရာ ကုစားမှု နဲ့ အနာရွတ်
အသားမျှင် ပေါ်ပေါက်လာမှုကို
ပိုပြီး ကောင်းမွန်စွာ ထိန်းချုပ်ရေးကို
သိလာကြမယ်ဆိုရင်၊
ဒဏ်ရာရဲ့ နောက်ပိုင်းပြဿနာတွေကို
ဖြေရှင်းရန်
ဒီနေ့ အသုံးပြုနေတဲ့
ဒေါ်လာ ဘီလီယံများစွာအထိ ရှိနေတဲ့
ဘတ်ဂျက်ငွေကို
ပိုပြီး ထိရောက်စွာ သုံးစွဲပေးနိုင်ခြင်းဖြင့်
ပြည်သူ သန်းချီတို့ရဲ့ ဘဝကို မြှင့်တင်ပေးလျက်
သူတို့ ပိုပြီးကျန်းမာစွာ
နေထိုင်နိုင်အောင် ကူပေးနိုင်မှာပါ။
ဒါပေမဲ့ အဲဒီမတိုင်မီအထိတော့၊
ယုတ်စွအားဖြင့်
ကျွန်တော်တို့ရဲ့ အနာရွတ် အချို့တို့က
အနာရွတ်တွေ ဖြစ်ပေါ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းမျိုးကို
ရှောင်ရှားရန် ကျွန်တော်တို့အား
သတိပေးနေကြမှာပါ။