ဒီတော့ သင်ဟာ ဒီနေ့ ပရိတ်သတ်ထဲမှာ (သို့) ဒီဟောပြောချက်ကို အခြားတစ်ချိန် (သို့) တစ်နေရာက ကြည့်နေတယ်ဆိုရင် သင်ဟာ ဒစ်ဂျစ်တယ် ရပိုင်ပွင့် ဂေဟစနစ်မှာ ပါဝင်သူတစ်ယောက်ပါ။ အနုပညာရှင် (သို့) နည်းပညာရှင် (သို့) ရှေ့နေ (သို့) ဝါသနာရှင်ဖြစ်ဖြစ် မူပိုင်ခွင့် ကိုင်တွယ်မှုဟာ သင့်ဘဝကို တိုက်ရိုက် သက်ရောက်ပါတယ်။ ရပိုင်ခွင့်တွေ ခန့်ခွဲမှုဟာ ပိုင်ဆိုင်မှု ပြဿနာ သက်သက်ပဲ မဟုတ်တော့ပါဘူး။ ဒါဟာ ဆက်နွယ်မှုတွေရဲ့ ရှုပ်ထွေးတဲ့ ပင့်ကူအိမ်နဲ့ ယဉ်ကျေးမှု မြင်ကွင်းရဲ့ အရေးပါတဲ့ အပိုင်းပါ။ YouTube ဟာ ပိုင်ရှင်တွေရဲ့ ရပိုင်ခွင့်တွေကို ဂရုထားပါတယ်။ ဒါပေမဲ့ ကူးတာ၊ ရောတာနဲ့ ဒီပြင်အရာတွေနဲ့ ပတ်သက်ပြီး သူတို့လုပ်နိုင်တဲ့ ရွေးချယ်မှုတွေ ပေးဖို့ကျတော့ မူပိုင် ပစ္စည်းကို ဘယ်အချိန် ဆိုဒ်မှာ တင်တယ်ဆိုတာ ပထမဆုံး ရှာဖို့လိုပါတယ်။ ဒါအလုပ်လုပ်ပုံ သိရအောင် တိကျတဲ့ ဗီဒီယိုတစ်ခုကို ကြည့်ရအောင်။ လွန်ခဲ့တဲ့ နှစ်နှစ်က အသံသွင်းတဲ့ ဂီတသမား Chris Brown ရဲ့ "Forever" တစ်ပုဒ် တရားဝင်ဗီဒီယို ထွက်ရှိခဲ့တယ်။ ဒါကို ပရိတ်သတ် တစ်ယောက်က တီဗီမှာတွေ့တော့ သူမရဲ့ ကင်မရာ ဖုန်းနဲ့ ရိုက်ယူပြီး YouTube မှာတင်လိုက်တယ်။ Sony Music က Chris Brown ရဲ့ ဗီဒီယိုကို Content ID စနစ်မှာ မှတ်ပုံတင်ထားတာကြောင့် ဒီဗီဒီယိုကို တင်ဖို့ ကြိုးစားတဲ့ စက္ကန့်ပိုင်းမှာပဲ ကော်ပီကို သတိထားမိပြီး Sony ကို နောက်လုပ်ရမယ့် ရွေးချယ်မှုပေးခဲ့တယ်။ ဒါပေမဲ့ အသုံးပြုသူရဲ့ ဗီဒီယိုဟာ ကော်ပီဆိုတာ ဘယ်လိုလုပ်သိလဲ။ အကြောင်းအရာ ပိုင်ရှင်တွေ အချက်အလက်တွေထဲ ပိုင်ဆိုင်မှုတွေ ပို့တာနဲ့ စတယ် တူတာတစ်ခု တွေ့တဲ့အခါ ဘာလုပ်ရမယ်ဆိုတာ ပြောပြတဲ့ အသုံးပြုမှု မူဝါဒနဲ့အတူပါ။ ကျွန်မတို့ရဲ့ အချက်အလက်တွေထဲက ရည်ညွှန်းဖိုင်တွေနဲ့ တင်တာတစ်ခုစီကို နှိုင်းယှဉ်ပါတယ်။ ဒီအပူ မြေပုံက စနစ်ရဲ့ ဦးနှောက် လုပ်ဆောင်ပုံကို ပြသတော့မှာပါ။ ဒီမှာ အသုံးပြုသူ ထုတ်လုပ်တဲ့ အကြောင်းအရာနဲ့ နှိုင်းယှဉ်နေတဲ့ မူလ ရည်ညွှန်းဖိုင်ပါ။ စနစ်ကနေ တစ်ခုနဲ့ တစ်ခုကို ကာလတိုင်းမှာ တူညီမှုရှိ၊ မရှိကို နှိုင်းယှဉ်ပါတယ်။ ဆိုလိုတာက ကော်ပီဟာ မူရင်းဖိုင်ရဲ့ အပိုင်းတစ်ခုကိုသာ သုံးတာတောင် တူညီတာကို