1 00:00:00,880 --> 00:00:03,096 Bayeku က ကြိုဆိုပါတယ်ရှင်၊ 2 00:00:03,120 --> 00:00:06,496 Lagos က Ikorodu မှာရှိတဲ့ မြစ်ကမ်းနေ လူမှုအဖွဲ့အစည်းတစ်ခုပါ။ 3 00:00:06,520 --> 00:00:12,896 Nigeria တစ်လွှားက များစွာသော လူမှုအဖွဲ့ အစည်းတွေရဲ့ ထင်ရှားတဲ့ ကိုယ်စားပြုချက်ပါ၊ 4 00:00:12,920 --> 00:00:16,896 ၎င်းတို့ရဲ့ ရေကြောင်းတွေဟာ တိုးဝင်ပြန့်ပွားတဲ့ ရေမှော်ပင်တွေရဲ့ 5 00:00:16,920 --> 00:00:19,776 ဖိစီးတာခံနေရတဲ့ လူမှုအဖွဲ့ အစည်းတွေပါ။ 6 00:00:19,800 --> 00:00:25,056 စီးပွားရေးရာ အသက်မွေးဝမ်းကျောင်းမှုတွေ ဟန့်တားခံရတဲ့ လူမှုအဖွဲ့အစည်းတွေပါ။ 7 00:00:25,080 --> 00:00:28,296 ငါးဖမ်းခြင်း၊ ရေကြောင်းပို့ဆောင်ရေးနဲ့ 8 00:00:28,320 --> 00:00:29,576 ရောင်းဝယ်၊ ဖောက်ကားကြတာပါ။ 9 00:00:29,600 --> 00:00:33,776 ငါးအထွက်နှုန်း ဆုတ်ယုတ်လာတဲ့ လူမှုအဖွဲ့အစည်းတွေပါ။ 10 00:00:33,800 --> 00:00:38,416 ကျောင်းသားငယ်လေးတွေ နေ့များစွာ၊ တစ်ခါတစ်လေ သီတင်းပတ်တွေချီပြီး 11 00:00:38,440 --> 00:00:42,736 ကျောင်းကို မသွားနိုင်တဲ့ လူမှုအဖွဲ့အစည်းတွေပါ။ 12 00:00:42,760 --> 00:00:45,616 ဒီအရွက်ဝိုင်းဝိုင်း၊ ရိုးတံဖောင်းဖောင်းနဲ့ 13 00:00:45,640 --> 00:00:52,376 ခပ်ကြွားကြွား လာဗင်ဒါပွင့်တွေနဲ့ အပင်တွေဟာ ဒီလူမှုအဖွဲ့အစည်းတွေကို 14 00:00:52,400 --> 00:00:56,176 ဒီလောက် ဗြောင်းဆန်စေမယ်လို့ ဘယ်သူတွေးမိမှာတုန်း။ 15 00:00:56,200 --> 00:00:58,976 ဒီအပင်ကို ဗေဒါပင်လို့ လူသိများပြီး 16 00:00:59,000 --> 00:01:02,296 ရုက္ခဗေဒ အမည်ကတော့ Eichhornia crassipes ပါ။ 17 00:01:02,320 --> 00:01:06,856 စိတ်ဝင်စားစရာက Nigeria မှာ ဒီအပင်က အခြားအမည်တွေနဲ့ သိနေတာပါ။ 18 00:01:06,880 --> 00:01:09,736 ဒဏ္ဍာရီတွေနဲ့ရှိသလို သမိုင်းဝင်အဖြစ်အပျက် တွေနဲ့ 19 00:01:09,760 --> 00:01:11,656 ဆက်စပ် နေတဲ့ အမည်တွေပါ၊ 20 00:01:11,680 --> 00:01:15,776 တစ်ချို့နေရာတွေမှာ ဒီအပင်ကို Babangida လို့ခေါ်တယ်။ 21 00:01:15,800 --> 00:01:20,936 Babangida လို့ကြားတဲ့အခါ စစ်တပ်နဲ့ စစ်တပ် အာဏာသိမ်းမှုတွေကို အမှတ်ရကြပါတယ်။ 22 00:01:20,960 --> 00:01:24,296 တွေးမိတာက ကြောက်ရွံ့မှု၊ ချုပ်ထိန်းမှုပါ။ 23 00:01:24,320 --> 00:01:29,696 Niger မြစ်ဝှမ်းက Nigeria ဒေသတွေမှာတော့ ဒီအပင်ကို Abiola လို့ လူသိများတယ်။ 24 00:01:29,720 --> 00:01:34,136 Abiola လို့ကြားတဲ့အခါ ဖျက်သိမ်းလိုက်တဲ့ ရွေးကောက်ပွဲတွေကို အမှတ်ရကြပြီး 25 00:01:34,160 --> 00:01:36,776 တွေးမိတာက လွှင့်ပယ်သွားတဲ့ မျှော်လင့်ချက်တွေပေါ့။ 26 00:01:36,800 --> 00:01:39,336 Nigeria ရဲ့ အနောက်တောင်ဘက်မှာတော့ 27 00:01:39,360 --> 00:01:41,576 ဒီအပင်ကို Gbe'borun လို့ အသိများတယ်။ 28 00:01:41,600 --> 00:01:43,376 Gbe'borun ဆိုတာက "အတင်းအဖျင်း"၊ 29 00:01:43,400 --> 00:01:47,376 တနည်း "စကားသယ်သူ" လို့ ဘာသာပြန်လို့ရတဲ့ Yoruba စကားစုတစ်ခုပါ၊ 30 00:01:47,400 --> 00:01:53,216 အတင်းအဖျင်းအကြောင်းဆိုတော့ တွေးမိတာ က ပြန်လည်ထုတ်ပေးခြင်း၊ ဖျက်ဆီးခြင်းပါ။ 31 00:01:53,240 --> 00:01:55,776 Nigeria ရဲ့ Igala စကားပြောတဲ့နေရာတွေမှာ 32 00:01:55,800 --> 00:01:58,656 ဒီအပင်ကို A Kp'iye Kp'oma လို့ အသိများပါတယ်။ 33 00:01:58,680 --> 00:02:01,376 ပြီးတော့ ဒါကိုကြားတဲ့အခါ သေခြင်းတရားကို တွေးမိပါတယ်။ 34 00:02:01,400 --> 00:02:06,256 တိုက်ရိုက် ပြန်ဆိုချက်က "မိခင်နဲ့ ကလေးကို သေစေခြင်း" ပါ။ 35 00:02:06,280 --> 00:02:11,136 ၂၀၀၉ ခုမှာ ဒီအပင်နဲ့ ကိုယ်တိုင် ကြုံတွေ့ဖူးခဲ့တယ်။ 36 00:02:11,160 --> 00:02:16,896 ဒါက US ကနေ Nigeria ကို ရုံးပြောင်းတဲ့ ခဏချင်းအတွင်းမှာပါ။ 37 00:02:16,920 --> 00:02:19,456 America ကုမ္ပဏီက အလုပ်ကိုထွက်လိုက်ပြီး 38 00:02:19,480 --> 00:02:22,656 ဒီထူးခြားစွန့်စားတဲ့ စိတ်ကူးကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ 39 00:02:22,680 --> 00:02:26,176 Nigeria က တည်တံ့တဲ့ ဖွံ့ဖြိုးမှုရဲ့ဒေသမှာ လုပ်စရာတွေ အများကြီး 40 00:02:26,200 --> 00:02:28,336 ရှိတယ်ဆို တဲ့ နက်ရှိုင်းတဲ့ ခံယူချက်ကနေ 41 00:02:28,360 --> 00:02:30,816 ပေါက်ဖွားလာတဲ့ ထူးခြားစွန့်စားတဲ့ စိတ်ကူးပါ။ 42 00:02:30,840 --> 00:02:33,816 ဒါနဲ့ ၂၀၀၉ တွင် ဒီမှာ ရှိခဲ့တယ်၊ 43 00:02:33,840 --> 00:02:35,976 တကယ်က ၂၀၀၉ အကုန်မှာပါ၊ 44 00:02:36,000 --> 00:02:39,016 Third Mainland Bridge ပေါ်က Lagos မှာပါ။ 45 00:02:39,040 --> 00:02:43,696 ဘယ်ဘက်ကို ကြည့်လိုက်တော့ အရမ်း ဖမ်းစားတဲ့ ဒီပုံရိပ်ကို မြင်ခဲ့တယ်။ 46 00:02:43,720 --> 00:02:45,496 ဒါက ထူထပ် ကျပ်ခဲနေတဲ့ 47 00:02:45,520 --> 00:02:51,256 ဗေဒါပင်တွေကြောင့် ပိတ်မိနေတဲ့ ငါးဖမ်းလှေတွေရဲ့ ပုံပါ။ 48 00:02:51,280 --> 00:02:53,656 မြင်လိုက်ရတာကြောင့် တကယ်ကို နာကျင်သွားမိတာက 49 00:02:53,680 --> 00:02:55,176 ကိုယ့်ကိုယ်ကို