WEBVTT 00:00:00.465 --> 00:00:03.722 ကင်ညာနိုင်ငံမှာ ၁၉၈၄ ခုနှစ်ဟာ 00:00:03.722 --> 00:00:06.333 ဂိုရိုဂိုရိုနှစ် 00:00:06.333 --> 00:00:08.753 တစ်နည်း တစ်ပြည်နှစ်အဖြစ် ထင်ရှားပါတယ်။ 00:00:08.753 --> 00:00:11.671 ဂိုရိုဂိုရို ဆိုတာကတော့ ဈေးထဲ ပြောင်းဖူးစေ့ကိုရောင်းရာမှာ 00:00:11.671 --> 00:00:14.981 တိုင်းဖို့ အသုံးပြုတဲ့ တိုင်းစရာ ပြည်တစ်မျိုးပါပဲ၊ 00:00:14.981 --> 00:00:18.121 ပြောင်းဖူးကိုကျတော့ အူဂါလီလို့ ခေါ်တဲ့ ပြောင်းဖူးပြုတ်ကို 00:00:18.121 --> 00:00:22.078 ဟင်းသီးဟင်းရွက်နဲ့ စားရတဲ့ စားစရာကို ပြုလုပ်ကြပါတယ်။ 00:00:22.078 --> 00:00:24.393 ခုနက ပြောခဲ့တဲ့ ပြောင်းဖူးရော ဟင်းသီးဟင်းရွက်တွေပါ 00:00:24.393 --> 00:00:26.518 ကင်ညာနိုင်ငံထဲက မွေးမြူရေးခြံတွေထဲမှာ စိုက်လို့ရပါတယ်၊ 00:00:26.518 --> 00:00:28.791 အဲဒါကြောင့်မို့လို့ မိသားစု အများစုတို့ဟာ သူတို့ကိုယ်ပိုင် ခြံထဲမှနေပြီး 00:00:28.791 --> 00:00:30.972 မိမိတို့အတွက် စားစရာကို ထုတ်လုပ်နိုင်ကြပါတယ်။ 00:00:30.972 --> 00:00:34.900 ပျမ်းမျှ မိသားစုကို ယူကြည့်မယ်ဆိုရင် 00:00:34.900 --> 00:00:36.881 ဂိုရိုဂိုရို တစ်ခုဖြင့် မိသားစုဟာ သုံးနပ်စားနိုင်ပါတယ်၊ 00:00:36.881 --> 00:00:39.970 ဒါပေမဲ့ ၁၉၈၄ ခုနှစ်တုန်းကဆိုရင် ထွက်လာခဲ့တဲ့ သီးနှံအားလုံးဟာ 00:00:39.970 --> 00:00:43.142 ဂိုရိုဂိုရို တစ်ခုစာမျှသာ ရှိခဲ့ပါတယ်။ 00:00:43.142 --> 00:00:45.992 အဲဒါဟာ ယခုထက်ထိကို ကျွန်မတို့ သိထားရသမျှထဲက 00:00:45.992 --> 00:00:48.635 မိုးအခေါင်ဆုံး နှစ်ပါပဲ။ 00:00:48.635 --> 00:00:51.594 ဒီနေ့မယ် ကျွန်မဟာ လယ်သမားတွေကို မိုးခေါင်မှုဘေးမှ၊ 00:00:51.594 --> 00:00:53.655 ဂိုရိုဂိုရိုနှစ်တုန်းက မိုးခေါင်မှုမျိုးမှ၊ ကာကွယ်ပေးနေပါတယ်၊ 00:00:53.655 --> 00:00:58.641 တနည်း၊ ပိုပြီး တိကျအောင် ပြောရရင်၊ သီးနှံတွေကို အာမခံပေးနေပါတယ်။ 00:00:58.641 --> 00:01:01.090 ကျွန်မဟာ အင်ဒိုနီရှားနိုင်ငံမှာ ဆေးရုံတွေကို ဆောက်လုပ်ခဲ့တဲ့ 00:01:01.090 --> 00:01:03.241 မစ်ရှင်အဖွဲ့မိသားစုမှ ဆင်းသက်လာသူပါ၊ 00:01:03.241 --> 00:01:05.518 ကျွန်မ ဖခင်ဟာ စိတ္တဇရောဂါကု ဆေးရုံကို 00:01:05.518 --> 00:01:06.774 တန်ဇာနီယားမှာ ဆောက်ခဲ့ပါတယ်။ 00:01:06.774 --> 00:01:09.875 ဒါကတော့ ကျွန်မ ငါးနှစ်အရွယ်တုန်းက ဆေးရုံရှေ့မှာ ရပ်နေတာပါ။ 00:01:09.875 --> 00:01:12.196 ကျွန်မဟာ ကြီးလာရင် အာမခံတွေကို ရောင်းမှာကို 00:01:12.196 --> 00:01:15.162 အဲဒီုတုန်းက သူတို့ ဘယ်လိုမှာမှ စိတ်ကူးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ (ရယ်မောသံများ) 00:01:15.162 --> 00:01:18.203 အခု ခင်ဗျားတို့အားလုံးကို ဖြစ်ပျက်လာခဲ့ပုံကို ပြောပြချင်ပါတယ်။ 