1 00:00:00,190 --> 00:00:01,720 ကူးစက်ရောဂါတွေ အကြောင်း ပြောရမှာလား။ 2 00:00:01,720 --> 00:00:03,212 ကူးစက်ရောဂါတွေဟာ အခုထက်ထိကို 3 00:00:03,212 --> 00:00:04,704 လူသားတွေရဲ့ ဒုက္ခများနဲ့ သေကြေရမှုရဲ့ 4 00:00:04,704 --> 00:00:06,925 အဓိက အကြောင်းရင်း တခုပါပဲ။ 5 00:00:06,925 --> 00:00:09,146 နှစ်စဉ်နှစ်တိုင်း၊ သန်းနဲ့ခီတဲ့လူတွေဟာ 6 00:00:09,146 --> 00:00:10,668 ကမ္ဘာပေါ်မှာ အမေရိကန် ပြည်ထောင်စုထဲမှာတောင်၊ 7 00:00:10,668 --> 00:00:12,190 တီဘီ၊ ငှက်ဖျား၊ HIV တို့လို့ 8 00:00:12,190 --> 00:00:13,899 ရောဂါတွေကြောင့်သေနေကြရပါတယ်။ 9 00:00:13,899 --> 00:00:15,608 နှစ်စဉ် ထောင်နဲ့ချီတဲ့အမေရိကန်ပြည်သူ တွေဟာ 10 00:00:15,608 --> 00:00:16,896 တုပ်ကွေးကြောင့် သေကြရပါတယ်။ 11 00:00:16,896 --> 00:00:18,184 ဒါပေမဲ့ လူသားဆိုတာဖန်တီးကြံ ဆနိုင်ပါတယ် 12 00:00:18,184 --> 00:00:19,722 ၊ဟုတ်တယ် မဟုတ်လား။ 13 00:00:19,722 --> 00:00:21,260 ကျွန်တော်တို့ဟာ အဲဒီလို ရောဂါတွေကနေ ကာကွယ်ရေး 14 00:00:21,260 --> 00:00:22,799 နည်းလမ်းတွေကို ရှာနိုင်ခဲ့ကြပါတယ်။ 15 00:00:22,799 --> 00:00:24,104 ကျွန်တော်တို့ဆီမှာ ဆေးတွေ နဲ့ ကာကွယ်ဆေးတွေ ရှိပါတယ်။ 16 00:00:24,104 --> 00:00:27,489 ပြီးတော့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံများမှ သင်ယူနိုင်ကြကာ 17 00:00:27,489 --> 00:00:29,153 ဖြေရှင်းနည်းတွေကို ရှာကြံနိုင်ကြပါတယ်။ 18 00:00:29,153 --> 00:00:30,817 အဲဒီလို ရှာကြံသူတွေဟာ ကျွန်တော်တို့ဟာ တယောက်တည်း 19 00:00:30,817 --> 00:00:32,481 မဟုတ်တာ အခုသိလာရပါပြီ။ 20 00:00:32,481 --> 00:00:34,222 ကုသပေးနိုင်တာ ကျွန်တော်တို့တင် မကပါဘူး။ 21 00:00:34,222 --> 00:00:35,963 တိရိစ္ဆာန် တော်တော်များတို့ကပါ ကုသနိုင်ကြတာကို 22 00:00:35,963 --> 00:00:37,706 ကျွန်တော်တို့ အခု သိနေကြပါပြီ။ 23 00:00:37,706 --> 00:00:39,330 အထင်ရှားဆုံးမှာ မျောက်ဝံတွေ ဖြစ်ပုံရပါတယ်။ 24 00:00:39,330 --> 00:00:40,785 ကျွန်တော်တို့နဲ့ သိပ်မခြားနားကြတဲ့ သူတို့ဟာ၊ 25 00:00:40,785 --> 00:00:42,240 အူတွင်းက ကပ်ပါးကောင်တွေမှ ကုသဖို့ 26 00:00:42,240 --> 00:00:43,874 အပင်တွေကို