တွေ့မိလိုက်တာက 50 00:02:55,200 --> 00:02:57,056 "ဒီ ဆင်းရဲသား တံငါသည်တွေ၊ 51 00:02:57,080 --> 00:03:01,936 ဒီကန့်သတ်မှုတွေနဲ့ နေ့စဉ်ဘဝ လုပ်ဆောင်မှုတွေကို 52 00:03:01,960 --> 00:03:04,056 ဘယ်လိုများ လုပ်ကြမလဲ" လို့ပါ။ 53 00:03:04,080 --> 00:03:07,136 ပြီတော့ "ပိုကောင်းတဲ့ နည်းလမ်းရှိဖို့ လိုပြီ"လို့ တွေးမိတယ်။ 54 00:03:07,160 --> 00:03:12,176 နှစ်ဘက်လှ ဖြေရှင်းချက်ဖြစ်တဲ့ လမ်း ကြောင်းကနေ ဒီမှော်ပင်တွေကို 55 00:03:12,200 --> 00:03:14,576 ရှင်းလိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို 56 00:03:14,600 --> 00:03:17,736 စောင့်ရှောက်ခြင်းနဲ့ မှော်ပင်ပွားတာ ကြောင့် အများဆုံး 57 00:03:17,760 --> 00:03:20,576 ထိခိုက်နေတဲ့ ရပ်ရွာတွေကလူတွေရဲ့ ဘဝတွေအတွက် စီးပွားရေး 58 00:03:20,600 --> 00:03:22,360 အကျိုးကျေးဇူး အသွင် ပြောင်းလိုက်တာပါ။ 59 00:03:23,160 --> 00:03:26,736 ဒါက ကျွန်မရဲ့ လင်းလက်သွားတဲ့ ကာလလို့ ပြောရမှာပါ။ 60 00:03:26,760 --> 00:03:30,216 ဒါနဲ့ ဒီမှော်ပင်တွေရဲ့ အကျိုးပြုတဲ့ အသုံးတွေကို 61 00:03:30,240 --> 00:03:33,176 ပိုရှာတွေ့ဖို့ သုသေသနပြုခဲ့တယ်။ 62 00:03:33,200 --> 00:03:36,616 အများကြီးထဲကမှ ကျွန်မကို ခိုက်သွားစေတဲ့ တစ်ခုက 63 00:03:36,640 --> 00:03:39,736 ဒီအပင်ကို လက်မှုပစ္စည်းတွေအတွက် အသုံးပြုတာပါ။ 64 00:03:39,760 --> 00:03:42,096 "ကောင်းလိုက်တဲ့ အကြံပဲ"လို့ တွေးမိတယ်။ 65 00:03:42,120 --> 00:03:44,496 ကျွန်မသဘောအရ လက်မှုပစ္စည်းတွေကို ကြိုက်တယ်၊ 66 00:03:44,520 --> 00:03:49,176 အထူးသဖြင့် ပုံပြင်တစ်ခုကို ဝန်းရံ ရက်ထားတဲ့ လက်မှုပစ္စည်းတွေပေါ့။ 67 00:03:49,200 --> 00:03:53,816 ဒါနဲ့ "ဒါဟာ လူမှုအဖွဲ့အစည်းတွေ အတွင်းမှာ နည်းပညာ ကျွမ်းကျင်မှုတွေ မပါဘဲနဲ့ 68 00:03:53,840 --> 00:03:57,376 လွယ်လွယ် အသုံးချလို့ရနိုင်တယ်"လို့ တွေးမိတယ်။ 69 00:03:57,400 --> 00:04:02,040 " ဒါတွေဟာ ဧရာမ အဖြေ အတွက် ရိုးစင်းတဲ့ ခြေလှမ်းတွေ"လို့ ကိုယ့်ဘာသာတွေးမိတယ်။ 70 00:04:03,040 --> 00:04:08,136 ပထမအဆင့်၊ ရေလမ်းကြောင်းတွေထဲကို သွားပြီး ဗေဒါတွေကို ရိတ်သိမ်းတာပါ။ 71 00:04:08,160 --> 00:04:10,456 ဒီနည်းက အခွင့်အလမ်းကို ဖန်တီးတာပေါ့။ 72 00:04:10,480 --> 00:04:15,056 ဒုတိယအနေနဲ့ ဗေဒါရိုးတွေကို အခြောက်လှန်းတာပါ။ 73 00:04:15,080 --> 00:04:20,495 တတိယက ဗေဒါတွေကို ထုတ်ကုန်အဖြစ် ရက်လုပ်တာပါ။ 74 00:04:20,519 --> 