00:01:18.203 --> 00:01:19.920 ၂၀၀၈ ခုနှစ်မှာ ကျွန်မဟာ 00:01:19.920 --> 00:01:22.204 ရဝမ်ဒါ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်နေခဲ့ပါတယ်၊ 00:01:22.204 --> 00:01:24.200 ကျွန်မ အကြီးအကဲဟာ ဝန်ကြီးအဖြစ် 00:01:24.200 --> 00:01:25.607 တင်မြှောက်ခံခဲ့ရတဲ့ အချိန် ဖြစ်ခဲ့ပါတယ်။ 00:01:25.607 --> 00:01:27.495 သူဟာ သူ့နိုင်ငံထဲမှာ အစိမ်းရောင် တော်လှန်ရေး 00:01:27.495 --> 00:01:29.824 စီမံကိန်းကို စတင်ဖို့ စီမံလာခဲ့ပါတယ်၊ 00:01:29.824 --> 00:01:31.444 အဲဒီမတိုင်မီတုန်းက အထိဆိုရင်၊ ကျွန်မတို့ဟာ 00:01:31.444 --> 00:01:33.737 ဓာတ်မြေဩဇာတွေကို တန်ပေါင်းများစွာ နဲ့ မျိုးစေ့တွေကို နိုင်ငံခြားမှ တင်သွင်းနေခဲ့ကြပြီး 00:01:33.737 --> 00:01:36.462 လယ်သမားတွေကို အဲဒီ ဓာတ်မြေဩဇာတွေကို သုံးပုံနဲ့ 00:01:36.462 --> 00:01:37.997 စိုက်ပျိုးရပုံကို ရှင်းလင်းပြောပြခဲ့ကြပါတယ်။ 00:01:37.997 --> 00:01:39.890 အဲဒီနောက် မကြာမီမှာပဲ နိုင်ငံတကာငွေကြေးအဖွဲ့မှ 00:01:39.890 --> 00:01:42.603 ကိုယ်စားလှယ်တွေကို ကျွန်မတို့ဆီကို လာလည်ခဲ့ကြရာ၊ 00:01:42.603 --> 00:01:44.133 ကျွန်မ ဝန်ကြီးကို မေးလိုက်ကြတာက၊ 00:01:44.133 --> 00:01:46.945 "ဝန်ကြီးခင်ဗျာ၊ လယ်သမားတွေကို ကူညီပေးချင်တာ၊ အစာရေစာ လုံခြုံမှု ရှိလာစေချင်တာ သိပ်ကောင်းပါတယ်၊ 00:01:46.945 --> 00:01:51.118 ဒါပေမဲ့ မိုးမရွာဘဲနေခဲ့ရင် ဘယ်လိုလုပ်မလဲ?" 00:01:51.118 --> 00:01:53.267 ကျွန်မ ဝန်ကြီးက ၀င့်ကြွားစွာနဲ့ 00:01:53.267 --> 00:01:55.281 အခိုင်အမာ ဖြေလိုက်ပုံက၊ 00:01:55.281 --> 00:01:59.871 "မိုးရွာဖို့အတွက် ကျွန်မ ဆုတောင်းပေးမှာပါ။" 00:01:59.871 --> 00:02:03.071 အဲဒီဆွေးနွေးပွဲဟာ အဲဒီမှာတင် ပြီးသွားခဲ့ပါတယ်။ 00:02:03.071 --> 00:02:05.225 အဲဒီက အပြန်လမ်းမှာ ဝန်ကြီးက ကျွန်မဘက်ကို လှည့်လိုက်ကာ 00:02:05.225 --> 00:02:07.306 "Rose၊ ရှင်ဟာ အမြဲတမ်း ဘဏ္ဍာရေးကို စိတ်ဝင်စားခဲ့သူပဲ၊ 00:02:07.306 --> 00:02:09.376 အာမခံ တစ်မျိုးမျိုးကို ရှာကြံကြည့်ပါလား။’’ ဆိုပြီး 00:02:09.376 --> 00:02:12.515 ပြောဆိုလာပါတယ်။ 00:02:12.515 --> 00:02:14.552 အဲဒီနောက်မှာ ယခုဆိုရင် ခြောက်နှစ်ကြာသွားပါပြီ၊ 00:02:14.552 --> 00:02:16.542 နောက်ဆုံးမှာတော့ ကျွန်မဟာ အတော်ကလေး ကံကောင်းနိုင်ခဲ့လို့ 00:02:16.542 --> 00:02:18.048 ကင်ညာ နဲ့ ရဝမ်ဒါ နိုင်ငံထဲက လယ်သမား ၁၈၅၀၀၀ ကျော်တို့ကို 00:02:18.048 --> 00:02:21.953 မိုးခေါင်မှုဘေးမှ အာမခံတွေကို စီမံပေးနိုင်ခဲ့တဲ့ 00:02:21.953 --> 00:02:23.890 အဖွဲ့ထဲမှာ ပါဝင်နေသူ တစ်ဦးဖြစ်ပါတယ်။ 00:02:23.890 --> 00:02:25.970 သူတို့ဟာ ပျမ်းမျှအားဖြင့် ဧကဝက်ရှိတဲ့ လယ်ကို ပိုင်ဆိုင်ခဲ့ကြကာ 00:02:25.970 --> 