ကျောင်းသား။ ကျွန်တော်တို့မှာ
ဒီကားဟောင်းကြီးရှိတယ်၊
ဒါပေမဲ့ ကားပျက်တိုင်း
ကျွန်တော် အမြဲ အံ့ဩရပါတယ်။
အကြောင်းက ကူညီဖို့ အသင့်ရှိနေတဲ့
ဒီလူအုပ်ကြီးက
အမြဲတမ်း ရှိနေပုံရလို့ပါ။
အဖွဲ့။ နေဦး တကယ်...
မင်းငါ့ကို ကူညီချင်တာ၊
ငါတကယ်ပြောတာ
ဒါဆိုရင် ကူနိင်တယ်။
မင်းသေချာလား၊
ကျေးဇူးတင်ပါတယ်၊
ကျေးဇူးပါ။
ကျောင်းသား၊ တစ်နေ့ ကစားနေတဲ့
ကလေးတစ်စုဆီက
လွတ်ထွက်လာတဲ့ ခြင်းလုံးကို ဖမ်းမိတယ်။
သူတို့က ကျွန်မကို ဝင်ကစားစေချင်တယ်၊
ကျွန်မက အတော်ဆုံးကစားသမား မဟုတ်ဘူးလေ။
ဒါပေမဲ့ အဲဒီအခိုက်မှာ ကိုယ့်ကို
ကြိုဆို၊ လက်ခံကြတယ်လို့ ခံစားရတယ်။
အဖွဲ့။ ငါမကစားချင်ဘူး၊
ငါက မတော်ဘူး။
ကြိုးစားကြည့်မယ်။
ရပါတယ်။
ကျောင်းသူ။ တစ်နေ့ လက်ထဲမှာ အိတ်နှစ်လုံးနဲ့
အိမ်ကို လမ်းလျှာက်နေတုန်း
ဒါကို ထိန်းဖို့ အတော့်ကို
အခက်တေွ့နေတာပေါ့။
အဲဒီအချိန်မှာ ရုတ်တရက်ပဲ အနီးအနားက
တစ်ယောက်က အကူအညီလိုလားလို့မေးတယ်။
အဲဒီအခိုက်မှာ ကျွန်မ အရမ်းကျေးဇူးတင်မိတယ်။
အဖွဲ့။ အကူအညီလိုတယ်၊
တကယ်၊ တကယ်ကို အကူအညီလိုတာပါ။
ကျေးဇူးပါ။
ကျောင်းသူ။ မြန်မာပြည်က ထွက်သွားခဲ့ပြီး
နှစ်နှစ်အကြာမှာ
ကျွန်မ မိသားစုဟာ ပြန်လာဖို့
အခွင့်အလမ်းရခဲ့တယ်၊ အရမ်း ပျော်မိတာပေါ့။
အကြောင်းပြချက်က ကျွန်မရဲ့ စိတ်ရဲ့ အစိတ်
အပိုင်း တစ်ခုကို ဒီနေရာက ပိုင်ဆိုင်လို့ပါ။
အဖွဲ့။ ခဏ နေပါဦး၊ ဆိုတော့..
ကြည်နူးဖွယ်ကောင်းတုန်းလား
(စကားပြောသံ)
မြတ်နိုးနေဆဲပါ
...တဲ့အပြင်...