သုံးနိုင်ကြပါတယ်။ 27 00:00:43,874 --> 00:00:45,508 နောက်ဆုံး ဆယ်စုနှစ် အနည်းငယ်အတွင်း အခြားသော 28 00:00:45,508 --> 00:00:47,179 တိရိစ္ဆာန်များကပါ ကုစားနိုင်တာကို သိလာရပါတယ်၊ 29 00:00:47,179 --> 00:00:48,850 ဆင်တွေ၊ ဖြူတွေ၊ သိုးတွေ၊ ဆိတ်တွေ စသဖြင့် 30 00:00:48,850 --> 00:00:50,620 ကျွန်တော်တို့ သိတာတွေ အများကြီးပါ။ 31 00:00:50,620 --> 00:00:52,390 အဲဒီထက်ကို ပိုတာက ဦးနှောက်သေးသေးလေး 32 00:00:52,390 --> 00:00:54,161 ရှိကြတဲ့ အင်းဆက်ကောင်တွေနဲ့ 33 00:00:54,161 --> 00:00:59,603 တချို့ တိရိစ္ဆာန်တွေပါ ကုစားနိုင်ကြတာကို သိရှိလာရပါတယ်။ 34 00:00:59,603 --> 00:01:02,132 ကူးစက်ရောဂါတွေနဲ့ ပတ်သက်လာရင် ပြဿနာက ဘာလဲဆိုတော့၊ 35 00:01:02,132 --> 00:01:04,081 ရောဂါပစ္စယတွေဟာ ဆင့်ကဲဖွံဖြိုးနေကြလို့ 36 00:01:04,081 --> 00:01:06,317 ကျွန်တော်တို့ ပြုစုထားကြတဲ့ ဆေးတသီကြီးတို့ဟာ 37 00:01:06,317 --> 00:01:08,281 ထိရောက်မှု နည်းနည်းလာနေခြင်းပါပဲ။ 38 00:01:08,281 --> 00:01:10,245 အဲဒါကြောင့်မို့လို့၊ ကျွန်တော်တို့ရဲ့ ကူးစက်ရောဂါတွေကို 39 00:01:10,245 --> 00:01:11,534 တိုက်ဖျက် သုံးနိုင်မယ့် 40 00:01:11,534 --> 00:01:12,823 ဆေးအသစ်တွေကို ရှာကြံရေးဟာ အဓိက လိုအပ်ချက် 41 00:01:12,823 --> 00:01:14,104 တရပ်ဖြစ်လာပါတယ်။ 42 00:01:14,104 --> 00:01:15,385 အခုတော့ ကျွန်တော်တို့ဟာ အခုနက ပြောခဲ့တဲ့ 43 00:01:15,385 --> 00:01:16,857 တိရိစ္ဆာန်တွေကို လေ့လာပြီး 44 00:01:16,857 --> 00:01:18,329 ကျွန်တော်တို့ရဲ့ ရောဂါတွေကို ဘယ်လို ကုစားရမယ် 45 00:01:18,329 --> 00:01:20,429 ဆိုတာကို သူတို့ထံမှ သင်ယူရန် လိုလာပါပြီ။ 46 00:01:20,429 --> 00:01:22,529 ဇီဝဗေဒ ပညာရှင် အနေနဲ့ ကျွန်တော်ဟာ 47 00:01:22,529 --> 00:01:24,631 ဧကရာဇ်လိပ်ပြာကို ၁၀ နှစ်ကျော် လေ့လာလာခဲ့ပါတယ်။ 48 00:01:24,631 --> 00:01:26,790 အခုတော့ အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါ နိုင်ငံများမှနေပြီး 49 00:01:26,790 --> 00:01:28,949 မက်ဆီကိုကို နှစ်စဉ် ကူးလူးသွားလာနေကြလို့ 50 00:01:28,949 --> 00:01:31,109 ဧကရာဇ် လိပ်ပြာတွေဟာ နာမည်ကြီးလာကြရာ၊ 51 00:01:31,109 --> 00:01:32,626 