ရှာဖွေနိုင်ပါတယ်၊ အနှေးပြပြီး အသံနဲ့ ဗီဒီယို အရည်အသွေးကို အဆင့်ကျစေပါတယ်။ ဗီဒီယိုတစ်ခု YouTube မှာတင်တိုင်း ဒါကို လုပ်ပါတယ်။ ဒါက တစ်မိနစ်ကို ဗီဒီယိုနာရီ ၂၀ ကျော်ပါ။ တူတာတွေ့တဲ့အခါ ပိုင်ရှင် ချမှတ်ထားတဲ့ ရပိုင်ခွင့်တွေ မူဝါဒကို သုံးပါတယ်။ ဒီစနစ်ရဲ့ စကေးနဲ့ အမြန်က တကယ့် အံဖွယ်ပါ။ ဗီဒီယိုအချို့အကြောင်းပဲ ပြောနေတာမဟုတ်ပဲ နေ့စဉ် ဗီဒီယိုတွေရဲ့ နှစ် ၁၀၀ ကျော် အကြောင်း ပြောနေတာပါ၊ အသစ်တင်တာတွေနဲ့ ရှေးဟောင်းအမွေ အနှစ်ကြားက ဆိုဒ်မှာရှိတဲ့ ပါဝင်မှု အားလုံးကို ပုံမှန်လုပ်ပါတယ်။ ဒီနှစ်ရာချီရှိတဲ့ ဗီဒီယိုတွေကို ယှဉ်တဲ့အခါ အချက်အလက်စုထဲက သန်းချီတဲ့ ရည်ညွှန်းဖိုင် တွေနဲ့ တိုက်ဆိုင်ယှဉ်ကြည့်နေတာပါ။ ဒါက လူ ၃၆၀၀၀ ကနေပြီး နေ့စဉ်နေ့တိုင်း ကော်ဖီသောက်ချိန် အများကြီးမရှိပဲ မော်နီတာ ၃၆၀၀၀ ကို ငေးကြည့်နေတာမျိုးပါ။ ကဲ တူတာတွေ့တော့ ဘာလုပ်ကြလဲ။ အင်း မူပိုင်ခွင့်ရှိတဲ့ ပိုင်ရှင်အများစုက ပိတ်တာအစား ကော်ပီကို ထုတ်လွှင့်ခွင့်ပြုလိမ့်မယ်။ ဒီနောက် ထိတွေ့မှု၊ ကြော်ငြာနဲ့ ချိတ်ဆက် ရောင်းချမှုတွေနေ အကျိုးအမြတ်ရတာပေါ့။ Chris Brown ရဲံ "Forever"ကိုသတိရပါ။ ဒါက ခေတ်ကုန်သွားပြီး ဇယားကနေ ကျသွားတယ်၊ ဒါက ဇာတ်လမ်းအဆုံးလို ဖြစ်ပုံရပေမဲ့ မနှစ်က လူငယ်စုံတွဲတစ်တွဲ လက်ထပ်သွားတယ်။ ဒါသူတို့ မင်္ဂလာဆောင် ဗီဒီယိုပါ။ ရှင်တို့ မြင်ဖူးလောက်ပါတယ်။ (ဂီတသံ) ဒါနဲ့ ပတ်သက်ပြီး အံ့သြစရာက မဂ်လာဆောင် ကြေညာချက်က ဒီလောက် ပျော်ရရင် ဧည့်ခံပွဲက ပျော်စရာကိုကော စိတ်ကူးနိုင်လား။ ဆိုလိုတာက ဒီလူတွေက ဘယ်သူတွေလဲ။ ကျွန်မတော့ ဒီမင်္ဂလာဆောင်ကို လုံးဝ တက်ချင်တာပဲ။ ဒါနဲ့ သူတို့ မင်္ဂလာဆောင် ဗီဒီယိုလေးကို သန်း ၄၀ ကျော် ကြည့်ကြတယ်။ Sony က ပိတ်လိုက်တာအစား တင်ဖြစ်ဖို့ကို ခွင့်ပြုလိုက်တယ်။ ဒါနဲ့တွဲပြီး ကြော်ငြာထည့်တယ်၊ ဒါကို iTunes နဲ့ချိတ်လိုက်တယ်။ ၁၈ လသား ဒီသီချင်းဟာ iTunes ဇယားမှာ နံပါတ်လေး ပြန်ချိတ်ခဲ့တယ်။ ဒါနဲ့ Sony ဟာ ဒီနှစ်ခုလုံးက ဝင်ငွေရနေတာပေါ့။ Jill နဲ့ Kevin ပျော်ရွှင်တဲ့ စုံတွဲဟာ ပျားရည်ဆမ်းခရီးက ပြန်လာတော့ သူတို့ အရူးအမူး ပျံနှံ့သွားတာ တွေ့လိုက်ရတယ်။ ဟောပြောပွဲ တစ်ပြုံကြီးနဲ့ အဆုံးသတ်သွားပြီး ဒါကို ထူးခြားမှုတစ်ခု