ဒါတွေက ရိုးရိုး အရာဝတ္ထုတွေပါ။
နာရီတွေ၊ သော့တွေ၊ ဘီးတွေ၊ မျက်မှန်တွေပါ။
ဘော့စ်နီးယား လူမျိုးတုံး သတ်ဖြတ်မှုရဲ့
ဓားစာခံတွေ
သူတို့ရဲ့ နောက်ဆုံးခရီးနဲ့အတူ
ကိုင်ဆောင်ခဲ့တဲ့ အရာတွေပါ။
ကျွန်တော်တို့အားလုံး ဒီသာမန်
နေ့စဉ်သုံး ပစ္စည်းတွေနဲ့
ရင်းနှီးကြပါတယ်။
သွားတိုက်ဆေးနဲ့ သွားတိုက်တံလို
တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို
ဓားစာခံတချို့ ကိုင်ဆောင်ခဲ့တယ်ဆိုတာက
သူတို့ ဘာဖြစ်တော့မယ်ဆိုတာကို
မသိခဲ့ဘူးဆိုတာ
ရှင်းလင်းတဲ့
အမှတ်အသားတစ်ခုပါ။
ထုံးစံအတိုင်း စစ်သုံ့ပန်းတွေအဖြစ်
လှဲလှယ်ခံရတော့မယ်လို့ သူတို့ကိုပြောခဲ့တယ်။
ဒီပစ္စည်းတွေကို ကျွန်တော့ဇာတိမြေတစ်လွှားက
များစွာသော အပြုံလိုက် အုတ်ဂူတွေကနေ
ပြန်ထုတ်ယူထားတာဖြစ်ပြီး
စကားပြောစဉ် မှုခင်းဆေးပညာရှင်တွေက
အသစ် တွေ့ရှိထားတဲ့
အုတ်ဂူများမှ အလောင်းတွေကို ဖော်နေတယ်။
စစ်အပြီးနှစ် ၂၀ အကြာပါ။
ဒါက ရှာဖွေတွေ့ရှိဖူးသမျှမှာ
အကြီးဆုံးဖြစ်လောက်တယ်။
၉၀ လွန် အစောပိုင်းနှစ်တွေက
ဘော့စနီးယန်း နိုင်ငံကို
ပျက်စီးခဲ့တဲ့ လေးနှစ် ပဋိပက္ခအတွင်း
ခန့်မှန်းခြေ နိုင်ငံသား ၃၀၀၀၀
အများအားဖြင့် အရပ်သားတွေ ပျောက်နေခဲ့တယ်၊
အသတ်ခံရတယ်လို့ယူဆရပြီး
တိုက်ပွဲ စစ်ဆင်ရေးအတွင်း နောက်ထပ်
၁၀၀၀၀၀ အသတ်ခံရတယ်။
အများစုဟာ စစ်ရဲ့ အစောပိုင်းနေ့တွေ
(သို့) စစ်မက် အဆုံးသတ်ပိုင်းမှာ
အသတ်ခံရတာပါ။
Srebrenica ကို ကုလသမဂ္ဂ ဘေးကင်းဇုန်တေွ
ဆာ့ဗ် စစ်တပ်ရဲ့လက်အောက် ကျရောချိန်ပါ။
နိုင်ငံတကာ ရာဇဝတ် ခုံရုံးက
စာနာမှုနဲ့ လူမျိုးတုံးသတ်မှုကို
ဆန့်ကျင်တဲ့ ပြစ်မှုတွေအတွက်
ပြစ်ဒဏ်များစွာ ပေးခဲ့တယ်။
လူမျိုးတုံး သတ်ဖြတ်မှုဟာ
လူမျိုးရေး၊ နိုင်ငံရေး၊
ဘာသာရေး(သို့) မျိုးနွယ်စုတစ်စုကို စနစ်တကျ၊
