1 00:00:01,025 --> 00:00:05,433 ကျွန်တော် ဝန်ခံချင်တာ တစ်ခု ရှိပါတယ်။ 2 00:00:05,433 --> 00:00:11,593 သိပ္ပံပညာရှင် နဲ့ အင်ဂျင်နီယာ ဖြစ်တဲ့ ကျွန်တော်ဟာ နှစ်ပေါင်းများစွာ ထိရောက်မှုရှိရေးကို ဂရုစိုက်ခဲ့ပါတယ်။ 3 00:00:13,213 --> 00:00:17,030 ဒါပေမဲ့ ထိရောက်မှုဟာ အစွဲအလမ်း တစ်ခု ဖြစ်လာနိုင်ပါတယ်၊ 4 00:00:17,030 --> 00:00:20,230 ဒီနေ့တော့ ကျွန်တော်ဟာ ကျွန်တော့ကို အစွဲအလမ်းထဲမှ ဆွဲထုတ်ပြီး 5 00:00:20,230 --> 00:00:27,055 ကြွယ်ဝတဲ့ အရှိတရားဆီကို ပြန်ပို့လိုက်တဲ့ ခရီးတစ်ခု အကြောင်းကို ပြောပြချင်ပါတယ်။ 6 00:00:28,091 --> 00:00:33,739 လန်ဒန်မှာ Ph.D. ဘွဲ့ကို ရခဲ့လို့ Boston ကို ကျွန်တော် ရောက်လာခဲ့တယ်။ 7 00:00:33,739 --> 00:00:37,381 ကျွန်တော်ဟာ Boston မှာနေခဲ့ပြီး Cambridge မှာ အလုပ်လုပ်ခဲ့တယ်။ 8 00:00:37,381 --> 00:00:40,576 ကျွန်တော်ဟာ အဲဒီနွေရာသီမှာ အမြန်မောင်း ဆိုင်ကယ်ကို ဝယ်ခဲ့တယ်၊ 9 00:00:40,576 --> 00:00:43,306 နေ့စဉ် အလုပ်ကို ဆိုင်ကယ်နဲ့ သွားခဲ့တယ်။ 10 00:00:43,306 --> 00:00:45,692 လမ်းကို ရှာရန် ကျွန်တော့ဖုန်းကို သုံးခဲ့တယ်။ 11 00:00:45,692 --> 00:00:49,593 ၎င်းက Massachusetts Avenue အတိုင်း သွားရန် ညွှန်းခဲ့တယ်၊ 12 00:00:49,593 --> 00:00:53,842 Boston မှ Cambridge သို့ အတိုဆုံး လမ်းခရီးဖြစ်ခဲ့ပါတယ်။ 13 00:00:53,842 --> 00:00:55,909 ဒါပေမဲ့ တစ်လကြာသွားတဲ့ နောက်မှာ 14 00:00:55,909 --> 00:01:00,495 နေ့စဉ် ကားနဲ့ပြည့်နေတဲ့ Mass. Ave. အတိုင်းမောင်းမယ့်အစား 15 00:01:00,495 --> 00:01:03,734 တစ်နေ့တွင် ကျွန်တော်ဟာ အခြားလမ်းစဉ်ကို ရွေးလိုက်ပါတယ်။ 16 00:01:03,734 --> 00:01:08,795 ကျွန်တော် အဲဒီနေ့တုန်းက မတူတဲ့ လမ်းကြောင်းကို ရွေးခဲ့တာ ဘာကြောင့်လဲ မသေချာတော့ပါ။ 17 00:01:08,795 --> 00:01:13,184 ကျွန်တော် အံ့အားသင့်ခဲ့ရတဲ့ ခံစားချက်ကိုသာ မှတ်မိနေပါတယ်၊ 18 00:01:13,184 --> 00:01:17,247 ကားတွေမရှိတဲ့ လမ်းကို အံ့ဩမိခဲ့တယ်၊ 19 00:01:17,247 --> 00:01:21,078 အနီးမှာ ကားတွေနဲ့ ပြည့်နေခဲ့တဲ့ Mass. Ave. နဲ့ လုံးဝမတူခဲ့ပါဘူး၊ 20 00:01:21,078 --> 00:01:26,395 အရွက်တွေ စိမ်းလန်းနေကာ သစ်ပင်တွေနဲ့ ဝိုင်းနေတဲ့ လမ်းကို အံ့အားသင့်နေခဲ့တယ်။ 21 00:01:26,395 --> 00:01:31,695 အဲဒီလို အံ့အားသင့်မှု ခံစားချက် နောက်မှာ ကျွန်တော်ဟာ ရှက်မိသလို ခံစားမိတယ်။ 22 00:01:31,695 --> 00:01:34,822 ဘယ်လိုလုပ်ပြီး ကျွန်တော်ဟာ အဲဒီလောက်ကို မျက်စီကန်းနေခဲ့တာလဲ။ 23 00:01:34,822 --> 00:01:36,728 တစ်လလုံးကြာအောင်ကိုပဲ 24 00:01:36,728 --> 00:01:39,816 ကျွန်တော်ဟာ ကျွန်တော့ မိုဘိုင်း အက်ပ်တွေရဲ့ ထောင်ချောက်ထဲမှာ မိနေခဲ့ကာ 25 00:01:39,816 --> 00:01:43,322 ခရီးဟာ အဓိပ္ပါယ် တစ်မျိုးတည်းသာ ရှိခဲ့ပါတယ်၊ 26 00:01:43,322 --> 00:01:45,783 အတိုဆုံး ခရီးဖြစ်ရမယ်။ 27 00:01:45,783 --> 00:01:48,876 သွားစရာ ခရီးဟာ ဒီတစ်ခုတည်းပဲလား၊ လုံးဝ မစဉ်းစားမိခဲ့ပါ၊ 28 00:01:48,876 --> 00:01:51,507 လမ်းခရီးကို ပျော်ရွှင်စွာ ခံစားရေးကို၊ 29 00:01:51,507 --> 00:01:53,459 သဘာဝနဲ့ ချိတ်ဆက်နေခြင်း ဆိုတဲ့ ပျော်ရွှင်မှု၊ 30 00:01:53,459 --> 00:01:57,166 လူတွေကို မျက်လုံးချင်းဆိုင်ပြီး ကြည့်ရှုနိုင်မှု မရှိခဲ့ပါ။ 31 00:01:57,166 --> 00:01:58,951 ဘာကြောင့်များလဲ။ 32 00:01:58,951 --> 00:02:03,400 ကျွန်တော်ဟာ ရုံးကိုသွားလာမှုထဲက တစ်မိနစ်စီကို ချွေတာချင်နေခဲ့လို့ပါ။ 33 00:02:04,330 --> 00:02:08,399 ဒီကိစ္စထဲမှာ ကျွန်တော်ဟာ တစ်ယောက်တည်းလား ခင်ဗျားတို့ကို မေးချင်တယ်။ 34 00:02:08,399 --> 00:02:14,227 ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်ဟာ လမ်းညွှန်းချက်ကို ရှာရန် မြေပုံ အက်ပ်ကို မသုံးခဲ့ကြတာလဲ။ 35 00:02:14,227 --> 00:02:16,146 အားလုံး မဟုတ်တောင် အများစု သုံးခဲ့ကြမှာပါ။ 36 00:02:16,146 --> 00:02:21,239 ကျွန်တော်ကို တလွဲမထင်စေလိုပါ -- မြေပုံဆိုင်ရာ အက်ပ်တွေဟာ အရမ်းကို ကောင်းကြပါတယ်၊ 37 00:02:21,239 --> 00:02:23,816 ပြည်သူတွေကို မြို့တွေကို စူးစမ်းဖို့ အားပေးကြတာမို့လို့ပါ။ 38 00:02:23,816 --> 00:02:27,993 ခင်ဗျားတို့ဟာ ဖုန်းကို ဆွဲယူလိုက်တယ်၊ ဘယ်သွားရမှန်း မသိဖြစ်နေတဲ့ အချိန်မျိုးမှာ။ 39 00:02:27,993 --> 00:02:30,904 ဒါပေမဲ့၊ သွားချင်တဲ့ ခရီးဆုံးဆီကို သွားဖို့အတွက် 40 