သန်းချီ အတူတူ ပျံသန်းရောက်ရှိလာနေကြပါတယ်။ 52 00:01:32,626 --> 00:01:34,143 ဒါပေမဲ့ ကျွန်တော် ၎င်းတို့ကို စလေ့လာလာတာ 53 00:01:34,143 --> 00:01:35,445 အဲဒါကြောင့် မဟုတ်ပါ။ 54 00:01:35,445 --> 00:01:36,747 ကျွန်တော် ဧကရာဇ် လိပ်ပြာတွေကို လေ့လာနေတာက 55 00:01:36,747 --> 00:01:38,002 သူတို့ပါ ဖျားနာကြလို့ပါ။ 56 00:01:38,002 --> 00:01:39,257 ၄င်းတို့ဟာ ခင်ဗျားတို့လို၊ ကျွန်တော်လို 57 00:01:39,257 --> 00:01:40,513 ဖျားနာတတ်ကြပါတယ်။ 58 00:01:40,513 --> 00:01:42,146 ပြီးတော့ သူတို့ လုပ်ကိုင်ကြပုံကို ကြည့်ခြင်းဖြင့် 59 00:01:42,146 --> 00:01:43,779 ကျွန်တော်တို့ လူသားတို့အတွက် ဆေးဝါးတွေကို 60 00:01:43,779 --> 00:01:45,135 ပြုစုနိုင်ကြမယ် ထင်ပါတယ်။ 61 00:01:45,135 --> 00:01:46,491 ကျွန်တော် လေ့လာနေတဲ့ လိပ်ပြာတွေ 62 00:01:46,491 --> 00:01:47,847 ကူးစက်ကြတဲ့ ကပ်ပါးကောင်တွေကို 63 00:01:47,847 --> 00:01:51,726 ophryocystis elektroscirrha လို့ခေါ်ပါတယ်။ 64 00:01:51,726 --> 00:01:53,492 အဲဒီအကောင်တွေဟာ မျိုးမှုန်တွေကို 65 00:01:53,492 --> 00:01:55,415 လိပ်ပြာရဲ့ အပြင်ပိုင်းမှာ သန်းချီ ထုတ်လုပ်ကြပါတယ်၊ 66 00:01:55,415 --> 00:01:57,338 ၎င်းတို့ကို လိပ်ပြာ ကြေးခွံများ အကြားမှာ သေးငယ်တဲ့ 67 00:01:57,338 --> 00:01:59,261 အစက်များအဖြစ် မြင်နိုင်ပါတယ်။ 68 00:01:59,261 --> 00:02:01,619 အဲဒါဟာ ဧကရာဇ် လိပ်ပြာကို တကယ့်ကို ထိခိုက်နာကျင်စေပါတယ်။ 69 00:02:01,619 --> 00:02:03,267 ၎င်းတို့ဟာ သူတို့ရဲ့ သက်တမ်းကို တိုလာစေကာ 70 00:02:03,267 --> 00:02:05,372 ပျံသန်းနိုင်စွမ်းကို လျှော့ချပစ်တယ်၊ 71 00:02:05,372 --> 00:02:07,879 ၎င်းဟာ သူတို့ကို အရွယ်မရောက်မီ သတ်တောင်ပစ်နိုင်ပါတယ်။ 72 00:02:07,879 --> 00:02:09,891 သိပ်ကို အန္တရာယ်များတဲ့ ကပ်ပါးကောင်ပါ။ 73 00:02:09,891 --> 00:02:11,903 ကျွန်တော်ဟာ ဖန်အိမ်တွေထဲမှာ အပင်တွေကို 74 00:02:11,903 --> 00:02:13,916 ပျိုးထောင်ရင်း အချိန်ဖြုန်းရတာများပါတယ်၊ 75 00:02:13,916 --> 00:02:15,765 ဧကရာဇ် လိပ်ပြာတွေဟာ အရမ်းကို စားကြတာမို့လို့ပါ။ 76 00:02:15,765 --> 00:02:17,614 ၎င်းတို့ရဲ့ ပိုးလောက်ကောင်တွေဟာ ကျွဲကျောင်းမင်သေ 77 00:02:17,614 --> 00:02:19,259 အပင်တွေကို စားတတ်ကြတယ်။ 78 00:02:19,259 --> 00:02:20,904 ကံကောင်းချင်တော့ ၎င်းတို့ စားနိုင်ကြတဲ့ ကျွဲကျောင်းမင်သေ 79 00:02:20,904 --> 00:02:22,549 အမျိုးအစားတွေ အတော်ကလေးများပြီး 80 00:02:22,549 --> 00:02:24,905 အဲဒီ ကျွဲကျောင်းမင်သေတွေထဲမှာ cardenolides ဆိုတာ ရှိပါတယ်။ 81 00:02:24,905 --> 00:02:26,301 အဲဒါတွေဟာ အဆိပ်ပြင်းကြတဲ့ ဓာတုပစ္စည်းတွေပါ။ 82 00:02:26,301 --> 00:02:27,697 ၎င်းတို့ဟာ တိရိစ္ဆာန် အများစုအတွက် အဆိပ်ဖြစ်ပေမဲ့ 83 00:02:27,697 --> 00:02:28,903 အဲဒီလိပ်ပြာအတွက်တော့ မဟုတ်ပါ။ 84 00:02:28,903 --> 00:02:30,109 တကယ်ကျတော့၊ အဲဒီလိပ်ပြာတွေဟာ 85 00:02:30,109 --> 00:02:31,314 ခုနက ဓာတုပစ္စည်းတွေကို ယူလျက် 86 00:02:31,314 --> 00:02:32,519 သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို ထည့်ပေးခြင်းဖြင့် 87 00:02:32,519 --> 00:02:33,724 အဆိပ်သင့်စေနိုင်တယ်၊ 88 00:02:33,724 --> 00:02:36,003 သူတို့ကို စားကြတဲ့ ငှက်လို အကောင်များအတွက်ပေါ့လေ။ 89 00:02:36,003 --> 00:02:38,377 အဲဒီနောက်မှာ သူတို့ဟာ အဲဒီအဆိပ်ဓာတ်ကို 90 00:02:38,377 --> 00:02:40,398 သူတို့ရဲ့ လှပတဲ့ သတိပေးရေး အရောင်များမှတဆင့် 91 00:02:40,398 --> 00:02:42,381 လိမ္မော်ရောင်၊ အမည်း နဲ့ အဖြူရောင်များဖြင့် သတိပေးပါတယ်။ 92 00:02:42,381 --> 00:02:44,364 ဒီတော့ ကျွန်တော်ဟာ မှန်အိမ်တွေထဲမှာ 93 00:02:44,364 --> 00:02:46,348 အပင်တွေကို စိုက်ပျိုးပါတယ်၊ 94 00:02:46,348 --> 00:02:48,094 အပင်အမျိုးမျိုး ကျွဲကျောင်းမင်သေ အမျိုးမျိုးပါပဲ။ 95 00:02:48,094 --> 00:02:50,848 အပူပိုင်း ကျွဲကျောင်းမင်သေ အပါအဝင် တချို့တို့ဟာ အဆိပ်ရှိကြတယ်၊ 96 00:02:50,848 --> 00:02:54,137 ခုနက ပြောခဲ့တဲ့ cardenolide အများကြီးပါပဲ။ 97 00:02:54,137 --> 00:02:55,303 တချို့ကျတော့ အဆိပ်မရှိခဲ့ကြပါ။ 98 00:02:55,303 --> 00:02:56,469 ဒါနဲ့ ကျွန်တော်ဟာ ၎င်းတို့ကို 99 00:02:56,469 --> 00:02:57,732 ဧကရာဇ်လိပ်ပြာကို ကျွေးပါတယ်။ 100 00:02:57,732 --> 00:02:58,995 ဧကရာဇ် လိပ်ပြာ တချို့တို့ဟာ ကျန်းမာနေခဲ့ကြပြီး 101 00:02:58,995 --> 