00:02:29.423 ပျမ်းမျှအားဖြင့် ပရီမီယံအဖြစ် နှစ်ယူရိုခန့် ပေးခဲ့ကြရပါတယ်။ 00:02:29.423 --> 00:02:31.800 အဲဒါဟာ မိုက်ခရိုခေါ် အသေးစားအာမခံမျိုးပါ။ 00:02:31.800 --> 00:02:33.855 လုပ်ရိုးလုပ်စဉ် အာမခံဆိုရင် ခုနကပြောခဲ့တဲ့ 00:02:33.855 --> 00:02:35.768 ပရီမီယံကြေး နှစ်ယူရိုဖြင့် အလုပ်မလုပ်ကြပါဘူး၊ 00:02:35.768 --> 00:02:38.675 အဲဒီလို လုပ်ရိုးလုပ်စဉ် အာမခံဟာ လယ်မြေတွေကို သွားကြည့်ရလို့ပါ။ 00:02:38.675 --> 00:02:40.617 ဥပမာ ဂျာမနီနိုင်ငံထဲက လယ်သမားဆီကို 00:02:40.617 --> 00:02:43.102 ရာသီ အစပိုင်းမှာ၊ အလယ်မှာ၊ ပြီးတော့ အဆုံးပိုင်းမှာ၊ 00:02:43.102 --> 00:02:45.589 အဲဒါ့အပြင် ဆုံးရှုံးမှု ရှိခဲ့ရင်၊ နစ်နာမှာကို ခန့်မှန်းဖို့အတွက် 00:02:45.589 --> 00:02:48.995 သွားပြီး လိုက်လံကြည့်ရပါတယ်။ 00:02:48.995 --> 00:02:52.130 အာဖရိက အလယ်ပိုင်းရှိ အသေးစား လယ်သမားရဲ့ ကိစ္စထဲမှာကျတော့၊ 00:02:52.130 --> 00:02:53.959 ခုနကလို သွားပြီး စစ်ဆေးကြည့်ရှုရတာမျိုးဟာ 00:02:53.959 --> 00:02:57.030 ဘယ်လိုမှ အကျိုးမရှိနိုင်ပါ။ 00:02:57.030 --> 00:03:00.871 အဲဒီလို သွားကြည့်မယ့်အစား၊ ကျွန်မတို့ နည်းပညာ နဲ့ အချက်အလက်တွေကို အားကိုးပါတယ်။ 00:03:00.871 --> 00:03:03.077 ဒီဂြိုဟ်တုဟာ တိမ်တွေ ရှိခဲ့သလား မရှိခဲ့ဘူးလားဆိုတာကို 00:03:03.077 --> 00:03:05.239 တိုင်းကြည့်ပါတယ်၊ 00:03:05.239 --> 00:03:06.407 အဲဒီလို တိုင်းကြည့်ရတာက၊ 00:03:06.407 --> 00:03:11.109 တိမ်တွေ ရှိနေခဲ့တယ်ဆိုရင်၊ မိုးအနည်းငယ် ရွာနိုင်လို့ပါ၊ 00:03:11.109 --> 00:03:12.808 တိမ်တွေ လုံးဝမရှိခဲ့ဘူး ဆိုရင်တော့၊ 00:03:12.808 --> 00:03:15.659 လက်တွေ့မှာ မိုးရွာနိုင်စရာ လုံးဝအကြောင်း မရှိနိုင်ပါ။ 00:03:15.659 --> 00:03:17.939 ဟောဒီပုံတွေကျတော့ မိုးရာသီ အလားအလာကို ပြနေပါတယ်၊ 00:03:17.939 --> 00:03:19.794 ကင်ညာနိုင်ငံရဲ့ လက်ရှိရာသီအတွက်ပါ။ 00:03:19.794 --> 00:03:21.830 မတ်လ ၆ ရက် တစ်ဝိုက်အခြေအနေကို မြင်ကြတယ် မဟုတ်လား၊ 00:03:21.830 --> 00:03:24.935 တိမ်တွေ အထဲကိုဝင်လာကြတဲ့ နောက်မှာ ပျောက်သွားကြတယ်၊ 00:03:24.935 --> 00:03:26.963 အဲဒီနောက်ပိုင်း မတ်လ ၁၁ ရက် တစ်ဝိုက်မှာ 00:03:26.963 --> 00:03:30.213 တိမ်တွေ ပေါ်လာကြတာကို တကယ်ပါပဲ။ 00:03:30.213 --> 00:03:33.140 ဟိုဘက်မှာ၊ ပြီးတော့ ဟိုမှာမြင်ရတဲ့ တိမ်တွေဟာ 00:03:33.140 --> 00:03:36.028 ဒီနှစ် မိုးရာသီရဲ့ အလားအလာကို ပြသနေကြပါတယ်။ 00:03:36.028 --> 00:03:38.715 ဒီဂြိုဟ်တုဟာ အာဖရိက တစ်တိုက်လုံးကို လွှမ်းခြုံထားပါတယ်၊ 00:03:38.715 --> 00:03:41.632 ပြီးတော့ ၁၉၈၄ ခုနှစ်ကတည်းက ရှိလာခဲ့တာပါ၊ 00:03:41.632 --> 00:03:43.980 အဲဒီအချက်ဟာ အရေးပါပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ 00:03:43.980 --> 00:03:46.421 ဒေသ တစ်ခုမှာ မိုးခေါင်မှုကို ဘယ်နှစ်ကြိမ် 00:03:46.421 --> 00:03:48.370 ကြုံတွေ့ခဲ့ရသလဲ ဆိုတာကို သိထားတဲ့နောက်မှာ၊ 00:03:48.370 --> 00:03:50.200 အနာဂတ်မှာပါ မိုးခေါင်မှုရဲ့ အလားအလာ ဘယ်လောက်ရှိုနိင်ကြောင်းကို 00:03:50.200 --> 00:03:52.957 အတော်ကလေး တိကျစွာ ခန့်မှန်းလို့ ရနိုင်မှာမို့လို့၊ 00:03:52.957 --> 00:03:55.070 မိုးခေါင်မှုဆိုတဲ့ အန္တရာယ်ကို ကျွန်မတို့ဟာ 00:03:55.070 --> 00:03:57.760 ဈေးနှုန်းတံဆိပ်ကို တပ်ပေးလို့ ရနိုင်လာမှာပါ။ 00:03:57.760 --> 00:04:00.156 ဒါပေမဲ့ အဲဒီလို အချက်အလက်တွေကိုယ်၌ဟာ မလုံလောက်ပါဘူး။ 00:04:00.156 --> 00:04:02.641 ကျွန်မတို့ဟာ လယ်ယာစိုက်ပျိုးရေး အယ်လဂိုရီသမ် ဆိုတာကို ပြုစုထားပါတယ် 00:04:02.641 --> 00:04:06.335 သီးနှံတစ်ခုခုအတွက် မိုးဘယ်လောက်လိုတယ်၊ ဘယ်အချိန်မှာ လိုတယ် ဆိုတာသိနိုင်ပါတယ်။ 00:04:06.335 --> 00:04:08.749 ဥပမာ၊ ပြောင်းကို စိုက်တဲ့ အချိန်မှာ 00:04:08.749 --> 00:04:11.144 လယ်သမားတွေ စိုက်ပျိုးနေစဉ်၊ 00:04:11.144 --> 00:04:13.000 မိုးနှစ်ရက် ရွာပေးရန် လိုပါတယ်၊ 00:04:13.000 --> 00:04:15.194 အဲဒီနောက်မှာတော့ နှစ်ပတ်တိုင်းမှာ တစ်ကြိမ်ရွာပေးမှသာ 00:04:15.194 --> 00:04:17.673 မျိုးစေ့ဟာ စနစ်တကျ အညှောင့်ထွက်လာမှာပါ။ 00:04:17.673 --> 00:04:20.998 အဲဒီနောက်မှာ ကျွန်မတို့ဟာ သုံးပတ်တစ်ကြိမ် မိုးရွာပေးဖို့လိုပါတယ်၊ 00:04:20.998 --> 00:04:23.901 အဲဒီလိုရွာပေးမှသာ သီးပင်ဟာ အရွက်တွေ ထွက်လာပါမယ်၊ 00:04:23.901 --> 00:04:26.667 တစ်ဖန်၊ ပန်းတွေပွင့်လာဖို့အတွက် မိုးမကြာခဏ ရွာပေးဖို့ လိုပါမယ်၊ 00:04:26.667 --> 00:04:30.527 ဆယ်ရက်တိုင်းမှာ တစ်ကြိမ် ရွာပေးရင် ပြောင်းရိုးတွေ ပေါ်ထွန်းလာမှာပါ။ 00:04:30.527 --> 00:04:32.032 ရာသီအကုန်ပိုင်းတွင် 00:04:32.032 --> 00:04:34.244 တကယ်တော့ မိုးမရွာဘဲ နေရင် ကျွန်မတို့အတွက် ကောင်းမှာပါ၊ 00:04:34.244 --> 00:04:37.795 မိုးရွာမယ်ဆိုရင် ပြောင်းဖူးတွေကို ထိခိုက်ပျက်စီးစေနိုင်လို့ပါ။ 00:04:37.795 --> 00:04:41.150 အဲဒီလို အချက်အလက်တွေကို ပြုစု အကြံပေးရတာဟာ ခက်ခဲတာမှန်ပေမဲ့၊ 00:04:41.150 --> 00:04:43.046 ဒါပေမဲ့၊ လက်တွေ့ လုပ်ကိုင်ရာမှာ အခက်ဆုံး စိန်ခေါ်မှုက 00:04:43.046 --> 00:04:47.574 အာမခံကို ရောင်းရတဲ့ အလုပ်ပဲ ဖြစ်ခဲ့ပါတယ်။ 00:04:47.574 --> 00:04:50.061 ကျွန်မတို့ဟာ ပထမဦးဆုံး ရာသီအပြီးမှာ 00:04:50.061 --> 00:04:54.061 စုစုပေါင်း လယ်သမား ၅၀၀ တို့ကို အာမခံပေးကြမယ်လို့ ကျွန်မတို့ လျာခဲ့ကြပါတယ်။ 00:04:54.061 --> 00:04:56.631 နှစ်ကြာ ကြိုးစားခဲ့တဲ့ နောက်မှာ 00:04:56.631 --> 00:04:58.450 ကျွန်မတို့ဟာ အားလုံးပေါင်း 