ကျွန်မတို့ရဲ့ ခံစားမှုများဟာ ကျွန်မတို့ ဘဝ
မျက်နှာစာတိုင်းကို ဩဇာလွှမ်းမိုးပါတယ်၊
ကျွန်မတို့ရဲ့ ကျန်းမာရေး နှင့် ပညာသင်မှု
မှအစ လုပ်ငန်းလုပ်ကိုင်ကြပုံ နဲ့
ကြီးကြီးငယ်ငယ် ဆုံးဖြတ်ချက်များ
ချမှတ်ကြပုံ အဆုံးပါပဲ။
ကျွန်မတို့ တဦးနဲ့တဦး ဆက်သွယ်ကြပုံကိုပါ
ခံစားမှုများက ဩဇာလွှမ်းမိုးပါသေးတယ်။
ကျွန်မတို့ဟာ ဒီလို ကမ္ဘာကြီးမှာ
နေထိုင်နိုင်ဖို့ ဆင့်ကဲပြောင်းလဲခဲ့ပေမဲ့၊
တကယ်နေထိုင်နေကြတာက
ဒီလို ပုံစံမျိုး ဖြစ်နေပါတယ် --
ဒါက ကျွန်မသမီးဆီက ဝင်လာတဲ့
မနေ့ညက စာတိုပါ --
ခံစားမှုတွေ ကင်းမဲ့နေတဲ့
ကမ္ဘာကြီး ဖြစ်နေပါတယ်။
အဲဒါကို ပြောင်းလဲပစ်ရေး တာဝန်ကို
ကျွန်မ ယူလိုက်ပါတယ်။
ကျွန်မဟာ ခံစားမှုတွေကို ဒီဂျီတယ်
အတွေ့အကြုံများထဲ ပြန်ထည့်ပေးချင်ပါတယ်။
ကျွန်မဟာ ဒီလမ်းကြောင်း အတိုင်း စတင်ခဲ့တာ
လွန်ခဲ့တဲ့ ၁၅ နှစ်ကပါ။
ကျွန်မ အီဂျစ်နိုင်ငံက ကွန်ပျူတာ
သိပ္ပံပညာရှင်ပါ၊
Cambridge University မှာ Ph.D. သင်တန်း
တက်ဖို့ ကျွန်မကို လက်ခံခဲ့စဉ်ကပါ။
အိမ်ထောင်ကျခါစ မူစလင် အီဂျစ် ဇနီးအတွက်
သမရိုးကျ မဟုတ်တဲ့
ခြေလှမ်းကို လှမ်းခဲ့သူရပါ၊
အီဂျင် နိင်ငံမှာ ကျန်ရစ်ခဲ့ရမှာ ဖြစ်တဲ့
ကျွန်မ ယောက်ျားရဲ့ ကူညီမှုဖြင့်
ကျွန်မဟာ ပစ္စည်းတွေ ထုပ်ပိုးလျက်
အင်္ဂလန်ကို ထွက်လာခဲ့တယ်။
အိမ်နဲ့ မိုင်ထောင်ချီ ဝေးတဲ့
Cambridge မှာကျတော့၊
ကျွန်မဟာ ကျွန်မ လက်တော့နဲ့ ဖြုန်းတဲ့
အချိန်ဟာ ဘယ်လူသားနဲ့မဆို
ဖြုန်းတဲ့ အချိန်ထက်
ပိုများနေတာကို တွေ့ရှိလာတယ်။
အဲဒီလို နီးကပ်မှု ရှိနေခဲ့ပေမဲ့၊ လက်တော့က
ကျွန်မ ဘယ်လို ခံစားနေရမှန်း မသိခဲ့ပါ။
ကျွန်မ စိတ်ပျော်ရဲ့လား၊ ကံဆိုးတဲ့နေ့လား၊
ဖိစီးခံနေရသလား ဒါမှမဟုတ် စိတ်ရှုပ်နေလို့
စိတ်ဓာတ်များ ကျနေလား၊ ဘာဆိုဘာမှ မသိခဲ့ပါ။
ပိုဆိုးတာက၊ ကျွန်မဟာ အိမ်မှာ ကျန်ရစ်ခဲ့တဲ့