00:03:00,258 ဘာရောဂါမှ မရှိခဲ့ကြပါ။ 102 00:03:00,258 --> 00:03:01,857 ဒါပေမဲ့ တချို့ကျတော့ ဖျားနာနေခဲ့ကြပါတယ်၊ 103 00:03:01,857 --> 00:03:03,456 ကျွန်တော် တွေ့ရှိလာခဲ့တာက တချို့သော 104 00:03:03,456 --> 00:03:05,068 ကျွဲကျောင်းမင်သေတွေဟာ ဆေးဖက်ဝင်ပါတယ်၊ 105 00:03:05,068 --> 00:03:06,680 ၎င်းတို့ဟာ ဧကရာဇ် လိပ်ပြာရဲ့ ရောဂါလက္ခဏာတွေကို 106 00:03:06,680 --> 00:03:08,256 လျှော့ချပစ်နိုင်ခဲ့ကြပါတယ်၊ 107 00:03:08,256 --> 00:03:09,832 အဲဒါကြောင့်မို့လို့ အဲဒီဆေးဖက်ဝင် အပင်တွေနဲ့ 108 00:03:09,832 --> 00:03:10,996 ကျွေးမယ်ဆိုရင် အဲဒီ ဧကရာဇ် လိပ်ပြာတွေဟာ 109 00:03:10,996 --> 00:03:12,160 ရောဂါကူးစက်ထားတဲ့ အကောင်များနဲ့စာရင် 110 00:03:12,160 --> 00:03:13,324 ပိုအသက်ရှည်နိုင်ကြပါတယ်။ 111 00:03:13,324 --> 00:03:14,997 အဲဒီအချက်ကို တွေ့လိုက်တော့ ကျွန်တော် စိတ်ကူး ရလိုက်တာက၊ 112 00:03:14,997 --> 00:03:16,670 အဲဒါဟာ အလကားစိတ်ကူးပါလို့ 113 00:03:16,670 --> 00:03:18,052 လူတော်တော်များများက ဆိုခဲ့ကြပါတယ်၊ 114 00:03:18,052 --> 00:03:19,434 ဧကရာဇ် လိပ်ပြာတွေက အဲဒီအချက်ကို 115 00:03:19,434 --> 00:03:20,914 အသုံးပြုနေကြတယ်ဆိုရင်ကော။ 116 00:03:20,914 --> 00:03:22,394 သူတို့ဟာ အဲဒီအပင်တွေကို သူတို့ရဲ့ ကိုယ်ပိုင် ဆေးဝါးမျိုးအဖြစ် 117 00:03:22,394 --> 00:03:23,876 အသုံးပြုနိုင်ကြတယ်ဆိုရင်ကော။ 118 00:03:23,876 --> 00:03:26,478 သူတို့ဟာ ဆေးကုသမားတွေလို လုပ်ဆောင်နေကြတယ် ဆိုရင်ကော။ 119 00:03:26,828 --> 00:03:28,854 အဲဒါနဲ့ ကျွန်တော်ဟာ မိမိအဖွဲ့နဲ့အတူ စမ်းသပ်မှုတွေကို လုပ်လာခဲ့ကြပါတယ်။ 120 00:03:28,854 --> 00:03:30,655 ပထမဦးဆုံး စမ်းသပ်မှုတွေထဲမှာ 121 00:03:30,655 --> 00:03:32,292 ကျွန်တော်တို့ဟာ ခူကောင်တွေကို သုံးခဲ့ကြရာ သူတို့ကို: 122 00:03:32,292 --> 00:03:33,929 ဆေးဖက်ဝင် ကျွဲကျောင်းမင်သေ နဲ့ ဆေးဖက်မဝင်တဲ့ 123 00:03:33,929 --> 00:03:35,681 ကျွဲကျောင်းမင်သေ ကို ရွေးစားနိုင်ခဲ့ကြတယ်။ 124 00:03:35,681 --> 00:03:37,433 အဲဒီနောက်မှာ သူတို့ရဲ့ တသက်တာမှာ ဘယ်အပင်မျိုးကို 125 00:03:37,433 --> 00:03:39,022 ဘယ်လောက် စားခဲ့ကြကြောင်း တိုင်းကြည့်ခဲ့ကြပါတယ်။ 