Dorothy ငယ်ငယ်လေးတုန်းက
သူ့ရဲ့ ရွှေငါးလေးကို မြတ်နိုးတယ်။
ငါးလေးက အမြီးကိုလှုပ်ရမ်းရင်း
အရှေ့ကို ကူးခတ်တယ်လို့ သူ့အဖေက
ရှင်းပြတယ်။
မဆိုင်းမတွဘဲ Dorothy လေးက
ပြန်ပြောလိုက်တယ်။
"ဟုတ်တယ် အဖေ။ သူတို့က ခေါင်းကို
ရမ်းပြီးနောက်ပြန်ကူးတာလေ။"
(ရယ်သံများ)
သူ့စိတ်ထဲမှာတော့ ဒီအချက်က
တခြားအချက်လိုပဲ မှန်တယ်။
ငါးတွေက ခေါင်းရမ်းရင်း
နောက်ပြန်ကူးတယ်လို့
သူယုံကြည်ခဲ့တယ်။
ကျနော်တို့ဘဝတွေထဲမှာလည်း
နောက်ပြန်ကူးတဲ့ငါးတွေအများကြီးပါ။
အယူအဆတွေ၊
လော့ဂျစ်အမှားတွေ ထားရှိတယ်။
ဘက်လိုက်အမြင်
မွေးမြူတယ်။
ကျနော်တို့မှန်တယ်
သူတို့မှားတယလို့ လက်ခံတယ်။
အဆိုးဆုံးကိုကြောက်တယ်။
မရနိုင်တဲ့ ပြီးပြည့်စုံမှုအတွက်
ရုန်းကန်တယ်။
ဘာလုပ်နိုင်၊ မလုပ်နိုင်
ကိုယ့်ကိုပြောတယ်။
ကျနော်တို့စိတ်ထဲမှာ ငါးတွေက
ခေါင်းရမ်းပြီးနောက်ပြန်ကူးတယ်
ကျနော်တို့သတိမထားမိဘူး။
ကျနော့်နဲ့ပတ်သတ်တဲ့
အချက် ၅ချက်ပြောပြမယ်။
၁ချက်က မှားတယ်။
၁ - ကျနော်က ၁၉နှစ်တုန်းက ဟားဗတ်ကနေ
သင်္ချာဂုဏ်ထူးနဲ့ဘွဲ့ရတယ်။
၂ - အော်လန်ဒိုမှာ ဆောက်လုပ်ရေး
ကုမ္ပဏီတစ်ခု ဖွင့်ထားတယ်။
၃- ဟာသအစီအစဉ်တစ်ခုမှာ
ကျနော် သရုပ်ဆောင်ခဲ့ဖူးတယ်။
၄- ရှားပါးမျိုးရိုးလိုက်မျက်စိရောဂါ
တမျိုးကြောင့် အမြင်ဆုံးရှုံးသွားတယ်။
၅- တရားရုံးချုပ် တရားသူကြီးနှစ်ယောက်အတွက်
ရှေ့နေစာရေးအဖြစ် ထမ်းဆောင်ဖူးတယ်။
ဘယ်တစ်ချက်မှားလဲ။
တကယ်တော့ အကုန်လုံးမှန်ပါတယ်။
အားလုံးမှန်ပါတယ်။
(လက်ခုပ်သံများ)
အခုချိန်မှာတော့ လူအများစုက တီဗွီရှိုးကိုပဲ
သတိထားကြပါတယ်။
(ရယ်သံများ)
ဒါကို အတွေ့အကြုံတစ်ခုကနေ
သိတာပါ။
အစီအစဉ်က NBC ရဲ့
"Saved by the Bell: The New Class."
