WEBVTT 00:00:01.000 --> 00:00:03.000 တကယ်လို့ ရှင့်ဘဝဟာ စာအုပ်တစ်အုပ် 00:00:03.000 --> 00:00:07.000 ပြီးတော့ ရှင်ကိုယ်တိုင်က စာရေးဆရာသာ ဖြစ်မယ်ဆိုရင် 00:00:07.000 --> 00:00:10.000 ရှင့်ဇာတ်လမ်းကို ဘယ်လိုဖြစ်စေချင်ပါသလဲ 00:00:10.573 --> 00:00:15.002 ဒီမေးခွန်းက ကျွန်မဘဝတစ်ခုလုံးကို ထာဝရပြောင်းလဲစေခဲ့တာပေါ့ 00:00:15.002 --> 00:00:18.000 ပူပြင်းတဲ့Last Vegas ရဲ့ကန္တာရထဲမှာ ကြီးပြင်းလာခဲ့တဲ့ 00:00:18.000 --> 00:00:20.992 ကျွန်မအတွက်လိုချင်တာကတော့ လွတ်လပ်ခြင်းပါ 00:00:21.000 --> 00:00:25.000 ကမ္ဘာပတ်ပြီးခရီးထွက်တာ၊ နှင်းတွေကျတဲ့ 00:00:25.000 --> 00:00:28.000 နေရာတစ်ခုမှာ နေတာတွေကို 00:00:28.000 --> 00:00:31.000 စိတ်ကူးယဉ်ယဉ်နေခဲ့ပြီး ကြုံရမယ့်ဇာတ်လမ်းစုံကို 00:00:31.000 --> 00:00:34.000 ပြဖို့ မြင်ယောင်နေမိခဲ့တာပေါ့ 00:00:34.000 --> 00:00:36.000 ကျွန်မအသက် (၁၉) နှစ်အရွယ် 00:00:36.000 --> 00:00:39.000 အထက်တန်းကျောင်းပြီးတဲ့ နောက်တစ်နေ့မှာပဲ 00:00:39.000 --> 00:00:42.000 နှင်းတွေကျတဲ့နေရာတစ်ခုကို ပြောင်းသွားပြီး 00:00:42.000 --> 00:00:44.000 အနှိပ်ကုထုံးပညာရှင် ဖြစ်လာခဲ့ပါတယ် 00:00:44.000 --> 00:00:47.000 ဒီအလုပ်အတွက် လိုအပ်တာဆိုလို့ ကျွန်မလက်အစုံရယ်၊ 00:00:47.000 --> 00:00:50.000 ကျွန်မဘေးမှာရှိတဲ့ နှိပ်နယ်တဲ့စားပွဲပါပဲ 00:00:50.000 --> 00:00:53.240 ပြီးတော့ သွားချင်တဲ့နေရာ သွားလို့ရပါတယ်။ 00:00:53.245 --> 00:00:56.000 ကျွန်မဘဝမှာ ပထမဆုံးအကြိမ်အဖြစ် 00:00:56.000 --> 00:00:59.530 လွတ်လပ်မှု၊ အမှီအခိုကင်းမှု၊ 00:00:59.530 --> 00:01:04.574 ကိုယ့်ဘဝကိုယ် လုံးဝပိုင်တယ်လို့ ခံစားရတယ် 00:01:04.574 --> 00:01:10.010 ဒါက ကျွန်မဘဝတစ်ဆစ်ချိုးမတိုင်မီကပါ။ 00:01:10.010 --> 00:01:12.000 တစ်နေ့မှာ အလုပ်ကနေ အိမ်ကိုစောစောပြန်ခဲ့ပါတယ် 00:01:12.000 --> 00:01:14.820 ကျွန်မအထင် တုပ်ကွေးမိတာပေါ့ 00:01:14.820 --> 00:01:17.988 နောက် (၂၄) နာရီမပြည့်ခင်မှာ 00:01:18.000 --> 00:01:19.420 ကျွန်မဆေးရုံရောက်နေပါပြီ 00:01:19.420 --> 00:01:22.000 ၂ ရာခိုင်နှုန်းတောင် မရှိတဲ့ အသက်ရှင်ဖို့အခွင့်လမ်းနဲ့ 