သိချင်မှသိကြမှာပါ။ ဒါပေမဲ့ ကိုယ်ထဲက ဘက်တီးရီးယားတွေဟာ Galaxy တစ်ခုလုံးက ကြယ်တွေထက်ပိုများပါတယ်။ ဒီစိတ်ဝင်စားဖွယ်ကောင်းလှတဲ့ ကိုယ်တွင်းက ဘက်တီးရီးယား အစုအဝေးဟာ ကျွန်တော်တို့ကျန်းမာရေးရဲ့ ခွဲထုတ်မရတဲ့အပိုင်းပါ နည်းပညာ ဆင့်ကဲပြောင်းလဲတာ မြန်လွန်းတော့ ကျွန်ပြူတာတွေကို ညွှန်ကြားသလို ဘက်တီးရီး ယားတွေကိုလည်း ညွှန်ကြားနိူင်တာပေါ့။ ကဲ ဒီမှာ ခင်ဗျားတို့မြင်ရတဲ့ပုံကြမ်းက အားကစား ကစားတဲ့ပုံမျိုး ပေါက်နေတယ်ဆိုတာ သိပါတယ်၊ တကယ်က ကျွန်တော်ဖန်တီးလိုက်တဲ့ ဘက်တီးရီးယား ပရိုဂရမ်ရဲ့ ပုံကြမ်းပါ။ ဆော့ဖ်ဝဲရေးသလို DNA ကို ဘက်တီးရီးယား အတွင်းက ဖြေရှင်းနည်းမျိုးစုံနဲ့ ညွှန်ကြားချက်တွေထဲမှာ ရိုက်နှိပ်၊ရေးသားနိုင်ပါတယ်။ ဒီပရိုဂရမ်လုပ်ဆောင်တာက နရီကျတဲ့ ဟန်တစ်ခုထဲမှာ လင်းလက်တဲ့ ပရိုတိန်းကိုထုတ်ပေးပြီး၊ ဘက်တီးရီးယားကို ဆက်သွယ်၊ ချိန်ကိုက်ပေးတဲ့ မော်လီကျူးလေးကို ထုတ်ပေးပါတယ်၊ ရုပ်ရှင်ထဲမှာကြည့်ရသလိုပေါ့။ ဒီမှာမြင်ရတဲ့ ကြီးထွားလာနေတဲ့ ဘက်တီးရီးယား အစုက လူ့ဆံချည် အကျယ်လောက်ရှိပါတယ်။ မမြင်ရတာက ဘက်တီးရီးယား တစ်ခုစီကို မော်လီးကျူးလေးတွေ ထုတ်ဖို့ ညွှန်ကြားတဲ့ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇ ပရိုဂရမ်ပါ၊ ဒီ မော်လီကျူးလေးတွေက ထောင်ချီတဲ့ သီးသန့် ဘက်တီးရီးယားတွေထဲသွားလာပြီး သူတို့တွေ ဘယ်အချိန်အဖွင့် အပိတ်လုပ်ဖို့ပြောပြနေပါတယ်။ ဒီပမာဏမှာ ဘက်တီးရီးယား တွေဟာ တော်တော်ချိန်သား ကိုက်ပါတယ်၊ ဘာကြောင့်ဆို သူတို့ကို ချိန်သားကိုက် အောင် လုပ်ပေးတဲ့ မော်လီကျူးဟာ ပိုကြီးတဲ့ ဘက်တီးရီးယား အစုတွေထဲမှာပဲ ပိုမြန်မြန်သွားနိူင်လို့ပါ။ အချင်းချင်း ဝေးနေတဲ့ ဘက်တီးရီးယား တွေကြား ရွေ့လျားလှိုင်းတွေ ဖြစ်စေကာ ဒီလှိုင်းတွေ မျက်နှာပြင်ကို ဝဲမှယာ ဖြတ်သွားနေတာမြင်ရတာပါ။ အခု မျိုးရိုးဗီဇ ပရိုဂရမ်ဟာ quorum sensing ဆိုတဲ့ သဘာဝဖြစ်စဉ်ကိုမှီပါတယ် အဲဒီ ဘက်တီးရီးယား စနက်တံက ချ်န်သားကိုက်ပြီး တစ်ခါတစ်လေ ပြင်းထန်တဲ့သိပ်သည်းမှုအရောက်မှာ ပြင်းထန်တဲ့ အပြုအမူတွေပေါ့။ quorum sensing လုပ်ပုံကို ဒီရုပ်ရှင်မှာ ကြည့်နိုင်တယ်။ ကြီးထွားလာတဲ့ ဘက်တီးရီးယား အုပ်စုဟာ မြင့်မားတဲ့ (ဝါ) အရေးပါတဲ့ သိပ်သည်းမှုအရောက်မှာပဲ စပွားတဲ့နေရာပါ။ မျိုးရိုးဗီဇ ပရိုဂရမ်ဟာ ဒီအုပ်စုအပြင်ဘက်ကို တိုးပွားချိန်မှာ လင်းလက်တဲ့ ပရိုတင်းရဲ့ နရီကျတဲ့ အဆင်တွေကို ဆက်ထုတ်ပေးနေပါတယ်။ ဒီသီးသန့်ရုပ်ရှင်နဲ့ စမ်းသပ်မှုကို Supernova လို့ခေါ်တယ်။ ပေါက်ကွဲနေတဲ့ ကြယ်စင်နဲ့ သွားတူနေလို့ပါ။ ကဲ ဒီလှပတဲ့အဆင်တွေကိုစီစဉ်တာအပြင် တွေးမိတာက