ကျနော်က
ကြောင်တောင်တောင် လူအေး
Weasel Wyzell
အနေနဲ့ သရုပ်ဆောင်တယ်
အဲ့ဒါက ၁၃နှစ်သား ကျနော်အတွက်
လုံးဝ စိန်ခေါ်မှုတစ်ခုပဲလေ။
(ရယ်သံများ)
နံပတ်၄ ကျနော်မျက်မမြင်နိုင်တာကို
မယုံနိုင်ဖြစ်နေလား။
ဘာလို့လဲ။
ဒီလိုချို့တဲ့မှုနဲ့ပတ်သတ်ပြီး
ယူဆချက်တွေထားကြတယ်။
မျက်မမြင်အနေနဲ့ ကျနော့်စွမ်းရည်နဲ့
ပတ်သတ်ပြီး လူတစ်ချို့ရဲ့ မမှန်တဲ့
ယူဆချက်တွေကို နေ့တိုင်း
ရင်ဆိုင်ရတယ်။
ဒါပေမယ့် ကျနော်ပြောမှာက
မျက်မမြင်တဲ့အကြောင်းမဟုတ်ဘူး။
ကျနော့်ရဲ့ အမြင်ပါ။
မျက်မမြင်ရကနေ ကျနော့်ဘဝမှာ
အမြင်ကျယ်ဖို့ကော
ကျနော်တို့စိတ်ကဖန်တီးတဲ့
နောက်ပြန်ကူးနေတဲ့ငါးတွေကို
မိဖို့ကော သင်ခန်းစာခဲ့ရပါတယ်။
မျက်မမြင်ရကနေ အဲ့ဒါတွေ
ထင်ရှားလာတယ်။
မြင်ရတဲ့ခံစားချက်ကဘယ်လိုလဲ။
မလှုပ်မယှက်ဘဲ ချက်ချင်းမြင်တယ်။
မျက်လုံးဖွင့်လိုက်တာနဲ့
ကမ္ဘာကိုတန်းမြင်တယ်။
မြင်မှယုံမယ်။
အမြင်ဆိုတာ အမှန်တရား။
ဟုတ်တယ်မလား။
ကျနော်အဲလိုထင်ခဲ့တာလေ။
ဒါနဲ့ အသက် ၁၂ နှစ်ကနေ ၂၅ နှစ်မှာ
ကျနော့်အမြင်လွှာပျက်စီးလာတယ်။
ကျနော့်အမြင်က
ပုံရိပ်ယောင်တွေပြည့်နေတဲ့
ထူးဆန်းတဲ့ ကစားရုံလိုဖြစ်လာတယ်။
စတိုးတစ်ခုမှာ ကျနော်တွေ့လိုက်တဲ့
အရောင်းစာရေးက
လူရုပ်ကြီးဖြစ်နေတယ်။
ကျနော့်လက်ဆေးမယ်လုပ်တော့
လက်နဲ့သေချာစမ်းကြည့်မှာ
ကျနော်ထိနေတာက လက်ဆေးကန်
မဟုတ်ဘဲ ဆီးခွက်ဆိုတာ သိလိုက်တယ်။
ကျနော့်လက်ထဲကဓာတ်ပုံကို
သူငယ်ချင်းကဖော်ပြတော့မှ
ဘာပုံလဲဆိုတာသိတယ်။
ကျနော့်အရှိတရားမှာ အရာဝတ္တုတွေ
ပေါ်တယ် ပုံပြောင်းတယ် ပျောက်သွားတယ်။
မြင်ဖို့ဆိုတာ ခက်ခဲပြီး
ပင်ပန်းတယ်။
ယာယီပုံရိပ်အပိုင်းအစကို
စုစည်းပြီး
အချက်အလက်တွေ ဆန်းစစ်တယ်
ပြီးရင် ပျက်စီးနေတဲ့
ရုပ်စုံမှန်ပြောင်းထဲ လော့ဂျစ်ရှာဖွေတယ်။
ဘာမှ မတွေ့တော့တဲ့အထိပေါ့။
ကျနော်တို့မြင်တာ
ဘုံအမှန်တရား
မဟုတ်ဘူးလို့
ကျနော် သိလိုက်တယ်။
ဓမ္မဓိဋ္ဌာန်ကျတဲ့ အရှိတရားမဟုတ်ဘူး။
ကျနော်တို့မြင်တာက ကျနော်တို့ ဦးနှောက်က
ကျွမ်းကျွမ်းကျင်ကျင်ဖန်တီးထားတဲ့
တုပထားတဲ့ ကိုယ်ပိုင် အရှိတရားလေ။
အပျော်တမ်း ဦးနှောက်သိပ္ပံနဲ့
ရှင်းပြပါရစေ။
ခင်ဗျားရဲ့ အမြင်အာရုံက ဦးနှောက်ရဲ့
၃၀% လောက်နေရာယူထားတယ်။
အထိအတွေ့က ၈ ရာခိုင်နှုန်း။
အကြားက ၂-၃ ရာခိုင်နှုန်း။
စက္ကန့်တိုင်း ခင်ဗျားမျက်စိက
ဦးနှောက်အမြင်အပြင်လွှာကို
သတင်းအချက်အလက်
၂ ဘီလျံလောက် ပေးပို့တယ်။
ကျန်တဲ့ ၁ဘီလျံက ခန္ဓာကိုယ်
တစ်ခြားနေရာကနေ ပေးပို့တာ။
အမြင်က ဦးနှောက်
ထုထည်ရဲ့ ၃ပုံ၁ပုံရှိတယ်
ဦးနှောက်လိုအပ်တဲ့ စွမ်းအင်ရဲ့
၃ပုံ၂ပုံကို သုံးစွဲတယ်။
ပုံရိပ်ယောင်က ယုံဖို့
ကောင်းတာလည်း မထူးဆန်းဘူးလေ။
ကျနော်မှားတယ်လို့ မထင်နဲ့
အမြင်ဆိုတာ ပုံရိပ်ယောင်။
ဒီမှာစိတ်ဝင်စားဖို့ကောင်းလာပြီ။
အမြင်အတွေ့အကြုံဖန်တီးဖို့
ဦးနှောက်က ကမ္ဘာအပေါ် ခင်ဗျားရဲ့
အမြင်သဘောထား၊ ဗဟုသုတ၊ မှတ်ဉာဏ်
ထင်မြင်ချက်၊ ခံစားချက်၊
အာရုံစတာတွေကို ကိုမှီးငြမ်းတယ်။
ဦးနှောက်ထဲ ဒီအရာအားလုံးက
အမြင်နဲ့ ဆက်နွယ်တယ်။
ဒီအဆက်အနွယ်တွေက အသွားအပြန်
ရှိပြီး မသိစိတ်မှာဖြစ်နေတာ။
ဥပမာ
ခင်ဗျားအမြင်က ခံစားချက်ကို
ပြောင်းလဲသလို
ခင်ဗျားခံစားချက်ကလည်း အမြင်ကို
ပြောင်းလဲနိုင်တယ်။
သုတေသနအများစုက
ဒါကို ပြသထားပါတယ်။
ဥပမာ ရုပ်သံထဲက လူတစ်ဦးရဲ့
လမ်းလျှောက်နှုန်းကို
ခန့်မှန်းရမယ်ဆိုရင် သစ်ကြုတ်
ဒါမှမဟုတ် လိပ်အကြောင်းတွေးရတဲ့
အပေါ်မှုတည်ပြီး ခင်ဗျားအဖြေက
ကွဲပြားပါလိမ့်မယ်။
ခင်ဗျားလေ့ကျင့်ခန်းလုပ်ပြီးရင်
တောင်တစ်ခုက ပိုမတ်တယ်လို့ ထင်ရတတ်တယ်။
ခင်ဗျားအထုပ်အပိုး
အလေးကြီးသယ်ထားရင်
မှတ်တိုင်တစ်ခုက ပိုဝေးတယ်လို့
ထင်ရနိုင်တယ်။
အဓိကကျတဲ့ဝိရောဓိကို
ကျနော်တို့ရောက်လို့လာပြီ။
ခင်ဗျားမြင်နေတာ ခင်ဗျားကိုယ်ပိုင်ရဲ့
ရှုပ်ထွေးတဲ့ အာရုံတည်ဆောက်မှုဖြစ်တယ်။
ဒါပေမယ့် ဒါကို ခင်ဗျား
