ကျွန်မဘဝတစ်ခုလုံးကို ကျောင်းမှာ ဒါမှမဟုတ်
ကျောင်းကိုသွားတဲ့လမ်းမှာ ဒါမှမဟုတ်၊
ကျောင်းမှာဖြစ်ပျက်တာကို ပြောဆိုရင်း
ကုန်ဆုံးခဲ့ပါတယ်။
(ရယ်သံများ)
မိဘနှစ်ပါးစလုံးက ဆရာတွေပါ၊
မိခင်ဘက်က ဘိုးဘွားတွေကလည်း ဆရာတွေဖြစ်ပြီး
နှစ် ၄၀ လုံးလုံး ဒီတစ်ခုတည်း လုပ်ခဲ့တာပါ။
ဒီတော့ ပြောဖို့မလိုတာက အဲဒီနှစ်တွေမှာ
ပညာရေးပြောင်းလဲမှုကို ရှုထောင့်များစွာကနေ
ကြည့်မြင်ဖို့ အခွင့်အလမ်း ရှိခဲ့တယ်။
တစ်ချိုပြောင်းလဲမှုတွေက ကောင်းပါတယ်၊
တစ်ချို့ကတော့ သိပ်အကောင်းကြီး မဟုတ်ပါဘူး။
ကလေးတွေဘာကြောင့် ကျောင်းထွက်တာသိတယ်၊
ကလေးတွေ ဘာကြောင့် မသင်တာသိတယ်၊
ဆင်းရဲတာ၊ ကျောင်းတက်နည်းတာ
မကောင်းတဲ့ ရွယ်တူချင်း
လွှမ်းမိုးမှု တစ်ခုခုပါ။
ဘာကြောင့်ဆိုတာ သိကြပါတယ်။
ဒါပေမဲ့ ကျွန်မတို့ တစ်ခါမှ မဆွေးနွေးဖူးတဲ့
ဒါမှမဟုတ် ဆွေးနွေးခဲတဲ့ အကြောင်းတစ်ခုက
လူသားသံယောဇဉ်ရဲ့ တန်ဖိုးနဲ့ အရေးပါမှုပါ။
ဆက်ဆံရေးတွေပေါ့။
James Comer ပြောတာက
အရာရောက်တဲ့ ဆက်ဆံရေးမရှိဘဲနဲ့
အရာရောက်တဲ့ သင်ယူမှု မရှိနိုင်ဘူးတဲ့။
George Washinton Carver ကတော့
သင်ကြားမှုအားလုံးဟာ
ဆက်ဆံရေးများကို နားလည်ခြင်း လို့ပြောတယ်။
ဒီခန်းမထဲက လူတိုင်း ဆရာ(သို့)လူကြီး
တစ်ဦးရဲ့ ဩဇာကို ခံခဲ့ရဖူးတယ်။
နှစ်များစွာ လူတွေသင်ကြတာကို ကြည့်ထားပါတယ်။
အကောင်းဆုံးတွေကိုကြည့်ဖူးတယ်၊
အဆိုးဆုံးတွေလည်း ကြည့်ဖူးတယ်။
တစ်ခါက လုပ်ဖော်ကိုင်ဖက်တစ်ဦး ပြောတာက
"ငါ့ကို လစာပေးတာ ကလေးတွေကို
နှစ်သက်ဖို့ မဟုတ်ဘူး၊
သင်ခန်းစာသင်ဖို့ ငါ့ကိုပေးကြတာ၊
ကလေးတွေဟာ သင်ယူသင့်တယ်၊
ငါက သင်သင့်တယ်၊ သူတို့က သင်ယူသင့်တယ်။
ပြီးပြီလေ"တဲ့။
ဒါနဲ့ သူမကို ပြောလိုက်တာက
"နင်သိလား၊ သူတို့မနှစ်သက်တဲ့ သူဆီက
ကလေးတွေ သင်ယူမှာ မဟုတ်ဘူး"။
(ရယ်သံများ)
(လက်ခုပ်သံများ)
သူမက " ဒါက ပေါက်ကရတွေပါ"တဲ့။
ဒါနဲ့ သူမပြောလိုက်တာက
"ကဲ မင်းရဲ့ နှစ်ကတော့ ရှည်ပြီး ကြမ်းတမ်း
တော့မှာပဲ သူငယ်ချင်းရေ"လို့။