တမင်တကာ ဖျက်ဆီးမှုတစ်ခုပါ။
လူမျိုးတုံး သတ်ဖြတ်တာလို များပြားတာက
သတ်ပစ်ခြင်းပါ။
လူတွေရဲ့ ပိုင်ဆိုင်မှုနဲ့
ယဉ်ကျေးမှု အမွေအနှစ်နဲ့
နောက်ဆုံး သူတို့ဖြစ်တည်ဖူးခဲ့တဲ့
အယူအဆကို ဖျက်ဆီးခြင်းလည်းဖြစ်ပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှုဟာ
သတ်ပစ်ခြင်းပဲ မဟုတ်ဘူး။
ငြင်းဆိုထားတဲ့ အထောက်အထားပါ။
အမြဲ သဲလွန်စတွေရှိတယ်၊
ခြောက်ပစ်ကင်း ပြစ်မှုမဟုတ်တာမျိုးပါ
ပျက်လွယ်တဲ့ သူတို့ခန္ဓာကိုယ်
တွေထက်၊ သူတို့နဲ့ပတ်သက်တဲ့
ဇီဇာကြောင် မှေးမှိန်နေတဲ့
ကျွန်တော်တို့ မှတ်ဉာဏ်ထက်
ပိုတာရှည်ခံတဲ့ပျက်စီးနေတာတွေရဲ့
အကြွင်းအကျန်တွေ အမြဲရှိတယ်။
ဒီပစ္စည်းတွေကို များစွာသော
အစုလိုက် အုတ်ဂူတွေကနေ
ပြန်တူးဖော်တယ်။
ဒီပစ္စည်း အစုအပုံရဲ့ အဓိက ရည်ရွယ်ချက်က
သတ်ဖြတ်မှုတွေထဲမှာ၊
ပျောက်ဆုံးသွားခဲ့သူတွေကို
ရှာဖွေတဲ့ ထူးခြားတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။
ဂျူး အစုလိုက်သတ်ဖြတ်မှုကတည်းက
ဥရောပ မြေမှာ လူမျိုးတုံးသတ်မှုရဲ့
ပထမဆုံး လုပ်ဆောင်မှုပါ။
ခန္ဓာကိုယ်တစ်ခုမှ ရှာမတွေ့ဘဲ
(သို့) မဖော်ထုတ်ဘဲ
ကျန်မနေသင့်တာပါ။
ပြန်ထုတ်ယူပြီးတာနဲ့
ကွပ်မျက်မှုဆီ သွားတဲ့လမ်းမှာ
ဓားစာခံတွေ ကိုင်ဆောင်ခဲ့တဲ့
ဒီပစ္စည်းတွေကို
သေသေချာချာ သန့်ရှင်း၊ စိစစ်ကာ
စာရင်းပြုစုပြီး သိမ်းထားတယ်။
ထောင်ချီတဲ့ ရှေးပစ္စည်းတွေကို
အဖြူရောင် ပလပ်စတစ်အိတ်တွေထဲမှာ
CSI မှာ သင် တွေ့သလို ထုတ်ပိုးထားတယ်။
ဓားစာခံတွေရဲ့ အမြင်ပိုင်း
ကိုယ်စားပြုမှုမှာ
မှုခင်းဆေးပညာ ကိရိယာအဖြစ်
ဒီအရာတွေကို အသုံးပြုပေမဲ့
လုပ်ဆောင်ဆဲ စစ်ရာဇဝတ်မှု စီရင်မှုတွေမှာ
အလွန် တန်ဖိုးရှိတဲ့
မှုခင်းဆေးပညာ အထောက်အထား
အဖြစ်လည်း အသုံးပြုပါတယ်။
ဒီပစ္စည်းတွေကို ရုပ်ပိုင်းအရ ကြိုးစား
