ရှင့်တို့ လက်မြှောက်ပြီးတော့ စခရင်ပေါ်က အနည်းဆုံး တစ်ယောက်လောက်ကို ရှင်တိုသိကြလဲ။ အိုး ခန်းလုံးပြည့် နီးပါးပါလား။ မှန်ပါတယ်၊ သူတို့ရဲ့ နယ်ပယ်မှာ အရမ်းကျော်ကြားသူတွေပါ။ သူတို့အားလုံးမှာ တူတာတစ်ခုကို သိကြလား။ သူတို့အားလုံး ပန်ကရိယ ကင်ဆာနဲ့ သေခဲ့ကြပါတယ်။ ဒါပေမည့်လည်း ဒီသတင်းဟာ အရမ်းစိတ်မကောင်းစရာဆိုပေမဲ့ သူတို့ရဲ့ ကိုယ်ရေး ဇာတ်လမ်းတွေရဲ့ ကျေးဇူးကြောင့်လည်း ဒီရောဂါဟာ ဘယ်ပုံအသက်ကို သေစေ နိုင်တာ ကျွန်မတို့ သိမြင်နိုးကြားကြတာပါ။ ဒါဟာ ကင်ဆာနဲ့ သေဆုံးမှုတွေရဲ့ တတိယအကြောင်းတရား ဖြစ်လာပြီး လူနာတွေရဲ့ ရှစ်ရာခိုင်နှုန်းပဲ ငါးနှစ်ထက်ပို အသက်ရှင်နိုင်တာပါ။ ဒါက အရမ်းနည်းတဲ့ အရေအတွက်ပါ၊ အထူးသဖြင့် ရင်သားကင်ဆာနဲ့ ယှဉ်လိုက်ရင် အဲဒီမှာက ရှင်သန်နှုန်းက ၉၀ ရာခိုင်နှုန်းနီးပါးပါ။ ဒီတော့ ပန်ကရိယကင်ဆာကို ရှာတွေ့လိုက်မှုဟာ တကယ်တော့ သေချာပေါက်နီးပါး သေရတော့မှာကို သိလာရသလို ဖြစ်တာ ဘာမှ အံ့ဩစရာ မရှိပါဘူး။ သို့ပေမည့် လန့်စရာကောင်းတာက ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်းမှာ ဒီအရေအတွက်က နည်းနည်းမှ မပြောင်းတာပါ၊ ဒါက အခြားသော အသားပို အမျိုးအစားတွေမှာ တိုးတက်းမှုတွေ ရှိနေချိန်မှာပါ။ ဒီတော့ ပန်ကရိယကင်ဆာ ကုသမှု ပိုထိရောက်အောင် ဘယ်လိုလုပ်နိုင်လဲ။ ဇီဝဆေးပညာ စွန့်ဦးထွင်တစ်ဦး အနေနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ပြဿနာကို ဖြေရှင်းရန် လုပ်လိုပါတယ်၊ ၎င်းတို့ရဲ့ အကန့်အသတ်တွေကို နားလည်ရင်း ၎င်းတို့ရဲ့ ရလဒ်ကို ပြောင်းလဲနိုင်တဲ့ ဆန်းသစ်တဲ့ ဖြေရှင်းနည်း အသစ်တွေကို စမ်းကြည့်ရင်းပေါ့။ ပန်ကရိယ ကင်ဆာနဲ့ပတ်သက်ပြီး ပထမဆုံး သတင်းဆိုးကတော့ ပန်ကရိယဟာ ဝမ်းဗိုက်ရဲ့ အလယ်မှာရှိတာပါ၊ ပြောရရင် စခရင်ပေါ်က လိမ္မော်ရောင်နဲ့ ပုံဖော်ထားပါတယ်။ ဒါပေမဲ့ အရှေ့က အခြားအင်္ဂါတွေကို မဖယ်ခင်ထိတော့ မြင်ရရုံ သက်သက်ပါပဲ။ အခြား အရေးပါတဲ့ အင်္ဂါများစွာနဲ့ ဝန်းရံထားပါသေးတယ်၊ အသည်း၊ ဝမ်းဗိုက်နဲ့ သည်းခြေပြွန်တို့လိုပေါ့။ အသားပိုကို ဒီအင်္ဂါတွေထဲကို ကြီးထွားဖို့ အစွမ်းက ပန်ကရိယ ကင်ဆာဟာ အနာကျင်ဆုံး အသားပို အမျိုးအစားထဲက