126 00:03:39,022 --> 00:03:40,611 ရလဒ်မှာ၊ သိပ္ပံပညာထဲမှာ မကြာခဏ 127 00:03:40,611 --> 00:03:42,557 ကြုံရတတ်သလို၊ စိတ်ပျက်စရာကြီးပါ၊ 128 00:03:42,557 --> 00:03:44,503 သူတို့ စားခဲ့ကြတာရဲ့ ငါးဆယ် ရာခိုင်နှုန်းဟာ ဆေးဖက်ဝင်ခဲ့ပြီး 129 00:03:44,503 --> 00:03:46,242 ကျန်တဲ့ ငါးဆယ် ရာခိုင်နှုန်းဟာ ဆေးဖက်မဝင်တဲ့ အပင်တွေပါ။ 130 00:03:46,242 --> 00:03:47,981 အဲဒီ ခူကောင်တွေဟာ သူတို့ရဲ့ ကျန်းမာရေးအတွက် 131 00:03:47,981 --> 00:03:49,549 ဘာမှ မလုပ်ခဲ့ကြပါ။ 132 00:03:49,549 --> 00:03:51,117 အဲဒီနောက်မှာ ကျွန်တော်တို့ဟာ သက်ကြီး လိပ်ပြာတွေကို 133 00:03:51,117 --> 00:03:52,686 သုံးရန် ဆုံးဖြတ်လိုက်ကြပါတယ်။ 134 00:03:52,686 --> 00:03:54,577 မိခင်တွေကမှ သူတို့ရဲ့ အကောင်ငယ်တွေကို 135 00:03:54,577 --> 00:03:57,735 ကုစားပေးနိုင်ကြတာများလားလို့ မေးခွန်းထုတ်လာကြပါတယ်။ 136 00:03:57,735 --> 00:03:59,726 မိခင်တို့ဟာ ဆေးဖက်ဝင် အပင်ပေါ်မှာ ဥတွေကိုဥပေးကြတာများလား 137 00:03:59,726 --> 00:04:01,717 အဲဒီလိုဆိုရင် ပေါက်လာကြမယ့် ကောင်လေးတွေဟာ 138 00:04:01,717 --> 00:04:03,223 ဖျားနာမှုနည်းလာကြတာများလားပေါ့လေ။ 139 00:04:03,223 --> 00:04:04,729 ကျွန်တော်တို့ဟာ အဲဒီလို စမ်းသပ်မှုတွေကို 140 00:04:04,729 --> 00:04:06,236 နှစ်အတော်ကြာ လုပ်လာခဲ့ကြပါပြီ၊ 141 00:04:06,236 --> 00:04:07,552 ရရှိခဲ့တဲ့ ရလဒ်ဟာ အမြဲတမ်း တူပါတယ်။ 142 00:04:07,552 --> 00:04:08,868 ကျွန်တော်တို့ လုပ်ကိုင်ကြတာက၊ ဧကရာဇ်လိပ်ပြာကို 143 00:04:08,868 --> 00:04:10,468 လှောင်အိမ် အကြီးကြီးထဲကို ထည့်လိုက်ပါတယ်၊ 144 00:04:10,468 --> 00:04:12,068 ဆေးဖက်ဝင် အပင်က တစ်ဘက် ဆေးဖက်မဝင်တဲ့ 145 00:04:12,068 --> 00:04:14,127 အပင်က နောက် တစ်ဘက်မှာ၊ 146 00:04:14,127 --> 00:04:16,186 အဲဒီနောက်မှာ ဧကရာဇ်လိပ်ပြာက အပင်တပင်ဆီမှာ 147 00:04:16,186 --> 00:04:17,908 ချပေးလိုက်တဲ့ ဥတွေကို ရေကြည့်ခဲ့ကြပါတယ်။ 148 00:04:17,908 --> 00:04:19,630 အဲဒီလို တိုင်းလိုက်လို့ ရတဲ့ ရလဒ်ဟာ 149 00:04:19,630 --> 00:04:21,402 အမြဲတမ်း တမျိုးတည်းဖြစ်ခဲ့ပါတယ်။ 150 00:04:21,402 --> 00:04:23,174 ဧကရာဇ်လိပ်ပြာတွေဟာ ဆေးဖက်ဝင် အပင်တွေကို 151 00:04:23,174 --> 00:04:24,947 အထင်အရှား နှစ်ခြိုက်တာကို တွေ့ရပါတယ်။ 152 00:04:24,947 --> 00:04:26,762 ရှင်းပြရရင်၊ အဲဒီ မိခင်လိပ်ပြာတွေဟာ 153 00:04:26,762 --> 00:04:28,577 သူတို့ရဲ့ ဥစုစုပေါင်းထဲက ၆၈ ရာခိုင်နှုန်းကို ဆေးဖက်ဝင် 154 00:04:28,577 --> 00:04:30,392 ကျွဲကျောင်းမင်သေ အပင်ပေါ်မှာ ချပေးခဲ့ကြတာပါ။ 155 00:04:30,392 --> 00:04:34,612 လက်တွေ့မှာကျတော့၊ သူတို့ဟာ ဥကိုချပေးစဉ် 156 00:04:34,612 --> 00:04:36,077 ကပ်ပါးကောင်တွေကိုပါ အပင်ပေါ်ကို ချပေးလိုက်ကြတာပါ။ 157 00:04:36,077 --> 00:04:37,199 သူတို့ဟာ အဲဒါကို ဟန့်တား မရနိုင်ခဲ့ကြပါ။ 158 00:04:37,199 --> 00:04:38,321 ပြီးတော့ သူတို့ဟာ သူတို့ကိုသူတို့ 159 00:04:38,321 --> 00:04:39,443 ဆေးကုမပေးနိုင်ခဲ့ကြတာလည်း ရှင်းနေပါတယ်။ 160 00:04:39,443 --> 00:04:41,798 ဒါပေမဲ့ ဒီစမ်းသပ်မှုက ကျွန်တော်တို့အား ပြောပြနေတာက 161 00:04:41,798 --> 00:04:44,153 ဒီမိခင်တွေဟာ သူတို့ရဲ့ ဥတွေကို ဆေးဖက်ဝင် 162 00:04:44,153 --> 00:04:45,818 ကျွဲကျောင်းမင်သေ အပင်ပေါ်မှာ ချပေးခြင်းဖြင့် 163 00:04:45,818 --> 00:04:47,483 သူတို့ရဲ့ အနာဂတ်မျိုးဆက်တွေကို ဖျားနာတာ 164 00:04:47,483 --> 00:04:49,515 နည်းအောင် လုပ်ပေးလိုက်ကြတာပါ။ 165 00:04:49,515 --> 00:04:51,547 အဲဒီအချက်ဟာ တကယ့်ကို အရေးကြီးတဲ့ 166 00:04:51,547 --> 00:04:53,581 တွေ့ရှိချက်ဘဲလို့ ကျွန်တော်ထင်ပါတယ်၊ 167 00:04:53,581 --> 00:04:55,754 သဘာဝဆိုင်ရာ အံ့အားသင့်စရာ တခုခုကို သိလိုက်ရလို့ မဟုတ်ပါ၊ 168 00:04:55,754 --> 00:04:57,927 ကျွန်တော်တို့ဟာ ဆေးတွေကို ဘယ်လို ရှာကြံကြရမယ် 169 00:04:57,927 --> 00:05:00,101 ဆိုတာကို ထောက်ပြနေလို့ပါ။ 170 00:05:00,101 --> 00:05:01,467 အဲဒီ အကောင်လေးတွေဟာ သိပ်ကို သေးကြလို့ 171 00:05:01,467 --> 00:05:02,833 ကျွန်တော်တို့ဟာ သူတို့အကြောင်းကို 172 00:05:02,833 --> 00:05:04,200 ရိုးရိုးလေးသာ စဉ်းစားတတ်ကြပါတယ်။ 173 00:05:04,200 --> 00:05:05,757 သူတို့ဆီမှာ ဦးနှောက်ဟာ သေးငယ်ကြပေမဲ့ 174 00:05:05,757 --> 00:05:07,634 ၎င်းတို့ဟာ ဒီလို သိမ့်မွေ့တဲ့ ကုသနည်းကို ကျင့်သုံးနိုင်ကြပါတယ်။ 