ကဲ ဒီနေ့ ပြောချင်တာက ငွေနဲ့ ပျော်ရွှင်မှုအကြောင်းပါ။ ဒီ နှစ်ခုက ကျွန်တော်တို့ အချိန်အများကြီး အကုန်ခံကာ စဉ်းစားတဲ့အကြောင်းပါ။ ဒါတွေ ဝင်ဖို့ (သို့) တိုးပွားဖို့ ဖြစ်ဖြစ်ပေါ့။ တော်တော်များများ ဒီစကားရပ်နဲ့ ပနံရပါတယ်။ ဘာသာရေးနဲ့ တက်ကျမ်းတွေမှာတွေရတာက ငွေက ပျော်ရွှင်မှုကို ဝယ်လို့မရဘူးတဲ့။ ဒါဟာမှားတယ်လို့ ဒီနေ့ အကြံပေးချင်တာပါ။ (ရယ်သံများ) စီးပွားရေးကျောင်းကပါ၊ ဒါကိုလုပ်တာပေါ့ ဒါဟာ မှားတယ်၊ တကယ်က ခင်ဗျားဟာ မှန်မှန်ကန်ကန် သုံးစွဲမနေဘူးလို့ ထင်ရင်ပေါ့။ ဒီတော့ ပုံမှန်သုံးနတေဲ့ နည်းလမ်းအစား ဖြစ်နိုင်တာက အပြောင်းအလဲနဲ့ သုံးလိုက်ရင် နည်းနည်းလေး ပိုကောင်းနိုင်တာပေါ့။ ပိုပျော်ရွှင်စေအောင် သုံးနိုင်တဲ့ နည်းတွေကို မပြောပြခင် သုံးနေကျပုံတွေကို စဉ်းစားကြည့်ရအောင်။ ဒါက တကယ်မှာ ပိုမပျော်စေပါဘူး။ သဘာဝကျတဲ့ စမ်းသပ်မှုလေး တစ်ခု ရှိပါတယ်။ ဒါနဲ့ CNN က လူတွေ ထီပေါက်တဲ့အခါ ဖြစ်ပေါ်တတ်တာကို စိတ်ဝင်စားစရာ ဆောင်းပါးလေး မကြာသေးခင်က ရေးသားခဲ့တယ်။ ထီပေါက်ရင် သူတို့ဘဝတွေဟာ အံ့ဩစရာ ကောင်းသွားမယ်လို့ ထင်တတ်ကြတယ် ဆောင်းပါးက သူတို့ဘဝတွေ ပျက်စီးသွားပုံပါ။ ဒီတော့ လူတွေ ထီပေါက်ရင် ဖြစ်တတ်တာက တစ်။ သူတို့ငွေတွေကို အကုန်သုံးလိုက်တော့ အကြွေးတင်သွားကြတယ်၊ နှစ်။ မိတ်ဆွေတွေနဲ့ ဆုံဖူးတဲ့သူတွေဟာ သူတို့ကိုရှာပြီး ငွေအတွက် စိတ်ရှုပ်အောင်လုပ်ကြတယ်။ တကယ်တော့ ဆက်ဆံရေးပျက်ပြားစေတာပေါ့။ ဒါနဲ့ ထီမပေါက်ခင်ကထက် အကြွေးပိုထူ၊ ဆက်ဆံရေး ပိုဆိုးသွားတယ်။ ဆောင်းပါးနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ဆောင်းပါးကို ဖတ်တဲ့သူတွေက ဝေဖန်ချက်ပေးတာပါ။ ငွေက သူတို့ကိုဘယ်လို ပျော်ရွှင်မှုမပေးတာ နားလည်အောင်လုပ်ပေးတာကို ပြောမယ့်အစား လူတိုင်းက ချက်ချင်းပြောတာက ကျုပ် ထီပေါက်ရင် ဘာလုပ်မလဲ သီလား။ သူတို့လုပ်မှာ လေထဲ တိုက်အိမ် ဆောက်ရင်းလေ။ ဒီမှာ တွေ့တာတွေထဲက စဉ်းစားဖို့ စိတ်ဝင်စားစရာ နှစ်ခုပါ။ တစ်ယောက်ကရေးတာက "ကျုပ် ထီပေါက်ရင် ကိုယ်ပိုင် တောင်လေးတစ်လုံး ဝယ်ပြီး ထိပ်မှာ အိမ်ကလေးတစ်လုံး ဆောက်မယ်။ (ရယ်သံများ) နောက်တစ်ယောက်က " ရေချိုးကန်ကို ငွေနဲ့ ဖြည့်လိုက်ပြီး ကန်ထဲကို ဆေးပြင်းလိပ်ကြီးခဲ ပြီးတော့ ရှန်ပိန် တစ်ခွက်လောက် မြုံ့ရင်းဝင်လိုက်မယ်။" ဒါက ပိုဆိုးတယ်၊ "ဓာတ်ပုံရိုက်ခိုင်းပြီး ပုံချောတွေ အများကြီးလုပ်ခိုင်းမယ်။ ပိုက်ဆံတောင်းတာတို့၊ ငွေညှစ်တာတို့လုပ်တဲ့ သူဟာ ဒီပုံကလွဲပြီး ဘာမှရမှာမဟုတ်ဘူး။" (ရယ်သံများ) ဒီတော့ ဝေဖန်ချက်အများအပြားဟာ ဒါမျိုးတွေပါ။ လူတွေ ငွေရတဲ့ အခါမှာ တကယ်ကျတော့ ငွေက သူတို့ကို လူမှုရေး ခေါင်းပါးစေတယ်။ ဘဝကိုဖျက်ဆီးတယ်၊ မိတ်ဆွေတွေက စိတ်ရှုပ်စေတယ်လို့ ပြောတာပါ။ ငွေက မကြာခဏ အတ္တလည်းကြီးစေပြီး ကျွန်တော်တို့ဟာ ကိုယ့်အတွက်ပဲ လုပ်ကြတယ်လေ။ အင်း ငွေက ကျွန်တော်တို့ကို မပျော်စေတဲ့ အကြောင်းက မဟုတ်တာတွေမှာပဲ အမြဲသုံးနေကြပြီး အထူးသဖြင့် ကိုယ့်အတွက်ပဲ သုံးနေကြလို့ပါ။ တွေးမိတာက လူတွေကို အခြားသူတွေအတွက် သုံးစေမယ်ဆိုရင် ဘာဖြစ်မလဲ ဆိုတာပါ။ ဒီတော့ ငွေနဲ့ လူမှုရေးခေါင်းပါးမဲ့အစား ငွေနဲ့ လူမှုရေးနည်းနည်း ပိုလုပ်ရင်ရော။ လူတွေကို လုပ်စေပြီး ဖြစ်တာကိုကြည့်မယ်ပေါ့ ဒီတော့ တချို့ကို လုပ်နေကျ လုပ်ခိုင်းပြီး သူတို့ဘာသာ သုံးခိုင်းမယ်။ တချို့ကို ပေးခိုင်းလိုက်ပြီး သူတို့ရဲ့ ပျော်ရွှင်မှုကို တိုင်းတာကာ သူတို့ ပိုပျော်လားလို့ ကြည့်မယ်။ ဒါနဲ့ လုပ်ခဲ့တဲ့ ပထမနည်းက ဒါပါ။ Vancouver မနက်ခင်းမှာ British Columbia တက္ကသိုလ်ကိုသွားပြီး လူတွေဆီချဉ်းကပ်ပြီး မေးတာက"စမ်းသပ်မှုထဲမှာ ပါချင်လား။" သူတို့က "ဟုတ်ကဲ့"တဲ့။ သူတို့ တယ်လောက်ပျော်ခဲ့လဲ လို့မေးပြီး စာအိတ် တစ်အိတ်ပေးလိုက်တယ်။ စာအိတ် တစ်အိတ်ထဲမှာက "ဒီနေ့ ညနေ ၅ နာရီ မထိုးခင် ဒီငွေကို ကိုယ့်အတွက်ကိုယ် သုံးပါ။" ဒီတော့ ဘာကိုသုံးနိုင်တယ်ဆိုတာ နမူနာတွေ ပေးလိုက်တယ်။ မနက်ပိုင်းမှာ အခြားသူတွေက "ညနေ ၅နာရီ မတိုင်ခင် ဒီငွေကို အခြားသူအတွက်သုံးပါ" ဖြတ်ပိုင်းရတယ်။ စာအိတ်ထဲမှာ ငွေပါ။ သူတို့ကို ဘယ်လောက်ပေးလဲဆိုတာ လှုပ်ပြတယ်။ ဒါနဲ့ တချို့က ဒီဖြတ်ပိုင်းနဲ့ ငါးဒေါ်လာရတယ်။ တချို့က ဒီဖြတ်ပိုင်းနဲ့ ဒေါ်လာ ၂၀ ရတယ်။ သူတို့ နေချင်သလို နေခွင့်ပေးလိုက်တယ်။ ကြိုက်တာ လုပ်ကြတော့တာပေါ့။ သူတို့ကို ပြောထားတဲ့အတိုင်း လုပ်ကြတာတွေ့ရတယ်။ ညကျတော့ ဖုန်းဆက်မေးတာက "ဘာအတွက် သုံးခဲ့လဲ၊" "အခု ဘယ်လောက် ပျော်လဲ။" ဘာအတွက် သုံးခဲ့လဲ။" ဘွဲ့ကြိုကျောင်းသားတွေဆိုတော့ ကိုယ့်အတွက် နားကွင်း၊ မိတ်ကပ်လိုတွေမှာ သုံးတာများတယ် အမျိုးသမီး တစ်ဦးက သူ့တူမအတွက် ရုပ်လုံးသွင်းထားတဲ့ အရုပ်ဝယ်တယ်။ လူတွေဟာ အိမ်ယာမဲ့တွေကို ပေးကမ်းကြတယ်။ ဒီက Starbucks ရဲ့ သက်ရောက်မှုကြီးပါ။ (ရယ်သံများ) ဒီတော့ ဘွဲ့ကြိုကျောင်းသားတစ်ယောက်ကို ငါးဒေါ်လာပေးရင် ဒါဟာ ကော်ဖီလိုဖြစ်ပြီး Starbucks ကို အမြန်ဆုံးလစ်တော့တာပဲ။ ဒါပေမဲ့ တချို့က ကိုယ့်အတွက် ကော်ဖီဝယ်တာ၊ လုပ်နေကျအတိုင်းလေ။ တချို့က သူများအတွက် ကော်ဖီဝယ်တာတဲ့။ ဒီတော့ ဝယ်တာချင်းအတူတူ ကိုယ်အတွက်ပဲ ရည်မှန်းတာနဲ့ သူများအတွက် ရည်မှန်းတာပါ။ အဆုံးမှာ ဖုန်းပြန်ဆက်တော့ သိရတာက ဘာလဲ။ ငွေကို သူများအတွက် သုံးသူတွေ ပိုပျော်ကြတယ် ကိုယ့်အတွက်ပဲ သုံးသူတွေက ဘာမှဖြစ်မလာပါဘူး။ ပိုမပျော်တာတော့မဟုတ်ပဲ သူတို့အတွက် အများကြီး မဖြစ်စေတာပါ။ အခြားတွေ့ရှိတာက သုံးတဲ့ပမာဏဟာ သိပ် အဓိက မကျတာပါ။ လူတွေထင်တာက ဒေါ်လာ ၂၀ က ၅ ဒေါ်လာထက် ပိုကောင်းမယ်ပေါ့။ တကယ်က ဘယ်လောက်သုံးတာက အရေးမကြီးပါဘူး။ အဓိကက ကိုယ့်အတွက်ထက် သူများအတွက်သုံးတာပါ။ ဒါကို ထပ်တလဲလဲ တွေ့ရတာက လူတွေကို ကိုယ်တိုင်အတွက်ဆိုတာထက် သူများအတွက် ငွေပေးတဲ့အခါမှာပါ။ တကယ်တော့ ဒါတွေဟာ ကနေဒါက ဘွဲ့ကြိုကျောင်းသား တွေဖြစ်ပြီး အများစု သဘောထား မထင်ဟပ်ပါဘူး။ တော်တော်လေး ချမ်းသာသူတွေနဲ့ အဲဒီလိုအရာမျိုးတွေပါပဲ။ ချမ်းသားတဲ့ နိုင်ငံတွေတင်ပဲလား၊ ဒါမှမဟုတ် ကမ္ဘာ့ နေရာတိုင်းမှာ မှန်လားဆိုတာ သိချင်ပါတယ်။ Uganda သွားပြီး အလားတူ စမ်းသပ်မှု လုပ်တာ မြင်ကြည့်လိုက်ပါ၊ ကနေဒါက လူတွေကို မေးတဲ့ " ငွေကို မိမိ (သို့) သူများအတွက် နောက်ဆုံး သုံးခဲ့တာပြောပါ" "ဘယ်လောက် သင့်ကိုပျော်စေတလဲ" ရှင်းပြပါ။ အစား Uganda မှာ "ငွေကို မိမိ (သို့) သူများ အတွက် နောက်ဆုံးသုံးခဲ့လဲ၊ ဒါကို ရှင်းပြပါလို့မေးပါတယ်။ ပြီးတော့ ဘယ်လောက်ပျော်ခဲ့လဲလို့ ထပ်မေးတယ်။ တွေ့ရတာက အံ့ဩစရာမျိုးပါ။ အကြောင်းက ငွေနဲ့ပတ်သက်ပြီး လုပ်တာမှာ လူသားချင်းတူညီမှုနဲ့ ယဉ်ကျေးမှု ကွာခြားချက်တွေလည်းရှိလို့ပါ။ ဒီတော့ ဥပမာအနေနဲ့ Uganda က လူက ဒီလိုပြောတယ်၊ ကျွန်တော် ကြိုက်တဲ့ မိန်းကလေးကို ခေါ်တယ်။ တကယ်က ချိန်းတွေ့တာဖြစ်ပြီး သူမကို အခုထိ မရသေးပါဘူးလို့ နောက်ဆုံးမှာ သူပြောခဲ့တယ်။ ဒါက ကနေဒါက ကောင်လေးပါ။ အတူတူပါပဲ။ "ရည်းစာကို ညစာစားဖို့ ခေါ်လိုက်တယ်။ ရုပ်ရှင်ကြည့်ပြီး အစောကြီး ထွက်ခဲ့တယ်။ သူမအခန်းကို ပြန်ပြီး ကိတ်မုန့်စားတယ်။ ကိတ်မုန့် တစ်တုံးပါပဲ။" လူသားချင်းတူညီမှု..ဒါကြောင့် သူများအတွက် ငွေသုံးတယ်၊ သူတို့အပေါ် ကောင်းတယ်။ စိတ်မှာ တစ်ခုခုရှိနေနိုင်တယ်၊ မရှိနိုင်ဘူး နောက်ပြီး ထူးခြားတဲ့ မတူညီမှုတွေ တွေ့တယ်။ ဒီ နှစ်ခုကိုကြည့်ပါဦး။ ဒါက ကနေဒါက အမျိုးသမီးပါ။ မေးတာက " သူများအတွက် ငွေသုံးတဲ့ ကာလတစ်ခုပြောပါ။ သူမက " အမေ့ကို လက်ဆောင်တစ်ခု ဝယ်ပေးတယ်၊ ဆိုင်ကို ကားမောင်းသွားပြီး ဝယ်ပေးတာပါ" ကောင်းလိုက်တဲ့ လုပ်ရပ်လေးပါ။ အသိတွေကို လက်ဆောင်ဝယ်ပေးတာ ကောင်းတာပေါ့။ ဒါကို Uganda က အမျိုးသမီးနဲ့ ယှဉ်ကြည့်ပါ။ "လမ်းလျှောက်ပြီး ကြာပြီဖြစ်တဲ့ မိတ်ဆွေရဲ့ ငှက်ဖျားဖြစ်နေတဲ့သားကို သွားတွေ့တယ်။ သူတို့မှာ ငွေမရှိဘူး၊ ဆေးခန်းသွားတော့ ဒီငွေပေးလိုက်တယ်။ ဒေါ်လာ တစ်သောင်း မဟုတ်ဘူး၊ ပြည်တွင်းငွေကြေးပါ။ တကယ်တော့ အရမ်းနည်းတဲ့ ငွေပမာဏပါ။ အရင်းခံအကြောင်းတွေကတော့ အတော်ကွာပါတယ်။ ဒါက တကယ့် ဆေးကုသမှု လိုအပ်ချက်ပါ။ တည့်တည့်ဆိုရရင် အာယုဒါနပါ။ အထက်ကတော့ အမေအတွက် လက်ဆောင်ဝယ်ပေးတာမျိုးပါ ထပ်တွေ့ရတာက အခြားသူတွေအတွက် ငွေကို