ပြောစရာမလိုဘူး၊ တကယ်ဖြစ်ခဲ့တယ်
တစ်ချို့လူတွေက ဆက်ဆံရေး
လုပ်လုပ်၊ မလုပ်လုပ်
ရတာပဲလို့ ထင်ကြတယ်။
Stephen Covey တွေးတာမှန်တယ် ထင်တယ်။
သူပြောတာက ရိုးစင်းတဲ့ အရာလေးတွေကို
အလိုက်ပေးသင့်တယ်၊
ကိုယ့်ကို နားလည်ဖို့ကို
ဆန့်ကျင်မှုအား ပထမဆုံး
ကိုယ်က နားလည်ဖို့ ကြိုးစားတာမျိုးပေါ့။
ရိုးရိုးလေးတွေပါ၊
တောင်းပန်ခြင်းလိုမျိုးပေါ့။
ဒီအကြောင်း တွေးဖူးကြလား။
ကလေးတစ်ဦးကို တောင်းပန်ကြည့်၊
လန့်သွားကြတယ်။
(ရယ်သံများ)
တစ်ခါက အချိုးတွေအကြောင်း
သင်ခန်းစာ ပို့ချနေခဲ့တယ်
သင်္ချာမှာ သိပ်မတော်ပေမဲ့
ကြိုးစား သင်နေတာပဲလေ။
(ရယ်သံများ)
ပြန်ပြီးတော့ ဆရာကိုင်ကို ကြည့်ခဲ့တယ်။
သင်ခန်းစာတစ်ခုလုံး မှားသွားတယ်လေ။
(ရယ်သံများ)
နောက်နေ့ အတန်းကို ပြန်လာပြီး ပြောတာက
ကဲ ကိုယ့်လူတို့ရေ၊ ငါတောင်းပန်ဖို့လိုတယ်၊
သင်ခန်းစာတစ်ခုလုံး မှားသင်မိတယ်၊
တောင်းပန်ပါတယ်"လို့။
သူတို့က "ရပါတယ်၊ Ms. Pierson
စိတ်အရမ်းလှုပ်ရှားနေတာပါ၊ ခွင့်လွှတ်ပါတယ်။
ကျွန်မမှာရှိတဲ့အတန်းတွေက အရမ်းနိမ့်ပြီး၊
ပညာရေးပိုင်းမှာ
အရမ်းချို့တဲ့လို့ ငိုမိခဲ့တယ်။
တွေးမိတာက "ငါ ဒီအုပ်စုကို ကိုးလအတွင်း
လက်ရှိနေရာကနေ သူတို့ရှိဖို့လိုတဲ့
နေရာကို ဘယ်လိုခေါ်သွားရမလဲ"ပေါ့။
ဒါက ခက်ပါတယ်၊ အတော်ကြီးကို ခက်တာပါ။
ကလေးတစ်ယောက်ရဲ့ မိမိကိုယ်ကို
အထင်ကြီးမှုနဲ့ ပညာရေး
အောင်မြင်မှုကို တစ်ချိန်တည်း
ဘယ်လို မြှင့်မလဲ။
တစ်နှစ်မှာ စိတ်ကူးကောင်းတစ်ခု ရခဲ့တယ်။
ကျောင်းသားအားလုံးကို ပြောလိုက်တာက
"မင်းတို့ကို အတန်းမှာသင်ဖို့ ရွေးခဲ့တာက
ငါက အတော်ဆုံးဆရာမ၊ မင်းတို့ဟာ
အတော်ဆုံး ကျောင်းသားတွေဖြစ်လို့၊
တို့တွေကို အတူထားလိုက်ကြတာ၊
ဒီတော့ ဘယ်လိုလုပ်လဲဆိုတာ
လူတိုင်းကို ပြနိုင်တယ်လေ"
ကျောင်းသားတစ်ဦးက "တကယ်လား"တဲ့။
(ရယ်သံများ)
ကျွန်မက "တကယ်ပေါ့၊ ငါတို့ဘယ်လို
လုပ်တယ်ဆိုတာ အခြားအတန်းတွေကို
ပြဖို့လိုတယ်၊ ဒီတော့ ခန်းမထဲလျှောက်သွားရင်
လူတွေ သတိထားမိလိမ့်မယ်၊
မင်းတို့ မဆူရဘူးနော်။