တင်ဆက်သူ။ ဧည်ပရိတ်သတ်တို့ခင်ဗျား
Playback Theater က ကြိုဆိုပါတယ်။
(လက်ခုပ်သံများ)
Playback Theater ဆိုတာက ပရိတ်သတ်တွေ
သူတို့ရဲ့ ဇာတ်လမ်းတွေကို မျှဝေပြီး
သရုပ်ဆောင်တွေနဲ့ ဂီတပညာရှင်တစ်ဦးပါတဲ့
အဖွဲကနေ အဲဒါကို ပြန်လည် သရုပ်ဆောင်တာပါ။
အစဉ်အလာ ဇာတ်သဘင်မှာ ပရိတ်သတ်ဟာ
ဇာတ်ကောင်တွေကို စင်ပေါ်မှာမြင်ရပါတယ်။
Playback Theater မှာကျတော့ ပရိတ်သတ်ဟာ
သူတို့ကိုယ်သူတို့ စင်ပေါ်မှာမြင်ရတယ်။
အခုပဲ သင်တို့ မြင်တွေ့ခဲ့တာက ကျွန်တော်တို့
တင်ဆက်သူတွေဆီက လက်တွေ့ဘဝ ဇာတ်လမ်းတွေပါ။
ဒီနေ့ ကျွန်တော်တို့နဲ့အတူ သင်တို့ကို
မျှဝေစေချင်တာနဲ့ ဆင်တူတဲ့ ဇာတ်လမ်းတွေပါ။
ရောင်စုံပန်းထိုးထည်ရဲ့ အမြင်သဘောကို
စူးစမ်းဖို့ ဒီမှာရှိနေကြတာပါ။
သင်တို့ တစ်ဦးချင်းစီမှာ ဒီမြန်မာပြည်ရဲ့
ထူးဆန်း ထွေပြားမှုအကြောင်း ထူးခြားတဲ့
(သို့) စေ့ဆော်မှုပေးတဲ့
ဇာတ်လမ်းတစ်ပုဒ်ရှိတာကိုပါ။
ဒီနေ့ ဒီမှာရှိနေခြင်းကိုက
ဒီနိုင်ငံ ဖြစ်လာမယ့်ဟာရဲ့ ရက်ထည်ကို
သင်တို့ ဖန်တီးနေတာပါ။
သင့်တို့ ဇာတ်လမ်းတွေဟာ
ဒီရက်ထည်ရဲ့ ဒီရောင်စုံပန်းထိုးထည်ရဲ့
အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။
သင်တို့ ကိုယ်ပိုင်ဘဝတွေထဲက ဇာတ်လမ်း
တစ်ပုဒ်ကို တွေးကြည့်နိုင်လား။
စိတ်မှာပေါ်လာတဲ့ မြန်မာရဲ့ မှော်ဆန်တဲ့
(သို့) လျှို့ဝှက်ဆန်းကြယ်တဲ့
(သို့) နက်နဲရာပေါ့။
ဒါဟာ ဝမ်းနည်းစရာ ဇာတ်လမ်းဖြစ်နိုင်တယ်၊
လုံးဝ ထူးဆန်းတဲ့ ဇာတ်လမ်းဖြစ်နိုင်တယ်၊
စေ့ဆော်မှုပေးတဲ့ ဇာတ်လမ်းတစ်ပုဒ်
ဖြစ်လောက်တယ်။
ဇာတ်လမ်းတစ်ပုဒ်အကြောင်း တွေးမိနိုင်ပြီး
ဒါက သင့်ကို စိတ်ပိုင်းအရ ခံစားမိစေပုံကိုပါ
ဒါလုပ်ဖို့ သင့်ကို တွေးတောခြင်း ဂီတ
နည်းနည်းလေးပေးပါ့မယ်။
(ဂီတသံ)
ကျေးဇူးပါ၊ Toka ။
တင်ဆက်သူ သင့်ဇာတ်လမ်းမှာ ခေါင်းစဉ်ရှိရင်
စကားလုံးတစ်လုံး (သို့) တစ်လုံးနှစ်လုံး
ဖြစ်နိုင်ပါတယ်၊
ဇာတ်လမ်းခေါင်းစဉ်က ဘာဖြစ်လိမ့်မလဲ။
သင့်ဇာတ်လမ်းခေါင်းစဉ်ကို စဉ်းစားပါ၊
သင့်ဘေးနားက လူကို ပြောပြပြီး
ဇာတ်လမ်းရဲ့ ခေါင်းစဉ်ကိုမျှဝေဖို့
အချိန် ခဏလေး ယူလိုက်ပါ။
သင်တို့ဟာ မျှဝေနေသူတွေအတွက်တော့
အင်မတန်ကို နှုတ်ဆိတ်လွန်းပါတယ်။
သင့်ဇာတ်လမ်းကို မျှဝေပါဦး။
တဒင်္ဂလေးပါ၊
ခေါင်းစဉ်လေးပါပဲ။
(စကားပြောဆိုခြင်း)
မိုက်ကရိုဖုန်းနဲ့ ကူပေးသူတွေကို
မိမိတို့ကိုယ်ကို ပရိတ်သတ်တွေ
သိရှိအောင် လုပ်ပေးစေချင်ပါတယ်။
ဒါပေမဲ့ တွေးနေမိတာက သင်တို့ဇာတ်လမ်းရဲ့
ခေါင်းစဉ်လေးတွေများ ကြားနိုင်မလားလို့ပါ။
ဒီတိုတောင်းတဲ့ပွဲကနေ စိတ်ထဲဝင်လာတဲ့
ခေါင်းစဉ်တစ်ခုရှိတယ်ဆိုရင်
ကျေးဇူးပြုပြီး၊ လက်ထောင်ပြပါ။
(အော်ဟစ်အားပေးသံ)
တင်ဆက်သူ။ ရန်ကုန် ပထမဆုံး မီးပျက်မှု
ပရိတ်သတ်။ ကျွန်တော့ ရန်ကုန် ပထမ မီးပျက်မှု
တင်ဆက်သူ။ အိုး၊ သင့်ရဲ့ ရန်ကုန်
ပထမဆုံး မီးပျက်မှု
စိတ်ဝင်စားစရာကောင်းပုံပဲ။
လူကြီးမင်းရဲ့ နာမည်ကရောဗျာ။
ပရိတ်သတ်။ Andrew ပါ၊
တင်ဆက်သူ။ Andrew ရေ
ရန်ကုန်မြို့ ပထမဆုံး မီးပျက်မှု
ဇာတ်လမ်းလေး
ကျေးဇူးပြုပြီး အကျယ်ချဲ့ပေးနိင်မလားဗျာ။
ပရိတ်သတ်။ ပထမဆုံးအကြိမ် ရန်ကုန်ရောက်တော့
တရုတ်တန်းကို သွားခဲ့တယ်။
နေရာက လမ်းကြားထဲမှာပါ။
ခေါက်ဆွဲ ကောင်းကောင်းတွေရှိတယ်လေ။
ခေါက်ဆွဲစျေးတန်းထဲမှာပေါ့ဗျာ။
အရသာရှိတယ်၊ အပြင် စားပွဲမှာ
စားစရာအကုန်ရှိတယ်။
စျေးသည်က ကျွန်တော်အထဲမှာ ထိုင်လို့ရတဲ့
ဘေးက အခန်းလေးတစ်ခန်းကို ပြတယ်။
အထဲမှာက အတော့ကို ပူတယ်။
အခြားဗမာတွေအားလုံးနဲ့့အတူ ထိုင်လိုက်တယ်။
ဒီနောက် ကျွန်တော့ ခေါက်ဆွဲရောက်လာတယ်၊
အံ့သြစရာ ပူပူလောလောနဲ့ပါ။
ဧပြီလဆိုတော့ အသေပူတာပေါ့။
ကျွန်တော်တော့ ချွေးပျံပြီး စားနေတာပေါ့။
အချိန်က ည ရှစ်နာရီလေ။
ရုတ်တရက်ပဲ မီးပျက်သွားတယ်၊ ရန်ကုန်မှာ
ပထမဆုံး မီးပျက်တာဆိုတာမျိုးပေါ့။
ဒါနဲ့ ဘေးဘီ ကြည့်လိုက်တယ်၊
တစ်ယောက်မှ မလန့်ဘူး။
လူတိုင်းက ရဲရဲပူလို့၊ ဆက်စားနေတုန်းပဲ၊
နောက် ဘာဖြစ်တာ မှန်းကြည့်၊
သူတို့ မိုဘိုင်းဖုန်းတွေယူပြီး
မီးဖွင့်တော့ လင်းလာတယ်၊
ဆက်စားနေတာပဲဗျို့။
