0:00:01.025,0:00:05.433 ကျွန်တော် ဝန်ခံချင်တာ တစ်ခု ရှိပါတယ်။ 0:00:05.433,0:00:11.593 သိပ္ပံပညာရှင် နဲ့ အင်ဂျင်နီယာ ဖြစ်တဲ့ ကျွန်တော်ဟာ [br]နှစ်ပေါင်းများစွာ ထိရောက်မှုရှိရေးကို ဂရုစိုက်ခဲ့ပါတယ်။ 0:00:13.213,0:00:17.030 ဒါပေမဲ့ ထိရောက်မှုဟာ အစွဲအလမ်း[br]တစ်ခု ဖြစ်လာနိုင်ပါတယ်၊ 0:00:17.030,0:00:20.230 ဒီနေ့တော့ ကျွန်တော်ဟာ ကျွန်တော့ကို[br]အစွဲအလမ်းထဲမှ ဆွဲထုတ်ပြီး 0:00:20.230,0:00:27.055 ကြွယ်ဝတဲ့ အရှိတရားဆီကို ပြန်ပို့လိုက်တဲ့[br]ခရီးတစ်ခု အကြောင်းကို ပြောပြချင်ပါတယ်။ 0:00:28.091,0:00:33.739 လန်ဒန်မှာ Ph.D. ဘွဲ့ကို ရခဲ့လို့ Boston ကို [br]ကျွန်တော် ရောက်လာခဲ့တယ်။ 0:00:33.739,0:00:37.381 ကျွန်တော်ဟာ Boston မှာနေခဲ့ပြီး[br]Cambridge မှာ အလုပ်လုပ်ခဲ့တယ်။ 0:00:37.381,0:00:40.576 ကျွန်တော်ဟာ အဲဒီနွေရာသီမှာ[br]အမြန်မောင်း ဆိုင်ကယ်ကို ဝယ်ခဲ့တယ်၊ 0:00:40.576,0:00:43.306 နေ့စဉ် အလုပ်ကို ဆိုင်ကယ်နဲ့ သွားခဲ့တယ်။ 0:00:43.306,0:00:45.692 လမ်းကို ရှာရန် ကျွန်တော့ဖုန်းကို [br]သုံးခဲ့တယ်။ 0:00:45.692,0:00:49.593 ၎င်းက Massachusetts Avenue အတိုင်း [br]သွားရန် ညွှန်းခဲ့တယ်၊ 0:00:49.593,0:00:53.842 Boston မှ Cambridge သို့[br]အတိုဆုံး လမ်းခရီးဖြစ်ခဲ့ပါတယ်။ 0:00:53.842,0:00:55.909 ဒါပေမဲ့ တစ်လကြာသွားတဲ့ နောက်မှာ 0:00:55.909,0:01:00.495 နေ့စဉ် ကားနဲ့ပြည့်နေတဲ့ Mass. Ave.[br]အတိုင်းမောင်းမယ့်အစား 0:01:00.495,0:01:03.734 တစ်နေ့တွင် ကျွန်တော်ဟာ [br]အခြားလမ်းစဉ်ကို ရွေးလိုက်ပါတယ်။ 0:01:03.734,0:01:08.795 ကျွန်တော် အဲဒီနေ့တုန်းက မတူတဲ့ လမ်းကြောင်းကို[br]ရွေးခဲ့တာ ဘာကြောင့်လဲ မသေချာတော့ပါ။ 0:01:08.795,0:01:13.184 ကျွန်တော် အံ့အားသင့်ခဲ့ရတဲ့[br]ခံစားချက်ကိုသာ မှတ်မိနေပါတယ်၊ 0:01:13.184,0:01:17.247 ကားတွေမရှိတဲ့ လမ်းကို အံ့ဩမိခဲ့တယ်၊ 0:01:17.247,0:01:21.078 အနီးမှာ ကားတွေနဲ့ ပြည့်နေခဲ့တဲ့[br]Mass. Ave. နဲ့ လုံးဝမတူခဲ့ပါဘူး၊ 0:01:21.078,0:01:26.395 