တစ်ကမ္ဘာလုံးမှာ ကက်ဖိန်း
မက်ထရစ်တန်ပေါင်း ၁၀၀၀၀၀ ကျော်ကို
နှစ်စဉ် သုံးစွဲနေကြပါတယ်။
ဒါဟာ အီဖယ် မျှော်စင် ၁၄ ခုရဲ့
အလေးချိန်နဲ့ ညီမျှပါတယ်။
ကက်ဖိန်းအများစုကို လက်ဖက်ရည်နဲ့
ကောင်ဖီထဲမှာ စားသုံးကြပေမဲ့
ဆိုဒါတချို့၊ ချောကလက်နဲ့ ကက်ဖိန်း
ဆေးလုံးတွေမှာပါ
ထည့်မျိုကြပြီး
ကက်ဖိန်း နည်းတယ်လို့ တံဆိပ်ကပ်
ထားတဲ့ အဖျော်ယမကာတွေမှာတောင်ပါ။
ကက်ဖိန်းက နိုးကြားစေဖို့၊ အာရုံစိုက်
စေဖို့နဲ့ တက်ကြွစေဖို့ ကူညီတယ်။
အိပ်ရေးမဝဘူးဆိုတာတောင်ပါ။
ဒါပေမဲ့ ၎င်းဟာ သွေးပေါင်ကို မြှင့်ပေးပြီး
ပူပန်မှုကိုလည်း ဖြစ်စေပါတယ်။
ကမ္ဘာမှာ အကျယ်ပြန့်ဆုံး
သုံးစွဲနေတဲ့ ဆေးဝါးပါ။
ဒီတော့ ဒါက ကျွန်ုပ်တို့ကို ဘယ်လို
ဆက်လက် နိုးကြားစေတာလဲ။
ကက်ဖိန်းဟာ အပင်တွေထဲ ဆင့်ကဲဖြစ်ပေါ်လာပြီး
ရည်ရွယ်ချက် အနည်းငယ်ကို ဖြည့်ဆည်းပေးတယ်။
မြင့်မားတဲ့ ပမာဏတွေမှာ မျိုးစိတ်တချို့ရဲ့
အရွက်တွေနဲ့ အစေ့တွေမှာတွေ့ရှိရတာကြောင့်
အင်းဆက်တွေအတွက် အဆိပ်ဖြစ်စေတယ်။
ဒါပေမဲ့ ပိုနိမ့်တဲ့ ပမာဏတွေမှာ ဒါကို
စားသုံးတဲ့အခါ ဝတ်ရည်မှာ တွေ့ရှိတာကြောင့်
ပန်းပွင့်တွေကို မှတ်မိပြီး ပြန်လည်ပတ်စေ
ဖို့ ၎င်းတို့ကို ကူညီပေးတယ်။
လူ့ခန္ဓာထဲမှာ ကက်ဖိန်းဟာ ဗဟို အာရုံကြော
စနစ်အတွက် တက်ကြွစေတာအဖြစ်လုပ်ဆောင်တယ်။
adenosine လို့ခေါ်တဲ့ အရာ ခန္ဓာကိုယ်ရဲ့
အဓိက အိပ်ပျော်စေတဲ့ မော်လီကျူးကို
ပိတ်ဆို့ရင်းနဲ့ ကျွန်ုပ်တို့ကို
ဆက်နိုးကြားစေတယ်။
ခန္ဓာကိုယ်ဟာ အဆက်မပြတ်
စွမ်းအင် ပံ့ပိုးမှု လိုအပ်တယ်။
ဒါကို ATP လို့ခေါ်တဲ့ စွမ်းအင်မြင့်
မော်လီကျူးကို ချေဖျက်ရင်းက ရရှိတယ်။
ဒီဖြစ်စဉ်မှာ
၎င်းက ATP ရဲ့ ဓာတုဗေဒ မဏ္ဍိုင်
adenosine ကို ထုတ်လွှတ်တယ်။
ဦးနှောက်ထဲက နျူရွန်းတွေမှာ ဒီမော်လီကျုး
အတွက် အံကိုက်ဖြစ်နေတဲ့အာရုံခံတွေရှိတယ်။
adenosine က ဒီအာရုံခံတွေကို
ချိတ်ဆက်တဲ့အခါ
ဇီဝဓာတု တုံ့ပြန်မှုတွေရဲ့
ဖြာဆင်းမှုတစ်ခုကို နှိုးဆွေပေးတယ်။
ဒါက နျူရွန်းတွေကို ပိုလေးကန်စွာ
တက်ကြွစေကာ
အရေးပါတဲ့ ဦးနှောက် အချက်ပြမှု
မော်လီကျူး ထုတ်လွှင်မှုကို နှေးစေတယ်။
တစ်နည်းဆိုရရင် သင့် အိပ်ငိုက်လာတာပါ။
ကက်ဖိန်းဟာ adenosine receptor
antagonist.လို့ခေါ်တာပါ။
ဆိုလိုတာက ၎င်းဟာ သင့်နျူရွန်းတွေကို
နှေးအောင်လုပ်တဲ့ လုပ်ငန်းစဉ်ကို
adenosine အာရုံခံ ကို ပိတ်ဆို့ရင်း
လမ်းချော်စေတာပါ။
ကဟက်ဖိန်းနဲ့ adenosine မှာ တူညီတဲ့
မော်လီကျူး ဖွဲ့စည်းပုံရှိတယ်။
ကက်ဖိန်းက adenosine receptors တွေထဲကို
လျှိုဝင်လို့ရနိုင်လောက်အောင် နီးစပ်ပေမဲ့
ဒါတွေကို နှိုးဆဖို့လောက်တော့ မနီးစပ်ဘူး။
အကျဉ်းချုပ်ရမယ်ဆိုရင်
adenosine ဟာ နျူရွန်းတွေကို ဟန့်တားတာပါ။
ကက်ဖိန်းက ဟန့်တားတာကို
ဟန့်တားတာကြောင့် သင့်ကို နှိုးဆွပေးတယ်။
ကက်ဖိန်းဟာ အပြုသဘော ခံစားချက်တွေကို
ပါ တိုးမြှင့်တယ်။
နျူရွန်းတချို့မှာ adenosine အာရုံခံတွေဟာ
ဒိုပါမင်လို့ခေါ်တဲ့ အခြား မော်လီကျူးအတွက်
အာရုံခံတွေနဲ့ ဆက်နွယ်နေတယ်။
ဦးနှောက်ထဲက ဒိုပါမင်ရဲ့ ကဏ္ဍတစ်ခုက
ဝမ်းမြောက်စိတ်တွေကို တိုးမြှင့်ပေးဖို့ပါ။
adenosine က ဒီတွဲနေတဲ့ အာရုံခံတွေကို
ချိတ်မိတဲ့အခါ
၎င်းက ဒိုပါမင်ကို ၎င်းရဲ့ကိုယ်ပိုင်နေရာမှာ
အံကျစေဖို့ ခက်ခဲစေတယ်။
၎င်းရဲ့ စိတ်မြှင့်တင်ပေးတဲ့ အလုပ်ကို
အလျဉ်ပြတ်စေတာပါ။
ဒါပေမဲ့ ကက်ဖိန်းက adenosine ရဲ့နေရာကို
ယူတဲ့အခါမှာတော့ အလားတူ သက်ရောက်မှု မရှိဘဲ
ဒိုပါမင်က လျှောဝင်နိင်တယ်။
adenosine နံ ဒိုပါမင် အာရုံခံတွေအပေါ်
ကက်ဖိန်းရဲ့ သက်ရောက်မှုတွေဟာ
ရေရှည် အကျိုးကျေးဇူးတွေ ရှိနိုင်သေးတယ်
ဆိုတဲ့ အထောက်အထားရှိတယ်။ Parkinson's
Alzheimer's နဲ့ ကင်ဆာအမျိုးအစားတချို့လို
ရောဂါတွေရဲ့ဘေးကိုလျော့စေတာပါ။
ကက်ဖိန်းဟာ ခန္ဓာကိုယ်ရဲ့ အဆီ လောင်ကျွမ်း
နိုင်စွမ်းကိုပါ တိုးစေနိုင်တယ်။
တကယ်တော့ တချို့အားကစား အဖွဲ့အစည်းတွေက
ကက်ဖိန်းဟာ အားကစားသမားတွေကို
မမျှတတဲ့ အသာရမှုပေးတော့
သုံးစွဲမှုကို ကန့်သတ်ထားတယ်လို့ ထင်ကြတယ်။
၁၉၇၂ ကနေ ၂၀၀၄ အထိ
အိုလံပစ် အားကစားသမားတွေဟာ
ပြိုင်ဖို့ သွေးထဲကက်ဖိန်း ပါဝင်မှုအချိုး
တစ်ခုကို မကျော်လွန်ဖို့ လိုခဲ့တယ်။
တကယ်တမ်းက ကက်ဖိန်း သက်ရောက်မှု
အားလုံးဟာ ဒီလောက် အထောက်အကူမဖြစ်ဘူး။
သင့်ကို ပိုနေလို့ကောင်းပြီး
တက်ကြွစေလောက်ပေမဲ့
နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ကိုလည်း
တိုးစေပြီး
ဆီးများများသွားခြင်းနဲ့
ဝမ်းလျှောခြင်းကို ဖြစ်စေကာ
အိပ်မပျော်တာနဲ့ ပူပန်မှုကို ဖြစ်စေတယ်။
ဒါ့အပြင် အစားအစာနဲ့ ယမကာတွေမှာ
တွေ့ရတဲ့ ကက်ဖိန်းက
ခန္ဓာကိုယ်အပေါ် သက်ရောက်တွေရှိတာက
ထည့်သွင်းစဉ်းစားစရာပါ။
သင့်ဦးနှောက်ဟာ ကက်ဖိန်း ပုံမှန်
သုံးစွဲမှုကို ပြင်ဆင်နိုင်တယ်။
သင့်ရဲ့ adenosine အာရုံခံတွေဟာ
အမြဲတစေ ပိတ်နေရင်
သင့်ခန္ဓာကိုယ်ဟာ အပိုတွေကို
ထုတ်လုပ်ပေးလိမ့်မယ်။
ဒီနည်းနဲ့ ကက်ဖိန်း အနားမှာ ရှိနေတာတောင်
adenosine ဟာ ဦးနှောက်ကို စွမ်းအားကျဖို့
အချက်ပေးတဲ့ သူ့အလုပ်ကို ဆက်လုပ်နိုင်တာပါ။
ဒါကြောင့် နိုးကြွစေဖို့ ပိုပိုများတဲ့
ကက်ဖိန်းကို စားသုံးဖို့လိုတယ်လို့
သင် ထင်လောက်တာပါ။
ပိတ်ဆို့ဖို့ ပိုပိုများတဲ့ adenosine
အာရုံခံတွေရှိပါတယ်။
သင် ရုတ်တရက် ကက်ဖိန်း ဖြတ်လိုက်ရင်
ဆိုးဝါးတဲ့ ဆေးဖြတ်ခြင်းတစ်ခုကို
ခံစားရနိုင်တာကြောင့်ရောပါ။
အာရုံခံများစွာနဲ့ ပြိုင်ဘက်တွေ မပါဘဲ
adenosine ဟာ အချိန်ပို လုပ်နိုင်တယ်။
ခေါင်းကိုက်တာတွေ၊ ပင်ပန်းမှုနဲ့
အားငယ်စိတ်တွေလို
လက္ခဏာတွေ ဖြစ်ပေါ်စေရင်းပါ။
ဒါပေမဲ့ ရက်အနည်းငယ်အတွင်း အပို
adenosine အာရုံခံတွေ ပျောက်ကွယ်ပြီး
သင့်ခန္ဓာကိုယ်ဟာ ပြန်လည်ထိန်းညှိသွားကာ
သင်ဟာ ခါတိုင်း နိုးကြားသလို ခံစားရမယ်။
ကမ္ဘာ့ လူကြိုက်အများဆုံး လှုံ့ဆော်ချက်ရဲ့
ဖြည့်သွင်းမှု မပါရင်တောင်ပါ။