1 00:00:03,317 --> 00:00:07,000 စကားပြန်။ ပီယာနို "p" က ကျွန်မ အကြိုက်ဆုံး ဂီတ သင်္ကေတပါ။ 2 00:00:07,504 --> 00:00:09,293 ညင်သာစွာ တီးပါလို့ ဆိုလိုတာပါ။ 3 00:00:10,007 --> 00:00:14,170 သင်ဟာ တူရီယာတစ်ခုကို တီးနေပြီး တေးသွားထဲမှာ "p" ကို သတိပြုမိရင် 4 00:00:14,194 --> 00:00:15,817 ပိုပြီး ညင်သာစွာ တီးဖို့လိုတယ်။ 5 00:00:16,120 --> 00:00:18,480 p နှစ်လုံးက ပိုတောင် ညင်သာပါတယ်။ 6 00:00:18,804 --> 00:00:21,959 p လေးလုံးက အလွန်အမင်း ညင်သာတာပါ။ 7 00:00:26,353 --> 00:00:29,756 ဒါက ကျွန်မရဲ့ p ဇယားတစ်ခု ဆွဲထားတာပါ။ 8 00:00:29,780 --> 00:00:31,090 ဒါက သရုပ်ပြတာက 9 00:00:31,114 --> 00:00:35,603 ထောင်နဲ့ချီတဲ့ p တွေပေါ်မှာ ဘယ်နှထောင် ထပ်ရှိနေပါစေ 10 00:00:35,627 --> 00:00:37,560 ပကတိတိတ်ဆိတ်မှုကို လုံးဝ ရောက်မှာမဟုတ်ပါ 11 00:00:38,477 --> 00:00:41,255 ဒါက ကျွန်မရဲ့ တိတ်ဆိတ်မှု အနက်ဖွင့်ဆိုချက်ပါ။ 12 00:00:41,279 --> 00:00:43,128 အင်မတန် ပိတ်ဆီးနေတဲ့ အသံတစ်သံပါ။ 13 00:00:44,976 --> 00:00:46,459 အမေရိကန် လက်ဟန်ဘာသာစကား 14 00:00:46,483 --> 00:00:49,649 ASL ရဲ့ သမိုင်းအကြောင်းကို ကျွန်မရဲ့ ကိုယ်ပိုင် နောက်ခံအကြောင်း 15 00:00:49,673 --> 00:00:51,361 နည်းနည်းထည့်ပြီး မျှဝေချင်ပါတယ်။ 16 00:00:53,851 --> 00:00:59,067 ပြင်သစ် လက်ဟန် ဘာသာစကာကို ၁၈၀၀ နှစ်လွန် အစောပိုင်းမှာ အမေရိကကို ယူဆောင်လာခဲ့ပြီး 17 00:00:59,091 --> 00:01:03,166 အချိန်ကြာလာတော့ ဒေသတွင်း သင်္ကေတတွေနဲ့ ရောသွားတယ်။ 18 00:01:03,190 --> 00:01:06,519 ဒါက ကျွန်မတို့ ယနေ့ သိတဲ့ ASL ဘာသာစကား အဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့တာပါ။ 19 00:01:07,168 --> 00:01:09,765 ဒီတော့ နှစ် ၂၀၀ ခန့် သမိုင်းတစ်ခုရှိတယ်။ 20 00:01:11,800 --> 00:01:13,508 ကျွန်မက မွေးရာပါ နားမကြားသူပါ။ 21 00:01:15,244 --> 00:01:18,779 အသံဟာ ကျွန်မ ဘဝရဲ့ အစိတ်အပိုင်း တစ်ခု မဟုတ်တာ ယုံကြည်ဖို့ သင်ပေးခဲ့တယ်။ 22 00:01:20,662 --> 00:01:22,497 ဒါကို အမှန်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ 23 00:01:25,318 --> 00:01:28,841 ဒါပေမဲ့ ဒါဟာ အကြောင်းကိစ္စ လုံးဝ မဟုတ်တာ အခု ကျွန်မ သဘောပေါက်မိတယ်။ 24 00:01:29,272 --> 00:01:32,057 အသံဟာ ကျွန်မ ဘဝရဲ့ များပြားတဲ့ အစိတ်အပိုင်းဖြစ်ခဲ့တယ်။ 25 00:01:32,081 --> 00:01:33,957 တကယ်ပဲ နေ့စဉ် ကျွန်မရဲ့ စိတ်မှာပါ။ 26 00:01:38,483 --> 00:01:42,470 အသံ ကမ္ဘာကြီး တစ်ခုထဲမှာ နားမကြားသူ တစ်ဦး အဖြစ် နေထိုင်ခြင်းဟာ 27 00:01:42,494 --> 00:01:45,414 နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ နေထိုင်နေရသလိုမျိုးပါ။ 28 00:01:45,438 --> 00:01:49,680 ၎င်းရဲ့ စည်းမျဉ်းတွေ၊ ဓလေ့ထုံးစံတွေ၊ အပြုအမူတွေ၊ စံတွေကို မမြင်ဘဲ၊ 29 