မိသားစုနဲ့ အွန်လိုင် ဆက်သွယ်ပြောနေရတော့၊
ကျွန်မရဲ့ ခံစားချက်တွေ အားလုံး ဆိုက်ဘာ
ဟင်းလင်းပြင်ထဲ လွင့်ပျောက်သွားပါတယ်။
ကျွန်မဟာ လွမ်းနေခဲ့တယ်၊ တယောက်တည်းဖြစ်လို့
တနေ့မှာ ငိုတောင်ငိုမ်ခဲ့တယ်၊
ဒါပေမဲ့ အဲဒီလို ခံစားမှုတွေကို ဆက်သွယ်
ပြောပြဖို့ ဆိုလို့ ဒါပဲ ရှိခဲ့တယ်။
(ရယ်မောသံများ)
ဒီနေ့ နည်းပညာတွေရဲ့ I.Q.ဟာ မြင့်မားလှပေမဲ့၊
E.Q.ကတော့ လုံးဝ မရှိပါ၊
သိရှိနိုင်စွမ်းတွေ အများကြီး ရှိပေမဲ့၊
ခံစားမှု အသိပညာ မဲ့နေပါတယ်။
အဲဒါနဲ့ ကျွန်မ စိတ်ကူးရလာတာက၊
ကျွန်မတို့ရဲ့ နည်းပညာတွေဟာ ကျွန်မတို့ရဲ့
ခံစားမှုတွေကို ခံစားလာနိုင်မယ်ဆိုရင်ကော?
အလိုက်သိတဲ့ မိတ်ဆွေလိုပဲ ကျွန်မတို့ရဲ့
ကိရိယာတွေကပါ ကျွန်မတို့ရဲ့ ခံစားမှုတွေကို
သိရှိနိုင်ကာ ထိုက်သင့်စွာ တုံ့ပြန်နိုင်မယ်
ဆိုရင်ကော?
အဲဒီလို မေးခွန်းတွေကြောင့်
ကျွန်မ နဲ့ ကျွန်မ အဖွဲ့ဟာ
ကျွန်မတို့ရဲ့ ခံစားမှုတွေကို ဖတ်နိုင်ကာ
တုံ့ပြန်နိုင်မဲ့ နည်းပညာတွေ တီထွင်လိုခဲ့တယ်၊
အဲဒါကို ကျွန်မတို့ဟာ
လူသားရဲ့ မျက်နှာဖြင့် စတင်ခဲ့ကြတယ်။
လူသားရဲ့ မျက်နှာဟာဖြင့် ကျွန်မတို့ရဲ့
ပျော်ရွှင်မှု၊ အံ့အားသင့်မှု၊
စာနာမှု နှင့် စပ်စုမှုတို့လို
လူမှုရေး နဲ့ ခံစားမှု အခြေအနေများကို
ဆက်သွယ်ဖေါ်ပြပေးဖို့အတွက်
အားအကောင်းဆုံး နည်းလမ်းပါပဲ။
ခံစားမှု သိပ္ပံပညာထဲမှာ၊ မျက်နှာပြင်
ကြွက်သားလှုပ်ရှားမှု တခုကို ယူနစ်ခေါ်တယ်။
ဥပမာ၊ လုပ်ဆောင်ချက် ယူနစ် ၁၂ ဆိုတာက
Hollywood နာမည်ကြီး ရုပ်ရှင် မဟုတ်ဘူးနော်၊
နှုတ်ခမ်း ထောင့်ဆွဲဆန့်မှု ဖြစ်ပြီး
အပြုံးရဲ့ အဓိက အစိတ်အပိုင်းပါ။
လူတိုင်း အဲဒါကို စမ်းကြည့်ပါ။ ပြုံးရွှင်လျက်
ဆက်ပြီး လုပ်ကိုင်ကြတာပေါ့။
နောက် ဥပမာ တခုအဖြစ် ယူနစ် ၄ ကို ယူနိုင်တယ်။
နဖူး အရေးကြောင်းတွေပါ။
ရှင်တို့ရဲ့ မျက်ခုံးမွှေးနှစ်ခုစလုံးကို
အတူတူ ဆွဲယူလိုက်တဲ့ပုံပါ၊