00:02:30,904 --> 00:02:36,308 လမ်းညွှန်ချက် အနည်းငယ်လောက်ပဲ ရှိတာကိုလည်း မြေပုံတွေက ယူဆပါတယ်။ 41 00:02:36,308 --> 00:02:40,116 ၎င်းဟာ အဲဒီလို အနည်းငယ်မျှသော လမ်းညွှန်းမှုကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်၊ 42 00:02:40,116 --> 00:02:45,015 သွားရမယ့် ခရီးဆုံးဆီကို သေချာပေါက် ပို့ပေးမယ့် လမ်းညွှန်းချက်ကိုပေါ့လေ။ 43 00:02:45,015 --> 00:02:47,685 ကျွန်တော့ရဲ့ အဲဒီအတွေ့အကြုံနောက်မှာ ကျွန်တော် ပြောင်းလဲသွားခဲ့ပါတယ်။ 44 00:02:47,685 --> 00:02:51,052 ကျွန်တော်ရဲ့ သုတေသနကို လုပ်ရိုးလုပ်စဉ် ဒေတာ စုစည်းမှုမှနေပြီး 45 00:02:51,052 --> 00:02:55,324 လူတွေက မြို့ကို ဘယ်လိုများ စူးစမ်းနေကြလဲ ဆိုတာကို နားလည်ရေးဆီ ပြောင်းလိုက်ပါတယ်။ 46 00:02:55,324 --> 00:02:57,553 ကျွန်တော်ဟာ ကွန်ပျူတာ နည်းပညာ ကိရိယာတွေကို အသုံးပြီး 47 00:02:57,553 --> 00:03:02,996 လူမှုရေး သိပ္ပံပညာဆိုင်ရာ စမ်းသပ်မှုတွေကို ဝက်ဘ် စကေးဖြင့် ပွားယူစမ်းသပ်နေသူပါ။ 48 00:03:02,996 --> 00:03:08,118 ကျွန်တော်ဟာ Jane Jacobs၊ Stanley Milgram၊ Kevin Lynch တို့ရဲ့ 49 00:03:08,118 --> 00:03:11,020 လှပကာ အံ့ဩဖွယ် လူမှုရေးစ စမ်းသပ်မှုတွေရဲ့ 50 00:03:11,020 --> 00:03:15,525 ဖမ်းစားမှုကို ခံနေရသူပါ။ 51 00:03:15,525 --> 00:03:20,192 အဲဒီလို လုပ်လာတဲ့ သုတေသနရဲ့ ရလဒ်အဖြစ် 52 00:03:20,192 --> 00:03:25,021 ကျွန်တော်တို့ဟာ အတိုဆုံး လမ်းခရီးကိုသာမက အတိုဆုံးဖြစ်တဲ့ အပြာရောင်ခရီးကို၊ 53 00:03:25,021 --> 00:03:28,342 ပျော်ရွှင်စရာ အကောင်းဆုံးဖြစ်တဲ့ အနီရောင် လမ်းခရီးကို 54 00:03:28,342 --> 00:03:30,060 ရှာဖွေလို့ ရလာနိုင်တဲ့ မြေပုံတွေကို ရှိလာပါပြီ။ 55 00:03:30,060 --> 00:03:33,662 အဲဒါ ဘယ်လိုလုပ် ပြုလုပ်နိုင်ခဲ့တာလဲ။ 56 00:03:33,662 --> 00:03:35,513 Einstein ဟာ တစ်ချိန်တုန်းက ပြောခဲ့ဘူးးပါတယ်၊ 57 00:03:35,513 --> 00:03:38,999 "ဆင်ခြင်မှုက ခင်ဗျားကို A ဆီကနေပြီး B ဆီကို ရောက်အောက် ပို့ပေးနိုင်မှာပါ။ 58 00:03:38,999 --> 00:03:41,771 စိတ်ကူးယဉ်မှုကတော့ ဘယ်နေရာကိုမဆို ခင်ဗျားတို့ကို ပို့ပေးမှာပါ။" 59 00:03:41,771 --> 00:03:43,689 အဲဒီတော့ နည်းနည်းလေး စိတ်ကူးကြည့်လိုက်တာနဲ့၊ 60 00:03:43,689 --> 00:03:45,570 လူတွေဟာ မြို့ထဲက ဘယ်အပိုင်းတွေကို လှပတယ်လို့ ထင်ကြမလဲဆိုတာကို 61 00:03:45,570 --> 00:03:49,935 ကျွန်တော်တို့ဟာ နားလည်ဖို့ လိုအပ်ခဲ့ပါတယ်။ 62 00:03:49,935 --> 00:03:52,582 ကျွန်တော်တို့ဟာ လုပ်ဖေါ်ကိုက်ဖက်များနဲ့အတူ University of Cambridge မှာ 63 00:03:52,582 --> 00:03:55,740 ရိုးရှင်းတဲ့ အဲဒီစမ်းသပ်မှု အကြောင်းကို စဉ်းစားခဲ့ကြပါတယ်။ 64 00:03:55,740 --> 00:03:58,898 တကယ်လို့များ ကျွန်တော်ဟာ ခင်ဗျားတို့ကို ဒီမြို့ပြရှုခင်း နှစ်ခုကို ပြလိုက်ကာ 65 00:03:58,898 --> 00:04:01,684 ပိုလှတဲ့ တစ်ခုက ဘယ်ဟာလဲလို့ မေးကြည့်ခဲ့ရင်၊ 66 00:04:01,684 --> 00:04:04,376 ခင်ဗျားတို့ ဘယ်လိုများ ဖြေကြမလဲ။ 67 00:04:06,096 --> 00:04:09,161 ဘာမှ အားနာစရာ မရှိပါဘူး။ 68 00:04:09,161 --> 00:04:12,411 A ကို ရွေးတာက ဘယ်သူတွေလဲ။ B ကို ရွေးတာက ဘယ်သူတွေလဲ။ 69 00:04:12,411 --> 00:04:14,013 သိပ်ကောင်းပါ့။ 70 00:04:14,013 --> 00:04:15,987 အဲဒီလို ဒေတာကို အခြေခံပြီးတော့၊ 71 00:04:15,987 --> 00:04:17,798 ကျွန်တော်တို့ဟာ လူအများအပြားကို ရှာဖွေရေး 72 00:04:17,798 --> 00:04:18,913 ဝက်ဘ်ဂိမ်း ဖြစ်လာနိုင်တယ်။ 73 00:04:18,913 --> 00:04:21,791 ကစားကြသူတို့အား မြို့ပြရှုခင်း နှစ်မျိုးကို ပြပေးပါတယ်၊ 74 00:04:21,791 --> 00:04:28,137 အဲဒီထဲက ဘယ်ဟာပိုပြီးလှတယ်၊ ဆိတ်ငြိမ်တယ်၊ ပျော်စရာကောင်းတယ် သူတို့ကို မေးပါတယ်။ 75 00:04:28,154 --> 00:04:30,104 သုံးစွဲသူ ထောင်ချီတို့ရဲ့ မဲတွေကို အခြေခံပြီး၊ 76 00:04:30,104 --> 00:04:33,308 အများက သဘောတူတဲ့ အချက်ကို ရှာနိုင်မှာပါ။ 77 00:04:33,308 --> 00:04:36,513 ပြည်သူတွေကို ပျော်ရွှင်လာစေတဲ့ ရှုခင်းတွေက 78 00:04:36,513 --> 00:04:39,276 ဘာတွေလဲ ဆိုတာ ရှာတွေ့နိုင်ပါမယ်။ 79 00:04:39,276 --> 00:04:42,225 အဲဒီနောက်မှာ ကျွန်တော်ဟာ Yahoo Labs ထဲမှာ အလုပ်လုပ်ခဲ့ပါတယ်၊ 80 00:04:42,225 --> 00:04:45,104 အဲဒီမှာ Luca နဲ့ Rossano တို့နဲ့ တစ်ဖွဲ့တည်းပါ၊ 81 00:04:45,104 --> 00:04:48,380 