စကြဝဠာ ကြီး မှာ ကြယ်စုဝေး ပေါင်း သန်းထောင် ပေါင်းမြားစွာရှိပါတယ်။ အဲဒီကြယ်စုဝေးတစ်ခုစီမှာ ကြယ် ပေါင်း သန်းပေါင်း သောင်းခြီပြီးရှိပါတယ်။ အဲဒီကြယ်စုဝေး တစ်ခု ထဲက ကြယ်တစ်ခုကိုလယ်ပတ်နေ တဲ့ အပြာရောင် ဂြိုဟ် တစ်ခု ရှိပါတယ်။ အဲဒီ ဂြိုဟ်မှာ ကြီးစိုးနေတဲ အကောင်တွေကတော့ မျောက်တွေပဲဖြစ်ပါတယ်။ ဒီ မျောက်တွေဟာ သူတို့ကိုသူတို့ မျောက်တွေလို့ မသတ်မှတ် ပါဘူး။ သူတို့ဟာ သူတို့ကိုသူတို့ သတဝါလို့တောင် မသတ်မှတ် ပါဘူး။ ဘယ်လောက်မြားလဲဆိုတော့ သူတို့ဟာ သူတို့မှာပဲရှိပြီး အခြား သတဝါ တွေမှာ မရှိတဲ့ အရာတွေ ကို ရေးမှတ် ထားကြပါတယ်။ အတွင်းဘက်လှဲ့ နေတဲ့လက်မ၊ ကို့ကိုယ်ကို သတိပြုမိခြင်း၊ သူတို့ကိုသူတို့ ခေါ်ဝေါ်တဲ့အသုမ်းအနှုံး က 'Homo Erectus' တို့၊ 'Australopithecus' တို့ 'တိုမေးတိုး' ပဲခေါ်ခေါ် 'တိုမားတိုး' ပဲခေါ်ခေါ်၊ သူတို့ တွေဟာ အမှန်မှာတော့ သတဝါ တွေပါပဲ။ သူတို့ တွေဟာ မျောက်တွေပါပဲ။ digital fiber optics technology ရှိတဲ့ မျောက်တွေ ပါ။ မျောက်ကတော့ မျောက်ပါပဲ။ တော်တော်တော့ တော်တဲ့မျောက်တွေ ပါ၊ အဲဒါကိုတော့ လက်ခံပါတယ်။ ပိရမစ် တွေ၊ အထက်မြင့် အဆောက်အုံကြီးတွေ၊ ဂျက်လေယဉ်ပျံ ကြီးတွေ၊ တရုတ်ပြည်က ဂရိတ်ဝေါ ကြီးတွေ။ အထင်ကြီး စရာ တော့ တော်တော် ကောင်းပါတယ် ... မျောက်တွေ အတွက်ဆိုရင် ပေါ့လေ။ ဒီမျောက်တွေရဲ့ ဦးနှောက်ဟာ ဆိုရင်ဖြင့် ပြောင်းလဲဖြစ်ပေါ် လာလိုက်တာ အရမ်းကိုကြီးမားလာပြီး သူတို့ အတွက်အချိန်ကြာကြာ ပျော်ရွှင်နေဖို့ ဆို တာ မဖြစ်နှိုင်တော့ပါဘူး။ အမှန်ပြောရရင် ပျော်ရွှင်မှု့ ရှိရတယ်ဆိုတာ သူတို့ သတဝါ တစ်ခုထဲမှာပဲရှိ ပါတယ်။ အခြား သတဝါတွေ ကတော့ ရှင်သန် နေရရင်ပြီးတာပဲ။ မျောက်တွေက တော့ ဒီလောက် နဲ့ ဘယ်ရပါ့ မလဲ။ တကယ်တော့ မျောက်တွေဟာ အသိညဏ် ဆို တဲ့ ကျိန်စာ သင့် နေတာဖြစ်ပါတယ်။ အဲဒါကြောင့်မှလို့ မျောက်တွေဟာ ကြောက်ရွံ့ တတ်ပါတယ်။ ပူပင်ကျောင့်ကျ တာလဲ တတ်ပါတယ်။ ပူပင်ကျောင့်ကျ တတ် တာ ကတော့ အကုံပါပဲ၊ အမြားဆုံးဘာ ကို ပူပင်ကျောင့်ကျ သလဲဆို တော့ တခြားမျောက် တွေသူတို့ကိုဘယ်လို ထင်မြင် ကြမလဲဆိုတာ ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တခြားမျောက် တွေထဲမှာ အဝင်ဆန့် ချင်ကြလို့ပါပဲ။ အဲဒါတော်တော် ခက်ခဲတဲ့ အလုပ် ပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမျောက်တွေဟာ တစ်ကောင်နဲ့ တစ်ကောင် အင်မတန် မုန်းကြ လို့ပါပဲ။ ဒီဟာ တခြား သတဝါ တွေနဲ့ အဓိက ကွာခြားခြက်ပါပဲ။ ဒီမျောက်တွေမှာ အမုန်းတရား စိတ်ကြီးပါတယ်။ သူတို့ဟာ သူတို့နဲ့ မတူတဲ့ တခြားမျောက်တွေ ကို မုန်းပါတယ်။ ရေမြေရက်ခြား ကမျောက်တွေကိုမုန်း ပါတယ်။ သူတို့နဲ့ အရောင်မတူ တဲ့ မျောက်တွေကိုမုန်း ပါတယ်။ ဒီမျောက် တွေဟာ တကယ်ကို အထီးကျန် လှပါတယ်။ မျောက်ဦးရေ သန်းချောက်ထောင် စလုံး ပါပဲ။ တချို့မျောက်တွေ ကျပြန်တော့ သူတို့တွေရဲ့ ပြသနာပေါင်း သောင်းခြောက်ထောင် ကို တခြားမျောက်တစ်ကောင် ကို ပိုက်စံပေးပြီး နားထောင်ခိုင်းပါတယ်။ မျောက်တွေက အဖြေရှာ နေကြတယ်၊ သူတို့ တချိန် သေမယ်ဆို တာနေသိ တော့ ဘုရား တွေကို ကြံဖန်ပြီး ကိုးကွယ်ကြတယ်။ ပြီးတော့ ဘုရားတွေကို ရှိခိုးကြတယ်။ ပြီးတော့ကမျောက်တွေဟာ ဘယ်သူ ကြံဖန် ထားတဲ့ ဘုရား က ပိုကောင်း သလဲ ဆိုတာ ညင်းခုံ ကြ တယ်။ အဲဒီအခါမှာ မျောက်တွေဟာ အရန်းကို ဒေါသ ထွက်လာ ပြီး အချင်းချင်း သတ်ဖြတ် ကြ တော့တာပါပဲ။ မျောက်တွေ စစ်ဖြစ်ကြ ပါတယ်။ မျောက်တွေဟာ 'နယူးကလီးယား' ဗုံး ကိုတီထွင် ဖန်တီးကြတယ်။ မျောက်တွေဟာ သူတို့ရဲ့ တစ်ဂြိုဟ်လုံး ကို ဝိုင်ရာကြိုး တွေနဲ့ ဆက်သွယ်ပြီး ဖောက်ခွဲ ဖို့ ပြင်စင် ထားတယ်။ ဒီမျောက်တွေဟာ ညိမ်ညိမ် ကို မနေ နှိုင်ပါဘူး။ တချို့ မျောက် တွေဟာ ရုံလုံးလျှံ မျောက်ပရိသတ် တွေ ကို တီးမှုပ်ဖြော်ဖြေ ကြပါတယ်။ မျောက် တွေဟာ ရုပ်ထုတွေထုပြီး အချင်းချင်း ဆုချ ကြတယ်။ အဲဒါကပဲ အနှစ်အဓိပယ် ရှိသလိုမျိုး။ တစ်ချို့ မျောက်တွေက