ဘက်တီးရီးယားတွေကို ဘာတွေလုပ်ခိုင်းရမလဲပေါ့၊ ကိုယ်တွင်းက ရောဂါတွေ၊ ကင်ဆာလိုမျိုးကို ရှာဖွေ၊၊ကုသဖို့ ဘက်တီးရီးယား အစီအစဉ်ချနည်းကို စူးစမ်းဖို့ဆုံးဖြတ်ခဲ့တယ်။ ဘက်တီးရီးယား နဲ့ပတ်သက်ရင် အံ့ဩစရာ ကောင်းတာက သူတို့ဟာ အသားပိုတွေအတွင်းမှာ သဘာဝအတိုင်း ကြီးထွားနိုင်တယ်ဆိုတာပါ။ ဒါဖြစ်တာကတော့ အသားပိုတွေဟာ တွေဟာ ကိုယ်ခံအားစနစ်မရောက်နိုင်တဲ့နေရာတွေ မို့လို့ပါ။ ဒနဲ့ ဘက်တီးရီးယားတွေက အသားပိုတွေကိုရှာပြီး ဒါတွေကို ကြီးထွားဖြစ်ထွန်း စိတ်ချရတဲ့ ခိုလှုံရာ အဖြစ်သုံးပါတယ်။ probiotic ဘက်တီးရီးယားနဲ့ စခဲ့တယ်၊ ဒါတွေက ကျန်းမာရေး အကျိုးရှိတဲ့ ဘေးကင်းတဲ့ ဘက်တီးရီးယား ဖြစ်ပြီး တွေ့ရတာက ကြွက်တွေကို တိုက်တဲ့အခါ ဒီ probiotics တွေဟာ အသည်း အသားပိုတွေ အတွင်းမှာ သီးသန့့် ကြီးထွားလိမ့်မယ်။ သဘောပေါက်မိတာက ဒီ probiotics တွေရဲ့ တည်ရှိမှုကို ထင်ရှားဖို့ အဆင်ပြေဆုံးနည်းက ဒီနေရာမှာ အသားပိုတွေ တည်ရှိမှုပါ၊ ဆီးထဲမှာ မြင်သာနိုင်မယ့် အချက်ပြကို ထုတ်ပေးတဲ့ ဒီ ဘက်တီးရီးယား တွေကို ယူဖို့ပါ။ ဒါနဲ့ probiotics တွေကို ကင်ဆာရှိမှုကို ပြဖို့ ဆီးအရောင်ကို ပြောင်းစေမယ့် မော်လီကျူးတစ်ခု လုပ်ဖို့ တိတိကျကျ ညွန်ကြားတယ်။ ဆက်ပြီး ပြသတာက ဒီနည်းပညာဟာ အသည်းကင်ဆာကို သိမ်သိမ်မွေ့မွေ့၊တိတိကျကျ ရှာဖွေနိုင်တာကိုပါ။ ဒီလိုမှမဟုတ်ရင် ရှာဖွေဖို့ စိန်ခေါ်နေတဲ့ ရောဂါပါ။ ကဲ ဒီ ဘကိတီးရီးယားတွေဟာ အသားပိုတွေကို တိတိကျကျ ကန့်သတ်တာကြောင့် ရှိနေတဲ့ အသားပိုတွေကို ကျုံ့စေတဲ့ အသားပိုဝန်းကျင် အတွင်းကနေ ကုစားပေးနိုင်တဲ့ မော်လီကျူးတွေ ထုတ်လုပ်ခြင်းဖြင့် ကင်ဆာ ရှာဖွေဖို့တင်မဟုတ်ပဲ ကင်ဆာကို ကုသဖို့ပါ ညွန်ကြားပေးနေပါတယ်။ ခုနက ရုပ်ရှင်တွေထဲမှာ မြင်ခဲ့တဲ့ quorum sensing လို ပရိုဂရမ်တွေသုံးပြီး လုပ်ဆောင်နေပါတယ်။ ခြုံကြည့်လိုက်တော့ အနာဂတ်မှာ ကင်ဆာ (သို့) အခြားရောဂါတွေတောင်မှ ရှာဖွေ၊ ကုသနိုင်တဲ့ ညွန်ကြားထားတဲ့ probiotic ကို ယူနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ဘက်တီးရီးယား နဲ့ ဘဝကို အစီအစဉ် ချဖို့ ကျွန်တော်တို့ အစွမ်းဟာ ကင်ဆာသုသေသနမှာ နယ်ပယ်သစ်တွေကို ဖွင့်ပေးပြီး ဒီအမြင် မျှဝေဖို့ အနုပညာရှင် Vik Muniz နဲ့တွဲလုပ်ခဲ့တယ်၊ တစ်ခုလုံး ဘက်တီးရိးယား နဲ့ ကင်ဆာဆဲလ် တွေကနေ လုပ်ထားတဲ့ စကြာဝဠာရဲ့ သင်္ကေတာကို ဖန်တီးဖို့ပါ။ နောက်ဆုံး ကျွန်တော့မျှော်လင့်ချက်က ဒီမှုန် မွားတဲ့ စကြာဝဠာရဲ့ အလှနဲ့ ရည်ရွယ်ချက်က အနာဂတ် ကင်ဆာ သုသေသနအတွက် ဆန်း သစ်တဲ့ နည်းလမ်းတွေ စေ့ဆော်ပေးနိုင်ဖို့ပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)