175 00:05:07,634 --> 00:05:09,511 ကျွန်တော် သိရှိကြသလို၊ ဒီနေ့အထိကို 176 00:05:09,511 --> 00:05:11,389 ကျွန်တော်တို့ရဲ့ ဆေးဝါးတော်တော်များများကို 177 00:05:11,389 --> 00:05:14,148 အပင်များ အပါအဝင် သဘာဝပစ္စည်း မျိုးစုံတို့ထံမှ 178 00:05:14,148 --> 00:05:15,630 ရယူထုတ်လုပ်ကြတာပါ။ 179 00:05:15,630 --> 00:05:17,112 ရိုးရိုး သမားတော်တွေဟာ ဆေးဝါးအသစ်အတွက် 180 00:05:17,112 --> 00:05:18,742 အကောင်တွေကို မကြာခဏ လေ့လာကြပါတယ်။ 181 00:05:18,742 --> 00:05:20,372 ဆင်တွေက အစာအိမ်ဆိုင်ရာ ပြဿနာအတွက် 182 00:05:20,372 --> 00:05:22,011 ကုစားနည်းကို ညွှန်ပြပေးခဲ့တယ်၊ 183 00:05:22,011 --> 00:05:23,650 သွေးစီး ဝမ်းလျှောရောဂါကို ကုစားရေးနည်းကို 184 00:05:23,650 --> 00:05:25,291 ဖြူကောင်တွေက ပြပေးခဲ့ကြတယ်။ 185 00:05:25,291 --> 00:05:27,445 ကျွန်တော် စဉ်းစားမိတာကဓ ပိုလို့ကို အရေးကြီးတာက၊ 186 00:05:27,445 --> 00:05:29,599 အဲဒီလို အကောင်ကြီးတွေကို ကျေးဇူးတင်ရင်း 187 00:05:29,599 --> 00:05:31,754 ကျွန်တော်တို့ဟာ ဒီလို အကောင်လေးတွေကို၊ 188 00:05:31,754 --> 00:05:34,656 သေးနုပ်တဲ့ ဦးနှောက်များသာ ရှိကြတဲ့ အင်းဆက်ပိုးကောင်တွေဆီကို 189 00:05:34,656 --> 00:05:37,062 အာရုံကို လွှဲပြောင်း လေ့လာဖို့ကိုလိုပါတယ်။ 190 00:05:37,062 --> 00:05:39,468 အဲဒီလို အကောင်လေးတွေကပါ ဆေးကုသနိုင်စွမ်း 191 00:05:39,468 --> 00:05:41,876 ရှိကြတယ်ဆိုတာကို တွေ့ရှိလိုက်ခြင်းက 192 00:05:41,876 --> 00:05:44,355 လုံးဝကို အသစ်ဖြစ်တဲ့ အလားအလာတွေကို ဖွင့်ပေးလိုက်ပါတယ်၊ 193 00:05:44,355 --> 00:05:46,962 တနေ့နေ့တွင် လိပ်ပြာတွေ စပြီးတွေ့ရှိခဲ့ကြတဲ့ ဆေးဝါးများဖြင့် 194 00:05:46,962 --> 00:05:49,569 လူသားတို့ရဲ့ ရောဂါတွေကို ကုစားပေးနိုင်မယ့် 195 00:05:49,569 --> 00:05:51,763 နေ့ရောက်ရှိလာမယ်လို့ မျှော်လင့်ပါတယ်၊ 196 00:05:51,763 --> 00:05:53,957 ပြီးတော့ အဲဒါဟာ လိုက်နာဖေါ်ဆောင်ထိုက်တဲ့ အခွင့်အလမ်း 197 00:05:53,957 --> 00:05:56,153 တခုပဲလို့ ကျွန်တော် ယုံကြည်ပါတယ်။ 198 00:05:56,153 --> 00:05:58,316 အထူးကို ကျေးဇူးတင်ပါတယ်။ 199 00:05:58,316 --> 00:06:02,821 (လက်ခုပ်သံများ)