အဲဒီလိုနည်းဖြင့် အဲဒီလို သဏ္ဍာန်တွေ
အရေးကြောင်းတွေ ပေါ်လာကြရတယ်။
ကျွန်မတို့ အဲဒါတွေကို မကြိုက်ပေမဲ့၊ အဲဒါဟာ
အနှုတ်လက္ခဏာ ခံစားမှု ညွှန်ပြချက်ပါ။
ကျွန်မတို့ဆီမှာ အဲဒီလို လုပ်ဆောင်ချက်
ယူနစ်တွေ ၄၅ ခုခန့် ရှိကြရာ၊
အဲဒါတွေကို ပေါင်းစပ်လျက် ရာချီရှိမယ့်
ခံစးချက်တွေကို ဖေါ်ပြပေးနိုင်ပါတ်။
အဲဒီလို မျက်နှာပေါ်က ခံစားပုံတွေကို
ဖတ်ရန် ကွန်ပျူတာကို သင်ရတာ ခဲယဉ်းပါတယ်၊
အဲဒီ လုပ်ဆောင်ချက် ယူနစ်တွေဟာ
မြန်လွန်းနိုင်ပြီး သိသာရန် ခဲယဉ်းနိုင်ကာ
ပေါင်းစပ်ပုံဟာ အမျိုးမျိုး ဖြစ်နိုင်လို့ပါ။
ဥပမာအဖြစ် ပြုံးခြင်း နဲ့
လှောင်ပြုံးပြုံးခြင်းကို ယူကြည့်ကြပါစို့။
ကြည့်လိုက်ရင် ခပ်ဆင်ဆင် ရှိပေမဲ့
ဆိုလိုချက်က သိပ်ကို ခြားနားလှပါတယ်။
(ရယ်မောသံများ)
ဒီတော့ ပြုံးခြင်းဟာ အပြုသဘောဆောင်တယ်၊
လှောင်ပြုံးပြုံးခြင်းကျတော့
အနှုတ်လက္ခဏာ သဘောပါ။
တခါတရံမှာ လှောင်ပြုံးမှုကို
တယောက်ယောက်ကို ကျော်ကြားလာစေနိုင်တယ်။
ဒါပေမဲ့ တကယ်တမ်းတွင် ကွန်ပျူတာ အနေနဲ့
အဲဒီ အမူအယာ နှစ်ခုအကြားက
ခြားနားချက်ကို ပြောတတ်ဖို့ လိုပါတယ်။
ဒီတော့ အဲဒါကို ကျွန်မတို့ ဘယ်လို လုပ်ကြလဲ?
ကျွန်မတို့ဟာ ပြုံးနေကြသူတို့ရဲ့ သာဓက
ထောင်သောင်းချီကို၊
လူမျိုးအမျိုးမျိုး၊ အသက် အမျိုးမျိုး
ကျားမများ စသဖြင့် အယ်ဂိုရစ်သမ် ထည့်ပေးတယ်၊
အလားတူပဲ လှောင်ပြုံးခြင်းအတွက်ကိုလဲ
ကွန်ပျူတာထဲကို ထည့်ပေးကြပါတယ်။
အဲဒီနောက်မှာ၊ နက်ရှိုင်းတဲ့ လေ့လာမှုဖြင့်၊
အယ်ဂိုရီသမ်က ရှိနေကြတဲ့ အသားအရေ
အနေအထားတွေ အရေပြား အတွန့်ကြောင်းတွေကို
ကျွန်မတို့ မျက်နှာ အသွင် ပြောင်းလဲပုံကို
စစ်ကြည့်လျက်၊
ပြုံးခြင်း အားလုံးတို့ထဲက
တူညီတဲ့ အချင်းလက္ခဏာတွေကို
လှောင်ပြုံးခြင်းထဲမှာ မသိမသာ ခြားနားတဲ့
လက္ခဏာတွေ ရှိတာကို ရှာတွေ့ပါတယ်။
အဲဒီနောက်မှာ ၎င်းက မျက်နှာအသစ်ကို မြင်ရရင်၊