ပတ်ဝန်းကျင်
တိုက်ရိုက်ကိုယ်စားပြုတယ်လို့
ခင်ဗျားထင်တယ်။
ခင်ဗျားဖန်တီးထားတဲ့
အရှိတရားကို ခင်ဗျားယုံတယ်။
ကျနော့်ဟာကို မျက်မမြင်ခင်ထိ
ယုံကြည်ခဲ့တယ်။
အမြင်ဆုံးရှုံးတာနဲ့
ပုံရိပ်ယောင် ပျက်စီးသွားတယ်။
အမြင်ဆိုတာ ကျနော်တို့
အရှိတရားကို ပုံသွင်းဖို့
နည်းတစ်ခုပါပဲ။
တခြားနည်းတွေနဲ့ကော ကျနော်တို့
အရှိတရားကို ဖန်တီးတယ်။
ဥပမာ အကြောက်တရား။
အကြောက်တရားက ခင်ဗျားရဲ့
အရှိတရားကို ပုံပျက်စေတယ်။
အကြောက်တရားရဲ့ လော့ဂျစ်လမ်းလွှဲအောက်မှာ
မသေချာတာထက် ကျန်တာအကုန်ကောင်းတယ်။
အကြောက်တရားနဲ့ တတ်နိုင်သမျှ
အစားထိုးတယ်။
ခင်ဗျားကြောက်တဲ့အရာကို
သိတဲ့အရာလို့ သဘောထားတယ်။
မသေချာမှုနေရာမှာ
အဆိုးရွားဆုံးနဲ့ပေးဆပ်တယ်။
သုံးသပ်ချက်ကို
ယူဆချက်နဲ့ အစားထိုးတယ်။
ဒါကို စိတ်ပညာရှင်တွေက
ဆိုးရွားအောင်လုပ်တယ်လို့ ခေါ်တယ်။
(ရယ်သံများ)
ဟုတ်တယ်နော်။
အကြောက်တရားက မသေချာတာကို
ဆိုးရွားတာနဲ့ အစားထိုးတယ်။
အကြောက်တရားက ကိုယ့်ကို
ဖြည့်တင်းတယ်။
ခင်ဗျားအပြင်ကိုကြည့်ပြီး
အချက်ကျကျတွေးဖို့
အင်မတန် လိုလာရင်
အကြောက်တရားက ခင်ဗျားစိတ်ကို
နောက်ပြန်ဆုတ်စေတယ်။
ခင်ဗျားရဲ့အမြင်ကို
ပုံပျက်စေတယ်။
အဖျက်သဘောဆောင်ခံစားချက်တွေနဲ့
ခင်ဗျားရဲ့ အချက်ကျတွေးခေါ်မှုကို
စိုးမိုးပစ်တယ်။
အရေးကြီးတဲ့ အခွင့်အရေးနဲ့
ခင်ဗျားကြုံလာရင်
အကြောက်တရားက လက်လွှတ်စေတယ်။
သူ့ရဲ့ ခန့်မှန်းချက်တွေဖြည့်ဆည်းတာကို
စောင့်ကြည့်ဖို့ ဆွဲဆောင်ရင်းပေါ့။
ကျနော့်မှာ မျက်စိရောဂါ
ရှိမှန်းသိတော့
မျက်မမြင်တာက ကျနော့်ဘဝကို
ဖျက်စီးမယ်ဆိုတာ သိနေခဲ့တယ်။
ကျနော့်လွတ်လပ်မှုအတွက် ဒါက
သေဒဏ်တစ်ခုပဲလေ။
ကျနော့်အတွက် အောင်မြင်မှု
အဆုံးပေါ့။
မျက်မမြင်တာကြောင့်
မှေးမှိန်၊ သေးငယ်
ဝမ်းနည်းပြီး အထီးကျန်တဲ့
ဘဝကို
ဖြတ်သန်းရမယ်ပေါ့။
ကျနော်သိခဲ့တယ်လေ။
ဒါက အကြောက်တရားရဲ့
