ကျွန်တော် ဝန်ခံချင်တာ တစ်ခု ရှိပါတယ်။
သိပ္ပံပညာရှင် နဲ့ အင်ဂျင်နီယာ ဖြစ်တဲ့ ကျွန်တော်ဟာ
နှစ်ပေါင်းများစွာ ထိရောက်မှုရှိရေးကို ဂရုစိုက်ခဲ့ပါတယ်။
ဒါပေမဲ့ ထိရောက်မှုဟာ အစွဲအလမ်း
တစ်ခု ဖြစ်လာနိုင်ပါတယ်၊
ဒီနေ့တော့ ကျွန်တော်ဟာ ကျွန်တော့ကို
အစွဲအလမ်းထဲမှ ဆွဲထုတ်ပြီး
ကြွယ်ဝတဲ့ အရှိတရားဆီကို ပြန်ပို့လိုက်တဲ့
ခရီးတစ်ခု အကြောင်းကို ပြောပြချင်ပါတယ်။
လန်ဒန်မှာ Ph.D. ဘွဲ့ကို ရခဲ့လို့ Boston ကို
ကျွန်တော် ရောက်လာခဲ့တယ်။
ကျွန်တော်ဟာ Boston မှာနေခဲ့ပြီး
Cambridge မှာ အလုပ်လုပ်ခဲ့တယ်။
ကျွန်တော်ဟာ အဲဒီနွေရာသီမှာ
အမြန်မောင်း ဆိုင်ကယ်ကို ဝယ်ခဲ့တယ်၊
နေ့စဉ် အလုပ်ကို ဆိုင်ကယ်နဲ့ သွားခဲ့တယ်။
လမ်းကို ရှာရန် ကျွန်တော့ဖုန်းကို
သုံးခဲ့တယ်။
၎င်းက Massachusetts Avenue အတိုင်း
သွားရန် ညွှန်းခဲ့တယ်၊
Boston မှ Cambridge သို့
အတိုဆုံး လမ်းခရီးဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ တစ်လကြာသွားတဲ့ နောက်မှာ
နေ့စဉ် ကားနဲ့ပြည့်နေတဲ့ Mass. Ave.
အတိုင်းမောင်းမယ့်အစား
တစ်နေ့တွင် ကျွန်တော်ဟာ
အခြားလမ်းစဉ်ကို ရွေးလိုက်ပါတယ်။
ကျွန်တော် အဲဒီနေ့တုန်းက မတူတဲ့ လမ်းကြောင်းကို
ရွေးခဲ့တာ ဘာကြောင့်လဲ မသေချာတော့ပါ။
ကျွန်တော် အံ့အားသင့်ခဲ့ရတဲ့
ခံစားချက်ကိုသာ မှတ်မိနေပါတယ်၊
ကားတွေမရှိတဲ့ လမ်းကို အံ့ဩမိခဲ့တယ်၊
အနီးမှာ ကားတွေနဲ့ ပြည့်နေခဲ့တဲ့
Mass. Ave. နဲ့ လုံးဝမတူခဲ့ပါဘူး၊
အရွက်တွေ စိမ်းလန်းနေကာ သစ်ပင်တွေနဲ့ ဝိုင်းနေတဲ့
လမ်းကို အံ့အားသင့်နေခဲ့တယ်။
အဲဒီလို အံ့အားသင့်မှု ခံစားချက် နောက်မှာ
ကျွန်တော်ဟာ ရှက်မိသလို ခံစားမိတယ်။
ဘယ်လိုလုပ်ပြီး ကျွန်တော်ဟာ
အဲဒီလောက်ကို မျက်စီကန်းနေခဲ့တာလဲ။
တစ်လလုံးကြာအောင်ကိုပဲ
ကျွန်တော်ဟာ ကျွန်တော့ မိုဘိုင်း အက်ပ်တွေရဲ့
ထောင်ချောက်ထဲမှာ မိနေခဲ့ကာ
ခရီးဟာ အဓိပ္ပါယ် တစ်မျိုးတည်းသာ
ရှိခဲ့ပါတယ်၊
အတိုဆုံး ခရီးဖြစ်ရမယ်။
သွားစရာ ခရီးဟာ ဒီတစ်ခုတည်းပဲလား၊
လုံးဝ မစဉ်းစားမိခဲ့ပါ၊
လမ်းခရီးကို ပျော်ရွှင်စွာ ခံစားရေးကို၊
သဘာဝနဲ့ ချိတ်ဆက်နေခြင်း ဆိုတဲ့ ပျော်ရွှင်မှု၊
လူတွေကို မျက်လုံးချင်းဆိုင်ပြီး