တစ်ခုတစ်ဖြစ်တယ် ဆိုတာကြောင့်ပါ။ ရောက်ဖို့ခက်တဲ့ နေရာဆိုတာကလည်း ဆရာဝန်အနေနဲ့ ဒါကို ခွဲစိတ် ဖယ်ရှားဖို့ တားဆီးနေပါတယ်။ ဥပမာ ရင်သားကင်ဆာအတွက် ပုံမှန်လုပ်ဆောင်သလိုမျိုးပေါ့။ ဒီတော့ အကြောင်းပြချက်အားလုံးက ပန်ကရိယကင်ဆာ လူနာအတွက် ဓာတ်ကင်တာပဲ ရွေးချယ်စရာ အဖြစ်ကျန်စေပါတယ်။ ဒါက ကျွန်မတို့အတွက် ဒုတိယသတင်းဆိုး ယူလာပါတယ်။ ပန်ကရိယကင်ဆာ အသားပိုတွေမှာ သွေးကြောတွေ အရမ်းနည်းပါးတာပါ။ ဘာလို့ အသားပိုရဲ့ သွေးကြောကို ကျွန်မတို့ ဂရုစိုက်သင့်တာလဲ။ ဓာတ်ကင်တာ လုပိဆောင်ပုံကို ခဏလောက် တွေးကြည့်ရအောင်။ ဆေးဝါးကို အကြောထဲ ထိူးသွင်းပြီး ဒါက ကိုယ်ခန္ဓာတစ်လျှောက် အသားပိုရှိရာ မရောက်မချင်း စီးဝင်သွားတယ်။ ပန်းတိုင်ရောက်ဖို့ ကြိုးစာရင်း အမြန် လမ်းပေါ်မှာ မောင်းတာမျိုးပေါ့။ ဒါပေမဲ့ ကိုယ့်ပန်းတိုင်က အမြန်လမ်း ပေါ်မှာ ထွက်ပေါက်မရှိဘူးဆိုရင်ရော။ အဲဒီကို ဘယ်တော့မှ မရောက်ဘူးလေ။ ဓာတ်ကင်တာနဲ့ ပန်ကရိယကင်ဆာအတွက် ပြဿနာကလည်း ထပ်တူပါပဲ။ ဆေးဝါးတွေက သင့်ကိုယ်ခန္ဓာ တစ်လျှောက်လုံးကို စီးသွားတယ်။ ၎င်းတို့ဟာ ကျန်းမာတဲ့ အင်္ဂါတွေဆီ ရောက်မယ်၊ အဘက်ဘက်နေ လူနာတွေအတွက် မြင့်မားတဲ့ အဆိပ် သက်ရောက်မှုတွေဖြစိပေါ်ပေမဲ့ အသားပိုဆီကျတော့ အရမ်းနည်းနည်းပဲ ရောက်မှာပါ။ ဒါကြောင့် အာနိသင်က အကန့်အသတ်ရှိတာပါ။ ကျွန်တော့အမြင် သတ်မှတ်တဲ့ အင်္ဂါကို ပစ်မှတ်ထားဖို့ တစ်ကိုယ်လုံး ကုသမှုဆိုတာက မျှော်လင့်တာနဲ့ တခြာစီဖြစ်ပုံပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်းမှာ ပန်ကရိယာကင်ဆာ ကုသဖို့ စွမ်းအားကောင်း တဲ့ ဆေးသစ်တွေရှာတာမှာ ငွေ၊ သုသေသနနဲ့ အားထုတ်ထုတ်မှုတွေ အများကြီး ရောက်သွားပေမဲ့ ဆေးတွေကို လူနာတွေဆီ ပုံ့ဆောင်ဖို့ နည်းလမ်းပြောင်းတာမှာ ဘာမှ လုပ်မထားပါဘူး။ ဒီတော့ သတင်းဆိုး နှစ်ခုပြီးတော့ သတင်းကောင်းပေးတော့မှာပါ၊ မျှော်လင့်ရတာပေါ့။ MIT နဲ့ Boston က Massachusetts General Hospital က ပူးပေါင်းဆောင်ရွက်သူနဲ့ ကန့်သတ်ထားတဲ့ ဆေးဝါးပို့ဆောင်မှု လက်တွေ့ကျအောင်လုပ်ရင်း ကင်ဆာကုသနည်းကို လုံးဝပြောင်းလဲလိုက်တယ်။ အခြေခံအားဖြင့် အမြန်လမ်း ပတ်ပတ်လည်ကို မောင်းတာ ရှောင်ရှားရင်း