00:04:58.450 --> 00:05:02.108 လယ်သမား ၁၈၅ ဦးကိုသာ အာမခံရောင်းနိုင်ခဲ့ကြပါတယ်။ 00:05:02.108 --> 00:05:05.030 ကျွန်မဟာ စိတ်ပျက်သွားကာ ဘာလုပ်ရမှန်း မသိခဲ့ပါ။ 00:05:05.030 --> 00:05:06.684 လယ်သမားတွေအတွက် အာမခံဟာ သိပ်အရေးကြီးတယ်ဆိုပြီး 00:05:06.684 --> 00:05:09.267 လူတိုင်း ကျွန်မကို ပြောလာခဲ့ကြပါတယ်၊ 00:05:09.267 --> 00:05:12.264 ဒါပေမဲ့ ကျွန်မတို့ရဲ့ အဓိကရ လယ်သမားတွေဟာ မဝယ်ကြပါ။ 00:05:12.264 --> 00:05:14.928 ရှေ့ဆက်ပြီး ဘယ်လိုများ ဖြစ်လာမလဲ ဆိုတာကို သူတို့ စောင့်ကြည့်လိုခဲ့ကြပါတယ်၊ 00:05:14.928 --> 00:05:17.677 သူတို့ဟာ အာမခံကုမ္ပဏီတွေကို မယုံကြည့်ခဲ့ကြပါ၊ 00:05:17.677 --> 00:05:19.963 ပြီးတော့၊ "ငါနှစ်ပေါင်း များစွာကြာအောင် လုပ်ကိုင်လာခဲ့တဲ့ဟာပဲ၊ 00:05:19.963 --> 00:05:23.720 အခုကျမှ ဘာဖြစ်လို့ အာမခံကို ဝယ်ရမှာလဲ?" တွေးခဲ့ကြပါတယ်။ 00:05:23.720 --> 00:05:26.102 ခင်ဗျားတို့ထဲက တော်တော်များများတို့က အသေးစားငွေချေးမှုဆိုတာကို သိကြပါတယ်၊ 00:05:26.102 --> 00:05:29.596 Muhammad Yunu မှ ရှေ့ဆောင်လျက် ဆင်းရဲတဲ့ ပြည်သူများအတွက် 00:05:29.596 --> 00:05:31.598 အသေးစား ချေးငွေတွေကို ထုတ်ပေးလာခဲ့တယ်၊ 00:05:31.598 --> 00:05:33.119 သူဟာ Grameen Bank ကို ထူထောင်ပြီး အဲဒီလိုလုပ်ကိုင်ခဲ့တာကြောင့် 00:05:33.119 --> 00:05:35.268 နိုဘယ်ဆုကိုတောင် ရရှိခဲ့ပါတယ်။ 00:05:35.268 --> 00:05:37.752 ဒါပေမဲ့ အသေးစားချေးငွေကို ထုတ်ပေးခြင်းဟာ 00:05:37.752 --> 00:05:41.153 အာမခံကို ရောင်းရတာနဲ့ မတူခြားနားတာကို တွေ့လာရပါတယ်။ 00:05:41.153 --> 00:05:45.038 ချေးငွေတစ်ခုအတွက် လယ်သမားဟာ ဘဏ်တစ်ခုမှ သူ့ကို ယုံကြည်ဖို့ လိုအပ်ပါတယ်၊ 00:05:45.038 --> 00:05:48.982 အဲဒီကိစ္စအောင်မြင်မယ်ဆိုရင်၊ ဘဏ်ဟာ သူ့ကို ငွေထုတ်ချေးပါမယ်။ 00:05:48.982 --> 00:05:51.091 အဲဒါဟာ စွဲမက်စရာကောင်းတဲ့ ကမ်းလှမ်းချက်ပါ။ 00:05:51.091 --> 00:05:54.337 အာမခံကိစ္စထဲမှာကျတော့၊ လယ်သမားကမှ 00:05:54.337 --> 00:05:55.879 အာမခံကုမ္ပဏီကို ယုံကြည်ဖို့ လိုအပ်ပါတယ်၊ 00:05:55.879 --> 00:05:59.103 ယုံကြည်မှသာ အာမခံကုမ္ပဏီကို ငွေပေးမှာပါ။ 00:05:59.103 --> 00:06:02.470 ကမ်းလှမ်းချက် တန်ဖိုးသဘောအရ သိပ်ကိုခြားနားတဲ့ အခြေအနေမျိုးပါ။ 00:06:02.470 --> 00:06:05.159 အဲဒါကြောင့်မို့လို့ အာမခံကို မှာယူမှုနှုန်းဟာ နှေးခဲ့ပါတယ်၊ 00:06:05.159 --> 00:06:07.735 ၂၀၁၂ ခုနှစ်ထဲမှာ အာမခံကို ဝယ်ယူခဲ့ကြသူ 00:06:07.735 --> 00:06:10.288 အာဖရိက တစ်တိုက်လုံးမှာ ၄.