ကြည့်ရှုနိုင်မှု မရှိခဲ့ပါ။
ဘာကြောင့်များလဲ။
ကျွန်တော်ဟာ ရုံးကိုသွားလာမှုထဲက
တစ်မိနစ်စီကို ချွေတာချင်နေခဲ့လို့ပါ။
ဒီကိစ္စထဲမှာ ကျွန်တော်ဟာ တစ်ယောက်တည်းလား
ခင်ဗျားတို့ကို မေးချင်တယ်။
ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်ဟာ လမ်းညွှန်းချက်ကို
ရှာရန် မြေပုံ အက်ပ်ကို မသုံးခဲ့ကြတာလဲ။
အားလုံး မဟုတ်တောင် အများစု သုံးခဲ့ကြမှာပါ။
ကျွန်တော်ကို တလွဲမထင်စေလိုပါ -- မြေပုံဆိုင်ရာ
အက်ပ်တွေဟာ အရမ်းကို ကောင်းကြပါတယ်၊
ပြည်သူတွေကို မြို့တွေကို စူးစမ်းဖို့
အားပေးကြတာမို့လို့ပါ။
ခင်ဗျားတို့ဟာ ဖုန်းကို ဆွဲယူလိုက်တယ်၊
ဘယ်သွားရမှန်း မသိဖြစ်နေတဲ့ အချိန်မျိုးမှာ။
ဒါပေမဲ့၊ သွားချင်တဲ့ ခရီးဆုံးဆီကို သွားဖို့အတွက်
လမ်းညွှန်ချက် အနည်းငယ်လောက်ပဲ
ရှိတာကိုလည်း မြေပုံတွေက ယူဆပါတယ်။
၎င်းဟာ အဲဒီလို အနည်းငယ်မျှသော
လမ်းညွှန်းမှုကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်၊
သွားရမယ့် ခရီးဆုံးဆီကို သေချာပေါက်
ပို့ပေးမယ့် လမ်းညွှန်းချက်ကိုပေါ့လေ။
ကျွန်တော့ရဲ့ အဲဒီအတွေ့အကြုံနောက်မှာ
ကျွန်တော် ပြောင်းလဲသွားခဲ့ပါတယ်။
ကျွန်တော်ရဲ့ သုတေသနကို လုပ်ရိုးလုပ်စဉ်
ဒေတာ စုစည်းမှုမှနေပြီး
လူတွေက မြို့ကို ဘယ်လိုများ စူးစမ်းနေကြလဲ
ဆိုတာကို နားလည်ရေးဆီ ပြောင်းလိုက်ပါတယ်။
ကျွန်တော်ဟာ ကွန်ပျူတာ
နည်းပညာ ကိရိယာတွေကို အသုံးပြီး
လူမှုရေး သိပ္ပံပညာဆိုင်ရာ စမ်းသပ်မှုတွေကို
ဝက်ဘ် စကေးဖြင့် ပွားယူစမ်းသပ်နေသူပါ။
ကျွန်တော်ဟာ Jane Jacobs၊ Stanley Milgram၊
Kevin Lynch တို့ရဲ့
လှပကာ အံ့ဩဖွယ် လူမှုရေးစ စမ်းသပ်မှုတွေရဲ့
ဖမ်းစားမှုကို ခံနေရသူပါ။
အဲဒီလို လုပ်လာတဲ့ သုတေသနရဲ့ ရလဒ်အဖြစ်
ကျွန်တော်တို့ဟာ အတိုဆုံး လမ်းခရီးကိုသာမက
အတိုဆုံးဖြစ်တဲ့ အပြာရောင်ခရီးကို၊
ပျော်ရွှင်စရာ အကောင်းဆုံးဖြစ်တဲ့ အနီရောင်
လမ်းခရီးကို
ရှာဖွေလို့ ရလာနိုင်တဲ့ မြေပုံတွေကို ရှိလာပါပြီ။
အဲဒါ ဘယ်လိုလုပ် ပြုလုပ်နိုင်ခဲ့တာလဲ။
Einstein ဟာ တစ်ချိန်တုန်းက ပြောခဲ့ဘူးးပါတယ်၊
"ဆင်ခြင်မှုက ခင်ဗျားကို A ဆီကနေပြီး B ဆီကို
ရောက်အောက် ပို့ပေးနိုင်မှာပါ။
စိတ်ကူးယဉ်မှုကတော့
ဘယ်နေရာကိုမဆို ခင်ဗျားတို့ကို ပို့ပေးမှာပါ။"
အဲဒီတော့ နည်းနည်းလေး စိတ်ကူးကြည့်လိုက်တာနဲ့၊
လူတွေဟာ မြို့ထဲက ဘယ်အပိုင်းတွေကို
လှပတယ်လို့ ထင်ကြမလဲဆိုတာကို
ကျွန်တော်တို့ဟာ နားလည်ဖို့ လိုအပ်ခဲ့ပါတယ်။
ကျွန်တော်တို့ဟာ လုပ်ဖေါ်ကိုက်ဖက်များနဲ့အတူ
University of Cambridge မှာ
ရိုးရှင်းတဲ့ အဲဒီစမ်းသပ်မှု အကြောင်းကို
စဉ်းစားခဲ့ကြပါတယ်။
တကယ်လို့များ ကျွန်တော်ဟာ ခင်ဗျားတို့ကို
ဒီမြို့ပြရှုခင်း နှစ်ခုကို ပြလိုက်ကာ
ပိုလှတဲ့ တစ်ခုက ဘယ်ဟာလဲလို့
မေးကြည့်ခဲ့ရင်၊
ခင်ဗျားတို့ ဘယ်လိုများ ဖြေကြမလဲ။
ဘာမှ အားနာစရာ မရှိပါဘူး။
A ကို ရွေးတာက ဘယ်သူတွေလဲ။
B ကို ရွေးတာက ဘယ်သူတွေလဲ။
သိပ်ကောင်းပါ့။
အဲဒီလို ဒေတာကို အခြေခံပြီးတော့၊
ကျွန်တော်တို့ဟာ လူအများအပြားကို
ရှာဖွေရေး
ဝက်ဘ်ဂိမ်း ဖြစ်လာနိုင်တယ်။
ကစားကြသူတို့အား မြို့ပြရှုခင်း
နှစ်မျိုးကို ပြပေးပါတယ်၊
အဲဒီထဲက ဘယ်ဟာပိုပြီးလှတယ်၊ ဆိတ်ငြိမ်တယ်၊
ပျော်စရာကောင်းတယ် သူတို့ကို မေးပါတယ်။
သုံးစွဲသူ ထောင်ချီတို့ရဲ့ မဲတွေကို အခြေခံပြီး၊
အများက သဘောတူတဲ့ အချက်ကို
ရှာနိုင်မှာပါ။
ပြည်သူတွေကို ပျော်ရွှင်လာစေတဲ့
ရှုခင်းတွေက
ဘာတွေလဲ ဆိုတာ ရှာတွေ့နိုင်ပါမယ်။
အဲဒီနောက်မှာ ကျွန်တော်ဟာ Yahoo Labs
ထဲမှာ အလုပ်လုပ်ခဲ့ပါတယ်၊
အဲဒီမှာ Luca နဲ့ Rossano တို့နဲ့ တစ်ဖွဲ့တည်းပါ၊
ကျွန်တော်တို့ အတူတကွလက်တွဲလျက်
လန်ဒန်မြို့ထဲက နိုင်ခဲ့ကြတဲ့ တည်နေရာများကို
ဖေါ်ထုတ်ကာ မြို့ရဲ့ မြေပုံအသစ်ကို ရေးဆွဲရန်၊
လူတွေရဲ့ ခံစားချက်ကို ထည့်တွက်ထားတဲ့
မြေပုံရေးဆွဲထားမှုပါပဲ။
အဲဒီလို မြေပုံထဲမှာ ကျွန်တော်တို့ဟာ A နေပြီး B ဆီကို
သွားဖို့ အတိုဆုံး လမ်းကြောင်းတွေကို
ရှာနိုင်ရုံသာမက၊
ပျော်ရွှင်စရာ လမ်းကြောင်းကို၊
လှတဲ့လမ်းကြောင်းကို၊ ဆိတ်ငြိမ်တဲ့ လမ်းကြောင်းကို
ရွေးလို့ရနိုင်မှာပါ။
စမ်းသပ်မှုတွေထဲ ပါဝင်ခဲ့ကြသူတို့က
လှတဲ့၊ ငြိမ်သက်တဲ့ လမ်းကြောင်းတွေဟာ
အတိုဆုံး လမ်းကြောင်းထက်ကို များစွာမှ
ပျော်ရွှင်ဖွယ်ကောင်းနိုင်တာကို တွေ့ကြတယ်၊
ခရီးသွားရမယ့် အချိန်ဟာ မိနစ်အနည်းငယ်မျှသာ