အဲဒီမျက်နှာမှာလည်း ဆင်တူတဲ့
ပြုံးခြင်းရဲ့ လက္ခဏာတွေ
ရှိနေတာကို မြင်လာတာနဲ့၊
"ဟာ၊ ဒါကို ကျွန်တော် သိတယ်၊
ဒါဟာ ပြုံးခြင်း အမူအယာပါ။"
ဒီနည်းပညာ အလုပ်လုပ်ပုံကို ပြသပေးရန်
အကောင်းဆုံးမှာ
တိုက်ရိုက်သရုပ်ပြချက်ကို စမ်းကြည့်ရန်ပါပဲ၊
ဒီတော့ စေတနာ့ဝန်ထမ်း တဦး
မျက်နှာနဲ့လူ တယောက်လိုပါတယ်။
(ရယ်မောသံများ)
Cloe ဟာ ဒီနေ့ ကျွန်မတို့အတွက်
စေတနာ့ဝန်ထမ်း လုပ်မယ့်သူပါ။
လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကျွန်မတို့ဟာ
MIT ထဲက သုတေသန စီမံကိန်း အဖြစ်ကနေပြီး
ကုမ္ပဏီ တစ်ခုဆီ ပြောင်းခဲ့ကြကာ
ကျွန်မ အဖွဲ့ဟာ အဲဒီနည်းပညာ အလုပ်လုပ်ဖို့
အတော့ကို အားထုတ်လုပ်ကိုင်ခဲ့ရတယ်၊
အခုတော့ ပုံကြမ်းမျိုး ပေါ်လာပါပြီ။
ကျွန်မတို့ဟာ အဲဒါကို ချုံ့ပစ်နိုင်ခဲ့ရာ
ဒီအမာခံ ခံစားမှု အင်ဂျင်ဟာ
ဒီ iPad လို ကင်မရာပါတဲ့
ဘယ်မိုဘိုင်း ကိရိယာမှာမဆို အလုပ်လုပ်တယ်။
အခု အဲဒါကို စမ်းကြည့်ကြရအောင်။
အခု ရှင်တို့ မြင်နေရသလို အယ်ဂိုရစ်သမ်ဟာ
Cloe ရဲ့ မျက်နှာကို တွေ့နိုင်ပါပြီ၊
အဲဒါက အဖြူရောင် အကွက်ပါ၊
အဲဒါဒဟာ သူ့မျက်နှာပေါ်က
အဓိက အင်္ဂါရပ် အချက်တွေကို ခြေရာခံနေပါတယ်၊
သူ့ မျက်ခုံးတွေ၊ သူ့မျက်လုံးတွေ၊
သူ့ပါးစပ် နဲ့ နှာခေါင်းကိုပါ။
အရေးကြီးဆုံးက ၎င်းဟာ
သူ့အမူအယာတွေကို သိမှတ်နားလည်နိုင်ပါ့မလား?
အခု ကျွန်မတို့ ဒီစက်ကို
စမ်းသပ်ကြည့်ကြပါမယ်။
ပထမဦးဆုံး အနေနဲ့၊ ဘာကိုမှ မကြောက်တဲ့
မျက်နှာမျိုးလုပ်ပြပါ။ ဟုတ်ပြီ၊ ကောင်းတယ်။
(ရယ်မောသံများ)
အဲဒီနောက်မှာ သူဟာ ပြုံးနေတယ်၊
တကယ့်ကို အပြုံးစစ်စစ်ပါ၊ သိပ်ကောင်းတယ်။
အစိမ်းရောင် ဘားတံ မြင့်တက်လာတာကို
ရှင်တို့ မြင်နိုင်ကြတယ်။
အဲဒါက တကယ့်ကို ကောင်းတဲ့ အပြုံးပါပဲ။
မသိမသာ ပြုံးနေတာမျိုးကော စမ်းကြည့်မလား
ကွန်ပျူတာက အဲဒါကို သိနိုင်မလား?
