[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:00.56,0:00:04.57,Default,,0000,0000,0000,,ကျွန်မတို့ရဲ့ ခံစားမှုများဟာ ကျွန်မတို့ ဘဝ \Nမျက်နှာစာတိုင်းကို ဩဇာလွှမ်းမိုးပါတယ်၊ Dialogue: 0,0:00:04.57,0:00:08.15,Default,,0000,0000,0000,,ကျွန်မတို့ရဲ့ ကျန်းမာရေး နှင့် ပညာသင်မှု\Nမှအစ လုပ်ငန်းလုပ်ကိုင်ကြပုံ နဲ့ Dialogue: 0,0:00:08.15,0:00:09.92,Default,,0000,0000,0000,,ကြီးကြီးငယ်ငယ် ဆုံးဖြတ်ချက်များ\Nချမှတ်ကြပုံ အဆုံးပါပဲ။ Dialogue: 0,0:00:10.67,0:00:14.16,Default,,0000,0000,0000,,ကျွန်မတို့ တဦးနဲ့တဦး ဆက်သွယ်ကြပုံကိုပါ\Nခံစားမှုများက ဩဇာလွှမ်းမိုးပါသေးတယ်။ Dialogue: 0,0:00:15.13,0:00:19.11,Default,,0000,0000,0000,,ကျွန်မတို့ဟာ ဒီလို ကမ္ဘာကြီးမှာ \Nနေထိုင်နိုင်ဖို့ ဆင့်ကဲပြောင်းလဲခဲ့ပေမဲ့၊ Dialogue: 0,0:00:19.11,0:00:23.43,Default,,0000,0000,0000,,တကယ်နေထိုင်နေကြတာက\Nဒီလို ပုံစံမျိုး ဖြစ်နေပါတယ် -- Dialogue: 0,0:00:23.43,0:00:26.56,Default,,0000,0000,0000,,ဒါက ကျွန်မသမီးဆီက ဝင်လာတဲ့\Nမနေ့ညက စာတိုပါ -- Dialogue: 0,0:00:26.56,0:00:29.30,Default,,0000,0000,0000,,ခံစားမှုတွေ ကင်းမဲ့နေတဲ့ \Nကမ္ဘာကြီး ဖြစ်နေပါတယ်။ Dialogue: 0,0:00:29.30,0:00:31.25,Default,,0000,0000,0000,,အဲဒါကို ပြောင်းလဲပစ်ရေး တာဝန်ကို\Nကျွန်မ ယူလိုက်ပါတယ်။ Dialogue: 0,0:00:31.25,0:00:35.34,Default,,0000,0000,0000,,ကျွန်မဟာ ခံစားမှုတွေကို ဒီဂျီတယ်\Nအတွေ့အကြုံများထဲ ပြန်ထည့်ပေးချင်ပါတယ်။ Dialogue: 0,0:00:36.22,0:00:39.30,Default,,0000,0000,0000,,ကျွန်မဟာ ဒီလမ်းကြောင်း အတိုင်း စတင်ခဲ့တာ\Nလွန်ခဲ့တဲ့ ၁၅ နှစ်ကပါ။ Dialogue: 0,0:00:39.30,0:00:41.37,Default,,0000,0000,0000,,ကျွန်မ အီဂျစ်နိုင်ငံက ကွန်ပျူတာ \Nသိပ္ပံပညာရှင်ပါ၊ Dialogue: 0,0:00:41.37,0:00:45.87,Default,,0000,0000,0000,,Cambridge University မှာ Ph.D. သင်တန်း\Nတက်ဖို့ ကျွန်မကို လက်ခံခဲ့စဉ်ကပါ။ Dialogue: 0,0:00:45.87,0:00:47.98,Default,,0000,0000,0000,,အိမ်ထောင်ကျခါစ မူစလင် အီဂျစ် ဇနီးအတွက် Dialogue: 0,0:00:47.98,0:00:52.21,Default,,0000,0000,0000,,သမရိုးကျ မဟုတ်တဲ့ \Nခြေလှမ်းကို လှမ်းခဲ့သူရပါ၊ Dialogue: 0,0:00:53.60,0:00:56.60,Default,,0000,0000,0000,,အီဂျင် နိင်ငံမှာ ကျန်ရစ်ခဲ့ရမှာ ဖြစ်တဲ့\Nကျွန်မ ယောက်ျားရဲ့ ကူညီမှုဖြင့် Dialogue: 0,0:00:56.60,0:00:59.62,Default,,0000,0000,0000,,ကျွန်မဟာ ပစ္စည်းတွေ ထုပ်ပိုးလျက် \Nအင်္ဂလန်ကို ထွက်လာခဲ့တယ်။ Dialogue: 0,0:00:59.62,0:01:02.84,Default,,0000,0000,0000,,အိမ်နဲ့ မိုင်ထောင်ချီ ဝေးတဲ့ \NCambridge မှာကျတော့၊ Dialogue: 0,0:01:02.84,0:01:06.26,Default,,0000,0000,0000,,ကျွန်မဟာ ကျွန်မ လက်တော့နဲ့ ဖြုန်းတဲ့ \Nအချိန်ဟာ ဘယ်လူသားနဲ့မဆို Dialogue: 0,0:01:06.26,0:01:08.49,Default,,0000,0000,0000,,ဖြုန်းတဲ့ အချိန်ထက် \Nပိုများနေတာကို တွေ့ရှိလာတယ်။ Dialogue: 0,0:01:08.49,0:01:13.34,Default,,0000,0000,0000,,အဲဒီလို နီးကပ်မှု ရှိနေခဲ့ပေမဲ့၊ လက်တော့က\Nကျွန်မ ဘယ်လို ခံစားနေရမှန်း မသိခဲ့ပါ။ Dialogue: 0,0:01:13.34,0:01:16.55,Default,,0000,0000,0000,,ကျွန်မ စိတ်ပျော်ရဲ့လား၊ ကံဆိုးတဲ့နေ့လား၊ Dialogue: 0,0:01:16.55,0:01:19.54,Default,,0000,0000,0000,,ဖိစီးခံနေရသလား ဒါမှမဟုတ် စိတ်ရှုပ်နေလို့ Dialogue: 0,0:01:19.54,0:01:22.46,Default,,0000,0000,0000,,စိတ်ဓာတ်များ ကျနေလား၊ ဘာဆိုဘာမှ မသိခဲ့ပါ။ Dialogue: 0,0:01:23.60,0:01:28.83,Default,,0000,0000,0000,,ပိုဆိုးတာက၊ ကျွန်မဟာ အိမ်မှာ ကျန်ရစ်ခဲ့တဲ့\Nမိသားစုနဲ့ အွန်လိုင် ဆက်သွယ်ပြောနေရတော့၊ Dialogue: 