အဒေါ့ဖ် ဟစ်တလာဟာ
လူ့သမိုင်းထဲက အကြီးမားဆုံး လူမျိုးတုံး
သတ်ဖြတ်မှုကို ကြိုးကိုင်ခဲ့တဲ့အာဏာရှင်က
ဒီမိုကရေစီ တိုင်းပြည်မှာ ဘယ်လိုများ
အာဏာရကို ရရှိနိုင်ခဲ့တာလဲ။
အဲဒီဇာတ်လမ်းက ပထမကမ္ဘာစစ်ရဲ့
အဆုံးမှာစခဲ့တာပါ။
၁၉၁၈ မှာ မဟာမိတ်တွေ အောင်မြင်စွာ
စစ်ချီနိုင်ခဲ့တာနဲ့အတူ၊
ဂျာမဏီက စစ်ကို မနိုင်နိုင်တာ
သဘောပေါက်လာခဲ့ကာ
တိုက်ပွဲများအဆုံးသတ်ရန် ပစ်ခတ်မှု
ရပ်စဲကြောင်း လက်မှတ်ရေးထိုးခဲ့တယ်။
သူ့တို့ရဲ့ ဧကရာဇ်အစိုးရ ပြိုလဲသွားတာနဲ့
လူထု မငြိမ်သက်မှုများနှင့် အလုပ်သမား
သပိတ်တွေ တစ်နိုင်ငံလုံး ပျံ့နှံ့သွားတယ်။
ကွန်မြူနစ် တော်လှန်ရေးကို စိုးကြောက်လို့
အဓိကပါတီတွေ ပါဝင်လျက်
ဆူပူအုံကြွမှုတွေကို ဖိနှိပ်ခဲ့ပြီး
ပါလီမန် Weimar သမ္မတနိုင်ငံကို
ထူထောင်ခဲ့ကြတယ်။
အစိုးရသစ်ရဲ့ ပထမဦးဆုံး
လုပ်ဆောင်ချက် အဖြစ်
မဟာမိတ်များက ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေး
စာချုပ်ကို အကောင်အထည်ဖော်မှုပါ။
သူတို့ပိုင် နယ်မြေ ဆယ်ပုံ တစ်ပုံကျော်
ဆုံးရှုံးခဲ့ရပြီး စစ်တပ် ဖျက်သိမ်းခဲ့လျက်
ဂျာမဏီက စစ်ကြီးနဲ့ လျော်ကြေးရေးကို
အပြည့်အဝတာဝန်ယူရန် သဘောတူခဲ့ရရာ၊
ချိနဲ့နေပြီးသား စီးပွားရေးဟာ ပိုမို
အားလျော့ လာခဲ့ရပါတယ်။
ဒါတွေအားလုံးကို အမျိုးသားရေးဝါဒီများနဲ့
စစ်ပြန်တွေက အရှက်ခွဲမှုအဖြစ် မြင်ခဲ့ကြတယ်။
နိုင်ငံရေးသမားများနဲ့ ဆန္ဒပြသူများကသာ
သစ္စာမဖောက်ခဲ့ကြပါက၊
စစ်ပွဲကို နိုင်နိုင်ခဲ့ကြမယ်လို့ သူတို့က
မှားယွင်းစွာ ယုံကြည့်နေခဲ့ကြတယ်။
ဟစ်တလာဟာ အဲဒီလို အမြင်တွေကို
စွဲစွဲမြဲမြဲ ယုံကြည်နေခဲ့ကာ
သူ့ရဲ့ တယူသန်စိတ်နဲ့ သံသယစိတ်များက
ဂျူးလူမျိုးတွေကို အပြစ်ပုံချလာတယ်။
သူ့စကားလုံးတွေဟာ ဂျူးဆန့်ကျင်သူများတဲ့
လူ့အဖွဲ့အစည်းထဲ ပဲ့တင်သံ ရိုက်ခတ်လာခဲ့တယ်။
အဲဒီအချိန်မှာ သိန်းချီတဲ့ ဂျူးတွေက
ဂျာမန်လူ့အဖွဲ့အစည်းထဲ
ပေါင်းစည်း ပါဝင်နေကြပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂျာမန်အများစုကတော့ သူတို့ကို
အပြင်လူအဖြစ် မြင်နေကြတုန်းပါပဲ။
ပထမကမ္ဘာစစ်ပြီးနောက်မှာ ဂျူးတွေရဲ့
အောင်မြင်မှုတွေကြောင့် အဖျက်အမှောင့်နဲ့
အမြတ်ကြီးစားနေကြတယ် ဆိုတဲ့
စွပ်စွဲချက်တွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။