အဲဒါဟာ မသိမသာ ပြုံးတာကိုလည်း
သိမှတ်နိုင်တယ်။
ဒါကို လုပ်နိုင်ဖို့ ကျွန်မတို့ဟာ တကယ့်ကို
ပင်ပင်ပန်းပန်း အားထုတ်ခဲ့ရပါတယ်။
အဲဒီနောက် မျက်ခုံး မြင့်တက်လာတယ်
အံ့အားသင့်မှုရဲ့ ညွှန်းချက်ပါ။
မျက်ခုံးတွေအကြားက အရေးကြောင်းတွေ
ရှုပ်ထွေးမှုကို ထောက်ပြနေကြတယ်။
မျက်မှောက် ကြုတ်မှု။ တကယ်ကောင်းလိုက်တာ။
ဒီတော့ ဒါတွေဟာ အမျိုးမျိုးသာ လုပ်ဆောင်ချက်
ယူနစ်တွေပါ။ အများကြီး ရှိပါသေးတယ်။
ဒါက နမူနာပြဖို့အတွက် အသေးစားပါ။
ကျွန်မတို့ဟာ ဖတ်ကြားမှု တစ်ခုစီကို
ခံစားချက် ဒေတာ အချက်လို့ ခေါ်ကြပါတယ်၊
အဲဒါတွေ အားလုံး စုပေါင်းလျက်
ခံစားချက်ကို ပုံဖေါ်ပေးနိုင်ကြပါတယ်။
ဒီတော့ နမူနာရဲ့ ညာဘက်မှာကျတော့
ပျော်ရွှင်နေတဲ့ ပုံစံမျိုးလိုပါ။
အဲဒါက ပျော်ရွှင်မှုပါ။
ပျော်ရွှင်စိတ်တွေ မြင်နေရပါတယ်။
အခုတော့ မနှစ်မြို့တဲ့ မျက်နှာကို လုပ်ပြပေးပါ။
One Direction ထဲမှာ Zayn က ထွက်သွားပုံကို
စဉ်းစားကြည့်လိုက်ပါ။
(ရယ်မောသံများ)
ဟုတ်တယ်၊ နှာခေါင်း တွန့်သွားပါစေ၊
ကောင်းလိုက်တာ။
ခြုံကြည့်ရင် အနှုတ်လက္ခဏာ သဘောဖြစ်နေတုန်းပါ၊
ဒီရုပ်ရှင်ကို အတော်လေး ကြိုက်ပုံရတယ်။
ဒီတော့ ပေါင်းစပ်မှု ရလဒ်က အတွေ့အကြုံတခုဟာ
အပြုသဘောလား အနှုတ်သဘောလား၊
ပြီးတော့ ခံစားချက် ဘယ်လောက်
ပြင်းထန်တယ်ဆိုတာကိုပါ ပြပါတယ်။
ဒီတော့ Cloe ဟာ အဲဒီလို အချိန်နဲ့တပြေးညီ
ပြောင်းလဲနေတဲ့ ခံစားချက်ကို သိမြင်နိုင်မယ်၊
ပြီးတော့ သူမအနေနဲ့ မျှဝေပေးချင်တဲ့သူကို
မျှဝေပေးနိုင်တာကို စိတ်ကူးကြည့်ကြပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
အခုထိ ကျွန်မတို့ဟာ အဲဒီလို ခံစားချက် ဒေတာ
အချက်တွေ ၁၂ ဘီလီယံ စုစည်းထားကြပါပြီ။
အဲဒါဟာ ကမ္ဘပေါ်က ခံစားချက်များဆိုင်ရာ
အကြီးမားလုံး ဒေတာဘေ့စ်ပါပဲ။
ကျွန်မတို့ဟာ အဲဓါကို မျက်နှာ ဗီဒီယို
၂.၉ သန်းထဲမှနေပြီး စုစည်းခဲ့ကြပါတယ်၊
သူတို့ရဲ့ ခံစားချက်တွေကို မျှဝေပေးရန်
သဘောတူခဲ့ကြတဲ့ သူတွေဆီကပါ၊
တကမ္ဘာလုံးက ၇၅ နိုင်ငံမှ သူတွေပါဝင်ကြပါတယ်။
နေ့စဉ်နဲ့အမျှ အဲဒါဟာ ပိုပိုကြီးထွားလာနေတယ်။
အခု ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခံစားချက်တွေလို
ကိုယ်ရေး ခံစားချက်ကို ရေတွက်လာနိုင်ခြင်း
ဟာ အံ့အားသင့်စရာကြီးပါ၊
အဲဒါကို ကျွန်မတို့ဟာ
ဒီလို စကေးမျိုးဖြင့် လုပ်နိုင်ကြပါတယ်။
ဒီတော့ ဒီနေ့အထိ လေ့လာနိုင်ခဲ့တာက ဘာတွေလဲ?