(ရယ်သံများ)
ဒါ ကျွန်တော့
ပထမဆုံး ရန်ကုန်မြို့ မီးပျက်မှုပါ
ရန်ကုန်က လူတွေဟာ အတော်ကို တည်ငြိမ်တယ်ဆိုတာ
သိလိုက်တယ်၊ လန့်မှ မလန့်ကြတာဗျာ။
(လက်ခုပ်သံများ) (အားပေးသံ)
တင်ဆက်သူ။ အိုကေ၊ Andrew
(လက်ခုပ်သံများ)
ခင်ဗျားဇာတ်လမ်းကို မျှဝေတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်
ခင်ဗျား ခေါက်ဆွဲဆိုင်ထဲ ဝင်သွားတဲ့
တဒင်္ဂကို မြင်ရပါတော့မယ်၊
အပြိုင်ဖြစ်တဲ့ တဒင်္ဂ ဆိုတဲ့အတိုင်း
ဒီပူပူလောလော ခေါက်ဆွဲဇလုံကို ယူလိုက်တဲ့
ခင်ဗျားရဲ့ ကြည်နူးမှုကို မြင်ရတော့မှာပါ။
ဒီနောက် မီးပျက်တဲ့ တဒင်္ဂကို
မြင်ရတော့မယ်။
ဒီနောက် "ဒါကို တစ်ယောက်မှတောင်
ပူပန်မနေဘူးလား"
ဆိုပြီး ခင်းဗျားလှည်ကြည့်လိုက်တာပေါ့။
(ရယ်သံများ)
ကြည့်လိုက်ရအောင်။
(ဂီတသံ)
အဖွဲ့။ ငါတော့ မစောင့်နိုင်ဘူး၊
အရမ်းကောင်းမှာနော်
ခေါက်ဆွဲ ကြိုက်တယ်ကွ၊
ခေါက်ဆွဲဟာ
ခေါက်ဆွဲဟာ အရမ်းကို ပျော်စရာလေ။
ငါခေါက်ဆွဲကြိုက်တယ်၊ ကောင်းမှကောင်း
(ရှလွတ်)
ဟာ...
ဘာလို့ တစ်ယောက်မှ မလန့်တာလဲ။
ဟေ့လူတွေ၊ ဟာ (စကားပြောခြင်း)
မမြင်ရဘူး၊
ဘာလို့ မလန့်ကြတာလဲ။
အော်တာတွေ လန့်တာတွေဖြစ်ရမှာလေ။
ဘာရယ်၊
တင်ဆက်သူ။ ကဲဒီမှာ မီးအလင်းလေး။
အဖွဲ့။ အိုး အိုကေ။
ငါက.....
ဆိုလိုတာက ကိုယ့်လူတို့ဟာ
ရပြီ....
ဒါနဲ့ နေလို့ရပါတယ်...
ငါ့ခေါက်ဆွဲ စားလို့ရတယ်။
တင်ဆက်သူ။ Andrew ဒီမှာ ဒီနေ့ ခင်ဗျားကို
ပြန်သရုပ်ဆောင်ပြလိုက်တဲ့
ခင်ဗျားရဲ့ ဇာတ်လမ်း နည်းနည်း တွေ့လိုက်လား။
အံ့ဖွယ်ပဲ။
ကျွန်ုပ်တို့ရဲ့ အလုပ်က အဲဒါပါပဲ။
(လက်ခုပ်သံများ)
ဒီပွဲအတွက် အချိန်အတော်ကြာ
လေ့ကျင့်နေခဲ့တာပါ။
ဒီတော့ အခြားတစ်ခုခု မျှဝေဖို့ ဒိပြင်
တစ်ယောက်ရှိတယ်ဆိုရင်
ဖြစ်နိုင်တာက လုံးဝကို ကွဲပြားတဲ့
ဇာတ်လမ်းဖြစ်နိုင်ပါတယ်၊
လက်ထောင်ပြလို့ရမလားဗျာ။
ပရိတ်သတ်။ ကျွန်မအမည် ခင်မာပါ။
တင်ဆက်သူ။ တွေ့ရတာဝမ်းသာပါတယ်။
ပရိတ်သတ်။ ကျွန်မလည်း ဝမ်းသာပါတယ်
တင်ဆက်သူ။ ခင်ဗျားရဲ့ ဇာတ်လမ်းခေါင်းစဉ်က