00:01:22.000 --> 00:01:25.010 အသက်ကယ်စက်ပေါ်မှာ မှီခိုနေရပါတယ် 00:01:25.010 --> 00:01:27.520 ကျွန်မ ကိုမာရောဂါနဲ့ မေ့မြောသွားပြီး 00:01:27.520 --> 00:01:30.000 ရက်အတော်ကြာမှာသာ ဆရာဝန်တွေက 00:01:30.000 --> 00:01:32.000 ကျွန်မမှာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ 00:01:32.000 --> 00:01:35.000 ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်မှန်း စမ်းသပ်မိတာပါ 00:01:35.000 --> 00:01:39.560 ကာကွယ်ဆေးနဲ့ ကြိုတင်တားလို့ရတဲ့ သွေးကကူးစက်တဲ့ရောဂါပါ 00:01:39.563 --> 00:01:41.978 ၂လခွဲကြာကာလမှာ 00:01:41.978 --> 00:01:45.670 သရက်ရွက်၊ ကျောက်ကပ်၊ 00:01:45.670 --> 00:01:48.000 ညာဘက်အကြားအာရုံနဲ့ ဒူးအောက်က 00:01:48.000 --> 00:01:53.000 ခြေနှစ်ချောင်းလုံး ဆုံရှုံးခဲ့ရပါတယ် 00:01:53.000 --> 00:01:55.824 မိဘတွေက ကျွန်မကိုဆေးရုံက လှည်းနဲ့တွန်းထုတ်လာတော့ 00:01:55.824 --> 00:01:58.682 စပ်ချုပ်ထားတဲ့အရုပ်လို အပိုင်းပိုင်း 00:01:58.682 --> 00:02:02.008 ပြန်အဆက်ခံထားရသလို ခံစားမိလိုက်ပါတယ် 00:02:02.008 --> 00:02:04.000 အဆိုးဆုံးက ပြီးသွားပြီလို့ ထင်မိနေတုန်းမှာပဲ 00:02:04.607 --> 00:02:07.000 သီတင်းပတ်တွေကြာပြီး ခြေထောက်သစ်တွေကို 00:02:07.000 --> 00:02:09.000 ပထမဆုံးမြင်လိုက်ပါတော့တယ် 00:02:09.000 --> 00:02:13.790 ခြေသလုံးကြွက်သားတွေက ခြေကျင်းဝတ်တွေအတွက် 00:02:13.792 --> 00:02:17.530 မူလီစုပ်ထားတဲ့ပိုက်တွေပါတဲ့ သတ္တုတုံးကြီးတွေ 00:02:17.530 --> 00:02:20.011 အဝါရောင် ရာဘာခြေထောက်၊ 00:02:20.011 --> 00:02:23.971 ခြေချောင်းကနေ ခြေကျင်းဝတ်ထိ ပင့်ထားတဲ့ 00:02:23.971 --> 00:02:26.000 အကြောတစ်ခုလို ရာဘာလိုင်းတစ်ကြောင်းနဲ့။ 00:02:26.000 --> 00:02:29.000 ဘာကိုမျှော်လင့်ရမှန်း မသိခဲ့ပေမယ့် 00:02:29.000 --> 00:02:32.000 ဒါကိုတော့ မမျှော်လင့်ခဲ့ပါဘူး။ 00:02:32.000 --> 00:02:35.000 ဘေးမှာရှိတဲ့အမေနဲ့ ကျွန်မတို့မျက်နှာတွေမှာ 00:02:35.000 --> 00:02:40.716 မျက်ရည်တွေကစီးနေပြီး 00:02:40.716 --> 00:02:44.000 ဒီခြေထောက် တောင့်တောင့်ကြီးတွေကို 00:02:44.000 --> 00:02:46.997 