လိင်။
ကျွန်မတို့ရဲ့ ဒေတာတွေဟာ မဖြစ်နိုင်ဘူးလို့
ထင်တဲ့ အရာကိုတောင် အတည်ပြုနိုင်တယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့စာရင်
ပိုလို့ကို အမူအယာပြမှု ကောင်းကြတယ်။
သူတို့ ပိုပြုံးကြရုံသာမက
သူတို့ရဲ့ အပြုံးဟာ ပိုပြီး ကြာပါတယ်။
ပြီးတော့ ကျွန်မတို့ဟာ အခုဆိုရင်
အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ မတူညီဘဲ
တုံ့ပြန်ကြတဲ့ အရာတွေကို
တွက်ချက်ပြနိုင်ပါပြီ။
ယဉ်ကျေးမှုအလိုက် လေ့လာကြည့်တော့
အမေရိက ပြည်ထောင်စုမှာ
အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့စာရင်
၄၀ % ပိုပြီး ထုတ်ဖေါ်ပြကြပါတယ်၊
ထူးဆန်းတာက၊ U.K.မှာကျတော့ အမျိုးသားနဲ့
အမျိုးသမီးတွေ အကြား ကွာဟချက် မတွေ့ရဘူး။
(ရယ်မောသံများ)
အသက်: အသက် ၅၀ ကျော်သူတို့ဟာ
ပိုငယ်သူတို့နဲ့စာရင် ခံစားမှု
၂၅ ရာခိုင်နှုန်း ပိုများပါတယ်။
၂၀ ကျော်အရွယ် အမျိုးသမီးတွေဟာ ရွယ်တူ
အမျိုးသားတွေထက်ကို သိသိသာသာ ပိုပြုံးကြတယ်၊
တွေ့ဆုံဖို့ ရက်ချိန်းရန် အတွက်
ဖြစ်နိုင်ပါတယ်။
ဒီဒေတာတွေနဲ့ ပတ်သက်ပြီး
ကျွန်မတို့ အများဆုံး အံ့အားသင့်ရတာက
ကျွန်မတို့ဟာ တချိန်လုံး တခုခုကို
ထုတ်ဖေါ် ပြသနေကြပါတယ်၊
တယောက်တည်း ကျွန်မတို့ရဲ့ ကိရိယာတွေနဲ့
ထိုင်နေကြစဉ်မှာတောင်ပါ၊
ပြီးတော့ ဖေ့စ်ဘွတ်မှာ ကြောင်တွေ အကြောင်း
ဗီဒီယိုကို ကြည့်နေချိန်မှာတင် မကပါဘူး။
ကျွန်မတို့ အီးမေးလ် ရေးနေစဉ်၊ စာတိုရေးစဉ်၊
အွန်လိုင်း ဈေးဝယ်စဉ် ခံစားချက်ကို ပြနေတယ်၊
အခွန်တွေကို ပေးဆပ်နေချိန်မှာတောင်ပါ။
ဒီဒေတာတွေကို ဒီနေ့မယ် ဘယ်မှာ သုံးနေသလဲ?