00:01:49,704 --> 00:01:51,315 မေးခွန်းမထုတ်ဖူးဘဲ လိုက်နာနေတာပါ။ 30 00:02:01,460 --> 00:02:03,930 ဒီတော့ အသံကို ကျွန်မ နားလည်တာက ဘယ်လိုလဲ။ 31 00:02:06,112 --> 00:02:09,226 ကျွန်မက အသံကို လူတွေ ပြုမူပုံနဲ့ တုံ့ပြန်ပုံကို စောင့်ကြည့်တယ်။ 32 00:02:10,654 --> 00:02:14,276 သင်တို့တွေက ကျွန်မရဲ့ အသံချဲ့စက်တွေလိုပဲ၊ အသံကို ချဲ့ပေးတယ်လေ။ 33 00:02:14,300 --> 00:02:16,421 ကျွန်မက ဒီအမူအရာကို သင်ယူပြီး ထင်ဟပ်တာပေါ့။ 34 00:02:16,782 --> 00:02:19,733 တစ်ချိန်တည်းမှာပဲ ကျွန်မက အသံဖန်တီးတာကို သိရှိပြီး 35 00:02:19,757 --> 00:02:21,914 လူတွေက ကျွန်မကို တုံ့ပြန်ပုံကို မြင်ခဲ့ရတယ်။ 36 00:02:22,600 --> 00:02:24,456 ဒီနည်းနဲ့ လေ့လာခဲ့တာပါ၊ ဥပမာ 37 00:02:24,480 --> 00:02:27,119 "တံခါးကို ဆောင့်မပိတ်နဲ့။" 38 00:02:28,350 --> 00:02:31,747 "အာလူကြော်ထုပ်ကနေ စားနေတဲ့အခါ အသံသိပ်မထွက်စေနဲ့။" 39 00:02:31,771 --> 00:02:32,771 (ရယ်သံများ) 40 00:02:32,795 --> 00:02:34,063 "လေချဉ်မတက်နဲ့။ 41 00:02:34,087 --> 00:02:35,268 စားသောက်နေတဲ့အခါ 42 00:02:35,292 --> 00:02:38,134 ပန်းကန်ပြားပေါ်မှာ ဇွန်း၊ ခက်ရင်းတွေနဲ့ မခြစ်မိစေနဲ့။" 43 00:02:38,158 --> 00:02:40,688 ဒါတွေ အားလုံးကို "အသံ လောကဝတ်" လို့ အမည်တပ်လိုက်တယ်။​ 44 00:02:43,927 --> 00:02:46,358 ကျွန်မဟာ အသံ လောကဝတ်ကို ပျမ်းမျှ 45 00:02:46,382 --> 00:02:48,596 နားကြားသူတစ်ဦးထက် ပိုပြီး တွေးလောက်တယ်။ 46 00:02:49,963 --> 00:02:51,919 အသံဝန်းကျင်မှာ အင်မတန် နိုးကြားသူလေ။ 47 00:02:55,463 --> 00:02:59,329 အသံဝန်းကျင်မှာ နောက် ဘာလာမလဲဆိုပြီး စိတ်ထက်သန်၊ စိုးထိတ်တဲ့ 48 00:02:59,353 --> 00:03:01,435 မျှော်လင့်ချက်နဲ့ အမြဲ စောင့်နေတာလေ။ 49 00:03:01,459 --> 00:03:02,743 ဒါကြောင့် ဒီပုံက 50 00:03:04,280 --> 00:03:06,894 TBD ဆုံးဖြတ်ချက်ချရန်၊ 51 00:03:07,724 --> 00:03:10,264 TBC ဆက်ရန်၊ 52 00:03:10,819 --> 00:03:12,616 TBA ကြေညာရန်၊ 53 00:03:16,793 --> 00:03:18,659 ဒီဂီတမျဉ်းကို သတိပြုမိကြပါတယ်။ 54 00:03:18,683 --> 00:03:20,874 မျဉ်းတွေအတွင်းမှာ သင်္ကေတတွေ မပါဘူး။ 55 00:03:20,898 --> 00:03:24,546 ဘာကြောင့်ဆိုတော့ မျဉ်းတွေမှာ စွန်းရာ၊ ထင်းရာတွေကတစ်ဆင့် 56 00:03:24,570 --> 00:03:26,901 အသံပါပြီးသားမို့ပါ၊ 57 00:03:28,863 --> 00:03:32,242 နားမကြားတဲ့ ယဉ်ကျေးမှုမှာ လှုပ်ရှားမှုဟာ အသံနဲ့ အတူတူပါပဲ။ 58 00:03:37,617 --> 00:03:40,301 ဒါက ASL မှာ "ဂီတမျဉ်း"အတွက် အမှတ်အသားပါ။ 59 00:03:40,325 --> 00:03:42,817 ပုံမှန် ဂီတမျဉ်းတစ်ခုက မျဉ်းငါးကြောင်းပါတယ်။ 60 00:03:43,904 --> 00:03:46,678 ဒါပေမဲ့ ကျွန်မအတွက် လက်မကို ဒီလို ထောင်ရင်း သီချင်းဆိုတာက 61 00:03:46,702 --> 00:03:48,029 သဘာဝကျတယ်လို့ မခံစားရဘူး။ 62 00:03:48,053 --> 00:03:51,461 ဒါကြောင့် စာရွက်ပေါ်မှာ မျဉ်းလေးကြောင်း ကပ်ထားတာ ပုံတွေမှာ သတိထားမိမယ်။ 63 00:03:53,199 --> 00:03:57,188 ၂၀၀၈ ခုနှစ်မှာ အနုပညာပညာရှင် နေထိုင်ခွင့် ရဖို့အတွက် ဘာလင်၊ ဂျာမဏီကို ခရီးထွက်ဖို့ 64 00:03:57,212 --> 00:03:58,981 အခွင့်အလမ်းတစ်ခုရခဲ့တယ်။ 65 00:04:00,041 --> 00:04:02,819 ဒီအချိန်မတိုင်ခင်က ပန်းချီဆွဲသူအဖြစ် အလုပ်လုပ်နေတာပါ။ 66 00:04:05,020 --> 00:04:09,075 ဒီနွေရာသီအတွင်းမှာ ပြတိုက်တွေနဲ့ ပန်းချီပြခန်းတွေ မျိုးစုံကို လည်ပတ်ခဲ့ပြီး 67 00:04:09,099 --> 00:04:11,081 တစ်နေရာကနေ နောက်တစ်နေရာကို သွားစဉ်မှာ 68 00:04:11,105 --> 00:04:13,424 အမြင်ပိုင်း အနုပညာမရှိတာ သတိထားမိခဲ့တယ်။ 69 00:04:14,618 --> 00:04:19,885 အဲဒီအချိန်က အသံက ခေတ်စားနေပြီး ဒါက ကျွန်မကို အံ့အားသင့်စေတယ်။ 70 00:04:19,909 --> 00:04:21,887 အမြင်ပိုင်း အနုပညာမရှိဘူး၊ 71 00:04:21,911 --> 00:04:23,418 အရာတိုင်းက အကြားအာရုံပါ။ 72 00:04:25,482 --> 00:04:28,122 အခု အသံက ကျွန်မရဲ့ အနုပညာ ပိုင်နက်ထဲကို ဝင်လာပြီ။ 73 00:04:29,168 --> 00:04:31,816 ဒါက အနုပညာကနေ ကျွန်မကို ပိုဝေးသွားစေတော့မှာလား။ 74 00:04:33,800 --> 00:04:36,496 ဒါက လုံးဝ အကြောင်းရင်း ဖြစ်စရာမလိုဘူးလို့ သိလိုက်တယ်။ 75 00:04:36,520 --> 00:04:37,671 တကယ်က ကျွန်မ အသံကိုသိတယ် 76 00:04:37,695 --> 00:04:40,337 ဒါက နားတွေကနေတစ်ဆင့် 77 00:04:40,361 --> 00:04:43,699 တွေ့ကြုံခံစားဖို့ပဲ မလိုဘူးဆိုတာ ကောင်းကောင်းကို သိနေတာပါ။ 78 00:04:43,723 --> 00:04:46,708 ဒါကို ပညာသားပါပါ ခံစားနိုင်တယ်၊ 79 00:04:46,732 --> 00:04:48,925 (သို့) အမြင်တစ်ခုအဖြစ် (သို့) စိတ်ကူးတစ်ခု 80 00:04:49,339 --> 00:04:51,013 အဖြစ်နဲ့တောင် မြင်နိုင်တယ်ပေါ့။ 81 00:04:53,048 --> 00:04:56,309 ဒီတော့ အသံ ပိုင်ဆိုင်မှုကို ပြန်ရယူပြီး ဒါကို ကျွန်မရဲ့ အနုပညာ 82 00:04:56,333 --> 00:04:58,447 လေ့ကျင့်မှုထဲမှာ ထည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ 83 00:05:01,016 --> 00:05:04,595 အသံနဲ့ပတ်သက်ပြီး ကျွန်မကို သင်ကြားပေးခဲ့တာ အားလုံးကို 84 00:05:04,619 --> 00:05:07,353 ဖယ်ရှား၊ ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တယ်။ 85 00:05:09,099 --> 00:05:11,389 အလုပ်ရဲ့ ကိုယ်ထည် အသစ်တစ်ခု စတင်ဖန်တီးခဲ့တယ်၊ 86 00:05:12,961 --> 00:05:15,515 ဒါကို အနုပညာ အသိုင်းအဝိုင်းမှာ တင်ပြတဲ့အခါ 87 00:05:15,539 --> 00:05:19,435 ကျွန်မ ရရှိခဲ့တဲ့ ထောက်ခံမှု၊အာရုံစိုက်မှု ပမာဏနဲ့အတူ အလွန်သဘောကျမိတယ်။ 88 00:05:20,676 --> 00:05:22,042 ကျွန်မ သဘောပေါက်ခဲ့တာက 89 00:05:23,669 --> 00:05:27,155 အသံဟာ၊ ငွေလို၊ 90 00:05:27,179 --> 00:05:30,351 စွမ်းအားလို၊ ထိန်းချုပ်မှုလို 91 