0,0:01:29.42,0:01:32.70,Default,,0000,0000,0000,,ကျွန်မရဲ့ ခံစားချက်တွေ အားလုံး ဆိုက်ဘာ \Nဟင်းလင်းပြင်ထဲ လွင့်ပျောက်သွားပါတယ်။ Dialogue: 0,0:01:32.70,0:01:37.86,Default,,0000,0000,0000,,ကျွန်မဟာ လွမ်းနေခဲ့တယ်၊ တယောက်တည်းဖြစ်လို့\Nတနေ့မှာ ငိုတောင်ငိုမ်ခဲ့တယ်၊ Dialogue: 0,0:01:37.86,0:01:42.79,Default,,0000,0000,0000,,ဒါပေမဲ့ အဲဒီလို ခံစားမှုတွေကို ဆက်သွယ်\Nပြောပြဖို့ ဆိုလို့ ဒါပဲ ရှိခဲ့တယ်။ Dialogue: 0,0:01:42.79,0:01:44.81,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:01:44.81,0:01:49.78,Default,,0000,0000,0000,,ဒီနေ့ နည်းပညာတွေရဲ့ I.Q.ဟာ မြင့်မားလှပေမဲ့၊\NE.Q.ကတော့ လုံးဝ မရှိပါ၊ Dialogue: 0,0:01:49.78,0:01:52.96,Default,,0000,0000,0000,,သိရှိနိုင်စွမ်းတွေ အများကြီး ရှိပေမဲ့၊\Nခံစားမှု အသိပညာ မဲ့နေပါတယ်။ Dialogue: 0,0:01:52.96,0:01:55.15,Default,,0000,0000,0000,,အဲဒါနဲ့ ကျွန်မ စိတ်ကူးရလာတာက၊ Dialogue: 0,0:01:55.15,0:01:58.78,Default,,0000,0000,0000,,ကျွန်မတို့ရဲ့ နည်းပညာတွေဟာ ကျွန်မတို့ရဲ့\Nခံစားမှုတွေကို ခံစားလာနိုင်မယ်ဆိုရင်ကော? Dialogue: 0,0:01:58.78,0:02:02.85,Default,,0000,0000,0000,,အလိုက်သိတဲ့ မိတ်ဆွေလိုပဲ ကျွန်မတို့ရဲ့\Nကိရိယာတွေကပါ ကျွန်မတို့ရဲ့ ခံစားမှုတွေကို Dialogue: 0,0:02:02.85,0:02:05.87,Default,,0000,0000,0000,,သိရှိနိုင်ကာ ထိုက်သင့်စွာ တုံ့ပြန်နိုင်မယ်\Nဆိုရင်ကော? Dialogue: 0,0:02:06.67,0:02:10.23,Default,,0000,0000,0000,,အဲဒီလို မေးခွန်းတွေကြောင့် \Nကျွန်မ နဲ့ ကျွန်မ အဖွဲ့ဟာ Dialogue: 0,0:02:10.23,0:02:14.61,Default,,0000,0000,0000,,ကျွန်မတို့ရဲ့ ခံစားမှုတွေကို ဖတ်နိုင်ကာ \Nတုံ့ပြန်နိုင်မဲ့ နည်းပညာတွေ တီထွင်လိုခဲ့တယ်၊ Dialogue: 0,0:02:14.61,0:02:17.70,Default,,0000,0000,0000,,အဲဒါကို ကျွန်မတို့ဟာ \Nလူသားရဲ့ မျက်နှာဖြင့် စတင်ခဲ့ကြတယ်။ Dialogue: 0,0:02:18.58,0:02:21.75,Default,,0000,0000,0000,,လူသားရဲ့ မျက်နှာဟာဖြင့် ကျွန်မတို့ရဲ့ Dialogue: 0,0:02:21.75,0:02:25.77,Default,,0000,0000,0000,,ပျော်ရွှင်မှု၊ အံ့အားသင့်မှု၊ \Nစာနာမှု နှင့် စပ်စုမှုတို့လို Dialogue: 0,0:02:25.77,0:02:28.78,Default,,0000,0000,0000,,လူမှုရေး နဲ့ ခံစားမှု အခြေအနေများကို\Nဆက်သွယ်ဖေါ်ပြပေးဖို့အတွက် Dialogue: 0,0:02:28.78,0:02:32.98,Default,,0000,0000,0000,,အားအကောင်းဆုံး နည်းလမ်းပါပဲ။ Dialogue: 0,0:02:32.98,0:02:37.91,Default,,0000,0000,0000,,ခံစားမှု သိပ္ပံပညာထဲမှာ၊ မျက်နှာပြင် \Nကြွက်သားလှုပ်ရှားမှု တခုကို ယူနစ်ခေါ်တယ်။ Dialogue: 0,0:02:37.91,0:02:40.83,Default,,0000,0000,0000,,ဥပမာ၊ လုပ်ဆောင်ချက် ယူနစ် ၁၂ ဆိုတာက Dialogue: 0,0:02:40.83,0:02:42.87,Default,,0000,0000,0000,,Hollywood နာမည်ကြီး ရုပ်ရှင် မဟုတ်ဘူးနော်၊ Dialogue: 0,0:02:42.87,0:02:46.31,Default,,0000,0000,0000,,နှုတ်ခမ်း ထောင့်ဆွဲဆန့်မှု ဖြစ်ပြီး\Nအပြုံးရဲ့ အဓိက အစိတ်အပိုင်းပါ။ Dialogue: 0,0:02:46.31,0:02:49.30,Default,,0000,0000,0000,,လူတိုင်း အဲဒါကို စမ်းကြည့်ပါ။ ပြုံးရွှင်လျက်\Nဆက်ပြီး လုပ်ကိုင်ကြတာပေါ့။ Dialogue: 0,0:02:49.30,0:02:51.95,Default,,0000,0000,0000,,နောက် ဥပမာ တခုအဖြစ် ယူနစ် ၄ ကို ယူနိုင်တယ်။\Nနဖူး အရေးကြောင်းတွေပါ။ Dialogue: 0,0:02:51.95,0:02:54.19,Default,,0000,0000,0000,,ရှင်တို့ရဲ့ မျက်ခုံးမွှေးနှစ်ခုစလုံးကို \Nအတူတူ ဆွဲယူလိုက်တဲ့ပုံပါ၊ Dialogue: 0,0:02:54.19,0:02:56.46,Default,,0000,0000,0000,,အဲဒီလိုနည်းဖြင့် အဲဒီလို သဏ္ဍာန်တွေ\Nအရေးကြောင်းတွေ ပေါ်လာကြရတယ်။ Dialogue: 0,0:02:56.46,0:03:00.75,Default,,0000,0000,0000,,ကျွန်မတို့ အဲဒါတွေကို မကြိုက်ပေမဲ့၊ အဲဒါဟာ\Nအနှုတ်လက္ခဏာ ခံစားမှု ညွှန်ပြချက်ပါ။ Dialogue: 0,0:03:00.75,0:03:02.96,Default,,0000,0000,0000,,ကျွန်မတို့ဆီမှာ အဲဒီလို လုပ်ဆောင်ချက် \Nယူနစ်တွေ ၄၅ ခုခန့် ရှိကြရာ၊ Dialogue: 0,0:03:02.96,0:03:06.35,Default,,0000,0000,0000,,အဲဒါတွေကို ပေါင်းစပ်လျက် ရာချီရှိမယ့်\Nခံစးချက်တွေကို ဖေါ်ပြပေးနိုင်ပါတ်။ Dialogue: 0,0:03:06.35,0:03:10.25,Default,,0000,0000,0000,,အဲဒီလို မျက်နှာပေါ်က ခံစားပုံတွေကို\Nဖတ်ရန် ကွန်ပျူတာကို သင်ရတာ ခဲယဉ်းပါတယ်၊ Dialogue: 0,0:03:10.25,0:03:13.22,Default,,0000,0000,0000,,အဲဒီ လုပ်ဆောင်ချက် ယူနစ်တွေဟာ \Nမြန်လွန်းနိုင်ပြီး သိသာရန် ခဲယဉ်းနိုင်ကာ Dialogue: 0,0:03:13.22,0:03:15.78,Default,,0000,0000,0000,,ပေါင်းစပ်ပုံဟာ အမျိုးမျိုး ဖြစ်နိုင်လို့ပါ။ Dialogue: 0,0:03:15.78,0:03:19.52,Default,,0000,0000,0000,,ဥပမာအဖြစ် ပြုံးခြင်း နဲ့ \Nလှောင်ပြုံးပြုံးခြင်းကို ယူကြည့်ကြပါစို့။ Dialogue: 0,0:03:19.52,0:03:23.27,Default,,0000,0000,0000,,ကြည့်လိုက်ရင် ခပ်ဆင်ဆင် ရှိပေမဲ့\Nဆိုလိုချက်က သိပ်ကို ခြားနားလှပါတယ်။ Dialogue: 0,0:03:23.27,0:03:24.99,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:03:24.99,0:03:27.99,Default,,0000,0000,0000,,ဒီတော့ ပြုံးခြင်းဟာ အပြုသဘောဆောင်တယ်၊ Dialogue: 0,0:03:27.99,0:03:29.26,Default,,0000,0000,0000,,လှောင်ပြုံးပြုံးခြင်းကျတော့ \Nအနှုတ်လက္ခဏာ သဘောပါ။ Dialogue: 0,0:03:29.26,0:03:33.14,Default,,0000,0000,0000,,တခါတရံမှာ လှောင်ပြုံးမှုကို\Nတယောက်ယောက်ကို ကျော်ကြားလာစေနိုင်တယ်။ Dialogue: 0,0:03:33.14,0:03:35.96,Default,,0000,0000,0000,,ဒါပေမဲ့ တကယ်တမ်းတွင် ကွန်ပျူတာ အနေနဲ့\Nအဲဒီ အမူအယာ နှစ်ခုအကြားက Dialogue: 0,0:03:35.96,0:03:38.82,Default,,0000,0000,0000,,ခြားနားချက်ကို ပြောတတ်ဖို့ လိုပါတယ်။ Dialogue: 0,0:03:38.82,0:03:40.63,Default,,0000,0000,0000,,ဒီတော့ အဲဒါကို ကျွန်မတို့ ဘယ်လို လုပ်ကြလဲ? Dialogue: 0,0:03:40.63,0:03:42.41,Default,,0000,0000,0000,,ကျွန်မတို့ဟာ ပြုံးနေကြသူတို့ရဲ့ သာဓက\Nထောင်သောင်းချီကို၊ Dialogue: 0,0:03:42.41,0:03:46.52,Default,,0000,0000,0000,,လူမျိုးအမျိုးမျိုး၊ အသက် အမျိုးမျိုး \Nကျားမများ စသဖြင့် အယ်ဂိုရစ်သမ် ထည့်ပေးတယ်၊ Dialogue: 0,0:03:46.52,0:03:49.59,Default,,0000,0000,0000,,အလားတူပဲ လှောင်ပြုံးခြင်းအတွက်ကိုလဲ Dialogue: 0,0:03:49.59,0:03:52.40,Default,,0000,0000,0000,,ကွန်ပျူတာထဲကို ထည့်ပေးကြပါတယ်။ Dialogue: 0,0:03:52.40,0:03:53.95,Default,,0000,0000,0000,,အဲဒီနောက်မှာ၊ နက်ရှိုင်းတဲ့ လေ့လာမှုဖြင့်၊ Dialogue: 0,0:03:53.95,0:03:56.81,Default,,0000,0000,0000,,အယ်ဂိုရီသမ်က ရှိနေကြတဲ့ အသားအရေ\Nအနေအထားတွေ အရေပြား အတွန့်ကြောင်းတွေကို Dialogue: 0,0:03:56.81,0:03:59.39,Default,,0000,0000,0000,,ကျွန်မတို့ မျက်နှာ အသွင် ပြောင်းလဲပုံကို\Nစစ်ကြည့်လျက်၊ Dialogue: 0,0:03:59.39,0:04:02.59,Default,,0000,0000,0000,,ပြုံးခြင်း အားလုံးတို့ထဲက \Nတူညီတဲ့ အချင်းလက္ခဏာတွေကို Dialogue: 0,0:04:02.59,0:04:05.77,Default,,0000,0000,0000,,လှောင်ပြုံးခြင်းထဲမှာ မသိမသာ ခြားနားတဲ့\Nလက္ခဏာတွေ ရှိတာကို ရှာတွေ့ပါတယ်။ Dialogue: 0,0:04:05.77,0:04:08.14,Default,,0000,0000,0000,,အဲဒီနောက်မှာ ၎င်းက မျက်နှာအသစ်ကို မြင်ရရင်၊ Dialogue: 0,0:04:08.14,0:04:10.44,Default,,0000,0000,0000,,အဲဒီမျက်နှာမှာလည်း ဆင်တူတဲ့\Nပြုံးခြင်းရဲ့ လက္ခဏာတွေ Dialogue: 0,0:04:10.44,0:04:13.47,Default,,0000,0000,0000,,ရှိနေတာကို မြင်လာတာနဲ့၊ Dialogue: 0,0:04:13.47,0:04:17.75,Default,,0000,0000,0000,,"ဟာ၊ ဒါကို