ဒီ လျှိုဝှက်ကြံစည်ရေး သီအိုရီတွေဟာ
ကြောက်ရွံ့မှုတွေ၊ ဒေါသထွက်မှုတွေနဲ့
တယူသန်ထင်ရာစိုင်းမှုတို့မှ
ပေါ်ထွက်လာခဲ့ကြတယ်လို့
ပြောမရနိုင်ပါ၊
လက်တွေ့ အချက်အလက်တွေ မရှိပါ။
မည်သို့ပင်ဖြစ်စေ၊ ဟစ်တလာဟာ
အဲဒါတွေနဲ့ အောင်မြင်လာတယ်။
အမျိုးသားရေး နိုင်ငံရေးပါတီလေးထဲ
သူဝင်လိုက်တဲ့အခါမှာ၊
လူထုကြီး အားကျအောင် စကားပြောကောင်းတဲ့
သူ့စွမ်းရည်က ခေါင်းဆောင်နေရာ မြှင့်တင်ကာ
ပိုကြီးတဲ့လူအုပ်ကြီးတွေကို
ဆွဲခေါ်နိုင်ခဲ့ပါတယ်။
လူတွေရဲ့ မကျေနပ်မှုကို ဂျူးဆန့်ကျင်ရေးနဲ့
ပေါင်းစပ်လိုက်ခြင်းဖြင့်
နာဇီတွေက ကွန်မြူနစ်နဲ့ အရင်းရှင်ဝါဒ
နှစ်မျိုးလုံးကို ဂျူးတွေက ဂျာမနီကို
ဖျက်ဆီးရန် စီမံခဲ့တဲ့ နိုင်ငံတကာလုပ်ကြံမှု
ဆိုပြီး ရှုတ်ချခဲ့ကြတယ်။
နာဇီပါတီက အစပိုင်းတွင်
လူကြိုက်မများခဲ့ဘူး။
အစိုးရကို ဖြုတ်ချရန် သူတို့ရဲ့
မအောင်မြင်ခဲ့တဲ့ ကြိုးပမ်းချက်နောက်မှာ
ပါတီဟာ ပိတ်ပင်ခံခဲ့ရကာ၊
ဟစ်တလာကို သစ္စာဖောက်မှုနဲ့ ထောင်ချခဲ့တယ်။
သို့သော် တစ်နှစ်လောက်အကြာမှာ
သူလွတ်လာခဲ့ရာ၊
ချက်ချင်းပဲ လှုပ်ရှားမှုကို ပြန်လည်
တည်ဆောက်ရန် စလုပ်ကိုင်ခဲ့တယ်။
ထို့နောက် ၁၉၂၉ ခုနှစ်မှာ မဟာစီးပွားရေး
ကပ်ကြီး စိုက်ခဲ့တယ်။
အဲဒါကြောင့် အမေရိကန် ဘဏ်တွေက သူတို့ရဲ့
ချေးငွေတွေကို ဂျာမနီမှ ပြန်ထုတ်ယူကြရာ၊
ရုန်းကန်နေရဆဲ ဂျာမန် စီးပွားရေးဟာ
နေ့ချင်းညချင်း ပြိုလဲသွားပါတော့တယ်။
ဟစ်တလာဟာ ပြည်သူတွေးရဲ့ အမျက်ဒေါသကို
အခွင့်ကောင်းယူပြီး၊
အစိုးရအသုံးမကျပုံကို ထောက်ပြကာ
ဂျာမနီနိုင်ငံရဲ့ ဂုဏ်သတင်းကို ယခင်လိုပဲ
ပြန်လည်ထူထောင်ပေးရန် ကတိတွေပေးခဲ့တယ်။
အဓိကရ ပါတီတွေက အကြပ်အတည်းကို
မကိုင်တွယ်နိုင်စ်မ်း မရှိခဲ့ကြချိန်မှာ
လက်ဝဲ အတိုက်အခံတွေကျတော့ အတွင်းပိုင်း
ငြင်းခုံမှုတွေကြောင့် ကွဲပြဲနေခဲ့ကြတယ်။
အဲဒါကြောင့် စိတ်ကုန်လာကြတဲ့ ပြည်သူအချို့ဟာ
နာဇီဘက်ကို ကူးပြောင်းခဲ့ကြရာ၊
၂ နှစ်အတွင်းမှာကို သူတို့ရဲ့ ပါလီမန်
ထောက်ခံမဲတွေ ၃%မှ ၁၈% အထိ တိုးလာခဲ့တယ်။
၁၉၃၂ ခုနှစ်မှာ ဟစ်တလာဟာ
သမ္မတ အဖြစ် အရွေးခံခဲ့ရာ၊
စစ်သူရဲကောင်း ဗိုလ်ချုပ်ကြီး Von
Hindenburg အား အရှုံးပေးခဲ့ရတယ်။
သို့သော် မဲ ၄၆% ရခဲ့တဲ့ ဟစ်တလာက
သူ့အားထောက်ခံမှု ကြီးမားပုံကို ပြခဲ့တယ်။
နောက်နှစ်မှာတော့ အကြံပေးနှင့်
စီးပွားရေးခေါင်းဆောင်များက
