ကျန်နေသေးတဲ့ သင့်ဘဝအတွက် အန္တိမ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးမယ့်် စက်တစ်ခုထဲမှာ သင့်ဦးနှောက်ကို ပလပ်ထိုးနိုင်တယ်လို့ စိတ်ကူးကြည့်ပါ။ ဒီလိုဘဝမျိုနဲ့ နေထိုင်ရန် စာရင်းပေးဖို့ ရွေးချယ်ခွင့်ရှိရင် သင် ရွေးမလား။ ဒါက Experience Machine လို့ခေါ်တဲ့ အတွေး စမ်းသပ်မှုကနေ ဒဿနပညာရှင် Robert Nozick ထုတ်ထားတဲ့ မေးခွန်းပါ။ စမ်းသပ်မှုက ကျွန်ုပ်တို့ကို တွေးကြည့်ခိုင်းတာက နာကျင်မှုမပါတဲ့ ပျော်ရွှင်မှု အတွေ့အကြုံ တွေ သက်သက်ကို အာမခံရင်း သိပ္ပံပညာရှင်တွေဟာ လက်တွေ့ဘဝနဲ့ တူအောင် ဖန်တီးထားတဲ့ စက်တစ်လုံးရှိတဲ့ကမ္ဘာတစ်ခုပါ။ အဲဒီလိုဆို ရင်ဆိုင်ရမယ့် ပြဿနာက ဘာလဲ။ သင်ဟာ ဒိဌအဖြစ်ကို နောက်ချန်ထားခဲ့ရမှာဖြစ်ပေမဲ့ ခြားနားမှုကို မသိသလောက်ဖြစ်နေမှာပါ။ သင့် အတွေ့အကြုံတွေဟာ ဒိဌအဖြစ်ကနေ ခွဲခြားလို့ရနိုင်မှာ မဟုတ်ပါဘူး။ ဘဝရဲ့ သဘာဝ အနိမ့်၊ အမြင့်တွေဟာ အဆုံးမဲ့ အမြင့် အစဉ်အတန်းကြီးနဲ့သာ အစားထိုးပေးလိမ့်မယ်။ အံ့ဖွယ် ထင်စရာပဲနော်။ မက်မောစရာ ကမ်းလှမ်းမှုတစ်ခုလိုထင်ရပေမဲ့ ထင်ရသလောက်တော့ အကောင်းဆုံး မဖြစ်လောက်ဘူး။ ဒီစမ်းသပ်မှုက တကယ်က ပျော်ရွှင်မှုပဓာနဝါဒ လို့ခေါ်တဲ့ ဒဿနဆိုင်ရာ အယူအဆတစ်ခုကို ချေပဖို့ ပုံစံထုတ်ထားတာပါ။ ပျော်ရွှင်မှုပဓာနဝါဒီတွေ အရ အသားတင် ပျော်ရွင်မှုကို များနိုင်သမျှ များအောင်လုပ်ခြင်းဟာ ဘဝမှာ အရေးအကြီးဆုံး၊ ပျော်ရွှင်မှုဟာ ဘဝက ပေးစရာရှိတဲ့ အကြီးကျယ်ဆုံး ကောင်းကျိုးဖြစ်လို့တဲ့။ ပျော်ရွှင်မှုဝါဒီတွေအတွက် လူတစ်ယောက်က ကိုယ်တိုင်အတွက် လုပ်နိုင်တဲ့ အကောင်းဆုံး ရွေးချယ်မှုက 
နာကျင်မှု ယူမလာဘဲ တတ်နိုင်သမျှ အကြီးမားဆုံး ပျော်ရွှင်မှု ပမာဏ ဆောင်ကြဉ်းပေးတဲ့ တစ်ခုပါ။ ကန့်သတ်မဲ့ပျော်ရွှင်မှု အနုတ် သုညနာကျင်မှု က အများဆုံး အသားတင်ပျော်ရွှင်မှုနဲ့ ညီတယ်။ သို့) တစ်နည်းပြောရရင် Experience Machine က ပေးတဲ့ အလားတူ စိတ်မှန်းဖြစ်နိုင်ခြေပါ။ ဒီတော့ ပျော်ရွှင်မှုပဓာနဝါဒက သင့်ရွေးချယ်မှု ဒဿနဆိုရင် ပလပ်ထိုးခြင်းဟာ ဦးနှောက်စားစရာ တစ်ခု ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ပျော်ရွှင်မှု သက်သက်ထက် ဘဝမှာ ပိုရှိတယ်ဆိုရင်ရော။ ဒါက အတွေး စမ်းသပ်ချက် Experience Machine ကနေ သူ သရုပ်ပြနေတာလို့ Nozick ယုံကြည်မိတာပါ။ ဒီစက်ရဲ့ ကတိက အသားတင် ပျော်ရွှင်မှု အများဆုံးဆိုပေမဲ့ ဒီအဆိုကို သုံးသပ်ဆင်ခြင်သူ အခြား စမ်းသပ်သူတွေလိုပဲ ပလပ်တပ် မတပ်ဆင်ဖို့ အကြောင်း သူ ရှာနေတုန်းပါ။ ဒါပေမဲ့ အန္တိမ ပျော်ရွှင်မှုရဲ့ အနာဂတ် တစ်ခုကို ရွေးချယ်ဖို့ ဘာက တားဆီးနိုင်လဲ။ ဒီအခြေအနေကို တွေးကြည့်ပါ။ Betsy နဲ့ Xander ချစ်နေတဲ့ ရည်စူးထားတဲ့ သံယောဇဉ်တစ်ခုမှာပါ။ Betsy ဟာ အရူးအမူးဖြစ်နေပြီး ဒီထက် ပျော်တာ မရှိခဲ့ဖူးလို့ ခံစားရတယ်။ ဒါပေမဲ့ Betsy သတိမထားမိဘဲ Xander ဟာ Betsy ရဲ့ညီမ Angelica နဲ့ ချစ်ဇာတ်လမ်းထွင်နေတယ်၊ သူတို့ သံယောဇဉ် တစ်လျောက်လုံးမှာ ရည်းစားစာတွေ၊ ချိန်းတွေတာတွေနဲ့ပါ။ Betsy သိရှိသွားရင် ဒါက Xander နဲ Angelica နှစ်ယောက်စလုံးရဲ့ သူ့ဆက်ဆံရေးတွေကို ဖျက်ဆီးပစ်ပြီး ဒီအတွေ့အကြုံက သူ နောက်ဘယ်တော့မှ မချစ်ဖို့အထိ စိတ်ဒဏ်ရာရစေလိမ့်မယ်။ Betsy ဟာ Xander ရဲ့ သစ္စာမဲ့မှုကို မသိလောက်အောင် ကံကောင်းနေတော့ ပျော်ရွှင်မှုပဓာနဝါဒီတွေကတော့ သူဟာ အမှောင်ထဲမှာ ဆက်ရှိနေပြီး အသားတင် ပျော်ရွှင်မှုရဲ့ မြင့်တဲ့အဆင့်ကို ထိန်းတာက ပိုကောင်းတယ်လို့ပြောမှာပါ ဒီဆက်ဆံရေးကို Betsy လုံးဝ ရှာမတွေ့သရွေ့ လက်ရှိအတိုင်း ပျော်ရွှင်စွာ ဆက်ရှိဖို့ 
 သူ့ဘဝကို အာမခံထားတယ်။ ဒီတော့ သူ့အခြေအနေရဲ့ အမှန်တရားကို သိခြင်းဆိုတဲ့ တန်ဖိုး Besty ဆီမှာ ရှိလား။ သင်ဟာ Betsy လို့ စိတ်ကူးကြည့်ပါ။ အမှန်တရားကို သိဖို့ သင် ပိုလိုလားလား။ အဖြေက ဟုတ်တယ်ဆိုရင် သင့် အသားတင် ပျော်ရွှင်မှုကို သိသာစွာ လျော့စေတဲ့ ရွေးချယ်မှုတစ်ခု လုပ်လိမ့်မယ်။ ပျော်ရွှင်မှုထက် ပိုကြီးကျယ်တဲ့ ပင်ကိုတန်ဖိုးနဲ့အတူ ဘဝမှာ အကြောင်းအရာတွေရှိတယ်လို့ သင်ယုံကြည်တာဖြစ်နိုင်တယ်။ အမှန်တရား၊ အသိသုတ၊ အခြားလူသားတွေနဲ့ စစ်မှန်တဲ့ ဆက်သွယ်မှု။ ဒါတွေက စာရင်းပြုနိုင်လောက်တဲ့ အရာအားလုံးပါ။ အမှန်တရားကို လုံးဝ မသိခြင်းက Betsy ဟာ ကိုယ်ပိုင် Experience Machine မှာ အခြေခံအားဖြင့် ဘဝ ရှင်သန်နေတယ်။ ဒိဌဖြစ်ရပ်ကို အခြေမခံတဲ့ ပျော်ရွှင်မှုရဲ့ ကမ္ဘာတစ်ခုပါ။ သုံးပွင့်ဆိုင် အချစ်က လွန်ကဲတဲ့ ဥပမာတစ်ခုဆိုပေမဲ့ ဒါက ဘဝမှာ နေ့စဉ် ကျွန်ုပ်တို့ ပြုလုပ်တဲ့ ဆုံးဖြတ်ချက်များစွာကို ထင်ဟပ်ပါတယ်။ ဒီတော့ Betsy(သို့)ကိုယ်တိုင်အတွက် ရွေးချယ်တာလုပ်လုပ်၊မလုပ်လုပ် ဒိဌဖြစ်ရပ်ဟာ အကြောင်းခံတစ်ခု ဖြစ်သင့်တယ်လို့ ဘာကြောင့် ထင်မိနိုင်တာလဲ။ ပျော်စရာဖြစ်စေ၊ နာကျင်စရာဖြစ်စေ 
 တကယ့်တွေ့ကြုံခံစားမှုတွေမှာ ရှိရင်းစွဲ တန်ဖိုးရှိသလား။ လက်တွေ့ဘဝရဲ့ ပျော်ရွှင်မှုတွေနဲ့ နာကျင်မှုတွေကို တွေ့ကြုံခံစားနေတဲ့အခါ မိမိကိုယ်မိမိ တန်ဖိုးပိုရှိလား။ Nozick ရဲ့ စမ်းသပ်ချက်က အဖြေအားလုံးကို မပေးလောက်ပေမဲ့ ပြီးပြည့်စုံမှုမရှိသော်လည်း လက်တွေ့ဘဝဟာ ပလပ်ထိုးထားခြင်းရဲ့ ပျော်ရွှင်မှုအလွန်က ပင်ကို တန်ဖိုးတစ်ခုကို ဆုပ်ကိုင်ထားလာဆိုတာ ကျွန်ုပ်တို့ကို မရမက စဉ်းစားခိုင်းတယ်။