ကျွန်တော်တို့ အတူတကွလက်တွဲလျက် လန်ဒန်မြို့ထဲက နိုင်ခဲ့ကြတဲ့ တည်နေရာများကို 82 00:04:48,380 --> 00:04:51,726 ဖေါ်ထုတ်ကာ မြို့ရဲ့ မြေပုံအသစ်ကို ရေးဆွဲရန်၊ 83 00:04:51,726 --> 00:04:55,993 လူတွေရဲ့ ခံစားချက်ကို ထည့်တွက်ထားတဲ့ မြေပုံရေးဆွဲထားမှုပါပဲ။ 84 00:04:55,993 --> 00:04:59,825 အဲဒီလို မြေပုံထဲမှာ ကျွန်တော်တို့ဟာ A နေပြီး B ဆီကို 85 00:04:59,825 --> 00:05:04,677 သွားဖို့ အတိုဆုံး လမ်းကြောင်းတွေကို ရှာနိုင်ရုံသာမက၊ 86 00:05:04,677 --> 00:05:07,812 ပျော်ရွှင်စရာ လမ်းကြောင်းကို၊ 87 00:05:07,812 --> 00:05:11,504 လှတဲ့လမ်းကြောင်းကို၊ ဆိတ်ငြိမ်တဲ့ လမ်းကြောင်းကို ရွေးလို့ရနိုင်မှာပါ။ 88 00:05:11,504 --> 00:05:16,148 စမ်းသပ်မှုတွေထဲ ပါဝင်ခဲ့ကြသူတို့က လှတဲ့၊ ငြိမ်သက်တဲ့ လမ်းကြောင်းတွေဟာ 89 00:05:16,148 --> 00:05:19,723 အတိုဆုံး လမ်းကြောင်းထက်ကို များစွာမှ ပျော်ရွှင်ဖွယ်ကောင်းနိုင်တာကို တွေ့ကြတယ်၊ 90 00:05:19,723 --> 00:05:25,528 ခရီးသွားရမယ့် အချိန်ဟာ မိနစ်အနည်းငယ်မျှသာ တိုးတော့လာမှာပါ။ 91 00:05:25,528 --> 00:05:29,777 ပါဝင်ကြသူတို့ဟာ သူတို့ရဲ့ အမှတ်တရ အချက်တွေကိုပါ နေရာတွေမှာ ချိတ်ပေးကြပါတယ်။ 92 00:05:29,777 --> 00:05:34,676 BBC အဆောက်အဦ ဟောင်းဆိုရင် မျှဝေခဲ့ကြတဲ့ အမှတ်တရများထဲကပါ၊ 93 00:05:34,676 --> 00:05:39,601 ပြီးတော့ ကျွန်တော် ပထမဦးဆုံး နမ်းခဲ့တဲ့ နေရာလို ပုဂ္ဂိုလ်ရေး အမှတ်တရတွေလည်း ရှိပါတယ်။ 94 00:05:39,601 --> 00:05:44,034 သူတို့ဟာ လမ်းတချို့တို့ရဲ့ အနံ့များ အသံများကိုပါ မှတ်မိကြပါသေးတယ်။ 95 00:05:44,034 --> 00:05:47,261 ဒီတော့ကား ကျွန်တော်တို့ဆီမှာ 96 00:05:47,261 --> 00:05:49,792 အလှရသကို အခြေခံထားတဲ့ ပျော်ရွှင်စရာ လမ်းခရီးများကိုသာမ၊ 97 00:05:49,792 --> 00:05:52,412 အနံ့၊ အသံ နဲ့ အမှတ်တရ အချက်များကိုပါ အခြေခံထားတဲ့ 98 00:05:52,412 --> 00:05:55,721 မြေပုံများ ရေးဆွဲထုတ်လုပ်ရေး ကိရိယာ ကျွန်တော်တို့ လက်ထဲမှာ ရှိတယ်ဆိုရင်ကော။ 99 00:05:55,721 --> 00:05:59,826 ကျွန်တော်တို့ရဲ့ သုတေသနက ဦးတည်နေတာ အဲဒီဆီကိုပါ။ 100 00:05:59,826 --> 00:06:02,028 