သိုင်းပြီး မတ်တပ်ရပ်လိုက်တယ်။ 00:02:47.000 --> 00:02:51.280 နာလွန်း၊ ကျပ်လွန်းလို့ 00:02:51.280 --> 00:02:54.010 တွေးမိလိုက်တာက 00:02:54.010 --> 00:02:56.710 ဒါကြီးတွေနဲ့ဘယ်လိုလုပ် ကမ္ဘာပတ်လို့ 00:02:56.710 --> 00:02:58.000 ရတော့မှာတုန်းလို့ပေါ့။ 00:02:58.000 --> 00:03:00.000 ကျွန်မလိုချင်ခဲ့တဲ့ စွန့်စားမှုတွေ၊ 00:03:00.000 --> 00:03:02.728 ဖြစ်ရပ်တွေနဲ့ ပြည့်နေတဲ့ဘဝ 00:03:02.728 --> 00:03:05.000 ဘယ်လိုလုပ်ပြီး နေရတော့မှာတုန်း။ 00:03:05.000 --> 00:03:09.844 ဘယ်လိုလုပ်ပြန်ပြီး နှင်းလျှောစီးလို့ရတော့မှာတုန်း။ 00:03:09.844 --> 00:03:13.000 အဲဒီနေ့က အိမ်ပြန်လာပြီး အိပ်ရာဆီ 00:03:13.000 --> 00:03:15.000 တွားသွားခဲ့ပြီး ဒါကတော့ နောက်လအနည်းငယ် 00:03:15.000 --> 00:03:17.440 ကျွန်မဖြစ်နေတဲ့ပုံပါ။ 00:03:17.441 --> 00:03:21.640 သတိလစ်သွားတယ်၊ လက်တွေ့ဘဝက လွတ်မြောက်ပြီး 00:03:21.640 --> 00:03:26.013 ခြေထောက်တွေကဘေးမှာပုံလျက်သားပေါ့။ 00:03:26.013 --> 00:03:34.290 လုံးဝကို စိတ်ရောကိုယ်ပါချုံးကျသွားခဲ့တယ်။ 00:03:34.290 --> 00:03:38.000 ဒါပေမဲ့ ကျွန်မသိတာက ရှေ့ကိုဆက်ဖို့ 00:03:38.000 --> 00:03:43.230 အေမီ အဟောင်းကို စွန့်လိုက်ပြီး 00:03:43.230 --> 00:03:49.020 အေမီ အသစ်ကိုလက်ခံဖို့ သင်ယူဖို့ လိုတယ်ဆိုတာပါ 00:03:49.020 --> 00:03:52.350 ဆိုလိုတာက ၅ပေ ၅လက္မ ရှိဖို့ မလိုတော့ဘူးဆိုတာ 00:03:52.350 --> 00:03:56.080 တဖြည်းဖြည်း နားလည်သွားတဲ့အခါမှာပေါ့။ 00:03:56.080 --> 00:03:59.000 ကျွန်မကြိုက်သလောက်ရှည်လို့ရတယ်လေ 00:03:59.000 --> 00:04:04.680 (ရယ်သံများ) (လက်ခုပ်သံများ) 00:04:04.680 --> 00:04:08.011 ဒါမှမဟုတ် ကိုယ်တွဲနေတဲ့ လူနဲ့အလိုက် တိုလို့ရတယ် 00:04:08.011 --> 00:04:10.000 (ရယ်သံများ) 00:04:10.000 --> 00:04:12.570 ကျွန်မ နှင်းလျှောပြန်စီးလို့ရရင် 00:04:12.570 --> 00:04:14.430 ခြေထောက်တွေ အေးတော့မှာ မဟုတ်တော့ဘူးလေ 00:04:14.430 --> 00:04:16.214 (ရယ်သံများ) 00:04:16.214 --> 00:04:18.450 အကောင်းဆုံးကတော့ 00:04:18.450 --> 00:04:22.176 အရောင်းစင်ပေါ်က ဖိနပ်အရွယ်တွေအတိုင်း 