၄ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်၊ 00:06:10.288 --> 00:06:12.280 ပြီးတော့ အဲဒါရဲ့ တစ်ဝက်ဟာ တောင်အာဖရိက 00:06:12.280 --> 00:06:14.323 တစ်နိုင်ငံထဲမှ ဖြစ်ခဲ့ပါတယ်။ 00:06:14.323 --> 00:06:15.970 ကျွန်မတို့ဟာ အာမခံတွေကို လယ်သမားများအား တိုက်ရိုက် ရောင်းဖို့ 00:06:15.970 --> 00:06:18.421 နှစ်အနည်းငယ်ကြာ ကြိုးစားခဲ့ကြရာ 00:06:18.421 --> 00:06:20.420 အကုန်အကျ သိပ်မြင့်မားခဲ့ပေမဲ့ 00:06:20.420 --> 00:06:23.506 အောင်မြင်မှုဟာ တော်ရုံမျှသာ ရှိခဲ့ပါတယ်။ 00:06:23.506 --> 00:06:25.460 အဲဒီနောက်မှာ လယ်သမားတွေနဲ့ အလုပ်လုပ်နေကြတဲ့ 00:06:25.460 --> 00:06:28.169 အဖွဲ့အစည်းတွေ မနည်းကြီး၊ မျိုးစေ့ကုမ္ပဏီတွေ အသေးစား ချေးငွေ ကုမ္ပဏီတွေ၊ 00:06:28.169 --> 00:06:31.606 မိုဘိုင်းဖုန်း ကုမ္ပဏီတွေ 00:06:31.606 --> 00:06:33.552 အစိုးရအေဂျင်စီတွေ 00:06:33.552 --> 00:06:34.874 ရှိနေတာကို စဉ်းစားမိပါတယ်။ 00:06:34.874 --> 00:06:37.624 ၎င်းတို့အားလုံးဟာ လယ်သမားတွေကို ချေးငွေများ ထုတ်ပေးနေခဲ့ကြပါတယ်၊ 00:06:37.624 --> 00:06:40.246 မကြာခဏဆိုသလို၊ ချေးငွေကို နောက်ဆုံး ထုတ်မပေးခင်မှာ 00:06:40.246 --> 00:06:42.346 လယ်သမားတွေက 00:06:42.346 --> 00:06:44.498 "မိုးမရွာဘဲ နေခဲ့ရင် ဘယ်လိုဖြစ်မလဲ? 00:06:44.498 --> 00:06:47.965 ကျွန်တော်တို့ဟာ ချေးငွေကို ဘယ်လိုလုပ် ပေးနိုင်ပါ့မလဲ?" မေးကြပါတယ်။ 00:06:47.965 --> 00:06:50.042 အဲဒီလို အဖွဲ့အစည်း တော်တော်များတို့က 00:06:50.042 --> 00:06:51.660 အဲဒီလို အန္တရာယ်ကို မိမိဘာသာမိမိ ယူခဲ့ကြပါတယ်၊ 00:06:51.660 --> 00:06:53.628 အဲဒီနှစ်ဟာ အဆိုးဆုံးနှစ်ဖြစ်မှာ မဟုတ်ဘူး 00:06:53.628 --> 00:06:55.990 ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ 00:06:55.990 --> 00:06:57.433 အဲဒီ အဖွဲ့အစည်း အများစုတို့ဟာ 00:06:58.876 --> 00:07:00.319 လယ်ယာစိုက်ပျိုးရေးဆိုငရာ သူတို့ရဲ့ လုပ်ငန်းတွေကို အကန့်အသတ်ဖြင့် လုပ်ခဲ့ကြပါတယ်။ 00:07:00.319 --> 00:07:02.991 ၎င်းတို့ဟာ အဲဒီလို အန္တရာယ်မျိုးကို မယူလိုခဲ့ကြပါ။ 00:07:02.991 --> 00:07:06.714 အဲဒီအဖွဲ့အစည်းတွေဟာ ကျွန်မတို့ရဲ့ ဖောက်သည်တွေ ဖြစ်လာကြပါတယ်၊ 00:07:06.714 --> 00:07:09.913 ငွေထုတ်ပေးခြင်း နဲ့ အာမခံကို ပေါင်းလိုက်တဲ့တအခါမှာ 00:07:09.913 --> 00:07:12.632 စိတ်ဝင်စားစရာ အရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ 00:07:12.632 --> 00:07:16.020 ကျွန်မဟာ နောက်ဖြစ်ရပ် တစ်ခုကို ပြောပြပါရစေ။ 00:07:16.020 --> 00:07:19.870 ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလရဲ့ အစပိုင်းမှာ၊ ကင်ညာနိုင်ငံရဲ့ အနောက်ပိုင်းတွင်၊ 00:07:19.870 --> 00:07:22.869 မိုးစရွာလာခဲ့ရာ၊ စောပြီး ရွာလာခဲ့ပါတယ်၊ 00:07:22.869 --> 00:07:25.940 မိုးဟာ စောပြီးရွာလာရင်၊ လယ်သမားတွေဟာ အားတက်လာကြပါတယ်၊ 00:07:25.940 --> 00:07:29.506 ပုံမှန်အားဖြင့် ရာသီကောင်းမယ် ဆိုတာရဲ့ နမိတ်လက္ခဏာမို့လို့ပါ။ 00:07:29.506 --> 00:07:32.262 အဲဒါနဲ့ သူတို့ဟာ ချေးငွေတွေကို ထုတ်ယူကြပြီး စိုက်ပျိုးခဲ့ကြပါတယ်။ 00:07:32.262 --> 00:07:33.752 အဲဒီ နောက်သုံးပတ်ကြာ 00:07:33.752 --> 00:07:36.060 မိုးတစ်စက်မှာမှ မရွာခဲ့ပါဘူး၊ 00:07:36.060 --> 00:07:38.624 အညှောင့်တွေ ကောင်းကောင်း ထွက်လာနေခဲ့တဲ့ 00:07:38.624 --> 00:07:41.937 ခြောက်သွားလျက် သေသွားကြပါတယ်။ 00:07:41.937 --> 00:07:44.692 ကျွန်မတို့ဟာ ထုတ်ပေးခဲ့တဲ့ ချေးငွေတွေကို 00:07:44.692 --> 00:07:45.812 အသေးစား ချေးငွေဌာန တစ်ခုမှာ အာမခံထားခဲ့ပါတယ်၊ 00:07:45.812 --> 00:07:49.360 အဲဒီဒေသထဲက လယ်သမား ၆၀၀၀ တို့အတွက် ဖြစ်ခဲ့ပါတယ်၊ 00:07:49.360 --> 00:07:50.650 ဒါနဲ့ ကျွန်မတို့က သူတို့ကို ခေါ်ယူကာ 00:07:50.650 --> 00:07:52.350 "မိုးခေါင်ခဲ့တာကို ကျွန်မတို့ သိပါတယ်။ 00:07:52.350 --> 00:07:54.014 ဒါကြောင့် ကျွန်မတို့ ခင်ဗျားတို့ကို ခေါ်ယူခဲ့တာပါ။ 00:07:54.014 --> 00:07:58.327 ခင်ဗျားတို့ကို ရာသီကုန်သွားချိန်မှာ ယူရိုငွေ ၂၀၀ ၀၀၀ ပြန်ထုတ်ပေးကြပါမယ်။" 00:07:58.327 --> 00:08:00.126 သူတို့က၊ "ဟုတ်လား၊ သိပ်ကောင်းလိုက်တာ၊ 00:08:00.126 --> 00:08:02.252 ဒါပေမဲ့ အဲဒီလိုဆိုရင် နောက်ကျသွားမယ်။ 00:08:02.252 --> 00:08:04.435 ခင်ဗျားတို့ အဲဒီငွေကို အခုများ ပေးနိုင်မလား? မေးကြပါတယ်။ 00:08:04.435 --> 00:08:06.865 အဲဒီလိုဆိုရင် အဲဒီလယ်သမားတွေဟာ ထပ်ပြီး ပြန်စိုက်နိုင်မှာမို့လို့ 00:08:06.865 --> 00:08:10.442 ဒီရာသီထဲမှာကို နောက်တစ်သီး ရိတ်သိမ်းနိုင်ကြပါမယ်။" 00:08:10.442 --> 00:08:12.523 အဲဒါနဲ့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ အာမခံ လုပ်ကိုင်ဖေါ်တွေကို နားချနိုင်ခဲ့ကြလို့၊ 00:08:12.523 --> 00:08:15.898 နောက်ပိုင်း ဧပြီလထဲမှာ၊ အဲဒီလယ်သမားတွေဟာ ပြန်ပြီး စိုက်နိုင်ခဲ့ကြပါတယ်။ 00:08:15.898 --> 00:08:18.692 ကျွန်မတို့ဟာ အဲဒီလို ပြန်လည်စိုက်ပျိုးရေး စိတ်ကူးကို မျိုးစေ့ကုမ္ပဏီ တစ်ခုဆီကို ပြောပြပြီး 00:08:18.692 --> 00:08:20.802 မျိုးစေ့အိတ်တိုင်းရဲ့ တန်ဖိုးထဲကို အာမခံ ကုန်ကျစရိတ်ကို 00:08:20.802 --> 00:08:22.941 ထည့်ပြီးတွက်ယူရန် နားချနိုင်ခဲ့ပါတယ်၊ 00:08:22.941 --> 00:08:24.920 ပြီးတော့ အဲဒီအိတ်တိုင်းထဲကို၊ ကျွန်မတို့ဟာ ကဒ်တစ်ခုစီထည့်ပေးလိုက်ရာ 00:08:24.920 --> 00:08:26.494 အဲဒီမှာ နံပါတ်တစ်ခုစီ ပါခဲ့ပါတယ်၊ 00:08:26.494 --> 00:08:28.476 လယ်သမားတွေက ၎င်းတို့ကို ဖွင့်လိုက်တဲ့အခါမှာ၊ 00:08:28.476 --> 00:08:30.477 အဲဒီ နံပါတ်ကို ကျွန်မတို့ဆီ စာတိုဖြင့် ပြန်ပို့ရပါတယ်၊ 00:08:30.477 --> 00:08:31.850 အဲဒီနံပါတ်ဟာ လက်တွေ့မှာကျတော့ အဲဒီလယ်သမား တည်နေရာကို 00:08:31.850 --> 