00:05:30,375 --> 00:05:31,919 လူမှု ငွေကြေး ဆိုတာပါ။ 92 00:05:35,782 --> 00:05:39,646 ကျွန်မ စိတ်ထဲမှာ အမြဲ ခံစားမိတာကတော့ အသံဟာ ကိုယ်ပိုင်အရာ၊ 93 00:05:39,670 --> 00:05:41,157 နားကြားသူတစ်ဦးရဲ့ အရာတစ်ခုပါ။ 94 00:05:44,014 --> 00:05:46,489 အသံဟာ ကျွန်မနဲ့ ကျွန်မရဲ့ အနုပညာလက်ရာကို 95 00:05:46,513 --> 00:05:50,269 စွမ်းအားလျော့နည်းအောင်(သို့) ကျွန်မကို စွမ်းအားတိုးမြင့်အောင်လုပ်ပေး 96 00:05:50,293 --> 00:05:52,301 နိုင်လောက်အောင် အစွမ်းရှိပါတယ်။ 97 00:05:53,138 --> 00:05:54,675 စွမ်းအားမြှင့်ဖို့ကို ရွေးတယ်။ 98 00:05:56,969 --> 00:06:00,317 အပြော ဘာသာစကားဝန်းကျင်မှာ ဧရာမ ယဉ်ကျေးမှုတစ်ခုရှိတယ်။ 99 00:06:01,233 --> 00:06:06,500 ကျွန်မရဲ့ နဂိုအသံကို ဆက်သွယ်ဖို့ အသုံးမပြုတာကြောင့်ပဲ 100 00:06:06,524 --> 00:06:10,276 လူ့အဖွဲ့အစည်းရဲ့ အမြင်မှာ ကျွန်မမှာ အသံတစ်ခု လုံးဝ မရှိသလိုဖြစ်နေတယ်။ 101 00:06:12,945 --> 00:06:16,863 ဒီတော့ ကျွန်မကို တန်းတူအဖြစ် လက်ခံပ​ြီး ကျွန်မ အသံဖြစ်လာစေတဲ့ တစ်ဦးချင်းတွေနဲ့ 102 00:06:16,887 --> 00:06:18,359 အလုပ် တွဲလုပ်ဖို့လိုတယ်။ 103 00:06:20,523 --> 00:06:24,765 ဒီနည်းနဲ့ ယနေ့ လူ့အဖွဲ့အစည်းအတွင်းမှာ စပ်ဆိုင်မှုကို ကျွန်မ ထိန်းသိမ်းနိုင်တာပါ။ 104 00:06:24,789 --> 00:06:27,211 ဒီတော့ ကျောင်းမှာ၊ အလုပ်မှာ၊ အဖွဲ့အစည်းတွေမှာ 105 00:06:27,235 --> 00:06:29,559 ASL စကားပြန်မျိုးစုံနဲ့ ကျွန်မအလုပ် တွဲလုပ်တယ်။ 106 00:06:31,254 --> 00:06:34,453 သူတို့ရဲ့အသံက ကျွန်မရဲ့ အသံနဲ့ ကိုယ်ပိုင် လက္ခဏာဖြစ်လာတယ်။ 107 00:06:36,365 --> 00:06:38,070 သူတို့က ကျွန်မ ကြားရအောင် ကူညီတယ်။ 108 00:06:42,380 --> 00:06:46,543 သူတို့ အသံတွေက တန်ဖိုးနဲ့ ငွေကြေးကို ထိန်းထားတယ်။ 109 00:06:52,178 --> 00:06:54,516 ဖြစ်ချင်တော့ သူတို့ အသံတွေကို ငှားယူခြင်းအားဖြင့် 110 00:06:54,540 --> 00:06:58,361 ကျွန်မဟာ ငေွကြေးရဲ့ ယာယီပုံစံတစ်ခုကို ထိန်းသိမ်းလာနိုင်တယ်။ 111 00:06:58,385 --> 00:07:01,367 အင်မတန်မြင့်တဲ့ အတိုးနှုန်းတစ်ခုနဲ့ ငှားရမ်းယူတာမျိုးပေါ့။ 112 00:07:06,052 --> 00:07:08,149 ဒီလေ့ကျင့်မှုကို ဆက်မလုပ်ဘူးဆိုရင် 113 00:07:08,173 --> 00:07:11,006 ကျွန်မ မေ့ပျောက်သွားပြီး လူမှု ငွေကြေး ပုံစံတစ်ခုကို 114 00:07:11,030 --> 00:07:13,397 ထိန်သိမ်းနိုင်မှာ မဟုတ်ဘူးလို့ ခံစားမိတယ်။ 115 00:07:17,488 --> 00:07:20,143 ဒီတော့ ကျွန်မရဲ့အနုပညာ ဆက်သွယ်မှု အသစ်အဖြစ် အသံနဲ့အတူ 116 00:07:20,167 --> 00:07:21,901 ဂီတကမ္ဘာထဲမှာ ရှာဖွေခဲ့တယ်။ 117 00:07:23,089 --> 00:07:27,065 ဂီတနဲ့ ASL ကြားမှာ တူညီမှုတွေ မြင်ရတော့ ကျွန်မ အံ့ဩသွားတယ်။ 118 00:07:29,186 --> 00:07:30,703 ဥပမာအနေနဲ့ 119 00:07:30,727 --> 00:07:33,079 ဂီတ သင်္ကေတတစ်ခုကို 120 00:07:33,103 --> 00:07:36,126 စာရွက်ပေါ်မှာ အပြည့်အဝ ဖမ်းယူ ဖော်ပြလို့ မရဘူး။ 121 00:07:36,783 --> 00:07:39,835 ASL ထဲက အယူအဆအတွက် အလားတူ မှန်ကန်ပါတယ်။ 122 00:07:41,610 --> 00:07:45,624 နှစ်ခုစလုံးဟာ မြင့်မားစွာ ကျယ်လှမ်းပြီး မြင့်မားစွာ အနိမ့်အမြင့်ရှိတယ်။ 123 00:07:50,213 --> 00:07:52,370 ဆိုလိုတာက သိမ်မွေ့တဲ့ အပြောင်းအလဲတွေဟာ 124 00:07:52,394 --> 00:07:54,903 သင်္ကေတတွေနဲ့ အသံတွေရဲ့အဓိပ္ပာယ် 125 00:07:54,927 --> 00:07:56,711 တစ်ခုလုံးကို သက်ရောက်နိုင်တာပါ။ 126 00:07:59,898 --> 00:08:02,120 ASL အလုပ်လုပ်ပုံကို ပိုကောင်းကောင်း နားလည်ဖို့ 127 00:08:02,144 --> 00:08:05,129 စန္ဒရား ဥပစာတစ်ခုနဲ့ သင်တို့ကို မျှဝေချင်ပါတယ်။ 128 00:08:05,153 --> 00:08:06,711 စန္ဒရားတစ်လုံးကို မြင်ယောင်ပါ။ 129 00:08:08,299 --> 00:08:11,654 ASL ကို မတူတဲ့ သဒ္ဒါ ကန့်သတ် ဘောင်များစွာအဖြစ် ပိုင်းခြားထားတယ်။ 130 00:08:12,771 --> 00:08:16,831 သင် စန္ဒရားတီးစဉ်မှာ လက်ချောင်းတစ်ချောင်း စီကိုမတူတဲ့ ကန့်သတ်ဘောင်တစ်ခု ပေးရင် 131 00:08:16,855 --> 00:08:21,860 ဥပမာ စန္ဒရားတီးစဉ်မှာ 132 00:08:21,884 --> 00:08:25,656 မျက်နှာ အမူအရာ၊ ခန္ဓာကိုယ် လှုပ်ရှားမှု၊ 133 00:08:25,680 --> 00:08:27,888 အမြန်နှုန်း၊ လက်ပုံစံ စတာတွေပေါ့၊ 134 00:08:27,912 --> 00:08:29,749 အင်္ဂလိပ်က အစဉ်လိုက် ဘာသာစကားပါ၊ 135 00:08:29,773 --> 00:08:32,578 တစ်ကြိမ်မှာ ခလုတ်တစ်လုံး နှိပ်တာမျိုးပါ။ 136 00:08:32,602 --> 00:08:36,250 ဒါပေမဲ့ ASL ကတော့ ကော့ဒ်တစ်ခုနဲ့ ပိုတူတယ်။ 137 00:08:36,274 --> 00:08:39,658 ASL ထဲက ရှင်းလင်းတဲ့ အယူအဆ(သို့) စိတ်ကူးတစ်ခုကို ဖော်ပြဖို့ 138 00:08:39,682 --> 00:08:43,304 လက် ၁၀ ချောင်းစလုံးဟာ ပြိုင်တူ ကျလာဖို့လိုတယ်။ ​ြ 139 00:08:45,548 --> 00:08:49,574 ခလုတ်တွေထဲက တစ်ခုကပဲ့ ကော့ဒ်ကို ပြောင်းဖို့ဆိုရင် 140 00:08:49,598 --> 00:08:51,791 လုံးဝ မတူတဲ့ အဓိပ္ပာယ် တစ်ခုကို ဖန်တီးမှာပါ။ 141 00:08:52,152 --> 00:08:56,426 အသံအနိမ့်အမြင့်၊ အတိုးအကျယ်အရ ဂီတမှာ အလားတူ အကျုံးဝင်တယ်။ 142 00:09:00,518 --> 00:09:04,096 ASL မှာ မတူတဲ့ ဒီသဒ္ဒါဆိုင်ရာ ကန့်သတ်ဘောင်တွေနဲ့အတူ ကစားခြင်းအားဖြင့် 143 00:09:04,120 --> 00:09:05,813 မတူတဲ့ စိတ်ကူးတွေကို ဖော်ပြနိုင်တယ် 144 00:09:05,837 --> 00:09:07,822 ဥပမာ TO-LOOK-AT ကို နမူနာကြည့်ပါ။ 145 00:09:08,240 --> 00:09:09,948 ဒါက "ကြည့်ရန်" ဆိုတဲ့ သင်္ကေတပါ။ 146 00:09:12,699 --> 00:09:13,950 ငါ မင်းကို ကြည့်နေတယ်။ 147 00:09:16,056 --> 00:09:17,356 မင်းကို ငေးကြည့်နေတယ်။ 148 00:09:17,380 --> 00:09:19,094 (ရယ်သံများ) 149 00:09:21,103 --> 00:09:22,400 (ရယ်သံများ) 150 00:09:23,733 --> 00:09:26,399 အိုး၊ ပဲ့သွားပြီ။ 151 00:09:26,423 --> 00:09:27,573 (ရယ်သံများ) 152 00:09:29,608 --> 00:09:30,779 အိုး အို။ 153 00:09:33,521 --> 00:09:34,935 မင်း ဘာကို ကြည့်နေတာလဲ။ 154 00:09:37,410 --> 00:09:38,738 အော် ရပ်လိုက်တော့။ 155 00:09:38,762 --> 00:09:40,431 (ရယ်သံများ) 156 00:09:40,455 --> 00:09:41,639 ဒီနောက် စတွေးမိတာက 157 00:09:41,663 --> 00:09:44,580 "ဂီတ မှန်ဘီးလူတွေကနေ ASL ကို ငါကြည့်မယ် ဆိုရင်ရော။" 158 00:09:45,011 --> 00:09:48,218 အကြိမ်ကြိမ် ထပ်ကျော့နေတဲ့ သင်္ကေတတစ်ခုကို ဖန်တီးမယ်ဆိုရင် 159 00:09:48,242 --> 00:09:50,631 ဒါက အမြင်ပိုင်း ဂီတ တေးသွား တစ်ခုလိုဖြစ်လာနိုင်တယ်။ 160 00:09:52,016 --> 00:09:55,652 ဥပမာ ဒါက "နေ့" အတွက် သင်္ကေတပါ၊ 161 00:09:55,676 --> 00:09:57,848 နေဝင်၊နေထွက်သလိုပေါ့။ 162 00:09:59,789 --> 00:10:02,129 ဒါက "တစ်နေ့လုံး"ပါ။ 163 00:10:04,416 --> 00:10:07,617 ဒါကို ထပ်ကျော့ပြီး နှေးချလိုက်ရင် 164 00:10:07,641 --> 00:10:09,806 အမြင်ပိုင်းအရ ဂီတတေးသွားတစ်ခုနဲ့ တူပါတယ်။ 165 00:10:12,023 --> 00:10:14,482 တစ်နေ့...လုံး။ 166 00:10:15,186 --> 00:10:19,084 "တစ်ညလုံး"အတွက်လည်း အလားတူ မှန်ကန်တယ်လို့ ခံစားရတယ်။ 167 00:10:21,776 --> 00:10:22,930 "တစ်ညလုံး" 168 00:10:23,890 --> 00:10:27,125 ဒါက ဒီပုံထဲမှာ ကိုယ်စားပြုထားတဲ့ "တစ်ညလုံး"ပါ။ 169 00:10:30,501 --> 00:10:33,714 ဒါက မတူညီတဲ့ ညအမျိုးအစားတွေအကြောင်း ကျွန်မကို တွေးမိစေခဲ့တယ်။ 170 00:10:37,827 --> 00:10:38,977 "မနေ့ည" 171 00:10:40,747 --> 00:10:41,899 "တစ်ညတာ" 172 00:10:45,549 --> 00:10:48,303 (သီချင်းဆို) "တစ်ညလုံးပဲကွယ်" 173 00:10:48,327 --> 00:10:50,588 (ရယ်သံများ) 174 00:10:55,861 --> 00:10:59,206 တတိယတစ်ခုက အခြားနှစ်ခုထက် အများကြီး ပိုပြီး ဂီတဆန်သလို ခံစားရတယ်။ 175 00:10:59,230 --> 00:11:00,381 (ရယ်သံများ) 176 00:11:01,413 --> 00:11:04,448 ဒါက ASL မှာ အချိန်ကို ဖော်ပြပုံနဲ့ သင့်ခန္ဓာကိုယ်ကနေ 177 00:11:04,472 --> 00:11:08,931 အကွာအဝေးက အချိန်အတွင်းက ပြောင်းလဲမှုတွေ ကို ဖော်ပြနိုင်ပုံကို ကိုယ်စားပြုတယ်။ 178 00:11:08,955 --> 00:11:10,594 ဥပမာအနေနဲ့ 179 00:11:10,618 --> 00:11:13,757 1H က လက်တစ်ဖက်၊ 2H က လက်နှစ်ဖက် 180 00:11:13,781 --> 00:11:17,011 ပစ္စုပ္ပန် ကာလက အနီးဆုံးနဲ့ ခန္ဓာကိုယ်ရှေ့မှာ ဖြစ်ပျက်တယ်၊ 181 00:11:17,035 --> 00:11:20,472 အနာဂတ်က ခန္ဓာကိုယ်ရဲ့ ရှေ့မှာရှိပြီး အတိတ်က သင့်နောက်ကျောမှာပါ။ 182 00:11:24,209 --> 00:11:27,040 ဒီတော့ ပထမဆုံး နမူနာက "ဟိုးရှေးရှေးတုန်းက"ပါ။ 183 00:11:28,209 --> 00:11:29,370 နောက် "အတိတ်" 184 00:11:32,538 --> 00:11:34,231 "ဖြစ်နေကျ" နဲ့ 185 00:11:34,255 --> 00:11:36,290 နောက်ဆုံးတစ်ခု