ကျွန်တော် သိတယ်၊\Nဒါဟာ ပြုံးခြင်း အမူအယာပါ။" Dialogue: 0,0:04:18.38,0:04:21.18,Default,,0000,0000,0000,,ဒီနည်းပညာ အလုပ်လုပ်ပုံကို ပြသပေးရန်\Nအကောင်းဆုံးမှာ Dialogue: 0,0:04:21.18,0:04:23.32,Default,,0000,0000,0000,,တိုက်ရိုက်သရုပ်ပြချက်ကို စမ်းကြည့်ရန်ပါပဲ၊ Dialogue: 0,0:04:23.32,0:04:27.23,Default,,0000,0000,0000,,ဒီတော့ စေတနာ့ဝန်ထမ်း တဦး\Nမျက်နှာနဲ့လူ တယောက်လိုပါတယ်။ Dialogue: 0,0:04:27.23,0:04:29.56,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:04:29.56,0:04:32.34,Default,,0000,0000,0000,,Cloe ဟာ ဒီနေ့ ကျွန်မတို့အတွက်\Nစေတနာ့ဝန်ထမ်း လုပ်မယ့်သူပါ။ Dialogue: 0,0:04:33.32,0:04:37.78,Default,,0000,0000,0000,,လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကျွန်မတို့ဟာ\NMIT ထဲက သုတေသန စီမံကိန်း အဖြစ်ကနေပြီး Dialogue: 0,0:04:37.78,0:04:38.94,Default,,0000,0000,0000,,ကုမ္ပဏီ တစ်ခုဆီ ပြောင်းခဲ့ကြကာ Dialogue: 0,0:04:38.94,0:04:42.13,Default,,0000,0000,0000,,ကျွန်မ အဖွဲ့ဟာ အဲဒီနည်းပညာ အလုပ်လုပ်ဖို့\Nအတော့ကို အားထုတ်လုပ်ကိုင်ခဲ့ရတယ်၊ Dialogue: 0,0:04:42.13,0:04:44.54,Default,,0000,0000,0000,,အခုတော့ ပုံကြမ်းမျိုး ပေါ်လာပါပြီ။ Dialogue: 0,0:04:44.54,0:04:47.21,Default,,0000,0000,0000,,ကျွန်မတို့ဟာ အဲဒါကို ချုံ့ပစ်နိုင်ခဲ့ရာ\Nဒီအမာခံ ခံစားမှု အင်ဂျင်ဟာ Dialogue: 0,0:04:47.21,0:04:50.53,Default,,0000,0000,0000,,ဒီ iPad လို ကင်မရာပါတဲ့\Nဘယ်မိုဘိုင်း ကိရိယာမှာမဆို အလုပ်လုပ်တယ်။ Dialogue: 0,0:04:50.53,0:04:53.32,Default,,0000,0000,0000,,အခု အဲဒါကို စမ်းကြည့်ကြရအောင်။ Dialogue: 0,0:04:54.76,0:04:58.68,Default,,0000,0000,0000,,အခု ရှင်တို့ မြင်နေရသလို အယ်ဂိုရစ်သမ်ဟာ\NCloe ရဲ့ မျက်နှာကို တွေ့နိုင်ပါပြီ၊ Dialogue: 0,0:04:58.68,0:05:00.37,Default,,0000,0000,0000,,အဲဒါက အဖြူရောင် အကွက်ပါ၊ Dialogue: 0,0:05:00.37,0:05:02.94,Default,,0000,0000,0000,,အဲဒါဒဟာ သူ့မျက်နှာပေါ်က\Nအဓိက အင်္ဂါရပ် အချက်တွေကို ခြေရာခံနေပါတယ်၊ Dialogue: 0,0:05:02.94,0:05:05.80,Default,,0000,0000,0000,,သူ့ မျက်ခုံးတွေ၊ သူ့မျက်လုံးတွေ၊\Nသူ့ပါးစပ် နဲ့ နှာခေါင်းကိုပါ။ Dialogue: 0,0:05:05.80,0:05:08.79,Default,,0000,0000,0000,,အရေးကြီးဆုံးက ၎င်းဟာ\Nသူ့အမူအယာတွေကို သိမှတ်နားလည်နိုင်ပါ့မလား? Dialogue: 0,0:05:08.79,0:05:10.46,Default,,0000,0000,0000,,အခု ကျွန်မတို့ ဒီစက်ကို \Nစမ်းသပ်ကြည့်ကြပါမယ်။ Dialogue: 0,0:05:10.46,0:05:14.64,Default,,0000,0000,0000,,ပထမဦးဆုံး အနေနဲ့၊ ဘာကိုမှ မကြောက်တဲ့\Nမျက်နှာမျိုးလုပ်ပြပါ။ ဟုတ်ပြီ၊ ကောင်းတယ်။\N(ရယ်မောသံများ) Dialogue: 0,0:05:14.64,0:05:17.46,Default,,0000,0000,0000,,အဲဒီနောက်မှာ သူဟာ ပြုံးနေတယ်၊\Nတကယ့်ကို အပြုံးစစ်စစ်ပါ၊ သိပ်ကောင်းတယ်။ Dialogue: 0,0:05:17.46,0:05:19.76,Default,,0000,0000,0000,,အစိမ်းရောင် ဘားတံ မြင့်တက်လာတာကို\Nရှင်တို့ မြင်နိုင်ကြတယ်။ Dialogue: 0,0:05:19.76,0:05:20.98,Default,,0000,0000,0000,,အဲဒါက တကယ့်ကို ကောင်းတဲ့ အပြုံးပါပဲ။ Dialogue: 0,0:05:20.98,0:05:24.02,Default,,0000,0000,0000,,မသိမသာ ပြုံးနေတာမျိုးကော စမ်းကြည့်မလား\Nကွန်ပျူတာက အဲဒါကို သိနိုင်မလား? Dialogue: 0,0:05:24.02,0:05:26.35,Default,,0000,0000,0000,,အဲဒါဟာ မသိမသာ ပြုံးတာကိုလည်း \Nသိမှတ်နိုင်တယ်။ Dialogue: 0,0:05:26.35,0:05:28.48,Default,,0000,0000,0000,,ဒါကို လုပ်နိုင်ဖို့ ကျွန်မတို့ဟာ တကယ့်ကို\Nပင်ပင်ပန်းပန်း အားထုတ်ခဲ့ရပါတယ်။ Dialogue: 0,0:05:28.48,0:05:31.44,Default,,0000,0000,0000,,အဲဒီနောက် မျက်ခုံး မြင့်တက်လာတယ်\Nအံ့အားသင့်မှုရဲ့ ညွှန်းချက်ပါ။ Dialogue: 0,0:05:31.44,0:05:35.69,Default,,0000,0000,0000,,မျက်ခုံးတွေအကြားက အရေးကြောင်းတွေ\Nရှုပ်ထွေးမှုကို ထောက်ပြနေကြတယ်။ Dialogue: 0,0:05:35.69,0:05:39.70,Default,,0000,0000,0000,,မျက်မှောက် ကြုတ်မှု။ တကယ်ကောင်းလိုက်တာ။ Dialogue: 0,0:05:39.70,0:05:43.19,Default,,0000,0000,0000,,ဒီတော့ ဒါတွေဟာ အမျိုးမျိုးသာ လုပ်ဆောင်ချက်\Nယူနစ်တွေပါ။ အများကြီး ရှိပါသေးတယ်။ Dialogue: 0,0:05:43.19,0:05:45.22,Default,,0000,0000,0000,,ဒါက နမူနာပြဖို့အတွက် အသေးစားပါ။ Dialogue: 0,0:05:45.22,0:05:48.37,Default,,0000,0000,0000,,ကျွန်မတို့ဟာ ဖတ်ကြားမှု တစ်ခုစီကို\Nခံစားချက် ဒေတာ အချက်လို့ ခေါ်ကြပါတယ်၊ Dialogue: 0,0:05:48.37,0:05:51.34,Default,,0000,0000,0000,,အဲဒါတွေ အားလုံး စုပေါင်းလျက်\Nခံစားချက်ကို ပုံဖေါ်ပေးနိုင်ကြပါတယ်။ Dialogue: 0,0:05:51.34,0:05:55.99,Default,,0000,0000,0000,,ဒီတော့ နမူနာရဲ့ ညာဘက်မှာကျတော့\Nပျော်ရွှင်နေတဲ့ ပုံစံမျိုးလိုပါ။ Dialogue: 0,0:05:55.99,0:05:57.44,Default,,0000,0000,0000,,အဲဒါက ပျော်ရွှင်မှုပါ။\Nပျော်ရွှင်စိတ်တွေ မြင်နေရပါတယ်။ Dialogue: 0,0:05:57.44,0:05:59.37,Default,,0000,0000,0000,,အခုတော့ မနှစ်မြို့တဲ့ မျက်နှာကို လုပ်ပြပေးပါ။ Dialogue: 0,0:05:59.37,0:06:03.64,Default,,0000,0000,0000,,One Direction ထဲမှာ Zayn က ထွက်သွားပုံကို\Nစဉ်းစားကြည့်လိုက်ပါ။ Dialogue: 0,0:06:03.64,0:06:05.15,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:06:05.15,0:06:09.50,Default,,0000,0000,0000,,ဟုတ်တယ်၊ နှာခေါင်း တွန့်သွားပါစေ၊ \Nကောင်းလိုက်တာ။ Dialogue: 0,0:06:09.50,0:06:13.23,Default,,0000,0000,0000,,ခြုံကြည့်ရင် အနှုတ်လက္ခဏာ သဘောဖြစ်နေတုန်းပါ၊\Nဒီရုပ်ရှင်ကို အတော်လေး ကြိုက်ပုံရတယ်။ Dialogue: 0,0:06:13.23,0:06:15.93,Default,,0000,0000,0000,,ဒီတော့ ပေါင်းစပ်မှု ရလဒ်က အတွေ့အကြုံတခုဟာ\Nအပြုသဘောလား အနှုတ်သဘောလား၊ Dialogue: 0,0:06:15.93,0:06:18.71,Default,,0000,0000,0000,,ပြီးတော့ ခံစားချက် ဘယ်လောက်\Nပြင်းထန်တယ်ဆိုတာကိုပါ ပြပါတယ်။ Dialogue: 0,0:06:18.71,0:06:22.13,Default,,0000,0000,0000,,ဒီတော့ Cloe ဟာ အဲဒီလို အချိန်နဲ့တပြေးညီ\Nပြောင်းလဲနေတဲ့ ခံစားချက်ကို သိမြင်နိုင်မယ်၊ Dialogue: 0,0:06:22.13,0:06:24.94,Default,,0000,0000,0000,,ပြီးတော့ သူမအနေနဲ့ မျှဝေပေးချင်တဲ့သူကို\Nမျှဝေပေးနိုင်တာကို စိတ်ကူးကြည့်ကြပါ။ Dialogue: 0,0:06:24.94,0:06:27.86,Default,,0000,0000,0000,,ကျေးဇူးတင်ပါတယ်။ Dialogue: 0,0:06:27.86,0:06:32.48,Default,,0000,0000,0000,,(လက်ခုပ်သံများ) Dialogue: 0,0:06:33.75,0:06:39.02,Default,,0000,0000,0000,,အခုထိ ကျွန်မတို့ဟာ အဲဒီလို ခံစားချက် ဒေတာ \Nအချက်တွေ ၁၂ ဘီလီယံ စုစည်းထားကြပါပြီ။ Dialogue: 0,0:06:39.02,0:06:41.63,Default,,0000,0000,0000,,အဲဒါဟာ ကမ္ဘပေါ်က ခံစားချက်များဆိုင်ရာ\Nအကြီးမားလုံး ဒေတာဘေ့စ်ပါပဲ။ Dialogue: 0,0:06:41.63,0:06:44.59,Default,,0000,0000,0000,,ကျွန်မတို့ဟာ အဲဓါကို မျက်နှာ ဗီဒီယို\N၂.၉ သန်းထဲမှနေပြီး စုစည်းခဲ့ကြပါတယ်၊ Dialogue: 0,0:06:44.59,0:06:47.19,Default,,0000,0000,0000,,သူတို့ရဲ့ ခံစားချက်တွေကို မျှဝေပေးရန်\Nသဘောတူခဲ့ကြတဲ့ သူတွေဆီကပါ၊ Dialogue: 0,0:06:47.19,0:06:50.40,Default,,0000,0000,0000,,တကမ္ဘာလုံးက ၇၅ နိုင်ငံမှ သူတွေပါဝင်ကြပါတယ်။ Dialogue: 0,0:06:50.40,0:06:52.11,Default,,0000,0000,0000,,နေ့စဉ်နဲ့အမျှ အဲဒါဟာ ပိုပိုကြီးထွားလာနေတယ်။ Dialogue: 0,0:06:52.60,0:06:54.67,Default,,0000,0000,0000,,အခု ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခံစားချက်တွေလို