ပန်းတိုင်ထိပ်ကို လေထီးနဲ့ ချပေးနေပါတယ်။ ဒါနဲ့တူတဲ့ ကိရိယာတွေထဲ ဆေးကို မြှုပ်ထည့်လိုက်ပါတယ်။ ၎င်းတို့ဟာ ပြွန်လေးထဲမှာ အံကျဖို့ ခေါက်လို့ရလောက်အောင် ကွေးနိုင် ဆန့်နိုင်ပါတယ်။ ဒါနဲ့ အနည်းအကျဉ်း ထိုးစိုက်၊ ခွဲစိတ်မှုနဲ့ ဆရာဝန်ဟာ အသားပိုရဲ့ထိပ်မှာ တိုက်ရိုက် ထည့်သွင်းနိုင်ပါတယ်။ ဒါပေမဲ့ အသားပိုထိပ်မှာ နေရာချပြီးတာနဲ့ အတော့ကို ခိုင်မာကြပါတယ်၊ လှောင်အိမ်တစ်ခုလို လုပ်ဆောင်မှာပါ။ တကယ်ပဲ အသားပိုကို အခြား အင်္ဂါတွေ ဝင်ရောက်ခြင်းက တားဆီးပေးရင်း၊ ကြီးထွားမှုကို ထိန်းပေးရင်းပေါ့။ ကိရိယာတွေက ဆွေးမြေ့ ပျက်စီးနိုင်ပါသေးတယ်။ ဆိုလိုတာက ကိုယ်ခန္ဓာထဲ ရောက်တာနဲ့ စတင် အရည်ပျော်ကာ လက်ရှိ တစ်ကိုယ်လုံး ကုသမှုထက် ဆေးဝါးကို ဆိုင်သလောက်ပဲ နှေးနှေးနဲ့ ပိုထိရောက်စွာ ပို့နေပါတယ်။ ကြိုတင် လက်တွေ့ကုသမှု လေ့လာရာမှာ ဒီကန့်သတ်ထားတဲ့ နညိးလမ်းဟာ ကုသမှုကို တုံ့ပြန်ရာမှာ ၁၂ ဆ တိုးတက်နိုင်စွမ်း ရှိတာကို သရုပ်ပြခဲ့ပါတယ်။ ဒီတော့ ကိုယ်သိပြီးသား ဆေးဝါးကိုယူပြီး အလိုအပ်ဆုံးနေရာကို ကွက်ပြီး ပို့ပေးခြင်းနဲ့ ၁၂ ဆ ပိုအားကောင်းပြီး စနစ်ကျတဲ့ အဆိပ် သက်ရောက်မှုကို လျှော့ခြင်းနဲ့ တုံ့ပြန်မှုတစ်ခုကို ခွင့်ပြုလိုက်တာပါ။ ဒီနည်းပညာကို နောက်တစ်ဆင့်ကို ယူဆောင်ဖို့ မဆုတ်မနစ် လုပ်ကိုင်နေပါတယ်။ လက်တွေမတိုင်မီ စမ်းသပ်ခြင်းကို အပြီးသတ်နေပြီး ကုသမှု စမ်းသပ်ခြင်းတွေအတွက် FDA ထောက်ခံချက် မတောင်းခံမီ တိရိစ္ဆာန် နမူနာတွေ လိုအပ်ပါတယ်။ လောလောဆယ် လူနာအများစုဟာ ပန်ကရိယကင်ဆာနဲ့ သေဦးမှာပါ။ မျှော်လင့်နေတာက တစ်နေ့ ကျွန်မတို့ဟာ သူတို့ရဲ့ နာကျင်မှုကို လျှော့နိုင်၊ အသက်ကိုဆန့်နိုင်ပြီး ပန်ကရိယကင်ဆာကို ကုသလို့ရတဲ့ ရောဂါဖြစ်အောင်လုပ်နိုင်ဖို့ အလားအလာရှိတာကိုပါ။ ကျွန်မတို့ ဆေးဝါး ပို့ဆောင်ပုံကို ပြန်တွေးခြင်းအားဖြင့် ဒါကို ပိုအစွမ်းရှိပြီး အဆိပ်ဖြစ်တာ နည်းအောင်လုပ်ရုံမက ပန်ကရိယကင်ဆာ လူနာတွေအတွက်နဲ့ ဒါကိုလွန်ပြီး အခြား မဖြစ်နိုင်လုနီးပါး ပြဿနာအားလုံးအတွက် ဆန်းသစ်တဲ့ ဖြေရှင်းနည်း အသစ်တွေ ရှာဖွေခြင်းကိုလည်း တံခါးဖွင့်နေတာပါ။ ကျေးဇူးအများကြီးတင်ပါတယ် (လက်ခုပ်သံများ)