ပိုပြီးခြုံပြောရရင်၊ ကျွန်တော့ သုတေသနထဲ 101 00:06:02,028 --> 00:06:06,626 လုပ်ဖို့ အားထုတ်နေတာက တစ်ခုတည်းသော လမ်းကြောင်းဆိုတဲ့ အန္တရာယ်ကို ရှောင်ရှားရန်၊ 102 00:06:06,626 --> 00:06:11,827 လူတွေကို သူတို့ရဲ့ မြို့ကို ဖက်စုံမှ စူးစမ်းလေ့လာရေး အခွင့်အလမ်း ဆုံးရှံးမခံရအောင် ကာကွယ်ပေးရန်ပါ။ 103 00:06:11,827 --> 00:06:15,565 မိမိတို့ရဲ့ လမ်းကို ကားထားရုံမှတစ်ဆင့် မဟုတ်ဘဲ ပန်းခြံများထဲမှ ဖြတ်သွားကြပါ၊ 104 00:06:15,565 --> 00:06:17,957 ခင်ဗျားတို့ဆီမှာ ရွေးစရာ တခြားလမ်းတွေ ရှိပါတယ်။ 105 00:06:17,957 --> 00:06:20,905 ကားတွေနဲ့ ပြည့်နေတဲ့ လမ်းမဟုတ်ဘဲ ခင်ဗျားတို့ ချစ်ကြိုက်တဲ့ 106 00:06:20,905 --> 00:06:22,221 လူတွေ နေထိုင်ကြတဲ့ လမ်းအတိုင်း လျှောက်သွားပါ၊ 107 00:06:22,221 --> 00:06:23,939 အဲဒီလို လုံးဝမတူတဲ့ ရွေးစရာ လမ်းခရီး သင့်ဆီမှာ ရှိနေပါတယ်။ 108 00:06:23,939 --> 00:06:26,392 အဲဒါဟာ သိပ်ကို ရိုးရိုးလေးပါ။ 109 00:06:27,012 --> 00:06:29,822 ကျွန်တော်ဟာ ဟောပြောချက်ကို အဆုံးသတ်ပါတော့မယ်၊ 110 00:06:29,822 --> 00:06:31,842 ခင်ဗျားတို့ "The Truman Show"ကို မှတ်မိကြတယ် မဟုတ်လား။ 111 00:06:31,842 --> 00:06:34,860 လုပ်ကြံဖန်တီးထားတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေခြင်းဖြစ်တာကို 112 00:06:34,860 --> 00:06:38,413 မသိရှာတဲ့ တကယ့်လူတစ်ယောက် အကြောင်း ဟာသရုပ်ရှင်ပါ။ 113 00:06:38,413 --> 00:06:43,567 ကျွန်တော်တို့ကလည်း ထိရောက်မှု ရှိရေးကိုသာ ဦးတည်နေတဲ့ ကမ္ဘာကြီးထဲမှာ နေနေတာ ဖြစ်နိုင်ပါတယ်။ 114 00:06:43,567 --> 00:06:47,073 ခင်ဗျားတို့ရဲ့ နေ့စဉ် အလေ့အထများကို ကြည့်ကြည့်ပြီး 115 00:06:47,073 --> 00:06:53,217 ရုပ်ရှင်ထဲမှာ Truman လုပ်ခဲ့သလို လုပ်ကြံကမ္ဘာကြီးထဲမှ လွတ်ထွက်ဖို့ ကြိုးစားကြပါ။ 116 00:06:53,226 --> 00:06:54,736 ဘာကြောင့်လဲ။ 117 00:06:54,736 --> 00:07:01,416 စွန့်စားမှုဟာ အန္တရာယ်များတယ်လို့ ထင်ရင်တော့၊ ခါတိုင်းလိုပဲ နေကြပါ။ အဲဒါဟာ သေချင်စရာကြီးပါ။ 118 00:07:01,416 --> 00:07:03,327 ကျေဇူးတင်ပါတယ်။ 119 00:07:03,327 --> 00:07:07,297 (လက်ခုပ်သံများ)