ကျွန်မတို့ဟာ မီဒီယာတွေထဲ ပါဝင်ပတ်သနေတာကို
နားလည်ဖို့အတွက်၊
တခုခုကို မဲပေးခြင်း နှင့် လူတွေ အကြားမှာ
ခံစားချက် ကူးစက်ပျံ့နှံ့မှုကို နားလည်ရန်၊
ပြီးတော့ ခံစားချက် အခြေခံ နည်းပညာများကို
တပ်ဆင် အသုံးချနိုင်ရန် အတွက်ပါ၊
ပြီးတော့ ကျွန်မနှလုံးသားနဲ့ သိပ်ကို နီးစပ်တဲ့
ဥပမာ အချို့ကို မျှဝေပေးချင်ပါတယ်။
ခံစားမှုကို ပြနိုင်တဲ့ မျက်မှန်တွေဟာ
မျက်စိအမြင် အားနည်းကြသူတဲ့သူတွေကို
အခြားသူတွေရဲ့ မျက်နှာတွေကို
ဖတ်နိုင်အောင် ကူပေးနိုင်ကြပါတယ်၊
ပြီးတော့ autism ရောဂါကို ခံစားနေရလို့
ခံစားချက်ကို နားလည်ရန် ခဲယဉ်းတဲ့သူတွေကို
တနည်းနည်းနဲ့ သိနားလည်အောင် ကူပေးနိုင်မှာပါ။
ပညာရေါ်ထဲမှာ ဆိုရင်၊ ရှင်တို့ရဲ့
သင်ယူရေး အက်ပ်က
ရှင်တို့ဟာ စိတ်ရှုပ် နားမလည်ဖြစ်နေတာကို
သိမှတ်နိုင်လို့ အရှိန် လျှော့ချလိုက်တာ
ဒါမှမဟုတ် စိတ်ကုန်နေတာကို သိလိုက်လို့
တော်တဲ့ ဆရာက လုပ်တတ်သလို
သင်ခန်းစာကို ခဏ ခေါက်ထားလိုက်တာမျိုး
လုပ်ပေးနိုင်ပါတယ်။
ရှင်တို့ရဲ့ လက်ပတ်နာရီက ရှင်တို့ရဲ့
ခံစားမှုကို ခြေရာခံ သိနိုင်တယ် ဆိုရင်ကော၊
ဒါမှမဟုတ် ရှင်တို့ရဲ့ ကားက ရှင်တို့ ပင်ပန်း
နေတာကို သိမှတ်လိုက်တယ်၊
ဒါမှမဟတ် ရှင်တို့ရဲ့ ရေခဲ့သေတ္တာက ရှင်တို့
ဖိစီးမှု ခံနေရာတကို သိနားလည်လိုက်လို့၊
ရှင်တို့ကို စားမရအောင် အော်တို-သော့ခတ်
လိုက်တယ်ဆိုရင်ကော။ (ရယ်မောသံများ)
ကျွန်မဆိုရင် အဲဒါမျိုးကို
လိုချင်တယ်၊ တကယ်ပဲ။
ကျွန်မ Cambridge မှာ သင်နေခဲ့စဉ်တုန်းက၊
ကျွန်မဟာ ကျွန်မရဲ့ အချိန်နဲ့ တပြေးညီ
ခံစားချက်တွေကို ရယူသုံးနိုင်ခဲ့မယ်ဆိုရင်၊
ပြီးတော့ အဲဒါကို အိမ်မှာ ကျန်ရစ်ခဲ့တဲ့
မိသားစုနဲ့ မျှဝေးပေးနိုင်ခဲ့မယ်ဆိုရင်၊
သူတို့နဲ့အတူ တခန်းတည်းမှာ ထိုင်လျက်
ရှိနေသလို သူတို့ ခံစားနိုင်မယ်ဆိုရင်ကော?