ဟန်နဲ့ပန်နဲ့ လျှောက်ရုံပဲလိုတယ်။"
(ရယ်သံများ)
ဆိုဖို့ ဆိုရိုးတစ်ခု ပေးလိုက်တယ်။
"ငါဟာ အရေးပါတဲ့သူ၊
လာစဉ်တုန်းက အရေးပါသူပါ။
ထွက်သွားရင် ပိုအရေးပါသူ ဖြစ်လိမ့်မယ်။
ငါဟာ စွမ်းအားရှိပြီး သန်မာတယ်။
ဒီမှာ ငါရတဲ့ ပညာရေးနဲ့ ငါဟာ ထိုက်တန်တယ်။
လုပ်စရာတွေရှိတယ်၊ လူတွေ သဘောကျဖို့၊
ပြီးတော့ နေရာတွေကို သွားဖို့ပါ။"
ဒါနဲ့ သူတို့က "ဟေး"တဲ့။
(ရယ်သံများ)
မင်းတို့ ဒါကို ကြာကြာ ဆိုရမယ်
ဒါက မင်းတို့ရဲ့ တစ်စိတ်တစ်ပိုင်း
စဖြစ်လာတယ်။
(လက်ခုပ်သံများ)
ဉာဏ်စမ်း မေးခွန်း ၂၀ ပေးလိုက်တယ်။
ကျောင်းသားတစ်ယောက်က ၁၈ ခုလွဲတယ်။
သူ့စာရွက်ပေါ်မှာ +၂ ဆိုပြီး
ပြုံးနေတဲ့ပုံတပ်လိုက်တယ်။
(ရယ်သံများ)
သူက "Ms. Pierson ဒါက ကျတာမို့လား"တဲ့။
ကျွန်မက "အေး"လို့
(ရယ်သံများ)
သူက "ဒါဆို ဘာလို့ ပြုံးနေတဲ့ပုံ
တပ်ထားတာလဲ"တဲ့။
ကျွန်မက "ဘာလို့ဆို မင်းက စာရင်းမှာပါတယ်၊
နှစ်ခု မှန်တယ်။ အကုန်လုံးမမှားဘူးလေ။"
(ရယ်သံများ)
ကျွန်မက "တို့တွေ ဒါကို ပြန်စစ်ဆေးလိုက်ရင်
မင်းပိုကောင်း လာမယ်မို့လား။"
သူက "ဟုတ်ကဲ့၊ ဆရာမ ပိုကောင်းအောင်
လုပ်နိုင်ပါတယ်။"
မြင်တယ်နော်၊" ၁၈"က ကိုယ့်ဆီက
အသက်အားလုံး စုပ်ယူသွားတယ်။
"+၂" က "ငါ အဆိုးချည်းတော့ မဟုတ်ဘူး"တဲ့။
နှစ်တွေချီပြီး အမေ့ကို စောင့်ကြည့်ခဲ့တယ်။
မုန့်စားဆင်းချိန်ကိုယူပြီး စစ်ဆေးတာ၊
နေ့လည်ခင်းတွေမှာ အိမ်တွေသွားလည်တာ၊
ဘီးတွေ၊ ဘရွတ်တွေနဲ့ စားဖို့လိုတဲ့
ကလေးတွေအတွက်
မြေပဲထောပတ်နဲ့ မုန့်ကြွပ်တွေ၊
အနံ့မကောင်းတဲ့ကလေးတွေအတွက်
ကိုယ်သုတ်အဝတ်နဲ့ ဆပ်ပြာတွေ ဝယ်ပြီး
အံဆွဲထဲ ထည့်တာတွေပေါ့။
ကြည့်လေ၊ နံနေတဲ့ ကလေးတွေဟာ
သင်ရခက်တယ်ဆိုတာ။
(ရယ်သံများ)
ပြီးတော့ ကလေးတွေဟာ အန္တရာယ်ပေးနိုင်တယ်။
ဒါကြောင့် သူမဟာ ပစ္စည်းတွေကို
စားပွဲထဲမှာ ထည့်တာလေ။
နှစ်တွေကြာအပြီးမှာ သူမ
အငြိမ်းစားယူခဲ့တယ်။
ဒီကလေးတွေထဲကပဲ တစ်ချို့ အဆက်အသွယ်ရလာပြီး
ပြောကြတာက "သိလားဗျ၊ Ms.Walker ဟာ
ကျွန်တော့ဘဝ အပြောင်းအလဲ ဖြစ်အောင်၊
