တဒင်္ဂ ရာဇဝတ်မှုမြင်ကွင်းကို ရိပ်ခနဲ မြင်လိုက်တဲ့ ဘဏ်ဓားပြမှုတစ်ခုကို ဖော်ထုတ်ဖို့ မျက်မြင်သက်သေ ဆယ်ဦးကို မေးတဲ့နေရာက ရဲတန်းတစ်ခုကို စိတ်ကူးကြည့်ပါ။ သူတို့ထဲက ခြောက်ဦးဟာ လူတစ်ဦးတည်းကို ရွေးတယ်ဆိုရင် ထိုသူဟာ တရားခံဖြစ်နိုင်တဲ့ အလားအလာများပါတယ်။ ဆယ်ဦးစလုံးက တူညီတဲ့ ရွေးခယ်မှုလုပ်ရင် ဒါက လုံးဝ ခိုင်မာတယ်လို့ တွေးကောင်းတွေးမယ်။ ဒါပေမဲ့ သင် မှားပါတယ်။ အများစုအတွက်တော့ ဒါက အတော်လေး ဆန်းနေပုံရတယ်။ အဆုံးမတော့ လူ့အဖွဲ့အစည်းရဲ့အတော်များများက အများစု မဲနဲ့အများသဘောတူမှုကို မှီခိုတယ်။ နိုင်ငံရေးဖြစ်ဖြစ် (သို့) စီးပွားရေး (သို့) ဖျော်ဖြေရေးပါ။ ဒီတော့ ပိုများတဲ့ အများသဘောတူမှုဟာ ကောင်းတဲ့အရာလို့ ထင်ဖို့က သဘာဝပါ။ အမှတ်တစ်ခု မတိုင်ခင်အထိတော့ ဒါက အမြဲလိုလို ဟုတ်တယ်။ ဒါပေမဲ့ တစ်ခါတစ်ရံကျတော့ အကြွင်းမဲ့ သဘောတူညီမှုဆီ စတင်ရောက်ဖို့ သင် နီးကပ်လာလေလေ၊ စိတ်ချစရာ ရလဒ် ဖြစ်လာဖို့ ပိုနည်းလေလေပါ။ ဒါကို တညီတညွတ်တည်းဖြစ်မှုရဲ့ ဝိရောဓိသဘောလို့ ခေါ်ပါတယ်။ ဒီသိသာတဲ့ ဝိရောဓိသဘောကို နားလည်မှုအတွက် အဓိကက သင် ကိုင်တွယ်နေတဲ့ အခြေအနေ အမျိုးအစားမှာ ပတ်သက်နေတဲ့ မသေချာမှုရဲ့ အကြမ်းဖျင်း အဆင့်ကို ထည့်သွင်းစဉ်းစားရာမှာပါ။ ဥပမာ၊ ဒီအတန်းထဲက ပန်းသီးကို ထုတ်ဖော်ဖို့ မျက်မြင်သက်သေတွေကို မေးတယ်ဆိုရင် တညီတညွတ်တည်းဖြစ်တဲ့ ဆုံးဖြတ်ချက် ကြောင့် အံ့ဩကြမှာမဟုတ်ဘူး။ ဒါပေမဲ့ တချို့ သဘာဝကျတဲ့ ကွဲပြားမှုကို မျှော်လင့်စရာ အကြောင်းရှိတဲ့ အခြေအနေတွေမှာ ကွဲပြားတဲ့ ဖြန့်ဝေခြင်းကိုပါ မျှော်လင့်သင့်တယ်
။ ဒင်္ဂါးတစ်ပြားကို အကြိမ်တစ်ရာ မြှောက်ရင် ခေါင်းကျဖို့ မျှော်လင့်မှာက အကြိမ်ရဲ့ ၅၀% လောက်ပါ။ ဒါပေမဲ့ သင့်ရလဒ်တွေက ခေါင်း ၁၀၀% နီးလာဖို့ စလာရင် တစ်ခုခု မှားနေတယ်လို့ မျှော်လင့်ရမှာပဲလေ။ သင့်ရဲ့ တစ်ခုချင်း ပစ်မြှောက်မှုကို မဟုတ်ပေမဲ့ ဒင်္ဂါးကိုယ်၌နဲ့ပါ။ တကယ်တမ်းက သံသယရှိသူကို ဖော်ထုတ်မှုတွေက ဒင်္ဂါး မြှောက်ပစ်တာလို ကျပန်းမဟုတ်ပေမဲ့ ငှက်ပျောသီးတွေကနေ ပန်းသီးတွေကို ခွဲပြောဖို့လောက်လည်း မရှင်းလင်းဘူး။ တကယ်တော့ ၁၉၉၄ လေ့လာမှုတစ်ခုမှာ တွေ့ရှိတာက မျက်မြင်သက်သေ ၄၈% အထိဟာ အတန်းတစ်တန်းထဲက လူမှားကို