အခုတင်ပဲ၊ စကြ၀ဠာထဲက တနေရာရာမှာ
ကြယ်တလုံးပေါက်ကွဲသွားပြီ။
ဟော့.. နောက်တစ်လုံး ပေါက်ပြန်ပြီ။
တကယ်တော့ စက္ကန့်တိုင်း စူပါနိုဗာတစ်ခု
ဖြစ်ပါတယ်.. စကြ၀ဠာကြီးထဲမှာပေါ့ ဒါမှမဟုတ်
သက်တမ်းနဲ့ အရွယ်အစားက
နဂါးငွေ့တန်းလောက်ရှိတဲ့ ကြယ်စုမှာဆို
၂၅ နှစ် သို့မဟုတ် နှစ် ၅၀ မှာ
ပျမ်းပျအားဖြင့် တစ်ခုဖြစ်ပါတယ်
ပေါက်ကွဲမှု အလွန်ပြင်းထန်တဲ့
ဦးဆုံးသော အချိန်အခိုက်တန့်ကို
ကျုပ်တို့အနေနဲ့ စောင့်ကြည့်နိုင်ခဲ့တာ
တစ်ခုမှကို မရှိသေးပါဘူး။
ဒီတော့ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ။
ကြယ်မျက်နှာပြင်မှ ဖောက်ထွက်လာတဲ့
စူပါနိုဗာပေါက်ကွဲမှုကို
စောင့်ကြည့်နိုင်လောက်အောင်
ကျုပ်တို့နဲ့ နီးကပ်တဲ့
ကြယ်ပေါင်းက ဘီလျံရာချီရှိပါတယ်
ဒါပေမဲ့..
အဓိပ္ပာယ်ရှိတဲ့ အချက်အလက်တွေရဖို့တော့
ကျုပ်တို့ရဲ့ အကောင်းဆုံး တယ်လီစကုပ်တွေကို
တိတိကျကျ အချိန်ကိုက်ပြီး နေရာမှန်ဆီ
ချိန်ထိုးပေးဖို့လိုအပ်ပါတယ်
လိုရင်းပြောရင် ဒါမျိုးဖြစ်နေဖို့ရာ
အလားအလာက အင်မတန် နည်းပါတယ်
ဒါနဲ့ စူပါနိုဗာရဲ့အလင်းတွေ ကျုပ်တို့ဆီ
မရောက်ခင် ကြိုသိနိုင်မယ်ဆိုရင်ရော...
ဒါ မဖြစ်နိုင်ဘူးလို့ ထင်ကြမှာပေါ့။
ခြုံငုံကြည့်ပါက အလင်းအလျင်ထက် ပိုမြန်တာ
ဘာမှမရှိဘူး.. ဟုတ်တယ်နော်။
ကျုပ်တို့ သိထားသလောက်တော့ ဟုတ်ပါတယ်။
ဒါပေမဲ့ အပြေးပြိုင်ပွဲ တစ်ပွဲမှာ..
ခင်ဗျားက ကွေ့ကောက်ပြေးပြီး
ကျန်တစ်ဦးက ပန်းတိုင်ဆီ တန်းပြေးရင်
မြန်တယ်ဆိုတာ အရေးမပါတော့ပါဘူး
ဒီ အကြောင်းပြချက်ကြောင့်ပင်
ကမ္ဘာဆီသို့ဆိုတဲ့ စူပါနိုဗာပြေးပွဲမှာတော့
အနိုင်ရအောင် photon တွေက
မလုပ်နိုင်ဘဲ.. neutrion တွေကတော့
လုပ်နိုင်သွားပါတယ်။
အကြောင်းက ဒီလိုပါ။
စူပါနိုဗာက ပုံစံနှစ်မျိုး ရှိပါတယ်။
ပုံစံ ၁ မှာ ကြယ်တစ်လုံးက အနီးရှိကြယ်မှ
ရုပ်ဒြပ်များစွာကို စုယူချိန်မှာဖြစ်ပါတယ်၊
ကုန်ခမ်းသွားတဲ့ နျူးကလီးယား တုန့်ပြန်မှုက
အစပျိုးတာဟာ ပေါက်ကွဲဖို့ အကြောင်းဖန်ပါတယ်။
ပုံစံ ၂ ကြယ်က နျူးကလီးယားလောင်စာ
ကုန်ခမ်းသွားပါတယ်
ဒီတော့ အတွင်းဘက်ကို ဦးတည်ဆွဲနေတဲ့
ဒြပ်ဆွဲအားက
အပြင်တွန်းထုတ်နေတဲ့ ကွမ်တမ်မက္ကဲနစ်ဆိုင်ရာ
အားတွေကို လွှမ်းမိုးကာ အပုံတစ်ရာပုံ တစ်ပုံ
စက္ကန့်ပိုင်းအတွင်း ကြယ်အတွင်းသားဟာ
ကိုယ့်ဝိတ်နဲ့ကိုယ် ကျွံဝင်ပြိုပျက်နေစဉ်
ပြိုနေတဲ့ အတွင်းသားက ကြယ်ရဲ့
အပြင်ပိုင်းကို သက်ရောက်မှု မရှိဘဲ
ကြားနေရာလပ်တွေကနေ အတွင်းသား
အနားစွန်းတွေက အရှိန်ယူကာ
အတွင်းသားထဲ ပေါင်းဝင်ကုန်ပြီး
ပေါက်ကွဲမှုစတင်ဖို့ ပြန်ကန်ထွက်ပါတော့တယ်။
ဒီအခင်းအကျင်း နှစ်ခုလုံးမှာ
ကြယ်က မှန်းဆမရအောင်းများပြားတဲ့