အရွက်တွေ စိမ်းလန်းနေကာ သစ်ပင်တွေနဲ့ ဝိုင်းနေတဲ့[br]လမ်းကို အံ့အားသင့်နေခဲ့တယ်။ 0:01:26.395,0:01:31.695 အဲဒီလို အံ့အားသင့်မှု ခံစားချက် နောက်မှာ[br]ကျွန်တော်ဟာ ရှက်မိသလို ခံစားမိတယ်။ 0:01:31.695,0:01:34.822 ဘယ်လိုလုပ်ပြီး ကျွန်တော်ဟာ[br]အဲဒီလောက်ကို မျက်စီကန်းနေခဲ့တာလဲ။ 0:01:34.822,0:01:36.728 တစ်လလုံးကြာအောင်ကိုပဲ 0:01:36.728,0:01:39.816 ကျွန်တော်ဟာ ကျွန်တော့ မိုဘိုင်း အက်ပ်တွေရဲ့[br]ထောင်ချောက်ထဲမှာ မိနေခဲ့ကာ 0:01:39.816,0:01:43.322 ခရီးဟာ အဓိပ္ပါယ် တစ်မျိုးတည်းသာ[br]ရှိခဲ့ပါတယ်၊ 0:01:43.322,0:01:45.783 အတိုဆုံး ခရီးဖြစ်ရမယ်။ 0:01:45.783,0:01:48.876 သွားစရာ ခရီးဟာ ဒီတစ်ခုတည်းပဲလား၊[br]လုံးဝ မစဉ်းစားမိခဲ့ပါ၊ 0:01:48.876,0:01:51.507 လမ်းခရီးကို ပျော်ရွှင်စွာ ခံစားရေးကို၊ 0:01:51.507,0:01:53.459 သဘာဝနဲ့ ချိတ်ဆက်နေခြင်း ဆိုတဲ့ ပျော်ရွှင်မှု၊ 0:01:53.459,0:01:57.166 လူတွေကို မျက်လုံးချင်းဆိုင်ပြီး[br]ကြည့်ရှုနိုင်မှု မရှိခဲ့ပါ။ 0:01:57.166,0:01:58.951 ဘာကြောင့်များလဲ။ 0:01:58.951,0:02:03.400 ကျွန်တော်ဟာ ရုံးကိုသွားလာမှုထဲက[br]တစ်မိနစ်စီကို ချွေတာချင်နေခဲ့လို့ပါ။ 0:02:04.330,0:02:08.399 ဒီကိစ္စထဲမှာ ကျွန်တော်ဟာ တစ်ယောက်တည်းလား[br]ခင်ဗျားတို့ကို မေးချင်တယ်။ 0:02:08.399,0:02:14.227 ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်ဟာ လမ်းညွှန်းချက်ကို[br]ရှာရန် မြေပုံ အက်ပ်ကို မသုံးခဲ့ကြတာလဲ။ 0:02:14.227,0:02:16.146 အားလုံး မဟုတ်တောင် အများစု သုံးခဲ့ကြမှာပါ။ 0:02:16.146,0:02:21.239 ကျွန်တော်ကို တလွဲမထင်စေလိုပါ -- မြေပုံဆိုင်ရာ[br]အက်ပ်တွေဟာ အရမ်းကို ကောင်းကြပါတယ်၊ 0:02:21.239,0:02:23.816 ပြည်သူတွေကို မြို့တွေကို စူးစမ်းဖို့[br]အားပေးကြတာမို့လို့ပါ။ 0:02:23.816,0:02:27.993 ခင်ဗျားတို့ဟာ ဖုန်းကို ဆွဲယူလိုက်တယ်၊[br]ဘယ်သွားရမှန်း မသိဖြစ်နေတဲ့ အချိန်မျိုးမှာ။ 0:02:27.993,0:02:30.904 ဒါပေမဲ့၊ သွားချင်တဲ့ ခရီးဆုံးဆီကို သွားဖို့အတွက် 0:02:30.904,0:02:36.308 လမ်းညွှန်ချက် အနည်းငယ်လောက်ပဲ[br]ရှိတာကိုလည်း မြေပုံတွေက ယူဆပါတယ်။ 0:02:36.308,0:02:40.116 ၎င်းဟာ အဲဒီလို အနည်းငယ်မျှသော[br]လမ်းညွှန်းမှုကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်၊ 0:02:40.116,0:02:45.015 သွားရမယ့် ခရီးဆုံးဆီကို သေချာပေါက်[br]ပို့ပေးမယ့် လမ်းညွှန်းချက်ကိုပေါ့လေ။ 0:02:45.015,0:02:47.685 ကျွန်တော့ရဲ့ အဲဒီအတွေ့အကြုံနောက်မှာ[br]ကျွန်တော် ပြောင်းလဲသွားခဲ့ပါတယ်။ 0:02:47.685,0:02:51.052 ကျွန်တော်ရဲ့ သုတေသနကို လုပ်ရိုးလုပ်စဉ်[br]ဒေတာ စုစည်းမှုမှနေပြီး 0:02:51.052,0:02:55.324 လူတွေက မြို့ကို ဘယ်လိုများ စူးစမ်းနေကြလဲ[br]ဆိုတာကို နားလည်ရေးဆီ ပြောင်းလိုက်ပါတယ်။ 0:02:55.324,0:02:57.553 ကျွန်တော်ဟာ ကွန်ပျူတာ [br]နည်းပညာ ကိရိယာတွေကို အသုံးပြီး 0:02:57.553,0:03:02.996 လူမှုရေး သိပ္ပံပညာဆိုင်ရာ စမ်းသပ်မှုတွေကို[br]ဝက်ဘ် စကေးဖြင့် ပွားယူစမ်းသပ်နေသူပါ။ 0:03:02.996,0:03:08.118 ကျွန်တော်ဟာ Jane Jacobs၊ Stanley Milgram၊[br]Kevin Lynch တို့ရဲ့ 0:03:08.118,0:03:11.020 လှပကာ အံ့ဩဖွယ် လူမှုရေးစ စမ်းသပ်မှုတွေရဲ့ 0:03:11.020,0:03:15.525 ဖမ်းစားမှုကို ခံနေရသူပါ။ 0:03:15.525,0:03:20.192 အဲဒီလို လုပ်လာတဲ့ သုတေသနရဲ့ ရလဒ်အဖြစ် 0:03:20.192,0:03:25.021 ကျွန်တော်တို့ဟာ အတိုဆုံး လမ်းခရီးကိုသာမက[br]အတိုဆုံးဖြစ်တဲ့ အပြာရောင်ခရီးကို၊ 0:03:25.021,0:03:28.342 ပျော်ရွှင်စရာ အကောင်းဆုံးဖြစ်တဲ့ အနီရောင်[br]လမ်းခရီးကို 0:03:28.342,0:03:30.060 ရှာဖွေလို့ ရလာနိုင်တဲ့ မြေပုံတွေကို ရှိလာပါပြီ။ 0:03:30.060,0:03:33.662 အဲဒါ ဘယ်လိုလုပ် ပြုလုပ်နိုင်ခဲ့တာလဲ။ 0:03:33.662,0:03:35.513 Einstein ဟာ တစ်ချိန်တုန်းက ပြောခဲ့ဘူးးပါတယ်၊ 0:03:35.513,0:03:38.999 "ဆင်ခြင်မှုက ခင်ဗျားကို A ဆီကနေပြီး B ဆီကို[br]ရောက်အောက် ပို့ပေးနိုင်မှာပါ။ 0:03:38.999,0:03:41.771 စိတ်ကူးယဉ်မှုကတော့[br]ဘယ်နေရာကိုမဆို