အလုပ်ဖြစ်အောင် လုပ်ပေးတာ
အောက်ခြေမှာ မဖြစ်ခဲ့ဘူးဆိုတာ
ကျွန်တော်သိချိန်မှာ အရေးပါသူလို့
ခံစားရအောင် လုပ်ပေးခဲ့တာပါ။
ကျွန်တော်ဖြစ်လာတာကို မြင်စေချင်တာပါပဲ။"
ပြီးခဲ့တဲ့ နှစ်နှစ်က အသက် ၉၂နှစ်မှာ
အမေဆုံးတော့။
သူမရဲ့ အသုဘမှာ တပည့်ဟောင်းတွေအများကြီးပဲ။
ဒါက ကျွန်မကို မျက်ရည်ကျစေတယ်။
အမေဆုံးသွားလို့မဟုတ်ပါဘူး။
ဘယ်တော့မှ ပျောက်မသွားတဲ့ ဆက်ဆံရေး
အမွေအနှစ်ကို ထားရစ်ခဲ့လို့ပါ။
ကျွန်မတို့တွေ ပိုများတဲ့ ဆက်ဆံရေးတွေ
ရှိဖို့ ရပ်တည်နိုင်မလား။
ကျိန်းသေပေါ့။
ရှင်တို့ရဲ့ ကလေးအားလုံးကို နှစ်သက်မှာလား။
မဟုတ်ရေးချ မဟုတ်ပဲ။
(ရယ်သံများ)
လက်ပေါက်အကတ်ဆုံး ကလေးတွေက
ဘယ်တော့မှ မပျက်တာ ရှင်တို့ သိတယ်လေ။
(ရယ်သံများ)
ဘယ်တော့မှနော်။
အားလုံတော့ ကြိုက်မှာမဟုတ်ဘူး။
လက်ပေါက်ကတ်တဲ့သူတွေက
အကြောင်းတစ်ခုနဲ့ လာကြတာပါ။
ဒါက ဆက်သွယ်မှုပါ၊
ဒါက ဆက်ဆံရေးပါ။
ဒါနဲ့ ဆရာတွေဟာ အလွန်တော်တဲ့
မင်းသားတွေ၊ မင်းသမီးတွေဖြစ်လာတယ်။
ဒါကို မခံစားချင်တဲ့အခါ အလုပ်ကိုလာကြပြီး
အဓိပ္ပါယ်မရှိတဲ့ မူဝါဒကို နားထောင်နေတယ်။
ဘာဖြစ်ဖြစ် သင်တာပဲလေ။
ဘာဖြစ်ဖြစ် သင်ကြတယ်၊
ဒါက ကျွန်မတို့ အလုပ်ကိုး။
သင်ကြားခြင်းနဲ့ သင်ယူခြင်းဟာ
ပီတိကို ယူလာသင့်တယ်လေ။
စွန့်စားတာကို မကြောက်တဲ့၊
စဉ်းစားဖို့မကြောက်တဲ့
ချန်ပီယံတစ်ယောက်ရှိတဲ့ ကလေးတွေသာ
ကျွန်မတို့မှာရှိရင်
ကမ္ဘာကြီးဟာ ဘယ်လောက်များ
အားကောင်းလိုက်မလဲနော်။
ကလေးတိုင်းဟာ ချန်ပီယံတစ်ယောက်၊
သူတို့ကို ဘယ်တော့မှ
မစွန့်လွှတ်မယ့် လူကြီးတစ်ယောက်၊
ဆက်သွယ်မှုရဲ့ အစွမ်းကိုနားလည်ပြီး
သူတို့တွေ ဖြစ်နိုင်တာရဲ့
အကောင်းဆုံး ဖြစ်လာတာကို တောင်းဆိုတဲ့သူ
နဲ့ထိုက်တန်တယ်။
ဒါက ခက်တဲ့အလုပ်လားရှင်။ အသေချာပဲ။
အို့ ဘုရားရေ၊သိပ် သေချာတယ်။
ဒါပေမဲ့ ဒါက မဖြစ်နိုင်တာ မဟုတ်ပါဘူး။
ကျွန်မတို့ လုပ်နိုင်တယ်၊ ဆရာတွေလေ။
ခြားနားတာ တစ်ခုလုပ်ဖို့ မွေးလာကြတာလေ။
ကျေးဇူး အများကြီးတင်ပါတယ်။
လက်ခုပ်သံများ။