မားမားမာရီယိုဒီ (သို့မဟုတ်) နောက်ဆုံးသစ်တောမြေ ကာကွယ်သူ အနာဂတ်မှာ ဟောဒီနောက်မျိုးဆက်တွေအတွက် သစ်တောမရှိနိုင်တော့ဘူး. 3 00:00:44,415 --> 00:00:47,349 ကုပဏ္ဏီက သစ်တောတွေ ကုန်သွားတဲ့အထိ ယူသွားမှာမို့လို့ပဲ. ဒါကြောင့် နောက်ဆုံးကျန်တဲ့ဟောဒီနေရာသေးသေးလေးကို ကျွန်မတို့ ကာကွယ်နေရတာ. ဘိုးဘွားလက်ဆင့်ကမ်းခဲ့တဲ့ ဟောဒီသစ်တောကို စောင့်ရှောက်နေတယ်. အားလုံးတွေးဖို့လိုတာက ကိုယ်နဲ့ ကိုယ့်ရဲ့မျိုးဆက်သစ်.အနာဂတ်အတွက်.သစ်တောမရှိဘဲ ဘယ်လိုရပ်တည်ကြမလဲ. အပင်စိုက်ဖို့ မြေနေရာ ဘယ်မှာလဲ. အိမ်ဆောက်မယ့်သစ်..ဘယ်ကရမလဲ. ငါတို့တွေက မိဘတွေအနေနဲ့ အနာဂတ်အတွက် စဉ်းစားတာပါ. ဒါကြောင့်လည်း ငါတို့နယ်မြေရဲ့ နောက်ဆုံးလက်ကျန် ဒီသစ်တောကို ထိန်းသိမ်းနေရတာပဲ. ကျွန်မတို့သစ်တောကိုခေါ်သွားမယ်..ကျွန်မတို့မြေနေရာလာကြည့်လှည့်ပါ. အခု တောဟာ သစ်ငုတ်တိုပဲကျန်လို့.ကျွန်မတို့ ကာကွယ်ဖို့ကြိုးစားနေတယ်..ဒီတောဟာပြုန်းတော့မယ်. ကျေးဇူးပြုပြ်ီးဒီနေရာမှာ စိုက်ပျိုးမြေတွေလုပ်ဖို့ ကော်ပိုရေးရှင်းတွေကို ခွင့်မပြုပါနဲ့တော့.. ဒီမှာ သူတို့ ဆီအုန်းတွေစိုက်ထားကြတယ်. အစက သူတို့ ဒီမှာလာစိုက်စဉ်က ကျွန်မတို့ နယ်မြေမကျော်အောင် စည်းတားခဲ့တယ်. အပင်တွေကြီးလာတော့ ဒီနေရာကနေ ကျွန်မတို့လှမ်းမြင်ဖို့ ခက်သွားပြီ. ဒီနေရာကတော့ နဂိုအတိုင်း သစ်တောကြီးလိုပါပဲ. ကျွန်မတို့က ဒီဘက်စည်းမကျော်အောင်တားထားတယ်.ကုပဏ္ဏီက ကျွန်မတို့ရဲ့အရံအတားကို တစ်စစီဖျက်ဆီးပစ်တယ်. သူတို့က အရင်တုန်းကလည်း လာဖူးတယ်. အစိုးရကို ကျွန်မတို့ပြောပြခဲ့တယ်.သူတို့ကို သတိပေးပြီးသားပါ. ကုပဏ္ဏီ္ဏကိုလည်း တော်လောက်ပြီလို့ ပြောပြီးသားပါ. ဒါဟာ အစိုးရရဲ့ အစီအစဉ်ဆိုရင်တောင်.. အစိုးရက ဒီသစ်တောမှာ တစ်ခုခုလုပ်မယ်ဆိုရင်တောင် ကျွန်မနဲ့ယောက်ျားက ဘယ်တော့မှ သဘောမတူဘူး. ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ သားသမီး၊မြေး၊မြစ်တွေအတွက် စဉ်းစားရလို့ပါပဲ.