ဒီ ဗီဒီယို မှာ ကျွန်တော်အနေနဲ့ရှင်းပြချင်တာက ဈေးကွက်ထဲက အခြားသော အကြောင်းအရာတွေက ရောင်းလိုအားနဲ့ ၀ယ်လိုအားကို ဘယ်လို ပြောင်းလဲစေတာနဲ့ Equilibrium (ဟန်ချက်ညီ) ဈေးနှုန်းနှင့် ပမာဏတို့အား ဘယ်လိုသက်ရောက်သလဲဆိုတာ ကို စဉ်းစားကြဖို့ဖြစ်ပါတယ်။ အချိန်ပိုင်းတစ်ခုအတွက်ဆိုပါစို့။ ဒါက ရောင်းလိုအား ဂရပ် ပုံစံ နဲ့ ဒါက ၀ယ်လိုအား ဂရပ်ပုံစံတို့ ဖြစ်ပါတယ်။ ပြီးတော့ ရုတ်တရက် ဒါဖြစ်ပေါ်ပါတယ်။ ရောဂါ ပိုးမွှားမရှိသော ပန်းသီးအားတီထွင် ပြီး နောက် အချိန် ပိုင်းတစ်ခုတွင် ဘာဖြစ်ပါမလဲ။ ကောင်းပါပြီ။ ပန်းသီး အသစ်ကို တီထွင်လိုက်ပါတယ်။ ဒါက စိုက်ပျိုးသူတွေ အပေါ်မှာ သက်ရောက်မှုရှိပြီး ရောင်းလိုသူများကို လည်းသက်ရောက်မှု ရှိပါပြီ။ ရုတ်တရက် ရောဂါပိုးမွှားသက်ရောက်နိုင်သော ပန်းသီး ပိုမိုနည်းလာမည်ဖြစ်ပြီး ပန်းသီး အား ပိုမို စိုက်ပျိုးထုတ်လုပ်နိုင်ပြီဖြစ်ပါသည်။ ဒါကြောင့် မည်သည့် ဈေးနှုန်းနှင့်မဆို ရောင်းချလိုသော ပန်းသီး အရေအတွက် တိုးမြင့်လာမည်ဖြစ်ပါသည်။ သို့မဟုတ် ရောင်းလိုအား ဂရပ်တစ်ခုလုံးသည် ညာဘက်သို့ ရွေ့ သွားသည် သို့မဟုတ် ရောင်းလိုအား တက်သွားပါသည်။ ယခုအခါ ရောဂါဒဏ်ခံနိုင်သော ပန်းသီးရှိလာသည့်အတွက် ပန်းသီး အား ထုတ်လုပ်သည့် အနည်းဆုံးဈေးသည် ပိုမိုကျဆင်းသွားပါသည်။ ရောင်းလိုအားဇယားသည် ယခု ကဲ့သို့ ညာဘက်သို့ ရွေ့ လျားသွားမည်ဆိုပါက ဟန်ချက်ညီဈေးနှုန်း (Equilibrium Price) အားမည်သို့ သက်ရောက်မှု ရှိပါသလဲ။ ကျွန်တော်တို့ ရဲ့  ဟန်ချက်ညီဈေးနှုန်းက ဒီနားမှာပါ။ ကျွန်တော်တို့ ရဲ့  ဟန်ချက်ညီဈေးနှုန်းအသစ် ဒါက အဟောင်းပါ။ ဒါ က အသစ်ပါ။ ၀ယ်လိုအားပြောင်းလဲမှု မရှိဟု ယူဆထားပါသည်။ ဒါဟာ ကျွန်တော်တို့ ရဲ့  ဟန်ချက်ညီ ဈေးနှုးန်အသစ်ပါ။ အသစ် က နိမ့်သွားတာကြောင့် ဈေးနှုန်းကျသွားခဲ့ပါသည်။ အတန်းမတက်ပဲနဲ့ပင် သင် ဒီအတိုင်းစဉ်းစားလို့ရပါတယ်။ ဒါပေမယ့် ဒီလိုစဉ်းစားတဲ့ အတွက်ကြောင့် ဂရပ်တွေ ဘယ်လိုပြောင်းလဲသွားတာကို စဉ်းစားနိုင်ပါတယ်။ ဒီ ဖြစ်နိုင်ချေ အခြေအနေ တစ်ခုကို စဉ်းစားရအောင်။ ဒီဥပမာတွေအားလုံးဟာ ဂရပ်တွေဟာ ဒီ အခြေအနေမဖြစ်ခင်ပါ။ ဒီ ဖြစ်ရပ်မဖြစ်ခင်ပါ။ ဖြစ်ရပ် က ပန်းသီး တွေဟာ ကင်ဆာ ကို ကုသနိုင်တယ်ဆိုပါစို့။ ဘာဖြစ်နိုင်သလဲ။ ကင်ဆာကို ဘယ်သူမှ မလိုချင်ပါ။ လူတွေဟာ ပိုပြီး ပန်းသီး ကို ပိုစားချင်လာပါမယ်။ ၀ယ်ယူသူတွေ ရဲ့ အကြိုက်တွေ့မှု ဟာ ပြောင်းလဲသွားပါပြီ။ ဈေးဝယ်တဲ့ အခါမှာ သူတို့တွေဟာ ပန်းသီးကို ပိုလို့တောင် သဘောကျလာပါလိမ့်မယ်။ ဒါဆိုရင် ၀ယ်ယူသူတွေရဲ့ ဝယ်လိုအား ကို သက်ရောက်လာတာပေါ့။ ဘယ်ဈေးနဲ့ မဆို ၀ယ်ယူသူတွေဟာ ပန်းသီးကို ပိုလိုချင်ပါလိမ့်မယ်။ ၀ယ်ယူလိုတဲ့ ပမာဏကို ပို တောင်းဆိုလာပါလိမ့်မယ်။ ၀ယ်ယူလိုတဲ့ ပမာဏ ဟာ တက်သွားပါပြီ။ ၀ယ်လိုအား ဇယားဟာ ညာဘက်ကိုရွေ့ သွားပါပြီ။ သို့မဟုတ် ၀ယ်လိုအား မြင့်သွားပြီလို့ဆို နိုင်ပါတယ်။ ဒါက တော့ ၀ယ်လိုအား ဂရပ် အသစ်ပါ။ ဒါကြောင့် ၀ယ်လိုအား တက်သွားပါပြီ။ ဒီလို အခြေအနေမှာ ရောင်းလိုအား တက်သွားပါပြီ။ ဒီမှာ က ၀ယ်လိုအား တက်သွားပါပြီ။ ဈေးနှုန်းအပေါ်မှာ ဘယ်လိုဖြစ်သွားမလဲ။ ဒါက ဟန်ချက်ညီ ဈေးနှုန်း အဟောင်းပါ။ ဒါက အသစ် ပါ။ ဈေးနှုန်းက ရှင်းလင်းစွာ တက်သွားပါတယ်။ ပထမ အခြေအနေမှာ အရေအတွက် အကြောင်းစဉ်းစားရအောင်။ ဒါ က ဟန်ချက်ညီ အရေအတွက်အဟောင်း ပါ။ ဒါက တော့ အသစ်ပါ။ အရေအတွက် တက်သွားပါတယ်။ ဒါ က သဘာဝကျပါတယ်။ ပန်းသီး အနည်းငယ်သာ ရှိမယ်။ ဈေး ကျသွားမယ်။ လူတွေက ပိုဝယ်ချင်ပါလိမ့်မယ်။ ဒီမှာ က ဈေးတက်သွားပါပြီ။ အရေအတွက် ဘာဖြစ်သွားပါသလဲ။ အရေအတွက်။ ဒါ က ဟန်ချက်ညီ အရေအတွက် အဟောင်းပါ။ ဒါ က အသစ်ပါ။ အရေအတွက်လည်းတက်သွားပါတယ်။ လူတွေက ပန်းသီး ကို ပို ၀ယ်ချင်ကျပါတယ်။ ကင်ဆာမလိုချင်လို့ပါ။ ဒီ ဖြစ်နိုင်ချေအခြေအနေတွေကို ဒီမှာ စဉ်းစားကြည့်ရအောင်။ သစ်တော်သီး အအေး လုပ်ငန်းက ကြော်ငြာ အသစ်ထွက်လာပါတယ်။ ဒီလိုယူဆရအောင်။ ပန်းသီးစိုက်သူတွေဟာ သစ်တော်သီးလည်းစိုက် နိုင်ပါတယ်။ စိတ်ဝင်စားစရာပါ။ စိတ်ဝင်စားစရာ အနည်းငယ်ပါ။ ဒါ ဟာ အောင်မြင်တဲ့ ကြော်ငြာလို့ ယူဆ ကြရအောင်။ ဒါကြောင့် ပန်းသီး အအေး ထက် သစ်တော်သီး အအေး ၀ယ်လိုအား တက်သွား မှာ ပါ။ အအေး အကြောင်းစဉ်းစားမိတဲ့ အခါ ပုံမှန် က ပန်းသီး အအေးကို စဉ်းစားလေ့ရှိပေမယ့် ယခု အခါ သစ်တော်သီး အအေး ထွက်လာပါတယ်။ ဒါကြောင့် ပန်းသီး အအေး ၀ယ်လိုအား ကျဆင်းသွားပါတယ်။ ဒီမှာ ပန်းသီး အအေး ၀ယ်လိုအား ကျဆင်းသွားပါပြီ။ အကယ်လို့ ပန်းသီး အအေး ၀ယ်လိုအား ကျဆင်းသွားသော အခါ ပန်းသီး အအေး ထုတ်လုပ်သူတွေဟာ ပန်းသီး ကို လျော့ပြီး ၀ယ်လို ကြပါတယ်။ ဒါကြောင့် ပန်းသီး ၀ယ်လိုအား ကျဆင်းသွားပါလိမ့်မယ်။ မည်သည့် ဈေးနှုန်းတွင်မဆို ပန်းသီး ၀ယ်လိုအားကျဆင်းသွားပါလိမ့်မည်။ ပန်းသီး ၀ယ်လိုအား ဇယား ဘယ်ဘက်ကို ရွေ့ သွားပါတယ်။ ဒါကြောင့် မည်သည့်ဈေးနှုန်းတွင်မဆို ပန်းသီး ၀ယ်လိုအား ကျဆင်းသွားတယ်လို့ ဆိုလိုနိုင်ပါတယ်။ ဂရပ်တစ်ခုလုံးဟာ ဒါကြောင့် ဘယ်ဘက်ကို ရွေ့သွားပါတယ်။ ဒါတွေချည်း ဖြစ်ချင်မှဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ရောင်းချသူဘက်မှကြည့်လျှင် အဲဒီလိုဖြစ်ချင်မှဖြစ်မှာပါ။ ပန်းသီးစိုက်သူတွေဟာ သစ်တော်သီးလည်းစိုက်နိုင်ပါတယ်။ သစ်တောသီး ၀ယ်လိုအား မြင့်တက် သွားပါပြီလို့ ဆိုနိုင်ပါတယ်။ သူတို့ တွေ ဟာ ကြော်ငြာနေပါတယ်။ သစ်တော်သီး ဈေး ဟာ လည်း တက်သွားနိုင်ပါတယ်။ ဒါကြောင့် စိုက်မယ့်မြေကို သစ်တော်သီး အတွက် အကုန်အသုံးချတော့မယ်။ ပန်းသီး အတွက် လျော့ လိုက်တော့မယ်။ ဒါကြောင့် ပန်းသီး ရောင်းလိုအား ကျသွားနိုင်ပါတယ်။ ဘယ်ဘက်ကို ရွေ့ သွားပါတယ်။ နှစ်ခုလုံး ဘယ်ဘက်ကို ရွေ့ သွားပါတယ်။ ဘာဖြစ်လာမလဲ။ ၀ယ်လိုအား ကျသွားသလို၊ရောင်းလိုအားလဲ ကျ သွားပါတယ်။ နှစ်ခုလုံး ဘယ်ဘက် ကို ရွေ့ သွားပါတယ်။ ဒီမှာ ဆွဲလိုက်ပါတယ်။ ဒါက ဟန်ချက်ညီ ဈေးနှုန်းအဟောင်းပါ။ ဒါ က အသစ်ပါ။ ဒီ မှာ ကျွန်တော်ဆွဲလိုက်တဲ့ ပုံစံက မပြောင်းလဲ သလိုရှိပါတယ်။ ဟန်ချက်ညီအရေအတွက် က လုံးဝ ပြောင်းသွားပါတယ်။ ဒါ က ဟန်ချက်ညီ အရေအတွက် အဟောင်းပါ။ ဒါ က အသစ် ပါ။ အရေ အတွက် ကျသွားပါတယ်။ ပန်းသီး အတွက် မကောင်းတော့ပါ။ ဥပမာ အရကတော့ ဈေးနှုန်းက တော့ မပြောင်းလဲပါ။ လယ်သမားတွေဟာ ပန်းသီးတွေကို လျှော့ စိုက်တယ်လို့ယူဆခဲ့တယ်လေ။ နည်းပေါင်းစုံနဲ့ ဆွဲနိုင်ပါတယ်။ ဒီမှာ ဆွဲ ကြည့်ကြရအောင်။ အရေအတွက် အခြားဖြစ်နိုင်ချေ တွေကို စဉ်းစားကြည့်ရအောင်။ ရောင်းလိုအား ပိုကျသွားတယ်ဆိုပါစို့။ ရောင်းလိုအား ရွေ့သွားပါတယ်။ အနောက်ကို ပြန်ရွေ့ သွားပါတယ်။ ဘာဖြစ်နိုင်သလဲ။ ဒါဟာ ဟန်ချက်ညီ ဈေးနှုန်း ပါ။ ရောင်းလိုအား ကျဆင်းမှု ဟာ ၀ယ်လိုအား ကျဆင်းမှု ထက် ပိုများတဲ့ အတွက် ကြောင့်ပါ။ အခုဆိုရင် ဂရပ်ပုံစံနဲ့အခြားအရာတွေပေါ်မှာမူတည်ပါတယ်။ အဓိက တော့ ရလဒ်တွေကို မြင်နိုင်အောင် တွေးခေါ်မှုပဲဖြစ်ပါတယ်။ ဒီအခြေအနေမျာ ရုတ်တရက် ဈေးနှုန်းတက်သွားတယ်ဆိုပါစို့။ အရေအတွက် လုံးဝ ကျဆင်းသွားပါတယ်။ လုံးဝသေချာတာတစ်ခုကတော့ ဒီသက်ရောက်မှုကြောင့် အရေအတွက် ကျဆင်းသွားပေမယ့် ဈေးနှုန်းတက်သွားပါတယ်။ ရောင်းလိုအားက ၀ယ်လိုအားတက် အများကြီး ကျသွားပါတယ်။ ဒါ ကြောင့် ဈေးတက်သွားတာပါ။ နောက်ထပ် ဖြစ်နိုင်ချေ အခြေအနေတစ်ခု ကို ထပ်ထည့်ချင်ပါတယ်။ ရောင်းလိုအား မပြောင်းလဲပဲ ၀ယ်လိုအား လုံးဝကျဆင်းသွားခြင်းဖြစ်ပါတယ်။ ပုံဆွဲပြပါမယ်။ ရောင်းလိုအားအနေဖြင့် ဘယ်ဘက်ကို အနည်းငယ်သာ ရွေ့ ပါတယ်။ ရောင်းလိုအား ဂရပ်က ဒီလိုပါ။ အရေအတွက်လုံးဝကျဆင်းသွားပါတယ်။ ဒါကြောင့် အခြေအနေတွေအားလုံးမှာ အရေအတွက်တွေဟာ ကျဆင်းသွားပါတယ်။ အခြေအနေ၃ ခု မျာ ဈေးနှုန်းက မပြောင်းလဲပဲရှိနေတာပါ။ ဈေးနှုန်းဟာ တက်ချင်တက်မယ်။ ကျချင်ကျမယ်။ မသိနိုင်ပါဘူး။ ဒါကြောင့် ဂရပ်ကိုကြည့် သင့်ဘာသာ အခြေအနေတွေကို စဉ်းစားကြည့်ပါ။ ပန်းသီး ဈေးကွက်တစ်ခုတည်းမဟုတ်ပဲ တစ်ြခားသော ဈေးကွက်တွေကို လည်း စဉ်းစားကြည့်ပါ။