ဖန်တီးဖို့ သုံးတယ်။ ဒီဗီဒီယိုဟာ အိမ်တွင်း အကြမ်းဖက်မှု အဆုံးသတ်ဖို့ လှူဒါန်းရေးမှာ ဒေါ်လာ ၂၆၀၀၀ ကျော် လှုံ့ဆော်ပေးခဲ့တယ်။ JK မင်္ဂလာဆောင် (အဝင်) အကဟာ မကြာခင်က ပြတဲ့ NBC က "The Office,"ရဲ့ ရာသီ ဇာတ်သိမ်းပိုင်းမှာ ပြက်လုံးထုတ်တဲ့အထိ ကျော်ကြားခဲ့တယ်။ ဒါဟာ တကယ့် ဂေဟစနစ် ယဉ်ကျေးမှုတစ်ခုပါ။ ဒါဟာ အပျော်တမ်းတွေ စတူဒီယိုကြီးတွေက ငှားတာတင် မဟုတ်ပဲ တစ်ခါတစ်ရံ စတူဒီယိုကြီးတွေကကို ပြန်ငှားတာမျိုးပါ။ ရွေးချယ်ခွင့်ပေးရင်း အခွင့်အလမ်း ယဉ်ကျေးမှု ဖန်တီးနိုင်ပါတယ်။ အရာတွေကို ပြောင်းလဲဖို့လိုတာဟာ ရပိုင်ခွင့်တွေ ဖော်ထုတ်ခြင်းက ရွေးချယ်မှု အတွက် ခွင့်ပြုပေးတာပါ။ ဒီတော့ ဒီပြဿနာကို အရင်က ဘာလို မဖြေရှင်းကြတာလဲ။ ဒါက ပြဿနာကြီးဖြစ်ပြီး သိမ်မွေ့၊ ရှုပ်ထွေးလို့ပါ။ ဗီဒီယိုတစ်ခုတည်းမှာ မူပိုင်ခွင့် ပိုင်ရှင်ပေါင်းစုံရှိတာ မဆန်းပါဘူး။ ဂီတ တံဆိပ်တွေရှိတယ်။ ဂီတထုတ်လုပ်သူမျိုးစုံ ရှိတယ်။ တစ်ခုချင်းဟာ နိုင်ငံအလိုက် ကွဲနိုင်ပါတယ်။ ကျွန်မတို့မှာ လက်ရာတစ်ခုမက ပိုရောထားတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ ဒီတော့ ဗီဒီယိုတစ်ခုတည်းပဲ တောင်းဆိုမှု အများအပြားကို စီမံဖို့လိုပါတယ်။ YouTube ရဲ့ Content ID စနစ်ဟာ ဒီကိစ္စ အားလုံးကို ကိုင်တွယ်ပါတယ်။ ဒါပေမဲ့ ဒီစနစ်က မူပိုင်ခွင့် ပိုင်ရှင်တွေ ပါဝင်မှုကနေပဲ လုပ်ဆောင်ပါတယ်။ သင့်မှာ အခြားသူတွေက YouTube မှာ တင်နေတဲ့ အကြောင်းအရာရှိရင် Content ID စနစ်မှာ မှတ်ပုံတင်သင့်ပြီး ဒီနောက်မှာ သင့်အကြောင်းအရာ အသုံးပြုပုံ အကြောင်း ရွေးချယ်မှု ရပါလိမ့်မယ်။ အကြောင်းအရာကို တွဲထားတဲ့ မူဝါဒတွေ အကြောင်း သေချာစွာ စဉ်းစားပါ။ အားလုံး ပြန်သုံးတာကို ပိတ်လိုက်ရုံနဲ့ အနုပညာသစ် ပုံစံတွေ၊ ပရိတ်သတ် အသစ်တွေ၊ ဖြန့်ချီရေး လမ်းကြောင်းသစ်တွေနဲ့ ဝင်ငွေ စီကြောင်း အသစ်တွေ လွတ်သွားပါလမ့်မယ်။ ဒါက ဒေါ်လာတွေနဲ့ ထင်မြင်ချက် တွေပဲ မဟုတ်ပါဘူး။ တိုးတက်တဲ့ ရပိုင်ခွင့် စီမံမှုနဲ့ နည်းပညာသစ်ကကနေ ပျံ့နှံ့တဲ့ ပီတိအားလုံးကို ကြည့်ပါဦး။ အတိအကျကိုပဲ ပီတိဟာ ပျံ့ထိုက်တဲ့စိတ်ကူး ဆိုတာ အားလုံး သဘောတူနိုင်မယ်ထင်တယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)