ထွင်လုံးဆိုပေမယ့် ကျနော် ယုံခဲ့တယ်။
အဲ့ဒါက မုသားတစ်ခု။ ဒါပေမယ့်
ကျနော့်အတွက် အရှိတရားလေ။
Dorothy စိတ်ထဲက
နောက်ပြန်ကူးတဲ့ ငါးလို့ပေါ့။
ကျနော့် အကြောက်တရားကို
မရင်ဆိုင်ခဲ့ရင်
အဲ့ဒါနဲ့ ရှင်သန်ရမယ်ဆိုတာ
သေချာသိတယ်။
ဒါဆို အမြင်ကျယ်ကျယ်နဲ့
ဘယ်လိုနေထိုင်မလဲ။
ဒါက သင်ယူရတဲ့
လမ်းစဉ်ပါ။
သင်လို့ရတယ်
လေ့ကျင့်လို့ရတယ်။
ကျနော် အကျဉ်းချုပ်
ပြောပါမယ်။
အချိန်တိုင်း၊ အတွေးတိုင်း၊
အသေးစိတ်တိုင်းအတွက်
ကိုယ့်ကိုယ် တာဝန်ယူတတ်ပါစေ။
အကြောက်တရားကို
ကျော်ပြီး မြင်ပါ။
အယူအဆတွေကို သတိထားပါ။
ကိုယ့်ရဲ့ အတွင်းအားကို
အသုံးချပါ။
အတွင်းဝေဖန်သံ
တိတ်ပါစေ။
ကံ၊ အောင်မြင်မှုနဲ့ ပတ်သတ်ပြီး
အယူလွဲတွေ ပြင်ပါ။
ကိုယ့်အားသာချက်၊ အားနည်းချက်ကို
လက်ခံ၊ ခြားနားချက်ကိုနားလည်ပါစေ။
အတိုင်းမသိ ကောင်းချီးအတွက်
နှလုံးသားကို ဖွင့်လှစ်ပါ။
ခင်ဗျား အကြောက်တရား
ဝေဖန်ရေးဆရာ
အာဇာနည်၊ လူဆိုး --
အဲ့ဒါတွေက ခင်ဗျားရဲ့
ဆင်ခြေတွေ
ကျိုးကြောင်းရှင်းပြမှုတွေ
ဖြတ်လမ်းတွေ
တရားမျှအကြောင်းပြမှုတွေ
၊အရှုံးပေးမှုပေါ့။
အဲ့ဒါတွေက အရှိတရားလို့
ထင်နေရတဲ့ ထွင်လုံးတွေ။
အဲ့ဒါတွေကိုကျော်ဖြတ်ပြီး
မြင်ပါ။
စွန့်လွှတ်လိုက်ပါ။
ခင်ဗျားက ခင်ဗျားအရှိတရားရဲ့
ဖန်ဆင်းရှင်ပဲလေ။
ဒီခွန်အားနဲ့အတူ
တာဝန်အပြည့်ပါလာပါတယ်။
အကြောက်တရားဥမင်ကနေ မသေချာမရေရာ
လမ်းထဲလျှောက်ဖို့ ကျနော် ရွေးချယ်ခဲ့တယ်။
အဲ့မှာပဲ ကောင်းမြတ်တဲ့ဘဝကို
ကျနော် ဆောက်တည်ခဲ့တယ်။
တစ်ယောက်တည်းတော့မဟုတ်ပါဘူး
ကျနော့်ဘဝကို Dorothy၊ ကျနော့်ဇနီးချော၊
Tripskys လို့ ခေါ်တဲ့
သုံးမွှားပူးရယ်၊ နောက်ဆုံးတိုးလာတဲ့
တစ်ယောက် Clementineတို့နဲ့
ဖြတ်သန်းပါတယ်။
ခင်ဗျားဘာကိုကြောက်လဲ။
ကိုယ့်ကိုယ်ဘာတွေလိမ်ပြောလဲ။
အမှန်ကို ဘယ်လိုတန်ဆာဆင်ပြီး
ကိုယ့်ထွင်လုံးဘယ်လို ဖန်တီးလဲ။
ကိုယ့်အတွက် ဘယ်လိုအရှိတရားတွေ
ဖန်တီးနေတာလဲ။
ခင်ဗျားအလုပ်၊ ဘဝ၊