ဖော်ထုတ်ဖို့ ရံဖန်ရံခါ
ရှင်ကျန်သူတွေကို ခေါ်ပေမဲ့
ခရီးမရောက်၊ စိတ်ညစ်စရာ လုပ်ငန်းစဉ်ကြောင့်
ရုပ်ပိုင်း ရှာကြည့်ခြင်းဟာ
အင်မတန် ခက်ခဲတယ်။
မှုခင်းဆေးပညာရှင်တွေ၊ ဆရာဝန်တွေနဲ
ရှေ့နေတွေ ဒီပစ္စည်းတွေနဲ့
လုပ်ပြီးတာနဲ့
၎င်းတို့ဟာ ဇာတ်လမ်းရဲ့ မိဘမဲ့တွေဖြစ်လာတယ်။
ယုံချင်မှ ယုံပါ၊ ဒါတွေအတော်
များများဟာ ဖျက်ဆီးခံရတယ်၊
(သို့) ကွယ်ရာမေ့ဆိုသလို
ချောင်ထိုးခံရတယ်။
ရှင်ကျန်သူတွေ အလွယ်တကူ ရှာကြည့်နိုင်ဖို့
အမြင်ပိုင်း မော်ကွန်းတစ်ခု ဖန်တီးဖို့အတွက်
တူးဖော်ထားတဲ့ ပစ္စည်းတိုင်းကို
ဓာတ်ပုံရိုက်ဖို့ လွန်ခဲ့တဲ့
နှစ်အနည်းငယ်က ဆုံးဖြတ်ခဲ့တယ်။
ပုံပြောသူတစ်ယောက်အဖြစ် လူ့အဖွဲ့အစည်းဆီ
ပြန်ပေးချင်ပါ။
အသိနိုးကြားစေမှုရဲ့ အလွန်ကို ရွေ့ချင်တယ်။
ဒီအဖြစ်မှာ တစ်ယောက်ယောက်က
ဒီပစ္စည်းတွေကို မှတ်မိနိုင်တယ်၊
(သို့) အနည်းဆုံးတော့ ဒီဓာတ်ပုံတွေဟာ
ဖြစ်ပျက်ခဲ့တာရဲ့ ထာဝရ၊ ဘက်မလိုက်တဲ့
တိကျတဲ့ သတိပေးချက် တစ်ခုအဖြစ်
ကျန်ရစ်နေမှာပါ။
ဓာတ်ပုံပညာက မျှဝေခံစားမှု၊
မျှဝေခံစားမှုကို
သေချာစေတဲ့ ဒီပစ္စည်းများကို
အကျွမ်းဝင်မှုနဲ့ ပတ်သက်ပါတယ်။
ဒီအဖြစ်မှာ ကျွန်တော်ဟာ ကိရိယာတစ်ခု
သက်သက်ပါ၊
မှုခင်းဆေးပညာရှင် ဆိုလည်းရပါတယ်။
အကျိုးဆက်က ဓာတ်ပုံပညာတစ်ခုဟာ
မှတ်တမ်းတစ်ခုနဲ့ နီးစပ်နိုင်ခြေရှိတာပါ။
ပျောက်နေတဲ့ လူတွေအားလုံးကို
ဖော်ထုတ်ပြီးတာနဲ့
အုတ်ဂူတွေထဲမှာ ဆွေးမြေ့နေတဲ့
ကိုယ်တွေနဲ့ ဒီနေ့စဉ်သုံးပစ္စည်းတွေပဲ
ကျန်ရစ်မှာပါ။
၎င်းတို့ရဲ့ ရိုးရှင်းမှုထဲမှာ
ဒီပစ္စည်းတွေက ဓားစာခံတွေရဲ့
ကိုယ်ပိုင်လက္ခဏာ
အတွက် နောက်ဆုံး သက်သေခံပါ။
ဒီလူတွေ တည်ရှိခဲ့ဖူးတယ်ဆိုတဲ့
နောက်ဆုံး ထာဝရ သတိပေးချက်ပါ။
ကျေးဇူးအများကြီးတင်ပါတယ်။
(လက်ခုပ်သံများ)