တိုးတော့လာမှာပါ။
ပါဝင်ကြသူတို့ဟာ သူတို့ရဲ့ အမှတ်တရ
အချက်တွေကိုပါ နေရာတွေမှာ ချိတ်ပေးကြပါတယ်။
BBC အဆောက်အဦ ဟောင်းဆိုရင်
မျှဝေခဲ့ကြတဲ့ အမှတ်တရများထဲကပါ၊
ပြီးတော့ ကျွန်တော် ပထမဦးဆုံး နမ်းခဲ့တဲ့ နေရာလို
ပုဂ္ဂိုလ်ရေး အမှတ်တရတွေလည်း ရှိပါတယ်။
သူတို့ဟာ လမ်းတချို့တို့ရဲ့ အနံ့များ
အသံများကိုပါ မှတ်မိကြပါသေးတယ်။
ဒီတော့ကား ကျွန်တော်တို့ဆီမှာ
အလှရသကို အခြေခံထားတဲ့
ပျော်ရွှင်စရာ လမ်းခရီးများကိုသာမ၊
အနံ့၊ အသံ နဲ့ အမှတ်တရ အချက်များကိုပါ
အခြေခံထားတဲ့
မြေပုံများ ရေးဆွဲထုတ်လုပ်ရေး ကိရိယာ
ကျွန်တော်တို့ လက်ထဲမှာ ရှိတယ်ဆိုရင်ကော။
ကျွန်တော်တို့ရဲ့ သုတေသနက
ဦးတည်နေတာ အဲဒီဆီကိုပါ။
ပိုပြီးခြုံပြောရရင်၊ ကျွန်တော့ သုတေသနထဲ
လုပ်ဖို့ အားထုတ်နေတာက တစ်ခုတည်းသော
လမ်းကြောင်းဆိုတဲ့ အန္တရာယ်ကို ရှောင်ရှားရန်၊
လူတွေကို သူတို့ရဲ့ မြို့ကို ဖက်စုံမှ စူးစမ်းလေ့လာရေး
အခွင့်အလမ်း ဆုံးရှံးမခံရအောင် ကာကွယ်ပေးရန်ပါ။
မိမိတို့ရဲ့ လမ်းကို ကားထားရုံမှတစ်ဆင့် မဟုတ်ဘဲ
ပန်းခြံများထဲမှ ဖြတ်သွားကြပါ၊
ခင်ဗျားတို့ဆီမှာ ရွေးစရာ တခြားလမ်းတွေ ရှိပါတယ်။
ကားတွေနဲ့ ပြည့်နေတဲ့ လမ်းမဟုတ်ဘဲ
ခင်ဗျားတို့ ချစ်ကြိုက်တဲ့
လူတွေ နေထိုင်ကြတဲ့
လမ်းအတိုင်း လျှောက်သွားပါ၊
အဲဒီလို လုံးဝမတူတဲ့ ရွေးစရာ
လမ်းခရီး သင့်ဆီမှာ ရှိနေပါတယ်။
အဲဒါဟာ သိပ်ကို ရိုးရိုးလေးပါ။
ကျွန်တော်ဟာ ဟောပြောချက်ကို
အဆုံးသတ်ပါတော့မယ်၊
ခင်ဗျားတို့ "The Truman Show"ကို
မှတ်မိကြတယ် မဟုတ်လား။
လုပ်ကြံဖန်တီးထားတဲ့
ကမ္ဘာကြီးထဲမှာ နေထိုင်နေခြင်းဖြစ်တာကို
မသိရှာတဲ့ တကယ့်လူတစ်ယောက်
အကြောင်း ဟာသရုပ်ရှင်ပါ။
ကျွန်တော်တို့ကလည်း ထိရောက်မှု ရှိရေးကိုသာ
ဦးတည်နေတဲ့ ကမ္ဘာကြီးထဲမှာ နေနေတာ ဖြစ်နိုင်ပါတယ်။
ခင်ဗျားတို့ရဲ့ နေ့စဉ် အလေ့အထများကို
ကြည့်ကြည့်ပြီး
ရုပ်ရှင်ထဲမှာ Truman လုပ်ခဲ့သလို
လုပ်ကြံကမ္ဘာကြီးထဲမှ လွတ်ထွက်ဖို့ ကြိုးစားကြပါ။
ဘာကြောင့်လဲ။
စွန့်စားမှုဟာ အန္တရာယ်များတယ်လို့ ထင်ရင်တော့၊
ခါတိုင်းလိုပဲ နေကြပါ။ အဲဒါဟာ သေချင်စရာကြီးပါ။
ကျေဇူးတင်ပါတယ်။
(လက်ခုပ်သံများ)