စွမ်းအင်ကိုလည်းကောင်း၊ ပမာဏ များစွာသော
ရုပ်ဒြပ်များကိုလည်းကောင်း တွန်းထုတ်ပါတယ်။
တကယ်တော့ ရွှေ၊ ငွေ စတဲ့ ဒြပ်စင်တွေအပါအဝင်
နီကယ်ထက် ပိုလေးတဲ့ အက်တမ်အားလုံးဟာ
စူပါနိုဗာ တန်ပြန်သက်ရောက်မှုတွေက
ဖွဲ့စည်းပါတယ်။
စူပါနိုဗာ ပုံစံ ၂ မှာ
စွမ်းအင်ရဲ့ ၁% ခန့်က photon ဖြစ်ပြီး
၎င်းကိုတော့ အလင်းရယ်လို့ သိရပါတယ်
ဖြာထုတ်လိုက်တဲ့ ၉၉% ဟာ neutrino တွေ
ပဲဖြစ်ပါတယ်၊ ၎င်းကိုတော့
ဘယ်အရာနဲ့မဆို သက်ရောက်မှု ပြုခဲတဲ့
အခြေခံအမှုန်အဖြစ် သိကြပါတယ်။
ကြယ်ရဲ့ ဗဟိုမှ စတင်ပါမယ်
ပေါက်ထွက်လာတဲ့ ရုပ်ဒြပ်တွေ ကြယ်မျက်နှာပြင်
ရောက်ဖို့ ပြီးတော့ ဖောက်ထွက်သွားဖို့
မိနစ်ချီ.. နာရီချီ.. ကြာမယ်၊ ဖြစ်တောင့်
ဖြစ်ခဲအနေနဲ့ ရက်ပေါင်းများစွာကြာတတ်ပါတယ်။
သို့သော်လည်း neutrino တွေကတော့
အပြန်လှန်သက်ရောက်မှု ကင်းတာကြောင့်
ပိုတည့်မတ်တဲ့ လမ်းကြောင်းနဲ့ သွားပါတယ်။
ကြယ် မျက်နှာပြင်မှာ မြင်သာ၊ ထင်သာတဲ့
အပြောင်းအလဲ တစ်စုံတစ်ရာ မရှိချိန်
Neutrino တွေက ပုံမှန်အားဖြင့် photon
တွေကို နာရီများစွာ ကျော်လွန်သွားနေတတ်တယ်။
ဒါကြောင့် နက္ခတပညာရှင်တွေနဲ့
ရူပဗေဒပညာရှင်တွေက
ကြယ်ပေါက်ကွဲမှု ရှေ့ပြေး အချက်ပြ စနစ်
(ဝါ) SNEWS လို့ခေါ်တဲ့
စီမံကိန်း တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။
ကမ္ဘာ တဝမ်းမှာရှိတဲ့ အာရုံခံစက်တွေက
နယူထရီနို ပေါ်ထွက်မှုကို ဖမ်းယူမိချိန်
New York မြို့က ဗဟိုကွန်ပြူတာဆီ
အကြောင်းကြားပါတယ်
အာရုံခံစက် များစွာက ဆယ်စက္ကန့်အတွင်း
အလားတူ အချက်ပြတွေကို ရရှိခဲ့မယ်ဆိုရင်
SNEWS က ကြယ်ပေါက်ကွဲမှု စပြီးဖြစ်ကြောင်း
စတင် သတိပေး အချက်ပြပါလိမ့်မယ်။
Neutrinoကို ထောက်လှမ်းတဲ့စက်တွေက
အကွာအဝေးနဲ့ ဦးတည်ရာကို ကူညီဖေါ်ပြပေလို့
အပျော်တမ်း နက္ခတဗေဒသမားတွေနဲ့
သိပ္ပံသမားတွေက
ကောင်းကင်ကို အတူတူ ဖတ်ရှု့လျက်
အာကာသထဲက စူပါနိုဗာအသစ်ကို
လျင်မြန်စွာ သရုပ်ဖော်ထုတ်ဖို့
အချက်အလက်တွေကို ဖြန့်ဝေပါတယ်၊
ကမ္ဘာပေါ်က အဓိက တယ်လီစကုပ်များက
ထိုအရပ်သို့ လှည့်လိုက်ကြပါတယ်။
၁၉၈၇ ခုနှစ်မှာ ဖမ်းယူနိုင်လောက်တဲ့
Neutrino တွေကို ကမ္ဘာထံ ပို့လွှတ်လိုက်တဲ့
နောက်ပိတ်ဆုံး စူပါနိုဗာဟာ
ကျုပ်တို့ ကြယ်စုအနီးက
Large Magellanic Cloud ထဲရှိ
ပင့်ကူနက်ဗြူလာရဲ့ အစွန်းနားကဖြစ်ပါတယ်။
၎င်းရဲ့ Neutrino တွေက မြင်နိုင်အလင်းထက်
၃ နာရီခန့် စောပြီး ကမ္ဘာထံ ရောက်လာကြပါတယ်။
နောက်တစ်ခုကတော့ အချိန်မရွေး
ဖြစ်နိုင်ပြီးတော့ ဒါဖြစ်တဲ့အခါ၊
SNEWS ဟာဖြင့် ဘယ်လူသားကမှ အရင်က
မမြင်ရဖူးသေးတဲ့ အရာကို သက်သေခံ
မြင်နိုင်ကြမယ့် အကြားမှာ ခင်ဗျားကိုပါ
အခွင့်အရေးကို ပေးနိုင်မှာပါ။