00:08:33.225 ရှာဖွေဖေါ်ထုတ်နိုင်အောင် ကူပေးပါမယ်၊ 00:08:33.225 --> 00:08:36.349 သူတို့ကို ဂြိုဟ်တုမြေပုံပေါ်မှာ မှတ်ပေးနိုင်မှာပါ။ 00:08:36.349 --> 00:08:38.890 အဲဒီဂြိုဟ်တုဟာ လာမယ့် သုံးပတ်ကာလအတွက် 00:08:38.890 --> 00:08:40.424 မိုးရေကို တိုင်းထွာယူပါမယ်၊ 00:08:40.424 --> 00:08:42.154 တကယ်လို့ မိုးမရွာခဲ့ဘူးဆိုရင်၊ 00:08:42.154 --> 00:08:45.560 ကျွန်မတို့ဟာ သူတို့ကို မျိုးစေ့တွေကို အစားထိုး ထုတ်ပေးကြပါမယ်။ 00:08:45.560 --> 00:08:46.800 ပထမဦးဆုံး တစ်ယောက်ဟာ — 00:08:46.800 --> 00:08:52.023 (လက်ခုပ်တီးသံများ) — ခဏလေး၊ ကျွန်မ မပြီးသေးပါဘူး! 00:08:52.023 --> 00:08:55.180 အဲဒီလို ပထမဦးဆုံး အစားထိုးထုတ်ပေးတဲ့ အာမခံကို ရရှိလိုက်သူမှာ 00:08:55.180 --> 00:08:57.396 Bosco Mwinyi ပဲ ဖြစ်ခဲ့ပါတယ်။ 00:08:57.396 --> 00:09:00.087 ကျွန်မတို့ဟာ သူ့စိုက်ခင်းကို ဩဂုတ်လ နောက်ပိုင်းမှာ သွားကြည့်ခဲ့ကြတော့၊ 00:09:00.087 --> 00:09:03.643 သူက သူ့ရဲ့ သီးနှံရလဒ်တွေကို ကျွန်မတို့အား ပြသတုန်းမှာ 00:09:03.643 --> 00:09:06.107 ပြုံးနေတဲ့ သူရဲ့ မျက်နှာကို ခင်ဗျားတို့ကို ပြပေးချင်ပါတယ်၊ 00:09:06.107 --> 00:09:07.740 အဲဒါက ကျွန်မရဲ့ နှလုံးသားကို နွေးထွေးသွားစေခဲ့ပါတယ်၊ 00:09:07.740 --> 00:09:09.678 ကျွန်မက ရောင်းဖို့ ကြိုးစားနေတဲ့ သီးနှံများအတွက် အာမခံဟာ 00:09:09.678 --> 00:09:12.388 ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်နိုင်တာကို ယုံကြည်လာစေလို့ပါ။ 00:09:12.388 --> 00:09:13.936 သူက သူရဲ့ စိုက်ခင်းထဲက သီးနှံတွေအားလုံးကို ရိုက်ကူးရန် မရမက တောင်းဆိုခဲ့လို့ 00:09:13.936 --> 00:09:16.890 အားလုံးကို ရိုက်ယူနိုင်အောင် 00:09:16.890 --> 00:09:20.753 ကျွန်မတို့ဟာ မှန်ဘီလူးကို ချုံ့ပြီး ရိုက်ခဲ့ရပါတယ်။ 00:09:20.753 --> 00:09:23.982 အဲဒီရာသီတုန်းက အာမခံဟာ သူ့ရဲ့သီးနှံတွေကို အာမခံပေးနိုင်ခဲ့ပါတယ်၊ 00:09:23.982 --> 00:09:26.502 ဒီနေ့တွင် အာဖရိက လယ်သမားတွေကို 00:09:26.502 --> 00:09:29.685 သူတို့ကံကြမ္မာရဲ့ ပိုင်ရှင်တွေ ဖြစ်လာနိုင်အောင် ထိန်းချုပ်ခွင့် ပေးနိုင်တဲ့ 00:09:29.685 --> 00:09:32.452 ကိရိယာတွေအားလုံး ကျွန်မတို့ဆီမှာ ရှိနေပြီလို့ ယုံကြည်ပါတယ်။ 00:09:32.452 --> 00:09:33.951 သီးနှံ တစ်ပြည်တည်း ထွက်တဲ့ နှစ်တွေ နောက်ထပ် မရှိနိုင်ပါ။ 00:09:33.951 --> 00:09:37.289 အဲဒီအစား၊ ယုတ်စွအားဖြင့်၊ အာမခံများရဲ့ နှစ်ကို၊ 00:09:37.289 --> 00:09:39.945 ဒါမှမဟုတ် အသီးအနှံ အများဆုံးထွက်တဲ့နှစ်ကို 00:09:39.945 --> 00:09:42.648 ကျွန်မတို့ မြင်တွေ့ကြရဖို့ ရှိနေပါတယ်။ 00:09:42.648 --> 00:09:45.850 ကျေးဇူးတင်ပါတယ်။ 00:09:45.850 --> 00:09:47.464 (လက်ခုပ်တီးသံများ)