အကုန်လုန်း ကို တက်ကြွမ်း သွားပြီ လို့ ထင်ပါတယ်။ တစ်ချို့ မျောက်တွေက Nietzsche ရေးထားတဲ့စာအုပ် တွေကို ဖတ်ပါတယ်။ ဒီမျောက်တွေဟာ Nietzsche ရေးထားတဲ့ အကြောင်း တွေကို အညင်းပွါးကြပါတယ်။ တကယ်တော့ Nietzsche ဆိုတာ တခြားမျောက် တကောင်ပဲ ဆိုတာ မစင်းစား ကြတော့ပါဘူး။ မျောက်တွေဟာ စီမှံကိန်း တွေဆွဲ၊ မျောက် တွေဟာ သဘောတွေ့ မနောခွေ့ ချစ်ကျိုက် ကြတယ်။ ပြီးတော့ မျောက်တွေ လိင် ဆက်ဆံ ကြတယ်။ မျောက်တွေ ထပ်မွေးဖွား လာတာပေါ့။ မျောက်တွေ တေးဂီတ ဖော်ဆက် ကြတယ်။ ပြီးတော့ မျောက်တွေ က ကြတယ်။ က ကြ မျောက်တွေရယ်၊ က ကြ။ ဒီမျောက်တွေ ဟာ ဆူညမ် ပွက်လောကို ရိုက်နေတာပဲ။ ဒီမျောက် တွေဟာ တကယ်တန်းသာ ကြိုးစား ကြမယ်ဆိုရင် အလားအလာ အမြားကြီး ရှိပါတယ်။ ဒီမျောက် တွေဟာ သူတို့ကိုယ် ပေါ်က အမွေး တွေကိုရိတ် ပြီး သူတို့ရဲ့ အမှန်စင်ဆစ် မျောက်သဘာဝ ကို ဖုံးပါတယ်။ ဒီမျောက်တွေဟာ မျောက်အစုအအုံ ကြီး တွေကို တည်ဆောက် ပြီး မြို့တွေ လို့ခေါ်လိုက်ပါတယ်။ ဒီမျောက် တွေဟာ မြေကြီးပေါ်မှာ စိတ်ကူးသက်သက် မျဉ်းကျောင်းတွေ ဆွဲထား ပါတယ်။ ဒီမျောက်တွေဟာ သူတို့ရဲ့ မရေမရာ တဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓီက ဖြစ်တဲ့ ရေနံ နဲ့ သဘာဝဓပ်ငွေ့ ကုမ်ခမ်း လာပြီ ဖြစ်ပါတယ်။ ဒီမျောက်တွေဟာ သူတို့ရဲ့ ဂြိုယ် ကိုကျတော့ ပတ်ဝင်းကျင် ညစ်ညမ်းအောင် အဓမကျင့် ကြတယ်။ ပြီးတော့ ဒီမျောက်တွေဟာ ဘာမှမဖြစ်တဲ့ အတိုင်း မသိချင်ယောင် ဆောင်နေ လိုက်တယ်။ တချို့မျောက်တွေဟာ စကြဝဠာ တခုလုံးကို သူတို့ အကြိုးအမြတ်အတွက် ဖမ်စင်း ထားတယ်လို့ ယုံကြည် ကြတယ်။ ဒီမျောက်တွေ ဘယ်လောက် ဖြစ်ပြက် နေကြ သလဲ ဆိုတာမြင်ပြီ မဟုတ်လား။ ဒီမျောက်တွေ ဟာ တစ်ချိမ် တုန်းက သူတို့ဂြိုဟ်ပေါ် မှာ အရုပ် အဆိုး ဆုံး နဲ့ အလှပ ဆုံး သတဝါ တွေဖြစ်ပါတယ်။ ဒီမျောက်တွေ ဟာ မျောက်တွေ မဖြစ်ချင် ကြပါဘူး။ တခြားတခုခု ဖြစ်ချင် ကြပါ တယ်။ ဒါပေမဲ့ မရပါဘူး၊ မျောက် က မျောက် ပါပဲ။