ကျွန်မ အကြိုက်ဆုံးက 186 00:11:36,314 --> 00:11:38,940 အင်မတန်ကို စိတ်ကူးယဉ်ဆန်ပြီး ပြဇာတ်ဆန်တဲ့ အယူအဆပါတဲ့ 187 00:11:38,964 --> 00:11:40,553 "တစ်ခါတုန်းက"ပါ။ 188 00:11:40,577 --> 00:11:41,986 (ရယ်သံများ) 189 00:11:45,962 --> 00:11:48,679 "Common time" 190 00:11:48,703 --> 00:11:50,471 ကတော့ ဂီတဆိုင်ရာ ဝေါဟာရ တစ်ခုပါ၊ 191 00:11:50,495 --> 00:11:54,478 ပမာဏတစ်ခုမှာ စည်းချက် လေးချက်ရှိတဲ့ သီးခြား အချိန်ပြ အမှတ်အသားပါ။ 192 00:11:55,614 --> 00:11:57,426 ဒါပေမဲ့ "common time " ကိုမြင်တဲ့အခါ 193 00:11:57,450 --> 00:12:00,606 ကျွန်မစိတ်မှာ အလိုလို ရောက်လာတာက "တစ်ချိန်တည်းမှာ"ပါ။ 194 00:12:01,645 --> 00:12:04,856 ဒီတော့ သတိပြုပါ၊ RH ညာလက်၊ LH ဘယ်လက်။ 195 00:12:05,578 --> 00:12:08,197 ခေါင်းနဲ့ ရင်ဘတ်ကို ဖြတ်ပြီး ဂီတသင်္ကေတရှိတယ်။ 196 00:12:08,221 --> 00:12:09,403 [ခေါင်း: RH, Flash claw] 197 00:12:09,427 --> 00:12:10,677 [Common time] 198 00:12:10,701 --> 00:12:12,234 [ရင်ဘတ်: LH, Flash claw] 199 00:12:13,712 --> 00:12:16,810 အခု "flash claw" လို့ ခေါ်တဲ့ လက်ပုံစံကို သရုပ်ပြတော့မှာပါ။ 200 00:12:18,722 --> 00:12:20,699 ကျွန်မနဲ့အတူ လိုက်လာပေးလို့ရမလား။ 201 00:12:21,723 --> 00:12:23,067 အားလုံး၊ လက်တွေ ထောင်ပြပါ။ 202 00:12:26,776 --> 00:12:29,474 အခု ခေါင်းနဲ့ ရင်ဘတ် နှစ်ခုစလုံးမှာ ဒါကို လုပ်ပါတော့မယ်။ 203 00:12:29,498 --> 00:12:31,872 "common time" (သို့) တစ်ချိန်တည်းမှာ ဆိုတာမျိုးပါ။ 204 00:12:35,595 --> 00:12:36,896 ဟုတ်ကဲ့၊ ရပါပြီ။ 205 00:12:37,329 --> 00:12:40,144 ဒါက နိုင်ငံတကာ [သင်္ကေတ]မှာ "ချစ်မိသည်" လို့ဆိုလိုတာပါ။ 206 00:12:40,168 --> 00:12:42,045 (ရယ်သံများ) 207 00:12:42,069 --> 00:12:43,972 နိုင်ငံတကာ [သင်္ကေတ] က ဂီတသင်္ကေတလိုပဲ 208 00:12:43,996 --> 00:12:46,741 ကမ္ဘာတစ်လွှားက ယဉ်ကျေးမှုတွေနဲ့ လက်ဟန် ဘာသာစကားတွေကနေ 209 00:12:46,765 --> 00:12:49,466 ကူညီ ဆက်သွယ်ဖို့ အမြင်ပိုင်း ကိရိယာတစ်ခုပါ။ 210 00:12:49,997 --> 00:12:52,283 ဒုတိယ တစ်ခုက ကျွန်မ သရုပ်ပြချင်တာက ဒါပါ။ 211 00:12:52,307 --> 00:12:54,043 ထပ်ပြီး ကျွန်မနဲ့ အတူ လိုက်လာပေးပါ။ 212 00:12:58,891 --> 00:13:00,041 အခုတော့ ဒါပါ။ 213 00:13:05,358 --> 00:13:08,058 ဒါက ASL မှာ "ကိုလိုနီပြုခြင်း"ပါ။ 214 00:13:08,082 --> 00:13:09,486 (ရယ်သံများ) 215 00:13:11,407 --> 00:13:12,678 အခု တတိယက 216 00:13:12,702 --> 00:13:14,096 ထပ်ပြီး အတူလိုက်လာပေးပါဦး။ 217 00:13:19,072 --> 00:13:20,222 ပြီးတော့ နောက်ထပ် 218 00:13:24,970 --> 00:13:27,478 ဒါက ASL မှာ "ဉာဏ်အလင်း"ပါ၊ 219 00:13:27,502 --> 00:13:29,063 သုံးခုစလုံးကို အတူ လုပ်ရအောင်။ 220 00:13:31,732 --> 00:13:32,889 "ချစ်မိသည်" 221 00:13:33,897 --> 00:13:35,066 "ကိုလိုနီပြုခြင်း" 222 00:13:35,845 --> 00:13:36,995 ပြီးတော့ "ဉာဏ်အလင်း"ပါ။ 223 00:13:38,767 --> 00:13:39,917 အားလုံး တော်ကြပါတယ်။ 224 00:13:39,941 --> 00:13:41,159 (ရယ်သံများ) 225 00:13:41,183 --> 00:13:43,421 ဒီသင်္ကေတသုံးခုစလုံး အလွန် တူနေပုံကို သတိပြုပါ။ 226 00:13:43,445 --> 00:13:45,542 အားလုံးက ခေါင်းနဲ့ ရင်ဘတ်မှာ ဖြစ်ပေါ်ကြပေမဲ့ 227 00:13:45,566 --> 00:13:47,788 အတော်လေး ခြားနားတဲ့ အဓိပ္ပာယ်တွေ ပေးပါတယ်။ 228 00:13:47,812 --> 00:13:51,136 ဒီတော့ ASL က အသက်ဝင်ပြီး ရှင်သန်နေပုံကို မြင်ရတာက အံ့ဩစရာပါ။ 229 00:13:51,160 --> 00:13:52,459 ဂီတလိုပါပဲ။ 230 00:13:54,152 --> 00:13:56,978 ဒါပေမဲ့ ဒီနေ့နဲ့ ဒီခေတ်မှာ 231 00:13:57,002 --> 00:13:59,604 ကျွန်မတို့ဟာ အသံ ဗဟိုပြု ကမ္ဘာတစ်ခုမှာ နေထိုင်ကြတာပါ။ 232 00:13:59,628 --> 00:14:03,009 ASL မှာ အသံမပါတဲ့အတွက်ကြောင့်ပဲ 233 00:14:03,033 --> 00:14:05,943 ၎င်းဟာ အလိုအလျောက် လူမှုဆိုင်ရာ ငေွကြေး မဖြစ်တော့ဘူး။ 234 00:14:07,271 --> 00:14:12,009 ဘာက လူမှုဆိုင်ရာ ငွေေကြးကို သတ်မှတ်တာ၊ ဘာက ASL ကို အသံမပါဘဲ 235 00:14:12,033 --> 00:14:15,875 ကိုယ်ပိုင်ငွေကြေးပုံစံကို ဖြစ်စေတဲ့ အကြောင်းကို ပိုလေးနက်စွာ 236 00:14:15,899 --> 00:14:17,064 စတင် တွေးဖို့လိုတယ်၊ 237 00:14:18,262 --> 00:14:22,950 ဒါက ပိုမိုပါဝင်တဲ့ လူမှုအဖွဲ့အစည်းတစ်ဆီ ဦးတည်ဖို့ ခြေတစ်လှမ်း ဖြစ်နိုင်လောက်တယ်။ 238 00:14:26,291 --> 00:14:28,423 ဖြစ်နိုင်တာက ASL ကို သင်ယူဖို့ 239 00:14:28,447 --> 00:14:31,983 နားမကြားသူဖြစ်ဖို့မလိုဘူး၊ ဂီတကို သင်ယူဖို့ အကြားအာရုံလည်း 240 00:14:32,007 --> 00:14:34,294 မလိုဘူးဆိုတာကို သင်တို့ နားလည်သွားမယ်။ 241 00:14:36,891 --> 00:14:39,586 ASL ဟာ သင်တို့ကို အလားတူ အတွေ့အကြုံ တစ်ခု 242 00:14:39,610 --> 00:14:42,395 ရစေချင်လောက်အောင် ကြွယ်ဝတဲ့ ရတနာသိုက်တစ်ခုပါ။ 243 00:14:42,419 --> 00:14:45,195 သင်တို့ရဲ့ နားတွေကို ဖွင့်ဖို့၊ မျက်လုံးတွေကို ဖွင့်ဖို့၊ 244 00:14:45,219 --> 00:14:47,110 ကျွန်မတို့ရဲ့ ယဉ်ကျေးမှုမှာ ပါဝင်ပြီး 245 00:14:47,134 --> 00:14:48,845 အမြင်ပိုင်း ဘာသာစကားကို 246 00:14:48,869 --> 00:14:51,388 တွေ့ကြုံခံစားဖို့ သင်တို့ကို ဖိတ်ခေါ်ချင်ပါတယ်။ 247 00:14:51,412 --> 00:14:52,847 ကျွန်မတို့ကို သင်တို့ 248 00:14:52,871 --> 00:14:54,611 ချစ်သွားနိုင်တာ လုံးဝ မသိကြဘူးလေ။ 249 00:14:54,635 --> 00:14:56,693 (လက်ခုပ်သံများ) 250 00:14:56,717 --> 00:14:57,879 ကျေးဇူးတင်ပါတယ်။ 251 00:14:58,508 --> 00:15:00,409 Denise Kahler-Braaten: ဟေး၊ ကျွန်မပါ။ 252 00:15:00,433 --> 00:15:03,831 (လက်ခုပ်သံများ)