Dialogue: 0,0:06:54.67,0:06:57.86,Default,,0000,0000,0000,,ကိုယ်ရေး ခံစားချက်ကို ရေတွက်လာနိုင်ခြင်း\Nဟာ အံ့အားသင့်စရာကြီးပါ၊ Dialogue: 0,0:06:57.86,0:07:00.10,Default,,0000,0000,0000,,အဲဒါကို ကျွန်မတို့ဟာ\Nဒီလို စကေးမျိုးဖြင့် လုပ်နိုင်ကြပါတယ်။ Dialogue: 0,0:07:00.10,0:07:02.28,Default,,0000,0000,0000,,ဒီတော့ ဒီနေ့အထိ လေ့လာနိုင်ခဲ့တာက ဘာတွေလဲ? Dialogue: 0,0:07:03.06,0:07:05.39,Default,,0000,0000,0000,,လိင်။ Dialogue: 0,0:07:05.39,0:07:09.03,Default,,0000,0000,0000,,ကျွန်မတို့ရဲ့ ဒေတာတွေဟာ မဖြစ်နိုင်ဘူးလို့\Nထင်တဲ့ အရာကိုတောင် အတည်ပြုနိုင်တယ်။ Dialogue: 0,0:07:09.03,0:07:10.89,Default,,0000,0000,0000,,အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့စာရင်\Nပိုလို့ကို အမူအယာပြမှု ကောင်းကြတယ်။ Dialogue: 0,0:07:10.89,0:07:13.57,Default,,0000,0000,0000,,သူတို့ ပိုပြုံးကြရုံသာမက\Nသူတို့ရဲ့ အပြုံးဟာ ပိုပြီး ကြာပါတယ်။ Dialogue: 0,0:07:13.57,0:07:16.48,Default,,0000,0000,0000,,ပြီးတော့ ကျွန်မတို့ဟာ အခုဆိုရင်\Nအမျိုးသားတွေ နဲ့ အမျိုးသမီးတွေ မတူညီဘဲ Dialogue: 0,0:07:16.48,0:07:18.61,Default,,0000,0000,0000,,တုံ့ပြန်ကြတဲ့ အရာတွေကို \Nတွက်ချက်ပြနိုင်ပါပြီ။ Dialogue: 0,0:07:18.61,0:07:20.90,Default,,0000,0000,0000,,ယဉ်ကျေးမှုအလိုက် လေ့လာကြည့်တော့\Nအမေရိက ပြည်ထောင်စုမှာ Dialogue: 0,0:07:20.90,0:07:24.11,Default,,0000,0000,0000,,အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့စာရင်\N၄၀ % ပိုပြီး ထုတ်ဖေါ်ပြကြပါတယ်၊ Dialogue: 0,0:07:24.11,0:07:27.75,Default,,0000,0000,0000,,ထူးဆန်းတာက၊ U.K.မှာကျတော့ အမျိုးသားနဲ့\Nအမျိုးသမီးတွေ အကြား ကွာဟချက် မတွေ့ရဘူး။ Dialogue: 0,0:07:27.75,0:07:30.26,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:07:31.30,0:07:35.32,Default,,0000,0000,0000,,အသက်: အသက် ၅၀ ကျော်သူတို့ဟာ Dialogue: 0,0:07:35.32,0:07:38.76,Default,,0000,0000,0000,,ပိုငယ်သူတို့နဲ့စာရင် ခံစားမှု\N၂၅ ရာခိုင်နှုန်း ပိုများပါတယ်။ Dialogue: 0,0:07:39.90,0:07:43.75,Default,,0000,0000,0000,,၂၀ ကျော်အရွယ် အမျိုးသမီးတွေဟာ ရွယ်တူ\Nအမျိုးသားတွေထက်ကို သိသိသာသာ ပိုပြုံးကြတယ်၊ Dialogue: 0,0:07:43.75,0:07:47.59,Default,,0000,0000,0000,,တွေ့ဆုံဖို့ ရက်ချိန်းရန် အတွက်\Nဖြစ်နိုင်ပါတယ်။ Dialogue: 0,0:07:47.59,0:07:50.21,Default,,0000,0000,0000,,ဒီဒေတာတွေနဲ့ ပတ်သက်ပြီး\Nကျွန်မတို့ အများဆုံး အံ့အားသင့်ရတာက Dialogue: 0,0:07:50.21,0:07:53.41,Default,,0000,0000,0000,,ကျွန်မတို့ဟာ တချိန်လုံး တခုခုကို\Nထုတ်ဖေါ် ပြသနေကြပါတယ်၊ Dialogue: 0,0:07:53.41,0:07:56.24,Default,,0000,0000,0000,,တယောက်တည်း ကျွန်မတို့ရဲ့ ကိရိယာတွေနဲ့\Nထိုင်နေကြစဉ်မှာတောင်ပါ၊ Dialogue: 0,0:07:56.24,0:07:59.52,Default,,0000,0000,0000,,ပြီးတော့ ဖေ့စ်ဘွတ်မှာ ကြောင်တွေ အကြောင်း\Nဗီဒီယိုကို ကြည့်နေချိန်မှာတင် မကပါဘူး။ Dialogue: 0,0:08:00.22,0:08:03.23,Default,,0000,0000,0000,,ကျွန်မတို့ အီးမေးလ် ရေးနေစဉ်၊ စာတိုရေးစဉ်၊\Nအွန်လိုင်း ဈေးဝယ်စဉ် ခံစားချက်ကို ပြနေတယ်၊ Dialogue: 0,0:08:03.23,0:08:05.53,Default,,0000,0000,0000,,အခွန်တွေကို ပေးဆပ်နေချိန်မှာတောင်ပါ။ Dialogue: 0,0:08:05.53,0:08:07.92,Default,,0000,0000,0000,,ဒီဒေတာတွေကို ဒီနေ့မယ် ဘယ်မှာ သုံးနေသလဲ? Dialogue: 0,0:08:07.92,0:08:10.68,Default,,0000,0000,0000,,ကျွန်မတို့ဟာ မီဒီယာတွေထဲ ပါဝင်ပတ်သနေတာကို\Nနားလည်ဖို့အတွက်၊ Dialogue: 0,0:08:10.68,0:08:13.17,Default,,0000,0000,0000,,တခုခုကို မဲပေးခြင်း နှင့် လူတွေ အကြားမှာ \Nခံစားချက် ကူးစက်ပျံ့နှံ့မှုကို နားလည်ရန်၊ Dialogue: 0,0:08:13.17,0:08:15.91,Default,,0000,0000,0000,,ပြီးတော့ ခံစားချက် အခြေခံ နည်းပညာများကို\Nတပ်ဆင် အသုံးချနိုင်ရန် အတွက်ပါ၊ Dialogue: 0,0:08:15.91,0:08:20.53,Default,,0000,0000,0000,,ပြီးတော့ ကျွန်မနှလုံးသားနဲ့ သိပ်ကို နီးစပ်တဲ့\Nဥပမာ အချို့ကို မျှဝေပေးချင်ပါတယ်။ Dialogue: 0,0:08:21.20,0:08:24.26,Default,,0000,0000,0000,,ခံစားမှုကို ပြနိုင်တဲ့ မျက်မှန်တွေဟာ\Nမျက်စိအမြင် အားနည်းကြသူတဲ့သူတွေကို Dialogue: 0,0:08:24.26,0:08:27.49,Default,,0000,0000,0000,,အခြားသူတွေရဲ့ မျက်နှာတွေကို\Nဖတ်နိုင်အောင် ကူပေးနိုင်ကြပါတယ်၊ Dialogue: 0,0:08:27.49,0:08:31.68,Default,,0000,0000,0000,,ပြီးတော့ autism ရောဂါကို ခံစားနေရလို့\Nခံစားချက်ကို နားလည်ရန် ခဲယဉ်းတဲ့သူတွေကို Dialogue: 0,0:08:31.68,0:08:34.46,Default,,0000,0000,0000,,တနည်းနည်းနဲ့ သိနားလည်အောင် ကူပေးနိုင်မှာပါ။ Dialogue: 0,0:08:35.92,0:08:38.78,Default,,0000,0000,0000,,ပညာရေါ်ထဲမှာ ဆိုရင်၊ ရှင်တို့ရဲ့\Nသင်ယူရေး အက်ပ်က Dialogue: 0,0:08:38.78,0:08:41.59,Default,,0000,0000,0000,,ရှင်တို့ဟာ စိတ်ရှုပ် နားမလည်ဖြစ်နေတာကို \Nသိမှတ်နိုင်လို့ အရှိန် လျှော့ချလိုက်တာ Dialogue: 0,0:08:41.59,0:08:43.44,Default,,0000,0000,0000,,ဒါမှမဟုတ် စိတ်ကုန်နေတာကို သိလိုက်လို့\Nတော်တဲ့ ဆရာက လုပ်တတ်သလို Dialogue: 0,0:08:43.44,0:08:46.41,Default,,0000,0000,0000,,သင်ခန်းစာကို ခဏ ခေါက်ထားလိုက်တာမျိုး\Nလုပ်ပေးနိုင်ပါတယ်။ Dialogue: 0,0:08:47.04,0:08:49.64,Default,,0000,0000,0000,,ရှင်တို့ရဲ့ လက်ပတ်နာရီက ရှင်တို့ရဲ့\Nခံစားမှုကို ခြေရာခံ သိနိုင်တယ် ဆိုရင်ကော၊ Dialogue: 0,0:08:49.64,0:08:52.34,Default,,0000,0000,0000,,ဒါမှမဟုတ် ရှင်တို့ရဲ့ ကားက ရှင်တို့ ပင်ပန်း\Nနေတာကို သိမှတ်လိုက်တယ်၊ Dialogue: 0,0:08:52.34,0:08:54.88,Default,,0000,0000,0000,,ဒါမှမဟတ် ရှင်တို့ရဲ့ ရေခဲ့သေတ္တာက ရှင်တို့ \Nဖိစီးမှု ခံနေရာတကို သိနားလည်လိုက်လို့၊ Dialogue: 0,0:08:54.88,0:09:00.95,Default,,0000,0000,0000,,ရှင်တို့ကို စားမရအောင် အော်တို-သော့ခတ်\Nလိုက်တယ်ဆိုရင်ကော။ (ရယ်မောသံများ) Dialogue: 0,0:09:00.95,0:09:03.67,Default,,0000,0000,0000,,ကျွန်မဆိုရင် အဲဒါမျိုးကို \Nလိုချင်တယ်၊ တကယ်ပဲ။ Dialogue: 0,0:09:03.67,0:09:05.60,Default,,0000,0000,0000,,ကျွန်မ Cambridge မှာ သင်နေခဲ့စဉ်တုန်းက၊ Dialogue: 0,0:09:05.60,0:09:07.91,Default,,0000,0000,0000,,ကျွန်မဟာ ကျွန်မရဲ့ အချိန်နဲ့ တပြေးညီ\Nခံစားချက်တွေကို ရယူသုံးနိုင်ခဲ့မယ်ဆိုရင်၊ Dialogue: 0,0:09:07.91,0:09:11.44,Default,,0000,0000,0000,,ပြီးတော့ အဲဒါကို အိမ်မှာ ကျန်ရစ်ခဲ့တဲ့ \Nမိသားစုနဲ့ မျှဝေးပေးနိုင်ခဲ့မယ်ဆိုရင်၊ Dialogue: 0,0:09:11.44,0:09:15.41,Default,,0000,0000,0000,,သူတို့နဲ့အတူ တခန်းတည်းမှာ ထိုင်လျက် \Nရှိနေသလို သူတို့ ခံစားနိုင်မယ်ဆိုရင်ကော? Dialogue: 0,0:09:15.41,0:09:18.55,Default,,0000,0000,0000,,ကျွန်မစိတ်ထင် နောက် ငါးနှစ် ကြာရင် Dialogue: 0,0:09:18.55,0:09:20.89,Default,,0000,0000,0000,,ကျွန်မတို့ရဲ့ ကိရိယာတွေ အားလုံးဟာ\Nစိတ်ခံစားချက် ချီပ်လေးတွေ ရှိလာကြမယ်၊ Dialogue: 0,0:09:20.89,0:09:24.95,Default,,0000,0000,0000,,ပြီးတော့ ကျွန်မတို့ရဲ့ ကိရိယာတွေကို\Nကြည့်လိုက်တာနဲ့ကို အဲဒီကိရိယာက Dialogue: 0,0:09:24.95,0:09:29.20,Default,,0000,0000,0000,,"အင်း၊ ကြည့်ရတာ မင်းဒါကို ကြိုက်ပုံမရဘူး၊\Nဟုတ်တယ် မဟုတ်လား?" မေးတာ ရိုးလာမှာပါ။ Dialogue: 0,0:09:29.20,0:09:32.96,Default,,0000,0000,0000,,ဒီနည်းပညာကို ထည့်သုံးနိုင်မယ့် အက်ပ်တွေ\Nသိပ်ကို