00:04:22.176 --> 00:04:24.675 ခြေထောက်တွေကို လုပ်ယူလို့ရတာပေါ့ (ရယ်သံများ) 00:04:24.676 --> 00:04:26.590 ကျွန်မလုပ်ခဲ့တာပေါ့။ 00:04:26.590 --> 00:04:29.000 ဒီတော့ ဒါတွေက ကောင်းကျိုးတွေပါ။ 00:04:29.000 --> 00:04:31.665 ဒီအချိန်မှာပဲ ဘဝအဓိပ္ပါယ်ဖွင့်တဲ့ 00:04:31.665 --> 00:04:34.590 မေးခွန်းကို ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။ 00:04:34.592 --> 00:04:36.932 ကိုယ့်ဘဝဟာ စာအုပ်တစ်အုပ်ဖြစ်ပြီး 00:04:36.932 --> 00:04:40.150 ကိုယ်ဟာ စာရေးဆရာ တစ်ယောက်ဖြစ်ခဲ့ရင် 00:04:40.150 --> 00:04:42.960 ဘယ်လို ဇာတ်လမ်းဖြစ်ချင်တာပါလိမ့်။ 00:04:42.960 --> 00:04:45.450 နောက် စပြီးစိတ်ကူးယဉ်မိတယ်။ 00:04:45.450 --> 00:04:48.240 ကလေးဘဝကလိုပဲ စိတ်ကူးယဉ်တာပေါ့ 00:04:48.240 --> 00:04:51.000 ကျွန်မ စိတ်ကူးမိတာက 00:04:51.000 --> 00:04:54.000 ကြော့ကြော့မော့မော့လေး လမ်းလျှောက် 00:04:54.000 --> 00:04:56.441 ခရီးတစ်လျှောက်လူတွေကို ကူညီရင်း 00:04:56.441 --> 00:04:59.000 နှင်းလျှောလည်းပြန်စီးရင်းပေါ့ 00:04:59.000 --> 00:05:01.000 နှင်းမှုန်တောင်တစ်ခုကို 00:05:01.000 --> 00:05:03.000 ထွင်းထုနေတာကို မြင်ရုံသာမက 00:05:03.000 --> 00:05:06.000 ဒါကို တကယ်ပဲ ခံစားမိပါတယ်။ 00:05:06.000 --> 00:05:09.000 လေက မျက်နှာကို ဖြတ်တိုက်သွားပြီး 00:05:09.000 --> 00:05:12.000 တလှပ်လှပ်ခုန်နေတဲ့ နှလုံးခုန်သံကို ခံစားနေရပြီး 00:05:12.000 --> 00:05:17.010 ဒါကလက်တွေ့မှာ တကယ် ဖြစ်နေခဲ့သလိုမျိုးပါ။ 00:05:17.010 --> 00:05:23.400 ဒီလိုနဲ့ ဘဝရဲ့ ကဏ္ဍအသစ် စခဲ့တဲ့အချိန်ပါ။ 00:05:23.400 --> 00:05:26.830 ၄ လကြာပြီး နှင်းလျှောပြားကို ပြန်စီးခဲ့တယ်၊ 00:05:26.830 --> 00:05:29.420 ထင်သလောက်တော့ အဆင်မပြေခဲ့ဘူးပေါ့။ 00:05:29.420 --> 00:05:32.000 ဒူးတွေနဲ့ ခြေကျင်းဝတ်တွေက ကွေးမနေတော့ 00:05:32.000 --> 00:05:36.710 တစ်ခါများဆို ကျွန်မ လဲကျတော့ မိုးပျံထိုင်ခုံပေါ်မှာစီးလာတဲ့သူတွေကို 00:05:36.710 --> 00:05:40.090 အလန့်တကြားဖြစ်စေခဲ့တယ် 00:05:40.090 --> 00:05:43.000 ခြေထောက်တွေက နှင်းလျှောပြားမှာ တန်းလန်းကြီးလေ 00:05:43.000 --> 00:05:47.000 (ရယ်သံများ) 00:05:47.000 --> 00:05:50.000 တောင်အောက်ကိုထိုးဆင်းပေမဲ့ 00:05:50.000 --> 00:05:53.000 တောင်ထိပ်မှာ ရှိနေသေးတုန်းပဲ ဖြစ်နေတယ် 00:05:53.000 --> 00:05:55.000 ကျွန်မ အရမ်းလန့်သွားတယ် 00:05:55.000 --> 00:05:59.308 ဒီ့ပြင်လူတွေလိုပဲ လန့်သွားပြီး အရမ်းစိတ်ပျက်သွားတယ် 00:05:59.308 --> 00:06:03.000 ဒါပေမဲ့ သင့်တော်တဲ့ ဖိနပ်တစ်စုံသာရမယ်ဆိုရင် 00:06:03.000 --> 00:06:05.000 ဒါကိုပြန်လုပ်နိုင်မှာပဲဆိုတာ ကျွန်မသိတယ်။ 00:06:05.000 --> 00:06:08.000 ဒါကနေ ကျွန်မတို့ရဲ့ နယ်နိမိတ်တွေနဲ့ အတားအဆီးတွေဟာ 00:06:08.000 --> 00:06:12.028 ၂ခုပဲ လုပ်နိုင်တယ်ဆိုတာ သဘောပေါက်လိုက်တယ် 00:06:12.028 --> 00:06:15.000 ၁။ လမ်းကြောင်းတွေထဲမှာ ကျွန်မတို့ကို တားဆီးတယ် 00:06:15.000 --> 00:06:18.400 ၂။ တီထွင်ကြံဆတတ်အောင် တွန်းအားပေးတယ်။ 00:06:18.400 --> 00:06:20.490 ၁နှစ်တာ လေ့လာမှု လုပ်ခဲ့ပြီးတဲ့ အခုအချိန်ထိ 00:06:20.490 --> 00:06:22.540 ဘယ်ခြေထောက်မျိုးကို သုံးရမှန်း မသိသေးပါဘူး 00:06:22.540 --> 00:06:25.287 ကိုယ့်ကို ကူညီထောက်ပံ့ပေးနိုင်မယ့် အရာတွေလည်း မတွေ့ခဲ့ဘူး 00:06:25.287 --> 00:06:28.580 ဒီတော့ ကိုယ့်ဘာသာပဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ 00:06:28.580 --> 00:06:31.637 ခြေတုလုပ်သူနဲ့ကျွန်မ အစိတ်အပိုင်းတွေ ကြုံရာကောက်တပ်ပြီး 00:06:31.637 --> 00:06:34.902 နှင်းလျှောစီးလို့ရတဲ့ ခြေတစ်စုံလုပ်ခဲ့တယ်။ 00:06:34.902 --> 00:06:37.000 မြင်တဲ့အတိုင်းပဲ 00:06:37.000 --> 00:06:44.000 သံချေးတက်နေတဲ့မူလီတွေ၊ ရာဘာ၊ သစ်သားနဲ့ နီယွန်ပန်းရောင် တိပ်တွေနဲ့လေ 00:06:44.000 --> 00:06:47.000 အား ဟုတ်တာပေါ့၊ ခြေသည်းဆိုးဆေးလည်း ပြောင်းဆိုးလို့ရတယ်ရှင့် 00:06:47.000 --> 00:06:49.000 ဒီခြေတုတွေနဲ့ 00:06:49.000 --> 00:06:52.965 ၂၁ နှစ်မြောက် မွေးနေ့မှာရခဲ့တဲ့ အကောင်းဆုံး 00:06:52.965 --> 00:06:55.452 လက်ဆောင်ကတော့ အဖေ့ဆီက ကျောက်ကပ် အသစ်တစ်ခုဟာ 00:06:55.452 --> 00:06:58.310 ကျွန်မအိပ်မက်တွေကို ပြန်လည်အကောင်အထည် ဖော်ခွင့်ပေးခဲ့ပါတယ် 00:06:58.310 --> 00:07:00.000 ကျွန်မ နှင်းလျှောစစီးတယ် 00:07:00.020 --> 00:07:02.362 အလုပ်ပြန်လုပ်တယ်၊ပြီး ကျောင်းပြန်တက်တယ်။ 00:07:02.362 --> 00:07:05.585 ဒါနဲ့ ၂၀၀၅မှာ သက်ငယ်နဲ့ သက်လတ်ပိုင်း ကိုယ်လက်အင်္ဂါ မသန်စွမ်းကြသူတွေ 00:07:05.585 --> 00:07:08.382 အပြင်းစား အားကစားတွေမှာ ပါဝင်လာနိုင်ဖို့ 00:07:08.382 --> 00:07:12.480 အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကို ပူးပေါင်းတည်ထောင်ခဲ့တယ် 00:07:12.480 --> 00:07:16.060 အဲဒီကနေ တောင်အာဖရိကကိုသွားဖို့ အခွင့်အလမ်းရခဲ့ပြီး၊ 00:07:16.060 --> 00:07:19.255 ထောင်နဲ့ချီတဲ့ ကလေးတွေ ကျောင်းတက်လို့ရအောင် 00:07:19.255 --> 00:07:21.461 သူတို့ရဲ့ခြေထောက်တွေမှာ ဖိနပ်စီးဖို့ ကူညီခဲ့တယ် 00:07:21.461 --> 00:07:23.670 ပြီးခဲ့တဲ့ ဖေဖော်ဝါရီကပဲ 00:07:23.670 --> 00:07:28.360 ကမ္ဘာ့ဖလားရွှေတံဆိပ်၂ ခု ဆက်တိုက်ရခဲ့ပါတယ် 00:07:28.360 --> 00:07:33.392 (လက်ခုပ်သံများ) 00:07:37.156 --> 00:07:38.750 ဒါက ကျွန်မကို 00:07:38.750 --> 00:07:40.943 ကမ္ဘာမှာအမြင့်ဆုံး အလိုက်သင့်ပြောင်းလဲနိုင်တဲ့ 00:07:40.943 --> 00:07:43.740 အမျိုးသမီး နှင်းလျှောစီးသူ ဖြစ်လာစေခဲ့ပါတယ် 00:07:43.759 --> 00:07:47.000 လွန်ခဲ့တဲ့၁၁နှစ်က ခြေထောက်တွေ ဆုံးရှုံးသွားတော့ 00:07:47.000 --> 00:07:49.259 ဘာကို မျှော်လင့်ရမှန်းမသိ ဖြစ်ခဲ့တယ်။ 00:07:49.259 --> 00:07:52.000 ဒါပေမဲ့ ဒီကနေ့ ကျွန်မက အခြေအနေကို ပြောင်းချင်လားလို့ 00:07:52.000 --> 00:07:54.000 ကျွန်မကိုမေးလာရင် 00:07:54.000 --> 00:07:56.260 ဟင့်အင်းလို့ပဲ ပြောရတော့မှာပေါ့။ 00:07:56.260 --> 00:07:59.000 အကြောင်းကတော့ ခြေထောက်တွေက ကျွန်မကိုဒုက္ခိတ မဖြစ်စေလို့ပါ 00:07:59.000 --> 00:08:01.540 သူတို့တွေက ကျွန်မကိုအထောက်အကူပေးသလားဆို 00:08:01.540 --> 00:08:05.000 သူတို့တွေက ကျွန်မကို စိတ်ကူးဉာဏ်ကိုမှီခိုဖို့ 00:08:05.000 --> 00:08:07.800 ဖြစ်နိုင်ချေတွေကို ယုံကြည်ဖို့ တွန်းအားပေးတယ် 00:08:07.800 --> 00:08:09.780 ဒါကြောင့် ကျွန်မတို့ရဲ့ စိတ်ကူးဉာဏ်တွေကို 00:08:09.780 --> 00:08:11.540 နယ်နိမိတ်တွေကို ကျော်ဖြတ်ဖို့ 00:08:11.540 --> 00:08:14.000 