လူမှုရေး၊ နှလုံးသား၊
စိတ်ထဲမှာ
နောက်ပြန်ကူးငါးတွေက
ခင်ဗျားကို နစ်နာစေပါတယ်။
ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေ၊
စွမ်းရည်တွေမှာ နစ်နာမှုဖြစ်စေတယ်။
ဆက်နွယ်မှု၊ စိတ်ချမ်းသာမှုရှာတဲ့နေရာမှာ
မလှုံခြုံမှု၊ မသင်္ကာမှုတွေဖြစ်စေတယ်။
သူ့တို့ကိုရှာဖို့ ခင်ဗျားကို
တိုက်တွန်းမယ်။
မျက်ကန်းတာထက်ပိုဆိုးတာက
မြင်ရပြီး အမြင်မရှိတာပါလို့
Helen Keller ပြောခဲ့ဖူးပါတယ်။
ကျနော်အတွက် အမြင် ဆုံးတာက
ကောင်းချီးတစ်ခုပါ
မျက်မမြင်ရကနေ အမြင်တွေရခဲ့လို့လေ။
ကျနော်မြင်တဲ့အရာကို
မြင်ဖို့ မျှော်လင့်တယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
Bruno Giussani: Isaac ခင်ဗျား
မသွားခင် မေးခွန်းတစ်ခုလောက်။
ဒီက ပရိသတ်တွေက စွန့်ဦးတီထွင်သူ၊
လက်တွေ့သမား၊ ဆန်းသစ်ထွင်သူတွေပေါ့။
ခင်ဗျားက Florida က
ကုမ္ပဏီတစ်ခုရဲ့ CEO
ဆိုတော့ မျက်မမြင် CEO ဖြစ်ရတာ
ဘယ်လိုလဲဆိုတာ
သူတို့က သိချင်နေလောက်ကြတယ်။
ခင်ဗျားမှာဘယ်လိုစိန်ခေါ်မှုတွေရှိလဲ
ဘယ်လိုကျော်ဖြတ်လဲ။
Isaac Lidsky:အင်း အကြီးဆုံး
စိန်ခေါ်မှုက ကောင်းချီးဖြစ်လာတယ်။
ကျနော် လူတွေကနေ
အမြင်တုံ့ပြန်မှုတွေ မရဘူး။
(ရယ်သံများ)
BG: အဲနားက ဘာအသံလဲ။ ဟုတ်လား။
IL: ဟုတ်တယ်။
ဥပမာ ကျနော့် ဦးဆောင်မှု
အဖွဲ့ အစည်းအဝေးမှာ
မျက်နှာအနေအထား
အမူအရာတွေ မမြင်ရဘူး။
စကားတုံ့ပြန်မှုကိုတောင်းဆိုဖို့
သင်ယူရပါတယ်။
လူတွေတွေးနေတာကို ကျနော်
အတင်းထုတ်ပြောခိုင်းပါတယ်။
ဒီလိုနဲ့
ကျနော်ပြောသလို ဒါက ကျနော့်အတွက်
ကုမ္ပဏီအတွက်ပါ ကောင်းချီးဖြစ်လာတယ်လေ
ဘာလို့ဆိုတော့ ကျနော်တို့က
နက်နက်နဲနဲ ပြောဆိုဆက်ဆံတယ်။
မပြတ်သားတာတွေမရှိဘူး။
အရေးကြီးဆုံး ကျနော်အသင်းက သူတို့ရဲ့
ထင်မြင်ချက်တွေအရေးပါတယ်ဆိုတာသိတယ်။
BG: TED ကိုလာတဲ့အတွက် ကျေးဇူးပါ Isaac။
IL:ကျေးဇူးပါပဲ Bruno။
(လက်ခုပ်သံများ)