သတ်သတ်မှတ်မှတ် သုံးတာဟာ ကိုယ့်ကိုယ်ကို ပျော်အောင်လုပ်ဖို့ သူများအတွက် သုံးတယ်ဆိုတာလောက်နီးပါး အရေးမပါဘူးဆိုပေမဲ့လည်း ဒါကမှ တကယ့်ကို အရေးပါတာပါ။ ဒီတော့ ငွေနဲ့ပျော်အောင်လုပ်ဖို့ အံ့ဖွယ်ရာတွေ လုပ်ဖို့မလိုဘူး။ သေးသေးလေးတွေလုပ်တယ် ဆိုပေမဲ့ ဒါက နေ အကျိုးတွေ ရနိုင်ပါသေးတယ်။ ဒါတွေက နှစ်နိုင်ငံပဲ ရှိပါသေးတယ်။ ကမ္ဘာ့နိုင်ငံတိုင်းကို ပိုကျယ်ပြန့်စွာ သွားကြည့်ပြီးတောင် ငွေနဲ့ ပျော်ရွှင်မှု ကြားက ဆက်စပ်မှုကို သိလိုက်ချင်ပါတယ်။ Gallup Organization က ဒေတာတွေ ရထားပါတယ်၊ မကြာသေးခင်က ဖြစ်နေတဲ့ နိုင်ငံရေး သဘောထားစစ်တမ်းတွေကပါ။ မေးတာက "မကြာခင်က အသင်းအဖွဲ့ကို လှူခဲ့လား" "သင့်ဘဝမှာ ယေဘုယျအနေနဲ့ ဘယ်လောက်ပျော်လဲ" ဒီနှစ်ခုကြားက ဆက်စပ်မှုကို သိနိုင်တာပေါ့။ ဒါတွေဟာ အပြုသဘော ဆက်နွယ်နေလား၊ ငွေပေးလိုက်တာဟာ ပျော်စေလား၊ ဒါမှမဟုတ် အပျက်သဘော ဆက်နွယ်နေလား။ ဒီမြေပုံမှာ အစိမ်းက အပြုသဘော ဆက်စပ်မှုနဲ့ အနီက အပျက်သဘော ဆက်စပ်မှုပါ။ ကမ္ဘာက မိုက်မဲစွာ စိမ်းတာ တွေ့နိုင်တယ်။ ဒီတော့ ဒီဒေတာရှိတဲ့ ကမ္ဘာ့နိုင်ငံတိုင်း နီးပါးမှာ အသင်းအဖွဲ့ကို ငွေပေးတဲ့သူတွေဟာ မပေးသူတွေထက် ပိုပျော်ပါတယ်။ အလယ်က အနီရောင်နိုင်ငံကို ကြည့်နေတာ သိတယ်။ ဒါဘာလဲလို့ မပြောတော့ ကျုပ်ဟာ ငကြောင်ပဲပေါ့ တကယ်က ဒါဟာ Central Asian Republic ပါ။ ဇာတ်လမ်းတွေထွင်န်င်ပြီး ကွဲပြားနိုင်တယ်။ ညာဘက်အောက်မှာက Rwanda ပါ။ ဒါက အံ့ဩစရာ စိမ်းနေတယ်။ ဒါကြောင့် ကြည့်တဲ့နေရာတိုင်း နီးပါးဟာ ငွေပေးခြင်းဟာ ကိုယ့်အတွက် သိမ်းထားခြင်းထက် ပိုပျော်စေပါတယ်။ သင့်ရဲ့ အလုပ်လုပ်တဲ့ ဘဝကရော၊ ဒါက ကျန်နေတဲ့ ဘဝကို သုံးတာပါ။ ကိုယ်သိသူတွေနဲ့ အတူမရှိတဲ့အခါ ကုမ္ပဏီတချို့ကိုဝင်ပြီး အလားတူ လုပ်ပါတယ်။ ဒါတွေက Belgium အရောင်းအဖွဲ့ပါ။ အသင်းလိုက် အလုပ်လုပ်တယ်၊ ဆရာဝန်တွေဆီသွား၊ ဆေးတွေဝယ်အောင် လုပ်ပါတယ်။ ဒီတော့ အသင်းဝင်ဖြစ်ခြင်းရဲ့ အလုပ်အနေနဲ့ ရောင်းပုံကို ကြည့်နိုင်၊ မြင်နိုင်ပါတယ်။ အသင်းက လူတွေကို ငွေအချို့ပေးပြီး "ကြိုက်သလိုသုံး" လို့ပြောပါတယ်။ ကနေဒါက ဘွဲ့ကြိုကျောင်းသားတွေလိုပေါ့။ ဒါပေမဲ့ အခြားအသင်းကိုတော့" ဒီမှာ ၁၅ ယူရို ဒီအပတ် အသင်းဖော် အတွက်သုံး"လို့ ပြောတယ်။ လက်ဆောင်အဖြစ် တစ်ခုခု ဝယ်ပေးခိုင်းတယ်။ ဒီနောက် တွေ့ရတာက ကိုယ့်ကိုယ့်ကိုအတွက် သုံးတဲ့ အသင်းတွေနဲ့ ပေးတဲ့ငွေကို အသင်း ပိုကောင်းဖို့ လူမှုရေးစိတ်ရှိတဲ့အသင်းတွေပါ ရယ်စရာ သကြားလုံးအိုး အကြောင်းက အသင်းတစ်သင်းဟာ ငွေစု၊ သကြားလုံးတစ်အိုးဝယ် ပတ်ပြီး အိုးကို ရိုက်ခွဲလိုက်တာ ထွက်လာတာတွေက ဒီလိုပါ။ တော်တော် ပေါက်ရနိုင်တဲ့ အသေးအဖွဲလေးပေမဲ့ ကွာခြားချက်ကို တွေးကြည့်ပါ၊ ရတဲ့ ၁၅ ယူရိုကို အိတ်ကပ်ထဲထည့်၊ လုံးလုံး မလုပ်တဲ့ အသင်း၊ သူတို့အတွက် ကော်ဖီဝယ်သောက်ချင်သောက်မယ်။ ဒီလူမှုရေးစိတ်ရှိတဲ့ အသင်းက အားလုံးစုပြီး တစ်ခုခုဝယ်ပြီး အဖွဲ့လိုက် လှုပ်ရှားမှုလုပ်တယ်။ တွေ့ရတာက လူမှုရေးစိတ်ရှိတဲ့ အသင်းတွေက ငွေကို သူတို့အတွက်ပဲ ဆိုတဲ့ အသင်းတွေထက် ပစ္စည်း ပိုရောင်းရတယ်။ ဒါနဲ့ပတ်သက်လို့ တွေးဖို့ တစ်နည်းက ကိုယ်ပေးတဲ့ ၁၅ ယူရိုတိုင်းကို အိတ်ကပ်ထဲပဲ ထည့်တတ်ကြပြီး အရင်ထက် ဘာမှ ထူးထူးခြားခြား မလုပ်တာပါ။ ဒါကနေ တစ်ပြားမှ မရပါဘူး။ တကယ်က ငွေဆုံးတာပါ၊ ပိုကောင်းတာလုပ်ဖို့ စေ့ဆော် မပေးနိုင်ဘူးလေ။ ဒါပေမဲ့ ၁၅ ယူရိုကို အသင်းဖော်တွေအတွက် သုံးဖို့ပေးတာက အသင်းကို ပိုကောင်းအောင်လုပ် တော့ ဒီလိုရင်းနှီးမှုမှာ တကယ်ကြီးမားစွာ ရလိုက်ပါတယ်။ ကိုယ့်ကိုယ်ကို တွေးမိနိုင်လိမ့်မယ်လို့ နားလည်ပါတယ်၊ ကောင်းပါတယ် ဆိုပေမဲ့ ပရဟိတမူဝါဒမှာ သိပ်အရေးကြီးတဲ့ အခြေအနေရှိကာ အဲဒီမှာ အလုပ်ဖြစ်မယ်တော့ မထင်မိဘူး။ အခြေခံက ဒီမှာ အလုပ်ဖြစ်တယ်ဆိုတာ မပြရင် သူဘာပြောပြော မယုံပါဘူး။ ခင်ဗျားတို့ ဘောလုံးရိုက်အသင်းတွေကို တွေးနေတာကို သိပါတယ်။ (ရယ်သံများ) ဒီလိုပြောတော့ ဝေဖန်စရာကြီးပါ၊ ဒါကို ဘောလုံးရိုက်အသင်းနဲ့ မပြရင် အားလုံးပေါက်ကရပဲလေ။ ဒီတော့ ဒီဘောလုံးရိုက်အသင်းတွေဆီသွားပြီး