00:04:22,896 တတိယအဆင့်က စိန်ခေါ်မှုတစ်ခုပါ။ 75 00:04:22,920 --> 00:04:25,616 နောက်ခံအနေနဲ့ ကျွန်မက ကွန်ပြူတာ သိပ္ပံပညာရှင်ဖြစ်ပြီး 76 00:04:25,640 --> 00:04:28,296 ဖန်တီးတဲ့ အနုပညာရှင် တစ်ယောက်မဟုတ်ဘူး။ 77 00:04:28,320 --> 00:04:30,016 ဒီတော့ ဘယ်လို ရက်လုပ်တယ်ဆိုတာ 78 00:04:30,040 --> 00:04:32,976 သိရအောင် စတင် စူးစမ်းတယ်။ 79 00:04:33,000 --> 00:04:37,136 ဒီရှာဖွေမှုက ကျွန်မကို က Sabo လို့ခေါ် တဲ့ ကျွန်နေတဲ့ Ibadan က လူမှုအဖွဲ့အစည်း 80 00:04:37,160 --> 00:04:38,576 တစ်ခုဆီ ခေါ်သွားတယ်။ 81 00:04:38,600 --> 00:04:41,456 Sabo ကို "သူစိမ်း ရပ်ကွက်"လို့ ပြန်ဆိုပါတယ် 82 00:04:41,480 --> 00:04:44,496 ဒီလူမှုအဖွဲ့အစည်းက တိုင်းပြည်ရဲ့ မြောက်ပိုင်းကလူတွေနဲ့ 83 00:04:44,520 --> 00:04:46,496 အဓိက ဖွဲ့စည်းထားတာပါ။ 84 00:04:46,520 --> 00:04:49,456 ဒီတော့ မှော်ပင်ခြောက်တွေကို တကယ့်ကို လက်ထဲကိုင် ယူလာခဲ့တယ်၊ 85 00:04:49,480 --> 00:04:51,056 ဒီထက်အများကြီး ပိုများခဲ့ပြီး 86 00:04:51,080 --> 00:04:54,416 ဒီကြာပင်တွေကို ကြိုးကျစ်ဖို့ ဘယ်သူ ကိုယ့်ကိုသင်ပေးနိုင်မလဲဆိုပြီး 87 00:04:54,440 --> 00:04:58,856 အိမ်ပေါက်စေ့ တံခါးဆက်ခေါက်ခဲ့တယ်။ 88 00:04:58,880 --> 00:05:02,000 ကျွန်မကို Mariam Yahaya တို့ရဲ့ ရုံကို သွားဖို့လမ်းညွန်ခဲ့တယ်။ 89 00:05:02,880 --> 00:05:05,896 ဒါပေမဲ့ ပြဿနာက Mariam Yahaya တို့က အင်္ဂလိပ်လို မပြောဘူး၊ 90 00:05:05,920 --> 00:05:08,016 ကျွန်မကလည်း Huasa စကား မပြောတတ်ဘူးလေ။ 91 00:05:08,040 --> 00:05:10,176 ဒါပေမဲ့ ကလေးငယ်လေးတွေ အကူရောက်လာပြီး 92 00:05:10,200 --> 00:05:11,976 ဝိုင်းကူ ဘာသာပြန်ပေးကြတယ်။ 93 00:05:12,000 --> 00:05:15,256 ဒါက ကျွန်မရဲ့ ရက်လုပ်နည်း သင်ယူခြင်း ခရီးစတင်ခဲ့ပြီး 94 00:05:15,280 --> 00:05:19,856 ဒီဗေဒါရိုးခြောက်တွေကို ကြိုးရှည်တွေအဖြစ် 95 00:05:19,880 --> 00:05:22,760 ပြောင်းလဲခဲ့တာပေါ့။ 96 00:05:23,400 --> 00:05:25,656 လက်ထဲက ကြိုးရှည်တွေနဲ့ 97 00:05:25,680 --> 00:05:28,776 ထုတ်ကုန်တွေ ဖန်တီးဖို့ အခု ပစ္စည်းစုံသွားတာပေါ့။ 98 00:05:28,800 --> 00:05:31,216 ပြီတော့ ဒါက အစုစပ်လုပ်ငန်းရဲ့ နိဒါန်းပဲပေါ့။ 99 00:05:31,240 --> 00:05:35,216 ထုတ်ကုန်တွေရလာဖို့ ကြိမ်ထည် ရက်လုပ်သူတွေနဲ့ တွဲလုပ်တာပါ။ 100 00:05:35,240 --> 00:05:38,016 ဒီတော့ ဒါလက်ထဲမှာ ရှိပြီဆိုတော့ ဒီဗဟုသုတကို 