ပရိတ်သတ်။ ခေါင်းစဉ်က
"တန်ဖိုးများရဲ့ ပဋိပက္ခများ"
တင်ဆက်သူ။ တန်ဖိုးများရဲ့ ပဋိပက္ခများ
ခင်ဗျား ဇာတ်လမ်းရဲ့ စိတ်အလှုပ်ရှားစေဆုံး
အပိုင်းကို သပြီး ဒီနေ့ ခင်ဗျားအတွက်
ပြန် သရုပ်ဆောင်လို့ရအောင်
အကျဉ်းချုံးပေးနိုင်လား ကြည့်ရအောင်
ပရိတ်သတ်။ ရတာပေါ့။
အခုကျွန်မတို့ အမျိုးသမီး လုပ်ပိုင်ခွင့်၊
အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချတဲ့အဆင့်တွေ၊
ဦးဆောင်မှုအဆင့်မှာ ရှိဖို့လိုတာအကြောင်း
အမြဲပြောကြတယ်။
ဒီလိုနဲ့ တစ်နေ့ ကျေးလက် အမျိုးသမီးတွေအတွက်
ခေါင်းဆောင်မှု သင်တန်းမျိုး ပေးနေတုန်းပေါ့
ဒီနောက် အင်မတန် ပညာတတ်တဲ့ အမျိုးသမီးဝါဒီ
သင်တန်းပေးသူနဲ့ ဆက်သွယ်မိသွားတယ်။
သူမက တကယ့်ကို ပညာတတ်ပါ။
ကျွန်မက ကောင်းပြီ၊ ဒီအမျိုးသမီးတွေကို
ခေါင်းဆောင်မှုအရည်အချင်းတွေနဲ့
ခေါင်းဆောင်မှု အသိသုတတွေ သင်ပေးဖို့
ရှင့်လို သင်တန်းပေးသူတစ်ဦး ရနိုင်မယ်ဆို
အရမ်းကို ကျေးဇူးတင်မိမှာပါ"လို့။
ဒီနောက် သင်တန်းပေးသူက ကျွန်မကို
မေးတာက "သူတို့က ပညာတတ်တွေလား"
ကျွန်မက "မဟုတ်ဘူး"လို့။
"သူတို့ ပညာရေးကရော"
ကျွန်မက "ဖြစ်နိုင်တာက
တစ်ချို့က သုံးတန်း၊ လေးတန်းပဲရှိတယ်၊
ဒါပေမဲ့ ရေးတတ်၊ ဖတ်တတ်ပါတယ်"
ဒီတော့ သင်တန်းပေးသူက
"အိုး၊ မဟုတ်တာ၊ ဒါက..
ကျွန်မသင်တန်းက အရမ်းအဆင့်မြင့်တာမျိုးလေ၊
တောက အမျိုးသမီးတွေ ခေါင်းဆောင်တွေ
ဖြစ်ဖို့က ဘယ်လို မျှော်လင့်လို့ရမှာလဲ"တဲ့။
တင်ဆက်သူ။ ဒီအခိုက်မှာ
သူမ ခင်ဗျားကို ဒီလိုပြောတော့
ခင်ဗျားဘယ်လို ခံစားမိလဲ။
ပရိတ်သတ်။ ကျွန်မ နှလုံးသား
ပေါက်ကွဲနေသလိုမျိုးပဲလေ။
အကြောင်းက ဒီအမျိုးသမီးက
အမျိုးသမီးခေါင်းဆောင်မှုကို ယုံကြည်ပြီး
ကျွန်မလည်း အမျိုးသမီးခေါင်းဆောင်မှုကို
ယုံကြည်တာပဲလေ၊
တောက အမျိုးသမီးဟာလည်း
ခေါင်းဆောင်ဖြစ်ဖို့ အလားအလာရှိတာကြောင့်ပါ။
တင်ဆက်သူ။ ဟုတ်တာပေါ့၊ အဲဒီတုန်းက
နည်းနည်းလေး စော်ကားခံရတယ်လို့ဖြစ်မိလား။
ပရိတ်သတ်။ ဖြစ်တာပေါ့ရှင်။
တင်ဆက်သူ။ လျှပ်တစ်ပြက် တဒင်္ဂလို့ဆိုတဲ့