ကျွန်မစိတ်ထင် နောက် ငါးနှစ် ကြာရင်
ကျွန်မတို့ရဲ့ ကိရိယာတွေ အားလုံးဟာ
စိတ်ခံစားချက် ချီပ်လေးတွေ ရှိလာကြမယ်၊
ပြီးတော့ ကျွန်မတို့ရဲ့ ကိရိယာတွေကို
ကြည့်လိုက်တာနဲ့ကို အဲဒီကိရိယာက
"အင်း၊ ကြည့်ရတာ မင်းဒါကို ကြိုက်ပုံမရဘူး၊
ဟုတ်တယ် မဟုတ်လား?" မေးတာ ရိုးလာမှာပါ။
ဒီနည်းပညာကို ထည့်သုံးနိုင်မယ့် အက်ပ်တွေ
သိပ်ကို များလွန်းတာကို နားလည်မိလို့၊
အဲဒါတွေ အားလုံးကို ကျွန်မတို့ ကိုယ်တိုင်
လုပ်မရနိုင်တာကို ကျန်မအဖွဲ့ နားလည်တယ်၊
အဲဒါကြောင့်မို့လို့၊ ဒီနည်းပညာကို လူတိုင်း
သုံးနိုင်အောင် မျှပေးထားလို့ အခြားသူတို့ဟာ
တည်ဆောက်နိုင်ကာ ဖန်တီးနိုင်ကြမှာပါ။
ဒီကိစ္စထဲမှာ အန္တရာယ်တွေ ရှိနိုင်တာကို၊
ပြီးတော့ အလွှဲသုံးစားလို့ ရနိုင်တာကို၊
ကျွန်မတို့ သိနားလည်ပါတယ်၊
ဒါပေမဲ့ ကျွန်မကိုယ်တိုင်ကတော့၊ ဒါကို
နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့လို့၊
ခံစားမှုကို သိနားလည်မယ့် နည်းပညာကို
ရယူသုံးနိုင်ခြင်းမှ ရရှိမယ့်
အကျိုးကျေးဇူးတွေဟာ
တလွဲသုံးနိုင်မယ့် အလားအလာတွေထက်ကို
သိသိသာသာ ပိုများတယ်လို့ ယုံကြည်ပါတယ်။
ရှင်တို့ အားလုံးကို ဒီကိစ္စဆွေးနွေးမှုထဲ
လက်တွဲပါဝင်ဖို့ ကျွန်မ ဖိတ်ကြားပါတယ်။
ဒီနည်းပညာ အကြောင်းကို သိကြမယ့်လူတွေ
များလာလေ၊
အဲဒါကို လက်တွေ့သုံးနေပုံ ဆိုင်ရာ
ထင်မြင်ချက်တွေ တိုးတိုးရလာလေ ဖြစ်မှာပါ။
ကျွန်မတို့ရဲ့ ဘဝဟာ ပိုပိုဒီဂျီတယ်
ဆန်းလာနေတာနဲ့အမျှ၊
ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ကိရိယာတွေကို
အသုံးချနေမှုထဲမှာ
ကျွန်မတို့ရဲ့ စိတ်ခံစားမှုတွေကို ပြန်ပြီး
ထည့်သွင်းပေးဖို့ ကြိုးစားသင့်ပါတယ်။
ဒီတော့ ကျွန်မ အခု ကြိုးပမ်းမှုက ကျွန်မတို့
ခံစားချက်တွေကို နည်းပညာထဲကို ထည့်ပေးလျက်
ကျွန်မတို့ရဲ့ နည်းပညာတွေ ပိုပြီး
တုံ့ပြန်နိုင်စွမ်း ရှိလာဖို့ကိုပါ။
အဲဒီလိုနည်းဖြင့် ကျွန်မတို့ကို ခွဲခြား
ပစ်ခဲ့ကြတဲ့ ကိရိယာတွေက
ကျွန်မတို့ကို ပြန်ပြီး အတူတူ
ဖြစ်လာဖို့ကို ကူပေးရန်ပါ။
ပြီးတော့ နည်းပညာကို လူသားဆန်လာအောင်
လုပ်ပေးခြင်းဖြင့် ကျွန်မတို့ဆီမှာ
စက်ပစ္စည်းတွေနဲ့ ကျွန်မတို့ ဆက်သွယ်ကြပုံကို
ပြန်ပြီး စိတ်ကူးစဉ်းစားကြည့်ရန်၊
အဲဒီနောက်မှာ၊ ကျွန်မတို့ လူသားတွေ
တဦးနဲ့တဦး ဆက်ဆံပုံကို
ပြန်လည်စဉ်းစားကြည့်ရန် အခွင့်အရေး
ကောင်းကြီးတခုပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)