စိမ့်ဝင်လိုက်မိတယ်။ အရင်ကအတိုင်းပဲ လုပ်ခဲ့တာပါ။ တချို့အသင်းတွေက လူတွေကို ငွေပေးတော့ သူတို့အတွက်ပဲ သုံးတယ်။ တချို့အသင်းတွေကတော့ ပေးတဲ့ငွေကို ဘောလုံးရိုက် အသင်းဖော်တွေအတွက် သုံးတယ်။ ကိုယ့်အတွက်ကိုယ်သုံးတဲ့ အသင်းတွေဟာ အရင်လိုပဲ နိုင်တဲ့ ရာခိုင်နှုန်းက အတူတူပဲ။ ငွေကို အချင်းချင်းအတွက် သုံးတဲ့အသင်းတွေဟာ ထူးခြားတဲ့ အသင်းတွေဖြစ်လာပြီး မပြီးခင်မှာ အဖွဲ့ချုပ်ကို အုပ်စိုးတယ်။ ဒီမတူညီတဲ့ အခြေအနေတွေကနေ ကိုယ့်ကိုယ်ပိုင်ဘဝ၊ ကိုယ့်အလုပ်၊ အချင်းချင်းပြိုင်တာလို ပေါက်ကရတွေမှာတောင် သူများအတွက်သုံးတာဟာ ကိုယ့်အတွက်သုံးတာထက် ပိုကြီးတဲ့ တုံ့ပြန်မှုရတာတွေ့နေရတယ်။ ငွေနဲ့ပျော်ရွှင်မှုကို ဝယ်လို့မရဘူးလို့ ထင်ရင် သုံးနေပုံက မဟုတ်ဘူးလို့ ထင်ပါတယ်။ အကြံပေးတာက အဲဒီ ပစ္စည်းအစား ဒီဟာကို ဝယ်သင့်တယ်၊ ဒါက ကိုယ့်ကို ပိုပျော်စေတယ်လို့ ပြောတာမဟုတ်ပါဘူး။ တကယ်က ကိုယ့်အတွက် ဘယ်ပစ္စည်း ဝယ်လိုက်မယ်ဆိုတဲ့ အတွေးကို ရပ်ပြီး ဒါအစား တချို့ကို သူတပါးကိုပေးဖို့ ကြိုးစားခြင်းပါ။ ကံကောင်းစွာပဲ ခင်ဗျားတို့အတွက် အခွင့်အလမ်းတစ်ခုရှိပါတယ်။ DonorsChoose.org ဟာ ကိုယ်ကျိုးမဖက်တဲ့ အဓိကအားဖြင့် ဝင်ငွေနိမ့်တဲ့ ကျောင်းတွေက ဆရာတွေအတွက်ပါ။ သူတို့ရဲ့ ပရောဂျက်တွေကို တင်တာက "Huckleberry Finn ကို သင်ချင်တယ်၊ စာအုပ်မရှိ" "ကျောင်းသားတွေကို သိပ္ပံဘာသာ သင်ဖို့ microscope လိုပေမဲ့ မရှိပါ။" ကျွန်တော်တို့ သွားပြီး ဝယ်ပေးလို့ရတာပေါ့။ ဆရာတွေနဲ ကလေးတွေက ခင်ဗျားကို ကျေးဇူးတင်စာ ရေးကြတယ်။ တစ်ခါတစ်ရံ microscope သုံးတဲ့ပုံ ပို့တယ် ဒါဟာ ထူးဆန်းတဲ့ အရာပါ။ ဝက်ဘ်ဆိုဒ်ကို သွားပြီး ထပ်စဉ်းစားပါ။ "ငါ့အတွက်ဘယ်လိုသုံးနိုင်မလဲ" ဆိုတာလျှော့၊ ပိုပြီးတော့ တွေးရမှာက " ငါ့မှာ ၅ ဒေါ်လာ ၁၅ ဒေါ်လာရှိရင် သူများအကျိုးရှိအောင် ဘာလုပ်နိုင်လဲ။ နောက်ဆုံး ဒါကိုလုပ်လို့ ကိုယ်ရမယ့် အကျိုးက ပိုများတာ သိရမှာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)