101 00:05:38,040 --> 00:05:40,040 မြစ်ကမ်းဘေးနေ လူမှုအဖွဲ့အစည်းတွေဆီ 102 00:05:40,064 --> 00:05:42,616 ပြန်ပေးနိုင်ကာ သူတို့ရဲ့ ဒုက္ခကို 103 00:05:42,640 --> 00:05:47,896 ကြီးပွားခြင်းအဖြစ် ပြောင်းလဲဖို့ ကူညီ နိုင်လိမ့်မယ်လို့ ယုံကြည်မိသွားတယ်။ 104 00:05:47,920 --> 00:05:51,096 ဒါနဲ့ ဒီမှော်ပင်တွေကိုယူပြီး ရောင်းလို့ ရတဲ့ ထုတ်ကုန်တွေအဖြစ် 105 00:05:51,120 --> 00:05:53,696 တကယ်ကို ရက်လုပ်ခဲ့ပါတယ်။ 106 00:05:53,720 --> 00:05:57,456 ဒါနဲ့ ကျွန်မတို့မှာ ဘောပင်တွေ၊ ပန်းကန်ခွက်ယောက်တွေ ရှိတယ်။ 107 00:05:57,480 --> 00:06:01,256 ပိုက်ဆံအိတ်တွေ၊ တစ်ရှူးဘူးတွေ ရှိတယ်။ 108 00:06:01,280 --> 00:06:03,816 ဒီနည်းနဲ့ လူမှုအဖွဲ့အစည်းတွေကို ဗေဒါပင်ကို ထူးခြားတဲ့ 109 00:06:03,840 --> 00:06:07,016 အလင်းရောင်တစ်ခုအဖြစ် သိမြင်ဖို့ ကူညီခြင်းပါ။ 110 00:06:07,040 --> 00:06:09,696 ဗေဒါပင်ကို အဖိုးတန်တဲ့၊ သုခုမမြောက်တဲ့၊ 111 00:06:09,720 --> 00:06:15,856 တာရှည်ခံ၊ ခိုင်ခံ့ပြီး ဒူပေနာပေခံတာအဖြစ် သိစေခြင်းပါ။ 112 00:06:15,880 --> 00:06:19,256 အမည်တွေကိုပြောင်းခြင်း၊ အသက်မွေး မှုတွေကို ပြောင်းပေးခြင်းပါ။ 113 00:06:19,280 --> 00:06:22,256 Gbe'borun အတင်းအဖျင်းကနေ 114 00:06:22,280 --> 00:06:25,096 Olusotan ပုံပြောသူ လို့ပေါ့။ 115 00:06:25,120 --> 00:06:29,136 ပြီးတော့ A Kp'iye Kp'Oma " မိခင်နဲ့ ကလေးကို သတ်သူ" ဆိုတာကနေ 116 00:06:29,160 --> 00:06:31,496 Ya du j'wlye Kp'Oma ဆိုတဲ့ 117 00:06:31,520 --> 00:06:34,896 "မိခင်နဲ့ ကလေးကို အစာထောက်ပံ့သူ " လို့ပါ။ 118 00:06:34,920 --> 00:06:38,776 Michael Maegolis ရဲ့ အဆိုအမိန့်လေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။ 119 00:06:38,800 --> 00:06:43,816 သူပြောတာက " ယဉ်ကျေးမှုတစ်ခုအကြောင်း လေ့လာချင်ရင် ပုံပြင်တွေကို နားထောင်ပါ။ 120 00:06:43,840 --> 00:06:47,896 ယဉ်ကျေးမှုတစ်ခုကို ပြောင်းလဲချင်ရင် ပုံပြင်တွေကို ပြောင်းလိုက်ပါ "တဲ့။ 121 00:06:47,920 --> 00:06:53,016 ဒီလိုနဲ့ Makoko လူမှုအဖွဲ့အစည်းကနေ Abobiri သို့ Ewoi သို့ 122 00:06:53,040 --> 00:06:56,696 Kolo သို့ Owahwa Esaba သို့ 123 00:06:56,720 --> 00:06:59,296 ကျွန်မတို့ ပုံပြင်ကို ပြောင်းလိုက်ပါပြီ။ 124 00:06:59,320 --> 00:07:00,856 နားဆင်ပေးတဲ့အတွက် ကျေးဇူးပါ။ 125 00:07:00,880 --> 00:07:04,000 (လက်ခုပ်သံများ)