အထဲက ဒီတဒင်္ဂကို မြင်ရပါတော့မယ်။
အမျိုးသမီးက တစ်ခုခု ပြောလိုက်လို့
ခင်ဗျားဟာ စော်ကားခံရတယ်လို့ဖြစ်မိတယ်၊
အကြောင်းက လူတိုင်း အထူးသဖြင့်
အမျိုးသမီးတွေဟာ တူညီတဲ့ အခွင့်အလမ်း
ရှိသင့်တယ်လို့ ခင်ဗျားယုံကြည်လို့ပါ
မှန်လား။
အိုကေ၊ ဒီလျှပ်တစ်ပြက် တဒင်္ဂကို ကြည့်မယ်။
ကြည့်လိုက်ရအောင်။
(ဂီတသံ) (ကျယ်လောင်စွာ အော်ဟစ် အားပေးခြင်း)
အဖွဲ့။ ဘာဖြစ်တာလဲ။
ရှင် ဘာဖြစ်တာလဲ။
လာစမ်းပါ။
တင်ဆက်သူ။ ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
အခုပဲ သူတို့တွေအတွင်းက ခင်ဗျား ခံစားခဲ့ရ
ပုံ နည်းနည်း မြင်လိုက်တာမျိုးဖြစ်မိလား။
အံ့သြစရာပါ။
ခင်ဗျား ဇာတ်လမ်းကို မျှဝေတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
ဇာတ်လမ်းမျှဝေချင်တဲ့ အခြားသူရှိပါသေးလား။
ဟဲလို ခင်ဗျားရဲ့ နာမည်က
ပရိတ်သတ်။ အမည်က ခန့်ပါ။
တင်ဆက်သူ။ ခန့်ရေ၊ ခင်ဗျားရဲ့ဇာတ်လမ်း
ခေါင်းစဉ် ပြောပြနိုင်မလားဗျာ။
ပရိတ်သတ်။ ဒီအလင်းရောင်က ဘာလဲ။
တင်ဆက်သူ။ ဒီအလင်းရောင်က ဘာလဲ။
ခင်ဗျားရဲ့ ဇာတ်လမ်းကို အကျယ်ချဲ့ပါဦးဗျာ။
ပရိတ်သတ်၊ လွန်ခဲ့တဲ့ နှစ်လလောက်က
ကျွန်တော်တို့ သူငယ်ချင်းတွေ ကမ်းခြေကို
အပန်းဖြေခရီးထွက်နေတုန်းကပါ။
ညမှာ ကမ်းခြေမှာထိုင်ပြီး
ကြယ်တွေကို ငေးကြည့်နေခဲ့တယ်။
သူငယ်ချင်းတစ်ယောက်က ပြောတာက
"ကောင်းကင်မှာ အလင်းတစ်ခုကွ"တဲ့။
ဒါကို ကြယ်ကြွေတာလို့ သူကထင်ပြီး
ထရပ်လိုက်တယ်။
နောက်ဆုံး ထရပ်ကာ ဆုတောင်းလိုက်တာက
သူ့ရည်းစား သူ့တစ်ဖက်သတ်ချစ်သူက
သူ့ကို ပြန်ချစ်ပါစေပေါ့။
ဒါပေမဲ့ ကျွန်တော်တို့ အလင်းတန်းကို
ဆက်ကြည့်နေတာပေါ့၊
ဒါက ကြယ်ကြွေတာမဟုတ်ဘူး၊
တကယ်တော့ လေယာဉ်ပျံတစ်စီးပါ။
(ရယ်သံများ)
တင်ဆက်သူ၊ ထင်ပါတယ်၊ အခု ကျွန်တော်တို့လို
အတော် ဟာသမြောက်တယ်လို့ ခင်ဗျားထင်မိတာပါ။
ရယ်စရာလို့ ခင်ဗျားထင်ခဲ့လား။
ပရိတ်သတ်။ ဟုတ်ကဲ့။
တင်ဆက်သူ။ Playback Theater ဟာ
ပုံပြောသူရဲ့ ခံစားမှုကို အာရုံစိုက်ပါတယ်။
ဒီတော့ ခင်ဗျား သူငယ်ချင်းရဲ့
