ကျွန်တော်တို့ လူသားတွေမှာ ကောင်းမြတ်ခြင်းအတွက် ထူးကဲတဲ့ အလားလာများရှိကြတယ်။ ဒါပေမဲ့လည်း အန္တရာယ်ပေးနိုင်တဲ့ အလွန်ကြီးမားတဲ့ အင်အားတွေလည်း ရှိကြတယ်။ တည်ဆောက်ရေး ဘယ်ကရိယာကိုမဆို ဖျက်ဆီးတဲ့ နေရာမှာလည်း သုံးနိုင်တယ်။ ဒါတွေအားလုံးဟာ ကျွန်ေတော်တို့ရဲ့ စိတ်လှုံ့ဆော်မှု ပေါ်မူတည်တယ်။ ဒါကြောင့် အရေးကြီဆုံးကတော့ တကိုယ်ကောင်းတဲ့ စိတ်ထက်အများအကျိုးကို ဦးစားပေးတဲ့ စိတ်မွေးခြင်းဟာ ပိုပိုအရေးပါလာပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ခေတ်မှာ စိန်ခေါ်မှုတွေ အများကြီးနှင့် ရင်ဆိုင်နေရတယ်။ ဒီဟာတွေက ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ စိန်ခေါ်မှုတွေ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ရဲ့ ပင်ကိုယ်စိတ်က ကျွန်တော်တို့ရဲ့ အကောင်းဆုံး သူငယ်ချင်း ဖြစ်နိုင်သလို အဆိုးဆုံး သူငယ်ချင်းလည်း ဖြစ်နိုင်တယ်။ ထို့နောက် လူမှုရေးဆိုင်ရာ စိန်ခေါ်မှု ဆိုတာလည်း ရှိသေးတယ်။ ပေါကြွယ်ခြင်းအလယ်မှာ ဆင်းရဲမွဲတေမှု၊ မညီမျှ မှုတွေ၊ ပဍိပက္ခများ၊၊မတရားမှုတွေ၊ ထိုနောက် ကျွန်တော်တို့ မမျှော်လင့်တဲ့ စိန်ခေါ်မှုအသစ်တွေ၊ လွန်ခဲ့တဲ့နှစ်ပေါင်း တသောင်းအရင်က ကမ္ဘာမြေကြီးပေါ်မှာ လူသားငါးသန်းရှိခဲ့တယ်။ သူတို့ဘာဘဲ လုပ်နိုင်လုပ်နိုင် ကမ္ဘာကြီးရဲ့ကြံ့ခိုင်မှုက မကြာမီကပဲ လူ သား တွေရဲ့ လုပ်ဆောင်ချက်တွေကို ကုစားပေးနိုင်မယ်။ စက်မှုနှင့်နည်းပညာ တော်လှန်ရေးကြီးများအပြီး။ ဒါကမတူတော့ဘူး။ အခုကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို အဓိက အကျိုးသက်ရောက် နေကြသူများဖြစ်ပါတယ်။ ကျွန်တော်တို့ Anthropocene ခေါ် လူသားတွေရဲ့ ခေတ်သို့ဝင်လာပြီ။ တနည်းအားဖြင့် အကယ်၍ ကျွန်တော်တို့က ဒီအဆုံးမဲ့တိုးတက်မှုက်ကို ဆက်ချင်တယ် ပစ္စည်းအရင်းအမြစ်များကို အဆုံးမဲ့အသုံးပြုချင်တယ်လို့ ပြောမယ်ဆိုလျှင် ကျွန်တော်ရဲ့ နိုင်ငံတော် ခေါင်းဆောင်ဟောင်းတဦး - ဒါဟာဒီလူပြောနေသလို -- ဘယ်သူဆိုတာတော့ မပြောဘူး - ပြောခဲ့တာကြားဘူးတယ် - "လွန်ခဲ့တဲ့ ငါးနှစ်အရင်က ကျွန်တော်တို့ဟာ ချောက်ကမ်းပါးရဲ့ အစွန်းမှာ ရှိနေခဲ့တယ် ဒီနေ့ ကျွန်တော်တို့ဟာ ကြီးမားတဲ့ခြေလှမ်း တလှမ့်းရှေ့ကိုလှမ်းလိုက်ပြီ" ဒီတော့ ဒီအစွန်းဟာ သိပ္ပံပညာရှင်များ ဂြိုဟ်နယ်နိမိတ်များလို့ သတ်မှတ်ထားတဲ့ အစွန်းနှင်အတူတူဘဲ နောက် ထိုနယ်နိမိတ်အတွင်း အကြောင်းခံအချက် တော်တော်များများ ရှိနိုင်တယ်။ ကျွန်တော်တို့ အောင်မြင်ကြွယ်၀နိုင်သေးတယ်၊ လူသားမျိုးနွယ်များ နောက်နှစ်ပေါင်း ၁၅၀,၀၀ဝ တိုင်အောင် အောင်မြင်ကြွယ်၀နိုင်သေးတယ်။ အကယ်၍ ကျွန်တော်တို့ ရာသီဥတုကို လွန်ခဲ့တဲ့အနှစ် ၁၀,၀၀၀ က Holocene ခေတ်မှာ ရှိခဲ့တဲ့အတိုင်း ထိန်းသိမ်းနိုင်မယ် ဆိုရင်ပေါ့။ ဒါပေမဲ့ဒီဟာက မိမိဆန္ဒအရ ရိုးရှင်းတဲ့ ရွေးချယ်မှုပေါ်မူ တည်တယ်။ အရေအတွက် မဟုတ်ဘဲ အရည်အချင်းနှင့်ကြီးထွားခြင်း။ ဒီတော့ သင်တို့မြင်ရတဲ့အတိုင်း ၁၉၀ဝ ခုနှစ်မှာ ကျွန်တော်တို့ဟာ အန္တရာယ်ကင်းတဲ့ ဘောင်အတွင်းထဲမှာဘဲ ရှိနေတယ်။ အခု ၁၉၅ဝခုနှစ်မှာ တိုးတက်မှုအရှိန်ဟာ ကြီးမားလာပါတယ်။ အခုအသက်အောင့်ထားပါ၊ သိပ်မကြာပါဘူး နောက်ဘာလာမလဲ ဆိုတာ စဉ်းစားကြည့်ဖို့။ ယခုကျွန်တော်တို့ ဂြိုဟ်နယ်နိမိတ်အချို့ကို အပြတ်အသတ် ကျော်နှင်းခဲ့ကြပြီ။ ဇီဝမျိုးကွဲကို လက်ရှိနှုန်းကို ယူကြည့်မယ်ဆိုရင် ၂၀၅၀ ခုနှစ် အရောက်မှာ ကမ္ဘာပေါ်ရှိမျိုးစိတ် ၃ဝ ရာခိုင်နှုန်း ပျောက်ကွယ်သွားပေလိမ့်မယ်။ ကျွန်တော်တို့က သူတို့ရဲ့ DNA တွေကို ရေခဲသေတ္တာထဲမှာ စောင့်ရှောက် ထားခဲ့ရင်တောင် ဒါကို နောက်ပြန်လှည့် လို့မရတော့ဘူး။ ဒီတော့ ကျွန်တော် အခုထိုင်နေတာ Bhutan မှာရှိတဲ့ မီတာ ၇၀၀၀ မြင် ရေခဲတုံးကြီး အရှေ့မှာပါ။ တတိယ ဝင်းရိုးစွန်းမှာ ရေခဲတုံးကြီး ၂၀၀၀ လောက် မြန်မြန်ဆန်ဆန် အရေပျော်နေတာ အာတိတ်မှာထက် ပိုမြန်နေတယ်။ အဲဒီတော့ ဒီလိုအခြေအနေမှာ ကျွန်တော်တို့ဘာလုပ်နိုင်လဲ? ကောင်းပြီ၊ ဘယ်လိုဘဲ နိုင်ငံရေးအရ စီးပွါးရေးအရ သိပ္ပံအရ ရှုပ်ထွေးပါစေ သဘာဝပတ်ဝန်းကျင်ရဲ့ မေးခွန်းက - နောက်ဆုံးတော့ မေးခွန်းက ကိုယ်ကျိုးစွန့်ဝါဒနှင့် တကိုယ်ကောင်း ဆန်ခြင်းယှဉ်နေတာဘဲ။ ကျွန်တော်က "Groucho" သဘောထားဆန်တဲ့ "Marxist"ပါ (Groucho Marx ကလူရွှင်တော်တဦး) (ရယ်မောသံများ) Groucho Marx ကပြောတယ် "ငါက နောင်လာ နောက်သားတွေကို ဘာကြောင့် ဂရုစိုက်ရမှာလဲ သူတို့က ငါ့အတွက် ဘာတွေများ လုပ်ပေးခဲ့လဲ?" (ရယ်မောသံများ) ကံဆိုးချင်တော့ ဘီလျံနာကြီး Steve Forbes က Fox သတင်းမှာ ဒီအတိုင်းပြောတာ ကျွန်တော် ကြားဘူးတယ်။ တကယ်ပါ။ သူ့ကို သမုဒ္ဒရာကြီးပေါ်ထွန်းလာတဲ့ အကြောင်းပြောခဲ့တာကို သူက "ဒီနေ့ ကျွန်တော့်ရဲ့ အကျင့်အမူကို နောင်လာမယ့် အနှစ်တရာလောက်မှာ ဖြစ်မယ့်ကိစ္စအတွက် ပြောင်းလဲရမယ် ဆိုတာ ရယ်စရာ ကောင်းတယ်" နောင်လာ နောက်သားတွေကို သင်ဂရုမစိုက်ဘူး ဆိုရင် ဒီအတိုင်ဘဲသွားနေမှာ။ ဒီတော့ ကျွန်တော်တို့ခေတ်ရဲ့ အဓိက စိန်ခေါ်မှုတခုက အချိန် အတိုင်းတာသုံးပါးကို ညှိနှိုင်းရန်ဖြစ်တယ်။ ကာလတို စီးပွားရေး စတော့ရှယ်ယာ အတက်အကျ၊ နှစ်ကုန်ငွေစာရင်း ဘဝ အရည်အသွေးရဲ့ အလယ်ကာလ ဆယ်နှစ်နှင့် အနှစ်နှစ်ဆယ်အတွင်း ကျွန်တော် တို့ ဘဝအချိန်တိုင်းရဲ့ အရည်အသွေး ကဘာလဲ---- နောက်ရေရှည် သဘာဝ ပတ်ဝန်းကျင် အတွက်ပေါ့။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်သူများနှင့် စီးပွားရေး ပညာရှင်များ စကားပြောတဲ့အခါ လူနှင့်စိတ်သီးခြား ဖြစ်နေတဲ့ ရောဂါသည်တွေ စကားလို လုံးဝမရှင်းလင်းဘူး။ သူတို့ပြောနေကြတာ ဘာသာစကား မတူပါဘူး။ အခုကျွန်တော် လွန်ခဲ့တဲ့ဆယ်နှစ်ထဲမှာ တကမ္ဘာလုံးကို လှည့်လည်သွားခဲ့တယ်။ စီးပွားရေးပညာရှင်၊ သိပ္ပံပညာရှင်၊ အာရုံကြော သိပ္ပံပညာရှင် တွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်သူတွေ ဒဿနပညာရှင်တွေ၊ ဟိမဝန္တာ တောင်းတန်း နဲ့ နေရာစုံက အတွေးပညာရှင်တွေ နှင့် တွေ့ခဲ့တယ်။ ကျွန်တော့် အမြင်မှာတော့ စိတ်ကူးတခုပဲ ဒီအချိန်အတိုင်းအတာ သုံးပါးကို ညှိနှိုင်းနိုင်မယ်။ ဒါက ရိုးရိုးရှင်းရှင်း အခြားသူတွေ အတွက် စာနာထောက်ထားခြင်းပဲ။ အကယ်၍ သင့်မှာ သူများအတွက် စာနာထောက်ထားစိတ်တွေ ပိုရှိလျှင် သင့်မှာ ဂရုစိုက်တဲ့ စီးပွားရေးရှိမယ် - အဲ့ဒီမှာ ဘဏ္ဍာရေးက လူ့အဖွဲ့စည်း အတွက် ဝန်ဆောင်မှုပေးရန် လိုပြီး လူ့အဖွဲ့စည်းက ဘဏ္ဍာရေးကို ဝန်ဆောင်မှုပေးနေတာမျိုး မဖြစ်သင့်ပါ။ သင်ဟာ သူများအပ်နှံထားထဲ့ အရင်းအမြစ်တွေနှင့် ကာစီနိုဝိုင်းတွေမှာ သွားကစားလို့ ဘယ်ရမလဲ။ သင့်မှာ သူများတွေ အပေါ် စာနာစိတ်ပိုရှိရင် သင်ဟာ မညီမျှမှုတွေကို ဧကန်မုချ ကုစားမယ်။ သင်ဟာ လူ့အသိုင်းအဝိုင်းထဲကို စိတ်သက်သာစေရာ တမျိုးမျိုးကို ပညာရေးမှာ သို့မဟုတ် အလုပ်နေရာသို့ယူလာမယ်။ ဒီလိုမဟုတ်ရင် အာဏာအရှိဆုံးနှင့် အကြွယ်ဝဆုံးနိုင်ငံဖြစ်ပေမဲ့၊ ဒါပေမဲ့ အားလုံးက စိတ်ဆင်းရဲနေလျှင် ဘာအဓိပ္ပါယ် ရှိနိုင်ပါ့မလဲ။ နောက် သင့်မှာ သူများတွေအပေါ် စာနာစိတ်ပိုရှိရင် သင်ဟာ ကျွန်တော်တို့မှာ ရှိနေတဲ့ ဂြိုဟ်ကမ္ဘာကို မွှေနှောက် ပစ်ထာခဲ့မှာ မဟုတ်ဘူး။ နောက် အခုနှုန်းထားနဲ့ ကျွန်တော်တို့မှာ ဒီအတိုင်းနေဖို့ ဂြိုဟ်ကမ္ဘာ သုံးလုံးမရှိဘူး။ ဒီတော့ မေးခွန်းက -- ဟုတ်ပြီး အဖြေကတော့ ကိုယ်ကျိုးမငဲ့ခြင်း။ ဒါက စိတ်ကူး စံနှုန်း အသစ်မဟုတ်ဘူး။ ဒါပေမဲ့ တကယ် လက်တွေ့ကျကျ ဖြေရှင်းနည်းလား။ နောက်ပထမဦးဆုံး ဒါတကယ် ရောရှိလို့လား။ ပရဟိတ အစစ်အမှန် ဒါမှမဟုတ် ကျွန်တော်တို့က ဒီလာက်တောင် တကိုယ်ကောင်း ဆန်ကြသလား။ ဒီတော တချိန်မှာ ဒဿနပညာရှင်တွေ စဉ်စားတာကတော့ ကျွန်တော်တို့ဟာ ပြန်ပြင်မရနိုင်လောက်အောင် တကိုယ်ကောင်း ဆန်ကြတယ်။ ဒါပေမဲ့ တကယ်ဘဲ ကျွန်တော်တို့ဟာ ဆိုးပေတဲ့လူတွေလား။ ဒါကသတင်း ကောင်းဘဲနော်၊ မဟုတ်ဘူးလား။ Hobbesလို ဒဿနပညာရှင် တော်တော်များများကလဲ ဒီအတိုင်းဘဲ ပြောကြတယ်။ ဒါပေမဲ့ လူတိုင်းဟာ ဆိုးပေတဲ့ ရုပ်မျိုး မပေါက်ဘူး။ ဒါမှမဟုတ် လူကလူအတွက် ဝံပုလွေလား၊ ဒါပေမဲ့ဒီ လူကသိပ်ဆိုးတယ်လို့ မထင်ရဘူး။ သူက တီဘက်က ကျွန်တော် မိတ်ဆွအမျိုးသမီး တဦးပါ။ သူဟာ သိပ်ပြီး ကြင်နာတတ်သူပါ။ ဒီတော့ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ခြင်းကို နှစ်သက်တယ်။ ပူးပေါင်းဆောင်ရွက်ခြင်းထက် ပျော်စရာကောင်း တာ ဘာမှမရှိဘူး၊ ရှိလား။ နောက် လူသားတွေတင် မဟုတ်ဘူး ထို့နောက်ဘဝအတွက် ရုန်းကန်မှုတွေ အမှန်တကယ်ရှိတယ်။ Darwin ရဲ့ လူမှုရေး အဆိုအရ သန်မာဆုံးသူက ရှင်သန်ကျန်ရစ်မယ်။ ဒါပေမဲ့ ဆင့်ကဲဖြစ်စဉ်၊ ပူးပေါင်းဆောင်ရွက်ခြင်း -- ယှဉ်ပြိုင်မှုတွေ ရှိသော်လဲ၊ အမှန်တကယ် -- ရှုပ်ထွေးမှုး အဆင့်ဆင့် သို့ရောက်အောင် ပူးပေါင်းဆောင်ရွက်ခြင်းက တီထွင်မှု ပိုရှိရမယ်။ ကျွန်တော်တို့က မဟာပူးပေါင်းဆောင်ရွက်သူတွေ နောက် ကျွန်တော်တို့ တိုးပြီးတောင်သွားရမယ်။ အဲဒီတော့ ဒီပေါ်မှာ လူသားတွေရဲ့ ဆက်နွယ်မှုတွေ ရှိသေးတယ်။ OECD က အားလုံးဝင်ငွေ အပါအဝင် အကြောင်းခံ ၁ဝ မျိုးအပေါ်မှာ စစ်တမ်း ကောက်ခံတယ်။ လူတွေ ပထမဦးဆုံး ပြောတာက ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကြောင့် အဓိက လိုအပ်တာက လူသားတွေရဲ့ ဆက်နွယ်မှုရဲ့ အရည်အသွေး လူသားတွေထဲမှာဘဲ မဟုတ်ဘူး။ နောက် ဒီအဖွားတွေကို ကြည့်ပါဦး။ ဒီတော့ အခုကျွန်တော်တို့ ဒီအတွေးအခေါ်လေးနဲ့ နက်ရှိုင်းစွာ ဝင်ပြီးလေ့လာကြည့်ရင် ကျွန်တော်တို့ဟာ ပြန်ပြင် မရနိုင်လောက်အောင် တကိုယ်ကောင်းဆန်ကြတယ် ဒါဟာထိုင်ရာမထ သိပ္ပံပညာဘဲ။ ဘယ် လူမှုဗေဒ လေ့လာချက် စိတ္တဗေဒ လေ့လာချက်ကမှ ဒါကို မသင်ပြခဲ့ဘူး။ အဲဒီလိုမဟုတ်ဘဲ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ကျွန်တော့်မိတ်ဆွေ Daniel Batson က လူတွေကို ဓာတ်ခွဲခန်းထဲ အလွန်ရှုပ်ထွေးတဲ့ အခြေအနေထဲ ထည့်ပြီး သူ့တဘဝလုံး နောက် အမှန်တကယ် ကျွန်တော်တို့က တခါတရံ တကိုယ်ကောင်းဆန်တယ် နောက်အချို့လူတွေက သူများထက်ပိုတယ်။ ဒါပေမဲ့ သူရှာတွေ့တာက စနှစ်တကျ နဲ့ သိသာ ထင်ရှားတဲ့ လူအရအတွက်က ဘာဘဲဖြစ်ဖြစ် စာနာထောက်ထားစွာ ပြုမူကြတယ်။ အကယ်၍ သင်ဟာ တဦးတယောက်ကို နက်ရှိုင်းစွာ ဒါဏ်ရာရပြီး နာကျင်ခံစားနေရတာ တွေ့ခဲလျှင် သင်ဟာ မျှဝေခံစားစိတ်နှင့် ကူညီကောင်း ကူညီးလိမ့်မယ် -- သင်ရပ်မြကြည့်နိုင်ဘူး၊ ဒီတော့ဒီလူကို ဆက်ကြည့်နေမဲ့အစား ကူညီလိုက်တာ ပိုကောင်းတယ်။ ဒါတွေကျွန်တော်တို့ စမ်းသပ်တယ် နောက်ဆုံးတော့ လူတွေက ကိုယ်ခြင်းစာနာနိုင်တယ်လို့ သူကပြောတယ်။ ဒါဟာ သတင်းကောင်းဘဲ။ ဒါထက်ပိုပြီး ကျွန်တော်တို့ ကောင်းမှုရဲ့ ရိုးသားခြင်းကို ကြည့်သင့်တယ်။ ဒီမှာကြည့်ပါဦး။ ကျွန်တော်တို့ ပြန်ထွက်လာတဲ့အခါ "ဒါကောင်းလိုက်တာ"လို့ ပြောမှာမဟုတ်ဘူး။ ဒီလူအုပ်က ကိုယ်ချင်း စာနာမှု အကြောင်း ပြောနေကြတုန်းက လက်သီးထိုးပွဲမဖြစ်ဘူး" မဟုတ်ဘူး၊ ဒါကလဲ မျှော်လင့်ထားတဲ့ အတိုင်းဘဲ မဟုတ်ဘူးလား။ အကယ်၍များ လက်သီးထိုးပွဲသာ ဖြစ်ခဲ့ရင် ကျွန်တော်တို့ ဒီအကြောင်း လပေါင်းများစွာ ပြောနေကြမှာ။ ဒီတော့ ကောင်းမှုရဲ့ ရိုးသားခြင်းဟာ သင့်အာရုံကို မစွဲဆောင်နိုင်ဘူး။ ဒါပေမဲ့ ဒါကရှိနေတယ်။ အခု ဒါကိုကြည့်ပါ။ အချို့စိတ္တဗေဒ ပညာရှင်တွေက ကျွန်တော်က ဟိမလယာမှာ လူသားချင်း စာနာထောက်ထားထဲ့ စီမံကိန်း အခု ၁၄ဝ ကို ဆောင်ရွက်နေတယ် နောက်ဒါက ကျွန်တော့်ကို သိပ်ပြီး ပျော်ရွှင်စေတယ်လို့ ပြောရင် သူတို့က "ဩ အင်း ခင်ဗျားက ကျော်ကြားမှုအတွက် လုပ်နေတာ ပရဟိတမဟုတ်ဘူး။ ခင်ဗျားခံစားမှု ကောင်းလို့လုပ်တာ။" ဒီလူက မီးရထားအရှေ့ကို ခုန်ဝင်တဲ့အချိန် "အဲဒီနောက်မှာ ငါ့ဘဝ ကောင်းလာမှာဘဲ" စဉ်းစားနေတယ်လို့ သင်တို့ထင်လား။ (ရယ်မောသံ) ဒါပေမဲ့ ဒါက အဆုံးမသတ်သေးဘူး။ သူတို့က- အင်း ခင်ဗျားက သူ့ကိုတွေ့ဆုံ မေးမြန်းတော့ သူက "ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိဘူး၊ ကျွန်တော်ခုန်ရတာပေါ့" လို့ပြောတယ်။ သူ့မှာ တခြားရွေးချယ်စရာမရှိဘူး။ အလိုလိုနေရင်း လုပ်ကိုင်မှု။ သူဟာ တကိုယ်ကောင်းဆန်တာ မဟုတ်သလို ကိုယ်ခြင်းစာနာတာလဲမဟုတ်ဘူး။ ရွေးချယ်စရာမရှိဘူးလား။ အင်းဟုတ်ပါတယ်၊ ဒီလူက နာရီဝက်လောက် အချိန်ယူ စဉ်းစားမယ့်သူများ မဟုတ်ပါ။ "ကျွန်တော် လက်ကမ်းပေးရမလား? မပေးရဘူးလား။" သူဟာ လုပ်လိုက်တယ်။ အဲဒါကရွေးချယ်မှုဘဲ၊ ရှင်းနေတာဘဲ၊ မြန်ဆန်ခဲ့တယ်။ ဒါပေမဲ့ သူ့မှာ ရွေးချယ်မှုရှိခဲ့တယ်။ (ရယ်မောသံများ) ဘုန်းတော်ကြီး André Trocmé နှင့် သူ့ဇနီးက ရွေးချယ်ခွင့်ရှိတဲ့သူတွေ နောက် ပြင်သစ်မှာရှိတဲ့ Le Chambon-sur-Lignon တရွာလုံး သူတို့က ဒုတိယကမ္ဘာစစ် တလျှောက်လုံးမှာ ဂျူးလူမျိုး ၃၅၀ဝ ကိုကယ်ခဲ့တယ်။ ဒီလူတွေကို နေရာထိုင်ခင်းပေးတယ် နောက် Switzerland သို့ခေါ်ဆောင်ခဲ့တယ်။ ဒါတွေက ဖြစ်နိုင်ချေအနည်းဆုံး၊ သူတို့နှင့် သူတို့မိသားစုတွေ အသက်အန္တရာယ် ရှိနိုင်တာသိလျှက်နှင့် လုပ်ခဲ့တာ။ ဒီတော့ ကိုယ်ခြင်းစာ တရားဆိုတာရှိတယ်။ ပရဟိတတရား ဆိုတာက ဘာလဲ? ဒါက လူအများ ပျော်ရွှင်ပါစေ၊ သူတို့ပျော်ရွှင်မှု အကြောင်းအရာ ရှာတွေ့ပါစေ ဆိုတဲ့ဆန္ဒ။ နောက်ကိုယ်ချင်းစာတယ်ဆိုတာ အကျိုးသက်ရောက်မှု ပဲ့တင်သံ သို့မဟုတ် သိမြင်ခြင်းရဲ့ ပဲ့တင်သံ ဒီဟာက လူတယောက်က ပျော်နေလား၊ ဝမ်းနည်းနေလားကို သင့်ကိုပြောပြတယ်။ ကိုယ်ချင်းစာစိတ် တခုထဲက မလုံလောက်ဘူး။ သင်ဟာ ဆင်းရဲဒုက္ခနှင့် အစဉ်အမြဲ ထိတွေ့နေရရင် သင့်မှာ ကိုယ်ချင်းစာနာတဲ့ စိတ်ဒုက္ခတွေ ခံစားရမယ်။ ဒီတော့ သင့်မှာ ချစ်ခင်ကြင်နာခြင်းအတွက် ကျယ်ပြန့်တဲ့ နယ်မြေလိုမယ်။ Tania Singer နှင့် Leipzig က Max Planck Institute မှာ ကျွန်တော်တို့ ကိုယ်ခြင်းစာ စိတ်နှင့် ချစ်ခင် ကြင်နာစိတ်ရဲ့ ဦးနှောက်ကွန်ရက်တွေက ခြားနားခြင်းကို ပြသခဲ့တယ်။ အခုတော့ အဲဒါတွေ လုပ်ပြီးပြီ။ ဒီတော့ ကျွန်တော်တို့ မိခင်ရဲ့ကြင်နာမှု မိဘမေတ္တာတွေကို ဆင့်ကဲဖြစ်စဉ်ကရခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကို နည်းနည်းချဲ့ဖို့လိုတယ်။ ဒါက မျိုးနွယ်စုတစုကနေ နောက်တစုကို ချဲ့နိုင်တယ်။ ကျွန်တော်တို့ ပိုမိုပရဟိတဆန်တဲ့ လူ့အသိုင်းအဝိုင်းကြောင့် နှစ်မျိုးလိုတယ်။ ဒါကတော့ တဦးခြင်းပြောင်းလဲမှုနောက် လူမူရေး ပြောင်းလွဲမှုဖြစ်တယ်။ အဲဒီတော့ တဦးခြင်းပြောင်းလဲမှုက ဖြစ်နိုင်လား။ နှစ်ပေါင်း နှစ်ထောင်ကြာ ဆင်ခြင်လေ့လာမှုတွေက ဟုတ်ပါတယ် ဖြစ်ပါတယ်တဲ့။ အခု ဦးနောက်အာရုံကြော ဆိုင်ရာသိပ္ပံ နှင့် ဗီဇလုပ်ငန်း ထိန်းချုပ်မှုရဲ့ ၁၅ နှစ်ကြာ ပူးပေါင်းမှုကလဲ ဟုတ်တယ် ပရဟိတ လေ့ကျင့်မှု လုပ်ရင် ကျွန်တော်တို့ရဲ့ ဦးနှောက်တွေက ပြောင်းလဲနိုင်တယ်။ ဒီတော့ ကျွန်တော် MRI စက်ထဲမှာ နာရီပေါင်း ၁၂ဝ ကုန်ဆုံးခဲ့တယ်။ ဒါက နှစ်နာရီခွဲရဲ့ နောက်မှာ ကျွန်တော် ပထမဆုံး အကြိမ်သွားခဲ့တာ။ နောက် ဒီအဖြေကိုလဲ သိပ္ပံဆိုင်ရာ စာရွက်စာတမ်း အများအပြားထဲ ပုံနိုပ်ထုတ်ဝေခဲ့တယ်။ ဒါဟာ ဟိုမှာဖွဲ့စည်းတည်ဆောက်ပုံ အပြောင်းအလဲရှိကြောင်း ဒွိဟမရှိနိုင်ဘူး နောက်သင်ဟာ ပရဟိတ မေတ္တာတရားကို ကျင့်ရင် ဦးနှောကဟာ လုပ်ငန်းအရ ပြောင်းလဲပြပါတယ်။ သင်တို့ကို အတွေးအခေါ်လေး သိရအောင် ဒါက ဝဲဘက်မှာ တရားထိုင်သူ နားနေတာ။ တရားထိုင်သူရဲ့ ဂရုဏာတရားကျင့်စဉ်။ လုပ်ရှားမှုတွေ သင်တို့မြင်ရမယ်။ နောက် ထိန်းချုပ်ကြည့်တဲ့ အုပ်စု နားနေစဉ် -ဘာမှမဖြစ်ဘူး တရားထိုင်စဉ်လဲ ဘာမှမဖြစ်ဘူး။ သူတို့ကို လေ့ကျင့် ပေးမထားဘူး။ ဒီတော့သင်က နာရီပေါင်း ၅၀,၀၀၀ တရား ထိုင်ရမှာလား၊ မလိုပါဘူး။ လေးပတ်ဘဲ။ ဂရုဏာ နှင့် သတိတရား ကို တရက်ကို မိနစ်၂၀ ကျင့်၊ ထိန်းချုပ်တဲ့ အုပ်စုထက် စာရင်အခုပဲ ဦးနှောက် အထဲမှာ လုပ်ငန်းအရ ပြောင်းလဲမှုတွေရှိနေပြီ။ ဒါက တရက်ကို မိနစ်၂၀ လေးပတ်ထဲပဲ။ မူကြိုကလေးတွေ ကိုတောင် Richard Davidson က Madison တွင် စမ်းကြည့်ခဲ့သေးတယ်။ ရှစ်ပတ် ကြာတဲ့အစီစဉ်။ ကျေးဇူတရား၊ ဂရုဏာ မေတ္တာ၊ ပူးပေါင်း ဆောင်ရွက်ခြင်း သတိတရားနှင့် အသက်ရှူခြင်း။ အို သူတို့က မူကြိုကလေးတွေဘဲလို့ သင်တို့ကပြောမယ် ။ ရှစ်ပတ်နေပြီး ဒီမှာကြည့် ဒီအပြာလိုင်းလေးက လူ့အသိုင်းအဝိုင်း လိုလားသူရဲ့ အပြုအမှု။ နောက်ဆုံးအနေနှင့် သိပ္ပံနည်းကျ စမ်းသပ်မှု - စတီကာ စမ်းသပ်မှု။ အဦးဆုံး သင်တို့က ကလေးတဦးချင်းကို အတန်းထဲမှာ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းက ဘယ်သူလဲ မနှစ်သက်ဆုံးကလေး၊ မသိတဲ့ကလေး၊ နေမကောင်းတဲ့ ကလေးလို့ သတ်မှတ်မပေးဘဲ၊ နောက်မှာ သူတို့တတွေကို စတီကာတွေကို ပေးဝေရမယ်။ ကိုယ်က ဝင်ရောက်မစွက်ခင် သူတို့က သူတို့အခင်ဆုံး သူငယ်ချင်းကို ပေးလိုက်ပြီဖြစ်မယ်။ လေးငါးနှစ် အရွယ်လေးတွေ မိနစ်၂၀ -တပတ်ကိုသုံးကြိမ် ဝင်ရောက်စွက်ဖက်လိုက်တဲ့ နောက်မှာ ဘာခွဲခြားမှုမှ မရှိတော့ဘူး အချစ်ဆုံး သူငယ်ချင်းကိုရော၊ မနှစ်သက်ဆုံး ကလေးကိုပါ စတီကာ ညီတူညီမျှပေးကြတယ်။ ဒါက ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ကျောင်းအားလုံးမှာ လုပ်သင့်တယ်။ အခုဒီကနေ ကျွန်တော်တို့ ဘယ်ကိုသွားကြမလဲ။ (လက်ခုပ်သံများ) ဒါလိုင်လာမာက ဒါကိုကြားတော့ Richard Davidson ကို မင်း ကျောင်း၁၀ ကျောင်းကိုသွား၊ ကျောင်း၁၀၀၊ ကုလသမဂ္ဂ၊ တကမ္ဘာလုံးကိုသွား။ ဒီတော့ အခု ဟိုကနေ ကျွန်တော်တို့ ဘယ်ကိုသွားကြမလဲ? တဦးချင်း ပြောင်းလဲမှုက ဖြစ်နိုင်တယ်။ ကျွန်တော်တို့က လူသားမျိုးနွယ် အထဲမှာ ကိုယ်ချင်းစာနာမှု ရှိလာမှာကို စောင့်နိုင်ပါသလား။ အဲဒါက နောက်အနှစ် ၅၀၀၀၀ကြာနိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင်အတွက် သိပ်ကြာလွန်းတယ်။ ကံကောင်းထောက်မစွာဖြင့် ယဉ်ကျေးမှုထဲမှာလည်း ဆင့်ကဲ ဖြစ်စဉ်များရှိတယ်။ ပါရဂူတွေ ထောက်ပြသလို ယဉ်ကျေးမှု တွေက မျိုးဗီဇများထက် ပြောင်းလဲမှုမြန်ပါတယ်။ ဒါက သတင်းကောင်းဘဲ။ ဒီမှာကြည့် စစ်ပွဲတွေကိုမြင်တဲ့ သဘောထားက အချိန်ကာလ ကြာမြင့်လာတာနှင့် ပြောင်းလဲလာပြီ။ အဲဒါက တဦးချင်းပြောင်လဲမှု နှင့် ယဉ်ကျေးမှု ပြောင်းလဲမှုက အပြန်အလှန် ပုံသွင်းပေးကြတယ်။ နောက်ဟုတ်တယ် ကျွန်တော်တို့ပိုပြီး ပရဟိတဆန်တဲ့ လူ့အဖွဲ့စည်းကိုရနိုင်တယ်။ ဟိုကနေ ကျွန်တော်တို့ ဘယ်ကိုသွားကြမလဲ? ကျွန် တော်ကတော့ အရှေ့ပိုင်းကို ပြန်သွားမယ်။ ကျွန်တော်တို့စီမံကိန်းထဲမှာ တနှစ်ကိုလူနာ ၁၀၀,၀၀၀ ကို ဆေးကုသတယ်။ ကျွန်တော်တို့ ကျောင်းမှာ ကလေး၂၅,၀၀၀ ရှိတယ်။ ၄ ရာခိုင်နှုန်း ပိုပိုမိုမို။ လူတချို့ကတော့ "ခင်ဗျားတို့အလုပ်က လက်တွေ့မှာတော့ အလုပ်ဖြစ်တယ်။ ဒါပေမဲ့သီအိုရီမှာရော?" ဟိုမှာက အပြုသဘော သွေဖည်မှု အမြဲရှိတယ်။ ကျွန်တော်က ကျွန်တော့် ရသေ့ကျောင်းကို ပြန်သွားပြီး လူအများကို ပိုကောင်းမွန်စွာ လုပ်ကြွေးဖို့ မိမိအတွင်းထဲမှာ အင်အားတွေကို ရှာမယ်။ ဒါပေမဲ့ကမ္ဘာ့ကြီး အဆင့်မှာ ကျွန်တော်တို့ ဘာလုပ်နိုင်လဲ? ကျွန်တော်တို့ ပထမဆုံး အရာသုံးမျိုးလိုတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ရန်။ ကျောင်းမှာ ယှဉ်ပြိုင်သင်ကြားရေး အစား ပူးပေါင်း သင်ကြားရေး။ ကော်ပိုရေရှင်းတွေမှာ ချွင်းချက်မရှိ ပူးပေါင်းဆောင်ရွက်ခြင်း။ အခြားကော်ပရေးရှင်းတချို နှင့် ယှဉ်ပြိုင်မှု အနည်းအကျင်း ရှိနိုင်ပေမဲ့၊ အတွင်းမှာမရှိရဘူး။ ကျွန်တော်တို့ ရေရှည် ညီညွတ်မှု ရှိရမယ်၊ ကျွန်တော်ဒီစကားရပ်ကိုမြတ်နှိးတယ်။ အခုဟာက ရေရှည် တည်တန့်တဲ့ ဖွံ့ဖြိုးမှု မဟုတ်ဘူး အခု ရေရှည်တည်မယ့် ညီညွတ်ခြင်းက မညီမျှမှုကို လျှော့ချမယ့် သဘောပါ။ အနာဂတ်မှာ ကျွန်တော်တို့ အနည်းအကျဉ်းနှင့် ရောင့်ရဲမယ်။ နောက် ကျွန်တော်တို့ အရေအတွက်အရ မဟုတ်ဘဲ အရည်အချင်း အရကြီးထွားလာကြမယ်။ ကျွန်တော်တို့ဟာ လူတွေကို ဂရုစိုက်တဲ့ စီးပွားရေးကို လိုတယ်။ လူသား ဆိုတာ ပေါကြွခြင်း အလယ်မှာ ဆင်းရဲမှုကို ကိုမကိုင်တွယ်နိုင်ဘူး။ လေထု နှင့် သမုဒ္ဒရာ စတဲ့ ဘုံပစ္စည်းတွေရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူး။ လူတွေကို ဂရုစိုက်တဲ့ စီးပွားရေးကို လိုအပ်တယ်။ စီးပွာရေးဟာ စာနာမှုရှိရမယ်လို့ ပြောရင် သူ တို့က "ဒါ ငါတို့ အလုပ်မဟုတ်ဘူ" လို့ပြောမယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ဂရုမစိုက်ပါလား လို့ပြောရင် အဲဒါ ဘယ်ကြည့်ကောင်းမလဲ။ ကျွန်တော်တို့ဟာ အရပ်အဖွဲ့အစည်းထဲမှာ ကတိကဝတ်လိုတယ်၊ တကမ္ဘာလုံးမှ တာဝန်ခံဖို့လိုတယ်။ ကျွန်တော်တို့ ပရဟိတစိတ်ကို ကျန်ရှိနေတဲ့ ၁.၆ သန်းသော မျိုးနွယ်စုတွေသို့ ဖြန့်ပေးဖို့လိုတယ်။ အာရုံခံစားနိုင်တဲ့ သတ္တဝါတွေဟာ ဒီကမ္ဘာကြီးမှာ ယှဉ်တွဲနေထိုင်သူတွေပါ နောက် ကျွန်တော်တို့ ပရဟိတကိုလုပ်ရဲရမယ်။ အဒီတော့ ပရဟိတ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ။ ပရဟိတ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ။ ပရဟိတ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ။ (လက်ခုပ်သံများ) (လက်ခုပ်သံများ) ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)