ရွေးတတ်ကြတယ်လို့ ဆိုတယ်။ လူအတော်များများက သူတို့ရဲ့ ရွေးချယ်မှုမှာ ယုံကြည်ချက်ရှိတာတောင်ပါ။ တိုတောင်းတဲ့ ရိပ်ခနဲအမြင်ကို အခြေခံတဲ့ မှတ်ဉာဏ်ဟာ စိတ်ချလို့မရနိုင်ပါ ကျွန်ုပ်တို့ဟာ မကြာခဏ ကိုယ့်တိကျမှုကို ပိုတွက်တတ်ကြတယ်။ ဒါအားလုံး သိခြင်းက တညီတညွတ်တည်း ဖော်ထုတ်မှုတစ်ခုဟာ ပိုနည်းတဲ့ အပြစ်လိုလို စတင် ထင်ရဟန်ရှိပြီး အတန်းထဲက စနစ် မှားယွင်းမှုတစ်ခ (သို့) ဘက်လိုက်မှု ပိုဖြစ်နိုင်တာပါ။ စနစ် အမှားတွေဟာ လူသား ဆုံးဖြတ်ချက် ကိစ္စရပ်တွေမှာ ပေါ်ကို မလာတာပါ။ ၁၉၉၃ -၂၀၀၈ ကနေ အလားတူ အမ DNA ကို ဥရောပ တစ်ဝိုက် ရာဇဝတ် မှုခင်းနေရာစုံမှာ တွေ့ရတယ်။ Phantom of Heilbronn လို့ အမည်ပေးထားတဲ့ ရှောင်နေတဲ့ လူသတ်သမားကို သက်သေခံရင်းပါ။ ဒါပေမဲ့ ဒါက မှားနေတော့ DNA အထောက်အထားက တစ်သမတ်တည်း အတိအကျရှိခဲ့တယ်။ ဖြစ်သွားတာက DNA နမူနာတွေ ကောက်ယူဖို့ သုံးတဲ့ ဂွမ်းဖတ်စ အားလုံးဟာ မတော်တဆနဲ့ ဂွမ်းဖတ် စက်ရုံထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးကြောင့် ညစ်ညမ်းသွားတာပါ။ အခြား အခြေအနေတွေမှာ တမင် လိမ်လည်မှုကနေ စနစ်ကျတဲ့ အမှားတွေ ထွက်လာတယ်။ ဥပမာ ၂၀၀၂မှာ Saddam Hussein ကျင်းပတဲ့ သမ္မတ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပါ။ ဒါက မဲပေးသူတွေရဲ့ တက်ရောက်သူ ၁၀၀% ဟာ အဆိုအရ နောက် ခုနှစ်သက်တမ်းကို ထောက်ခံမဲပေး တယ်လို့ အခိုင်အမာဆိုတယ်။ ဒီနည်းအတိုင်း ကြည့်တဲ့အခါ တညီတညွတ်တည်းဖြစ်မှုရဲ့ ဝိရောဓိသဘောဟာ တကယ်ကျတော့ ဒီလောက်ကြီး ဝိရောဓိမဆန်ဘူး။ တညီတညွတ်တည်း သဘောတူမှုဟာ သဘောတရားအရ စံဖြစ်နေဆဲပါ။ အထူးက ပြောင်တတ်မှု၊ မသေချာမှု နိမ့်တဲ့ အလားအလာတွေကို မျှော်လင့်မယ့်ကိစ္စတွေမှာပါ ဒါပေမဲ့ လက်တွေ့မှာ ခြောက်ပစ်ကင်း သဘောတူညီမှု လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ရယူနိုင်တာက ဒီစနစ်ကို ထိခိုက်နေတဲ့ ပုန်းနေတဲ့အကြောင်း တစ်ခု ရှိလောက်တယ်လို့ပြောလိမ့်မယ်ထင်တယ်။ လိုက်ဖက်မှုနဲ့ အများသဘောအတွက် ကြိုးပမ်းနိုင်ကြလောက်ပေမဲ့ အခြေအနေ များစွာမှာ အမှားနဲ့ သဘောထားကွဲလွဲ မှုကို ပင်ကိုအားဖြင့်မျှော်လင့်သင့်တယ်။ ခြောက်ပြစ်ကင်း ရလဒ်တစ်ခုဟာ မှန်ဖို့ ကောင်းလွန်းပုံရရင် ဒါဟာ ဖြစ်လောက်တာပါ။