အထင်မှားမှုအပေါ်
ခင်ဗျားရဲ့ စိတ်ခံစားမှုကို
ကျွန်တော်တို့ အာရုံစိုက်ပါ့မယ်။
ပရိတ်သတ်။ တကယ်က လေယာဉ်ပျံလို့
ကျွန်တော်တို့ သိခဲ့ပေမဲ့
သူက အဲဒီအချိန်က အရမ်းစိတ်လှုပ်ရှားနေတယ်၊
လေယာဉ်ပျံမှန်း သူ မသိခဲ့ဘူး၊
ဒါနဲ့ သူ့ကို ဆက်နားထောင်နေကာ ဒါကို
မင်းဆုတောင်းသင့်တယ်လို့ ပြောခဲ့တယ်။
(ရယ်သံများ)
ကြယ်ကြွေချိန်မှာ ဆုတောင်းတာ
ပြည့်နိုင်တယ်လေ။
တင်ဆက်သူ။ အိုကေ၊ ဒီလို မြင်ရပါလိမ့်မယ်၊
မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။
စိတ်ဝင်စားစရာ ဇာတ်လမ်းပါ၊
(လက်ခုပ်သံများ)
မြင်ရမှာက နောက်ထပ် အပြိုင်ဖြစ်တဲ့ ကာလ၊
ခင်းဗျားတို့တွေ ကမ်းခြေမှာ လေညှင်းခံကာ
ဒါကို ခံစားနေတယ်၊
နောက် သူငယ်ချင်းက ကောင်းကင်က
ကြယ် ဇာတ်လမ်းကိုပြောတာ သိလိုက်တယ်ပေါ့။
ကောင်းကင်က အလင်း
ဒီနောက် ခင်ဗျားတို့ သူငယ်ချင်းအားလုံး
လေယာဉ်ပျံဆိုတော့ တစ်ခစ်ခစ်ရယ်နေပြီး
အချင်းချင်း ပြက်လုံးထုတ်နေတယ်ပေါ့။
ကြည့်ရအောင်ဗျာ။
(ဂီတသံ)
အဖွဲ့။ ကြည့်ကြစမ်း၊ သူငါ့ကို ချစ်ပါစေ။
ဘုရားရေ၊ ကောင်းလိုက်တာ...
လှလိုက်တာ...
ငါတွေ့တယ်၊
မင်းတို့တွေ့လား၊
အိုး ...
ဟိုမှာ....
(ရယ်သံများ)
တောင်းပန်တယ်၊ အချစ်ရေ၊
ငါတောင်းပန်ပါတယ်၊
ဆက်လုပ်ပါ
ရပါတယ်၊ အဆင်ပြေတယ်၊
ဘာဖြစ်ဖြစ် ဆုသာတောင်းပါ၊
ငါမင်းကို လှောင်တာမဟုတ်ဘူး၊
မင်းနဲ့အတူ လိုက်ရယ်တာပါ။
တင်ဆက်သူ။ ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
တင်ဆက်သူ၊ ပရိတ်သတ်ဆီက
နောက် ဇာတ်လမ်းတစ်ပုဒ်လောက်
ဇာတ်လမ်းတစ်ပုဒ်ပြောဖို့
စိတ်ပြင်းပြနေတဲ့သူတစ်ဦးလောက်
ဟောဟို တစ်နေရာမှာလား။
တင်ဆက်သူ။ ဟဲလို၊
ပရိတ်သတ်။ ဟဲလို၊
တင်ဆက်သူ။ ဟိုင်း၊
ပရိတ်သတ်။ ဟိုင်း၊
တင်ဆက်သူ။ နာမည် ဘယ်လိုခေါ်လဲ။
ပရိတ်သတ်။ Ray ပါ။
တင်ဆက်သူ။ ကဲ Ray ၊ ခင်ဗျားဇာတ်လမ်း
ခေါင်စဉ်လေး ပြောပါဦး။
ပရိတ်သတ်။ "အန္တရာယ်ရှေ့မှာ ပြုံးနေခြင်း"
တင်ဆက်သူ။ အန္တရာယ်ကို ကြိုက်တယ်ဗျာ။
ပရိတ်သတ်။ တကယ်က ကျွန်တော့ဇာတ်လမ်းလည်း