ခင်ဗျားတို့ကို ပို့ပေးမှာပါ။" 0:03:41.771,0:03:43.689 အဲဒီတော့ နည်းနည်းလေး စိတ်ကူးကြည့်လိုက်တာနဲ့၊ 0:03:43.689,0:03:45.570 လူတွေဟာ မြို့ထဲက ဘယ်အပိုင်းတွေကို[br]လှပတယ်လို့ ထင်ကြမလဲဆိုတာကို 0:03:45.570,0:03:49.935 ကျွန်တော်တို့ဟာ နားလည်ဖို့ လိုအပ်ခဲ့ပါတယ်။ 0:03:49.935,0:03:52.582 ကျွန်တော်တို့ဟာ လုပ်ဖေါ်ကိုက်ဖက်များနဲ့အတူ[br]University of Cambridge မှာ 0:03:52.582,0:03:55.740 ရိုးရှင်းတဲ့ အဲဒီစမ်းသပ်မှု အကြောင်းကို[br]စဉ်းစားခဲ့ကြပါတယ်။ 0:03:55.740,0:03:58.898 တကယ်လို့များ ကျွန်တော်ဟာ ခင်ဗျားတို့ကို[br]ဒီမြို့ပြရှုခင်း နှစ်ခုကို ပြလိုက်ကာ 0:03:58.898,0:04:01.684 ပိုလှတဲ့ တစ်ခုက ဘယ်ဟာလဲလို့[br]မေးကြည့်ခဲ့ရင်၊ 0:04:01.684,0:04:04.376 ခင်ဗျားတို့ ဘယ်လိုများ ဖြေကြမလဲ။ 0:04:06.096,0:04:09.161 ဘာမှ အားနာစရာ မရှိပါဘူး။ 0:04:09.161,0:04:12.411 A ကို ရွေးတာက ဘယ်သူတွေလဲ။[br]B ကို ရွေးတာက ဘယ်သူတွေလဲ။ 0:04:12.411,0:04:14.013 သိပ်ကောင်းပါ့။ 0:04:14.013,0:04:15.987 အဲဒီလို ဒေတာကို အခြေခံပြီးတော့၊ 0:04:15.987,0:04:17.798 ကျွန်တော်တို့ဟာ လူအများအပြားကို[br]ရှာဖွေရေး 0:04:17.798,0:04:18.913 ဝက်ဘ်ဂိမ်း ဖြစ်လာနိုင်တယ်။ 0:04:18.913,0:04:21.791 ကစားကြသူတို့အား မြို့ပြရှုခင်း [br]နှစ်မျိုးကို ပြပေးပါတယ်၊ 0:04:21.791,0:04:28.137 အဲဒီထဲက ဘယ်ဟာပိုပြီးလှတယ်၊ ဆိတ်ငြိမ်တယ်၊[br]ပျော်စရာကောင်းတယ် သူတို့ကို မေးပါတယ်။ 0:04:28.154,0:04:30.104 သုံးစွဲသူ ထောင်ချီတို့ရဲ့ မဲတွေကို အခြေခံပြီး၊ 0:04:30.104,0:04:33.308 အများက သဘောတူတဲ့ အချက်ကို[br]ရှာနိုင်မှာပါ။ 0:04:33.308,0:04:36.513 ပြည်သူတွေကို ပျော်ရွှင်လာစေတဲ့[br]ရှုခင်းတွေက 0:04:36.513,0:04:39.276 ဘာတွေလဲ ဆိုတာ ရှာတွေ့နိုင်ပါမယ်။ 0:04:39.276,0:04:42.225 အဲဒီနောက်မှာ ကျွန်တော်ဟာ Yahoo Labs[br]ထဲမှာ အလုပ်လုပ်ခဲ့ပါတယ်၊ 0:04:42.225,0:04:45.104 အဲဒီမှာ Luca နဲ့ Rossano တို့နဲ့ တစ်ဖွဲ့တည်းပါ၊ 0:04:45.104,0:04:48.380 ကျွန်တော်တို့ အတူတကွလက်တွဲလျက်[br]လန်ဒန်မြို့ထဲက နိုင်ခဲ့ကြတဲ့ တည်နေရာများကို 0:04:48.380,0:04:51.726 ဖေါ်ထုတ်ကာ မြို့ရဲ့ မြေပုံအသစ်ကို ရေးဆွဲရန်၊ 0:04:51.726,0:04:55.993 လူတွေရဲ့ ခံစားချက်ကို ထည့်တွက်ထားတဲ့[br]မြေပုံရေးဆွဲထားမှုပါပဲ။ 0:04:55.993,0:04:59.825 အဲဒီလို မြေပုံထဲမှာ ကျွန်တော်တို့ဟာ A နေပြီး B ဆီကို 0:04:59.825,0:05:04.677 သွားဖို့ အတိုဆုံး လမ်းကြောင်းတွေကို[br]ရှာနိုင်ရုံသာမက၊ 0:05:04.677,0:05:07.812 ပျော်ရွှင်စရာ လမ်းကြောင်းကို၊ 0:05:07.812,0:05:11.504 လှတဲ့လမ်းကြောင်းကို၊ ဆိတ်ငြိမ်တဲ့ လမ်းကြောင်းကို[br]ရွေးလို့ရနိုင်မှာပါ။ 0:05:11.504,0:05:16.148 စမ်းသပ်မှုတွေထဲ ပါဝင်ခဲ့ကြသူတို့က[br]လှတဲ့၊ ငြိမ်သက်တဲ့ လမ်းကြောင်းတွေဟာ 0:05:16.148,0:05:19.723 အတိုဆုံး လမ်းကြောင်းထက်ကို များစွာမှ[br]ပျော်ရွှင်ဖွယ်ကောင်းနိုင်တာကို တွေ့ကြတယ်၊ 0:05:19.723,0:05:25.528 ခရီးသွားရမယ့် အချိန်ဟာ မိနစ်အနည်းငယ်မျှသာ[br]တိုးတော့လာမှာပါ။ 0:05:25.528,0:05:29.777 ပါဝင်ကြသူတို့ဟာ သူတို့ရဲ့ အမှတ်တရ[br]အချက်တွေကိုပါ နေရာတွေမှာ ချိတ်ပေးကြပါတယ်။ 0:05:29.777,0:05:34.676 BBC အဆောက်အဦ ဟောင်းဆိုရင်[br]မျှဝေခဲ့ကြတဲ့ အမှတ်တရများထဲကပါ၊ 0:05:34.676,0:05:39.601 ပြီးတော့ ကျွန်တော် ပထမဦးဆုံး နမ်းခဲ့တဲ့ နေရာလို[br]ပုဂ္ဂိုလ်ရေး အမှတ်တရတွေလည်း ရှိပါတယ်။ 0:05:39.601,0:05:44.034 သူတို့ဟာ လမ်းတချို့တို့ရဲ့ အနံ့များ[br]အသံများကိုပါ မှတ်မိကြပါသေးတယ်။ 0:05:44.034,0:05:47.261 ဒီတော့ကား ကျွန်တော်တို့ဆီမှာ 0:05:47.261,0:05:49.792 အလှရသကို အခြေခံထားတဲ့[br]ပျော်ရွှင်စရာ လမ်းခရီးများကိုသာမ၊ 0:05:49.792,0:05:52.412 အနံ့၊ အသံ နဲ့ အမှတ်တရ အချက်များကိုပါ[br]အခြေခံထားတဲ့ 0:05:52.412,0:05:55.721 မြေပုံများ ရေးဆွဲထုတ်လုပ်ရေး ကိရိယာ[br]ကျွန်တော်တို့ လက်ထဲမှာ ရှိတယ်ဆိုရင်ကော။ 0:05:55.721,0:05:59.826 ကျွန်တော်တို့ရဲ့ သုတေသနက[br]ဦးတည်နေတာ အဲဒီဆီကိုပါ။ 