များလွန်းတာကို နားလည်မိလို့၊ Dialogue: 0,0:09:32.96,0:09:35.86,Default,,0000,0000,0000,,အဲဒါတွေ အားလုံးကို ကျွန်မတို့ ကိုယ်တိုင်\Nလုပ်မရနိုင်တာကို ကျန်မအဖွဲ့ နားလည်တယ်၊ Dialogue: 0,0:09:35.86,0:09:39.36,Default,,0000,0000,0000,,အဲဒါကြောင့်မို့လို့၊ ဒီနည်းပညာကို လူတိုင်း\Nသုံးနိုင်အောင် မျှပေးထားလို့ အခြားသူတို့ဟာ Dialogue: 0,0:09:39.36,0:09:41.47,Default,,0000,0000,0000,,တည်ဆောက်နိုင်ကာ ဖန်တီးနိုင်ကြမှာပါ။ Dialogue: 0,0:09:41.47,0:09:45.56,Default,,0000,0000,0000,,ဒီကိစ္စထဲမှာ အန္တရာယ်တွေ ရှိနိုင်တာကို၊\Nပြီးတော့ အလွှဲသုံးစားလို့ ရနိုင်တာကို၊ Dialogue: 0,0:09:45.56,0:09:47.63,Default,,0000,0000,0000,,ကျွန်မတို့ သိနားလည်ပါတယ်၊ Dialogue: 0,0:09:47.63,0:09:50.58,Default,,0000,0000,0000,,ဒါပေမဲ့ ကျွန်မကိုယ်တိုင်ကတော့၊ ဒါကို\Nနှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့လို့၊ Dialogue: 0,0:09:50.58,0:09:53.55,Default,,0000,0000,0000,,ခံစားမှုကို သိနားလည်မယ့် နည်းပညာကို\Nရယူသုံးနိုင်ခြင်းမှ ရရှိမယ့် Dialogue: 0,0:09:53.55,0:09:55.82,Default,,0000,0000,0000,,အကျိုးကျေးဇူးတွေဟာ\Nတလွဲသုံးနိုင်မယ့် အလားအလာတွေထက်ကို Dialogue: 0,0:09:55.82,0:09:59.40,Default,,0000,0000,0000,,သိသိသာသာ ပိုများတယ်လို့ ယုံကြည်ပါတယ်။ Dialogue: 0,0:09:59.40,0:10:01.93,Default,,0000,0000,0000,,ရှင်တို့ အားလုံးကို ဒီကိစ္စဆွေးနွေးမှုထဲ\Nလက်တွဲပါဝင်ဖို့ ကျွန်မ ဖိတ်ကြားပါတယ်။ Dialogue: 0,0:10:01.93,0:10:04.48,Default,,0000,0000,0000,,ဒီနည်းပညာ အကြောင်းကို သိကြမယ့်လူတွေ\Nများလာလေ၊ Dialogue: 0,0:10:04.48,0:10:07.66,Default,,0000,0000,0000,,အဲဒါကို လက်တွေ့သုံးနေပုံ ဆိုင်ရာ\Nထင်မြင်ချက်တွေ တိုးတိုးရလာလေ ဖြစ်မှာပါ။ Dialogue: 0,0:10:09.08,0:10:13.66,Default,,0000,0000,0000,,ကျွန်မတို့ရဲ့ ဘဝဟာ ပိုပိုဒီဂျီတယ်\Nဆန်းလာနေတာနဲ့အမျှ၊ Dialogue: 0,0:10:13.66,0:10:17.15,Default,,0000,0000,0000,,ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ကိရိယာတွေကို\Nအသုံးချနေမှုထဲမှာ Dialogue: 0,0:10:17.15,0:10:19.38,Default,,0000,0000,0000,,ကျွန်မတို့ရဲ့ စိတ်ခံစားမှုတွေကို ပြန်ပြီး\Nထည့်သွင်းပေးဖို့ ကြိုးစားသင့်ပါတယ်။ Dialogue: 0,0:10:20.62,0:10:24.54,Default,,0000,0000,0000,,ဒီတော့ ကျွန်မ အခု ကြိုးပမ်းမှုက ကျွန်မတို့\Nခံစားချက်တွေကို နည်းပညာထဲကို ထည့်ပေးလျက် Dialogue: 0,0:10:24.54,0:10:26.76,Default,,0000,0000,0000,,ကျွန်မတို့ရဲ့ နည်းပညာတွေ ပိုပြီး\Nတုံ့ပြန်နိုင်စွမ်း ရှိလာဖို့ကိုပါ။ Dialogue: 0,0:10:26.76,0:10:29.44,Default,,0000,0000,0000,,အဲဒီလိုနည်းဖြင့် ကျွန်မတို့ကို ခွဲခြား\Nပစ်ခဲ့ကြတဲ့ ကိရိယာတွေက Dialogue: 0,0:10:29.44,0:10:31.90,Default,,0000,0000,0000,,ကျွန်မတို့ကို ပြန်ပြီး အတူတူ\Nဖြစ်လာဖို့ကို ကူပေးရန်ပါ။ Dialogue: 0,0:10:31.90,0:10:36.48,Default,,0000,0000,0000,,ပြီးတော့ နည်းပညာကို လူသားဆန်လာအောင်\Nလုပ်ပေးခြင်းဖြင့် ကျွန်မတို့ဆီမှာ Dialogue: 0,0:10:36.48,0:10:39.78,Default,,0000,0000,0000,,စက်ပစ္စည်းတွေနဲ့ ကျွန်မတို့ ဆက်သွယ်ကြပုံကို\Nပြန်ပြီး စိတ်ကူးစဉ်းစားကြည့်ရန်၊ Dialogue: 0,0:10:39.78,0:10:44.26,Default,,0000,0000,0000,,အဲဒီနောက်မှာ၊ ကျွန်မတို့ လူသားတွေ\Nတဦးနဲ့တဦး ဆက်ဆံပုံကို Dialogue: 0,0:10:44.26,0:10:46.17,Default,,0000,0000,0000,,ပြန်လည်စဉ်းစားကြည့်ရန် အခွင့်အရေး \Nကောင်းကြီးတခုပါ။ Dialogue: 0,0:10:46.17,0:10:48.33,Default,,0000,0000,0000,,ကျေးဇူးတင်ပါတယ်။ Dialogue: 0,0:10:48.33,0:10:51.64,Default,,0000,0000,0000,,(လက်ခုပ်သံများ)