ကိရိယာတွေအဖြစ်သုံးနိုင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ် 00:08:14.000 --> 00:08:17.000 အကြောင်းကတော့ ကျွန်မတို့စိတ်ထဲမှာ ဘာမဆိုလုပ်နိုင်ပြီး၊ 00:08:17.000 --> 00:08:20.000 ဘာမဆိုဖြစ်နိုင်တာပါ။ 00:08:20.000 --> 00:08:22.000 ဒီအိပ်မက်တွေကို ယုံကြည်ပြီး 00:08:22.000 --> 00:08:25.000 ကြောက်ရွံ့မှုတွေကို ထိပ်တိုက်ရင်ဆိုင်ခြင်းက 00:08:25.000 --> 00:08:27.570 ကျွန်မတို့ကို ကန့်သတ်ချက်တွေရဲ့အလွန်မှာ 00:08:27.570 --> 00:08:30.490 ရှင်သန်ခွင့်ပေးတာပါ။ 00:08:30.490 --> 00:08:33.860 ဒီနေ့ခေတ်ဟာ 00:08:33.860 --> 00:08:37.000 အကန့်အသတ်မဲ့ တီထွင်ဆန်းသစ်မှုတွေရဲ့ ခေတ်ဖြစ်ပေမဲ့ 00:08:37.000 --> 00:08:39.428 ကျွန်မဘဝမှာ တီထွင်ဆန်းသစ်မှု ဖြစ်လာတာဟာ 00:08:39.428 --> 00:08:42.600 အကန့်အသတ်တွေကြောင့်ပဲလို့ ပြောရမှာပါ။ 00:08:42.600 --> 00:08:47.005 ကျွန်မသိရှိလိုက်တာက အကန့်အသတ်တွေဆိုတာ လက်တွေ့သဘောတွေ 00:08:47.005 --> 00:08:50.000 အဆုံးသတ်သွားရာဖြစ်ပြီး စိတ်ကူးဉာဏ် နဲ့ ဘဝဇာတ်လမ်း 00:08:50.000 --> 00:08:51.760 အစပြုရာလည်း ဖြစ်ပါတယ်ဆိုတာပါ။ 00:08:51.760 --> 00:08:55.916 ဒါကြောင့် ကျွန်မအထင်ဒီနေ့ အားလုံးကို မေးမိချင်တဲ့ အယူအဆတစ်ရပ်ကတော့ 00:08:55.916 --> 00:08:59.994 ကျွန်မတို့ရဲ့ စိန်ခေါ်မှုတွေနဲ့ ကန့်သတ်ချက်တွေကို အနုတ်သဘော 00:09:00.000 --> 00:09:03.000 ဒါမှမဟုတ် မကောင်းတာအဖြစ် ကြည့်မယ့်အစား 00:09:03.000 --> 00:09:06.000 ကျွန်မတို့စိတ်ကူးတွေကို အစပျိုးလာစေအောင် လုပ်ပေးစေနိုင်တဲ့ 00:09:06.000 --> 00:09:11.525 ကျွန်မတို့သွားနိုင်တယ်လို့ ထင်ထားထက်ကို 00:09:11.525 --> 00:09:17.015 ပိုပြီးသွားဖို့ ကူညီပေးနိုင်တဲ့ 00:09:17.027 --> 00:09:21.000 ခမ်းနားတဲ့ လက်ဆောင်တွေအဖြစ် ရှုမြင်ဖို့ပါ 00:09:21.000 --> 00:09:24.330 တကယ်တော့ အကန့်အသတ်တွေဆိုတာ ဖြိုချဖို့မဟုတ်ပါဘူး။ 00:09:24.340 --> 00:09:26.300 ဒါတွေကို တွန်းထုတ်ပြီး၎င်းတို့က 00:09:26.300 --> 00:09:29.040 ကျွန်မတို့ဆီ ယူလာနိုင်တဲ့ အံ့ဖွယ်နေရာတွေကို မြင်ကြည့်ကြဖို့ပါ 00:09:29.040 --> 00:09:30.540 ကျေးဇူးတင်ပါတယ်ရှင်။