0:05:59.826,0:06:02.028 ပိုပြီးခြုံပြောရရင်၊ ကျွန်တော့ သုတေသနထဲ 0:06:02.028,0:06:06.626 လုပ်ဖို့ အားထုတ်နေတာက တစ်ခုတည်းသော[br]လမ်းကြောင်းဆိုတဲ့ အန္တရာယ်ကို ရှောင်ရှားရန်၊ 0:06:06.626,0:06:11.827 လူတွေကို သူတို့ရဲ့ မြို့ကို ဖက်စုံမှ စူးစမ်းလေ့လာရေး[br]အခွင့်အလမ်း ဆုံးရှံးမခံရအောင် ကာကွယ်ပေးရန်ပါ။ 0:06:11.827,0:06:15.565 မိမိတို့ရဲ့ လမ်းကို ကားထားရုံမှတစ်ဆင့် မဟုတ်ဘဲ[br]ပန်းခြံများထဲမှ ဖြတ်သွားကြပါ၊ 0:06:15.565,0:06:17.957 ခင်ဗျားတို့ဆီမှာ ရွေးစရာ တခြားလမ်းတွေ ရှိပါတယ်။ 0:06:17.957,0:06:20.905 ကားတွေနဲ့ ပြည့်နေတဲ့ လမ်းမဟုတ်ဘဲ[br]ခင်ဗျားတို့ ချစ်ကြိုက်တဲ့ 0:06:20.905,0:06:22.221 လူတွေ နေထိုင်ကြတဲ့[br]လမ်းအတိုင်း လျှောက်သွားပါ၊ 0:06:22.221,0:06:23.939 အဲဒီလို လုံးဝမတူတဲ့ ရွေးစရာ[br]လမ်းခရီး သင့်ဆီမှာ ရှိနေပါတယ်။ 0:06:23.939,0:06:26.392 အဲဒါဟာ သိပ်ကို ရိုးရိုးလေးပါ။ 0:06:27.012,0:06:29.822 ကျွန်တော်ဟာ ဟောပြောချက်ကို [br]အဆုံးသတ်ပါတော့မယ်၊ 0:06:29.822,0:06:31.842 ခင်ဗျားတို့ "The Truman Show"ကို[br]မှတ်မိကြတယ် မဟုတ်လား။ 0:06:31.842,0:06:34.860 လုပ်ကြံဖန်တီးထားတဲ့[br]ကမ္ဘာကြီးထဲမှာ နေထိုင်နေခြင်းဖြစ်တာကို 0:06:34.860,0:06:38.413 မသိရှာတဲ့ တကယ့်လူတစ်ယောက် [br]အကြောင်း ဟာသရုပ်ရှင်ပါ။ 0:06:38.413,0:06:43.567 ကျွန်တော်တို့ကလည်း ထိရောက်မှု ရှိရေးကိုသာ[br]ဦးတည်နေတဲ့ ကမ္ဘာကြီးထဲမှာ နေနေတာ ဖြစ်နိုင်ပါတယ်။ 0:06:43.567,0:06:47.073 ခင်ဗျားတို့ရဲ့ နေ့စဉ် အလေ့အထများကို [br]ကြည့်ကြည့်ပြီး 0:06:47.073,0:06:53.217 ရုပ်ရှင်ထဲမှာ Truman လုပ်ခဲ့သလို[br]လုပ်ကြံကမ္ဘာကြီးထဲမှ လွတ်ထွက်ဖို့ ကြိုးစားကြပါ။ 0:06:53.226,0:06:54.736 ဘာကြောင့်လဲ။ 0:06:54.736,0:07:01.416 စွန့်စားမှုဟာ အန္တရာယ်များတယ်လို့ ထင်ရင်တော့၊ [br]ခါတိုင်းလိုပဲ နေကြပါ။ အဲဒါဟာ သေချင်စရာကြီးပါ။ 0:07:01.416,0:07:03.327 ကျေဇူးတင်ပါတယ်။ 0:07:03.327,0:07:07.297 (လက်ခုပ်သံများ)