ဝန်ကြီးချုပ်အဖြစ် ဟစ်တလာကိုခန့်အပ်ဖို့
Hindenburg အား နားချနိုင်ခဲ့ကြကာ၊
သူတို့ကိုယ်ပိုင် ရည်မှန်းချက်အတွက် သူ့ရဲ့
ကျော်ကြားမှုကို သုံးဖို့မျှော်လင့်ခဲ့တယ်။
ဝန်ကြီးချုပ် က ပါလီမန်ရဲ့
အုပ်ချုပ်ရေးခေါင်းဆောင်သာ ဖြစ်ခဲ့ပေမဲ့၊
ဟစ်တလာဟာ တဖြည်းဖြည်းနဲ့ သူ့ရာထူးရဲ့
ပါဝါကို ချဲ့ထွင်လာခဲ့တယ်။
သူ့ကို ထောက်ခံသူတွေက
လက်နက်ကိုင် အဖွဲ့အဖြစ် ဖွဲ့စည်းရင်း
လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေကို
တိုက်ခိုက်လာကြတယ်။
ဟစ်တလာဟာ ကွန်မြူနစ်အုံကြွမှု
ပေါ်လာနိုင်ကြောင်း ချောက်လှန့်လျက်
သူသည်သာလျှင် ဥပဒေ ငြိမ်းဝပ်မှုကို
ပြန်ထူထောင်ပေးနိုင်ကြောင်း စေါဒက တက်တယ်။
အဲဒီနောက် ၁၉၃၃ ခုနှစ်မှာ၊
လူငယ် အလုပ်သမားတစ်ဦးဟာ ပါလီမန်
အဆောက်အဦ မီးရှို့မှုနဲ့ စီရင်ခံခဲ့ရတယ်။
ဟစ်တလာက အဲဒါကိုအသုံးချပြီး သူ့အား
အရေးပေါ်
လုပ်ပိုင်ခွင့်များပေးဖို့ အစိုးရကို
စည်းရုံးနိုင်ခဲ့တယ်။
လပိုင်းအတွင်းမှာပဲ စာနယ်ဇင်း
လွတ်လပ်ခွင့်ကိုဖျက်သိမ်းလိုက်တယ်၊
အခြားပါတီများကို တားမြစ်လိုက်တယ်၊
ဂျူးဆန့်ကျင်ရေး ဥပဒေများကို
အတည်ပြု ထုတ်ပြန်ခဲ့တယ်။
ဟစ်တလာအား အရင်က အစွန်းရောက်ထောက်ခံသူတွေနဲ့
ရှိလာနိုင်တဲ့ ပြိုင်ဘက်များကိုပါ
ဖမ်းချုပ် ကွပ်မျက်လိုက်ကာ
သမ္မတ Hindenburg
၁၉၃၄ သြဂုတ်လမှာ ကွယ်လွန်သွားတော့၊
ရွေးကောက်ပွဲအသစ် မလုပ်တော့ဘူးဆိုတာ
သေချာသွားနပါပြီ။
ဟစ်တလာရဲ့ အစောပိုင်း လုပ်ဆောင်ချက်တွေက
လူထုဖိနှိပ်တွေကို မတောင်းဆိုခဲ့ကြပါ။
သူ့မိန့်ခွန်းတွေက လူတွေရဲ့ကြောက်စိတ်နဲ့
ဒေါသစိတ်ကို အမြတ်ထုတ်လျက်
သူနဲ့ နာဇီပါတီအား ထောက်ခံလာအောင်
စည်းရုံးမောင်းသွင်းနိုင်ခဲ့ပါတယ်။
ထိုအတောအတွင်းမှာ လုပ်ငန်းရှင်များနဲ့
ပညာတတ်တွေက
လူထုအမြင်ဘက်မှာ မှန်ကန်စွာ
ရပ်တည်နေကြတာကို ပြရန်
ဟစ်တလာကို ထောက်ခံခဲ့ကြတယ်။
ဟစ်တလာရဲ့ အစွန်းရောက် ပြောဆိုမှုတွေဟာ
ရုပ်ပြသက်သက် လေလုံးထွားမှုပါ ဆိုပြီး
မိမိကို၊ အခြားသူတို့ကို နားချာခဲ့ကြတယ်။
ဆယ်စုနှစ်ချီ ကြာလာပြီဖြစ်တဲ့ ဒီနေ့တွင်ပါ
ဟစ်တလာ အာဏာယူတက်လာမှုက
လူအုပ်ကြီး ဒေါသထွက်နေချိန်မှာ၊ သူတို့ရဲ့
အမျက်ဒေါသကို အမြတ်ထုတ်ယူရန်နဲ့ အသုံးချမယ့်
ခေါင်းဆောင်ရှိရင် ဒီမိုကရေစီ အဖွဲ့အစည်းတွေ
ထိခိုက်ပျက်စီးလွယ်ပုံကို သတိပေးနေဆဲပါ၊