ကမ်းခြေမှာ ဖြစ်ခဲ့တာပါ။
တင်ဆက်သူ။ ကောင်းတာပေါ့
ပရိတ်သတ်။ သူငယ်ချင်းတွေနဲ့
သမုဒ္ဒရာဆီ ထွက်ခဲ့တယ်။
တံငါသည်ဟာ ကျွန်တော်တို့ကို
ဖောင်သေးသေးလေးနဲ့ ခေါ်သွားတယ်။
သမုဒ္ဒရာအလယ်လဲရောက်ရော ကျွန်တော်တို့လှေက
စက်ရပ်သွားတယ်။
သူငယ်ချင်းက ကြောက်နေပြီး
ကျွန်တော့ကို အော်နေတာက
"Ray မင်းပြောတာ နားထောင်ခဲ့တာ မှားသွားပြီ။
ငါတို့တော့ သမုဒ္ဒရာအလယ်မှာ
နစ်တော့မယ်ကွာ"တဲ့။
တံငါသည်က ပြုံးလိုက်ပြီး ကျွန်တော်တို့
သောက်ဖို့ စီးကရက် ထုတ်ပေးတယ်။
ပြီးတော့ "နေဦး" ဆိုပြီး သူ့လုံချည်ကို
ဆုတ်ဖြဲကာ မော်တာကို ချည်လိုက်တယ်။
သူဟာ တူနဲ့ စပြီးထုတော့တာပဲ။
မိနစ် ၂၀၊ ၃၀ အကြာမှာ
လှေက ပြန်ကောင်းသွားတယ်။
ကျွန်တော်က သူငယ်ချင်းကိုပြောလိုက်တယ်၊
"တွေ့လား၊ မိုက်ပါတယ်ဆို"
(ရယ်သံများ)
တင်ဆက်သူ။ လှေပျက်သွားတဲ့
ဒီအခိုက်မှာ
ခင်ဗျား နည်းနည်း
ပူပန်တာ၊ စိုးရိမ်တာ မဖြစ်ခဲ့ဘူးလား။
ပရိတ်သတ်။ ဘာဆက်ဖြစ်မယ်ဆိုတာပဲ
ကြည့်ချင်တယ်ဗျာ။
တင်ဆက်သူ။ အတူတူပါပဲဗျာ။
ဒါကို ကြော့ရှင်တဲ့ ပန်းပုအဖြစ်နဲ့
မြင်ရတော့မှာပါ၊
လုံချည်တစ်ထည်နဲ့ ပြင်လိုက်တဲ့
လှေကို မြင်လိုက်တဲ့ ဒီတစ်ခဏပါ၊
ခင်ဗျားက "ဟေး၊ ကိုယ်လူတို့
အားလုံးကောင်းသွာမှာပါ"
ဒါဟာ မြန်မာ့ အကောင်းဆုံး ထွင်ဉာဏ်ပါ။
ကောင်းပါပြီ။
အဖွဲ့။ မဟုတ်တာ၊
ငါတော့ လုံးဝမပူဘူး၊ ငါသိတယ်၊
တကယ်ပါ၊ ပြေလည်သွားတော့မယ်၊
တကယ်ပါ၊ ပြေလည်သွားတော့မယ်၊
ဟေ့ကောင်တွေ၊ အားလုံးအဆင်ပြေတော့မယ်။
(စကားပြောဆိုသံများ)
ငါသိတယ်၊
ဒါ မြန်မာလေ၊
ဘာ လွဲချော်နိုင်မှာလဲ။
တင်ဆက်သူ။ သူတို့အတွင်းက
ခင်ဗျား ဇာတ်လမ်းပိုင်းကို မြင်လိုက်လား။
ကျေးဇူးပါ။
(လက်ခုပ်သံများ)
တင်ဆက်သူ။ သင်တို့ ဇာတ်လမ်းတွေကနေ
ဟာသတစ်ချို့၊
ထွင်ဉာဏ်တစ်ချို့နဲ့ ဒီနေ့ ဒီနေရာက
ထက်သန်မှုတစ်ချို့ကို မြင်လိုက်ရပါပြီ။
ပြန်လည်သရုပ်ဆောင်မှု ဇာတ်ပွဲ ဖြစ်ခဲ့ကာ
သင်တို့ ဇာတ်လမ်းတွေဆက်ဖို့မျှော်လင့်ပါတယ်
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