1 00:00:00,900 --> 00:00:02,570 (၂၀၀၁)ခုနှစ်မှာ ကျွန်တော့ရဲ့ ပထမဆုံးကလေးစာအုပ် 2 00:00:02,570 --> 00:00:04,293 ပုံနှိပ်ထုတ်ဝေလိုက်တော့ 3 00:00:04,293 --> 00:00:06,506 ကျွန်တော့ရဲ့ မူလတန်းကျောင်းဟောင်းကို ပြန်သွားပြီး 4 00:00:06,506 --> 00:00:08,446 ကျောင်းသူ၊ကျောင်သားတွေကို စာရေးဆရာနဲ့ သရုပ်ဖော်ပုံတွေရေးဆွဲသူ ပန်းချီဆရာတစ်ယောက်ရဲ့ 5 00:00:08,446 --> 00:00:10,162 ဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။ 6 00:00:10,162 --> 00:00:12,895 မုန့်စားတန်း ခန်းမကျယ်ထဲမှာ ကျွန်တော့ရဲ့ 7 00:00:12,895 --> 00:00:16,100 ဆလိုက်ပရိုဂျက်တာကို ဆင်နေတုန်းမှာ 8 00:00:16,100 --> 00:00:18,148 အခန်းထဲကို ဝေ့ဝဲကြည့်မိလိုက်တယ်။ 9 00:00:18,148 --> 00:00:20,759 ပြီးတော့ သူမက အဲဒီမှာရှိနေတာပေါ့။ 10 00:00:20,759 --> 00:00:22,603 ကျွန်တော့ရဲ့ အရင်တုန်းက နေ့လည်စာ စီစဉ်ပေးသူ အမျိုးသမီးကြီးပါ။ 11 00:00:22,603 --> 00:00:24,570 သူမဟာ အခုထက်ထိ ကျောင်းမှာရှိနေတုန်းပါပဲ။ 12 00:00:24,570 --> 00:00:27,456 ပြီးတော့ တစ်နေ့တာအတွက် နေ့လည်စာတွေကို မနေမနား စီစဉ်နေတုန်းပဲလေ။ 13 00:00:27,456 --> 00:00:29,100 ဒါကြောင့် သူ့ကို နှုတ်ခွန်းဆက်ဖို့ သူမအနားကပ်သွားလိုက်ပြီး ပြောလိုက်တာက 14 00:00:29,100 --> 00:00:30,987 "ဟိုင်း၊ ဂျင်းနီရေ၊ နေကောင်းတယ်နော်" လို့ပေါ့။ 15 00:00:30,987 --> 00:00:32,557 ဒီမှာ သူမက ကျွန်တော့ကို ကြည့်လိုက်ပါတယ်၊ 16 00:00:32,557 --> 00:00:34,284 သူမ ကျွန်တော့ကို မှတ်မိတယ်ဆိုတာ ကျွန်တော်ပြောရဲတယ်ဗျာ။ 17 00:00:34,284 --> 00:00:37,369 ဒါပေမဲ့ သူမဟာ ကျွန်တော့ကို သိပ်ပြီး မမှတ်မိဘူးဖြစ်နေတယ်။ ဒါနဲ့ သူမက ကျွန်တော့ကို ကြည့်ပြီးပြောလိုက်တာက " 18 00:00:37,369 --> 00:00:40,130 " Stephen Krosoczka လား"တဲ့။ 19 00:00:40,130 --> 00:00:42,272 ဒီတော့ ကျွန်တော် Krosoczka ဆိုတာကို သူမသိတယ်ဆိုတော့ ကျွန်တော် အံ့အားသင့်သွားတာပေါ့ဗျာ။ 20 00:00:42,272 --> 00:00:45,703 ဒါပေမဲ့ စတီဖန်ဆိုတာက ကျွန်တော့ထက် အသက်(၂၀)ပိုကြီးတဲ့ ကျွန်တော့ဦးလေးပါ။ 21 00:00:45,703 --> 00:00:48,840 သူရဲ့ ကလေးဘဝတုန်းကလည်း သူမက နေ့လည်စာ စီစဉ်ပေးတဲ့သူ ဖြစ်ခဲ့တာကိုး။ 22 00:00:48,840 --> 00:00:51,345 နောက်ပြီးတော့ သူမရဲ့ မြေးတွေအကြောင်းကို ကျွန်တော့ကို စတင်ပြီး ပြောနေတော့တာပေါ့။ 23 00:00:51,345 --> 00:00:54,050 ဒါက ကျွန်တော့ကို ဘဝင်ခိုက်သွားစေတာပေါ့ဗျာ။ 24 00:00:54,050 --> 00:00:55,844 ကျွန်တော့ရဲ့ နေလည်စာ စီစဉ်ပေးသူ အမျိုးသမီကြီးမှာ မြေးတွေရှိခဲ့တယ်၊ 25 00:00:55,844 --> 00:00:56,808 ဒါကြောင့် ကလေးတွေဟာ ၊ 26 00:00:56,808 --> 00:01:00,063 ဒါကြောင့်ပဲ အဆုံးမှာ ကျောင်းက ထွက်သွားတတ်တာကိုး။ 27 00:01:00,063 --> 00:01:01,806 ကျွန်တော်ထင်ထားမိတာက သူမဟာ မုန့်စားတန်းထဲမှာ 28 00:01:01,806 --> 00:01:02,679 ဇွန်းတွေ တည်ခင်းပေးရင်း နေထိုင်ခဲ့တယ်ဆိုတာပဲ။ 29 00:01:02,679 --> 00:01:04,622 အဲဒီမတိုင်မှီက ဒီအကြောင်းကို ကျွန်တော် တစ်ခါကလေးမှ မတွေးမိခဲ့ဖူးပါဘူးဗျာ။ 30 00:01:04,622 --> 00:01:08,354 ကောင်းပြီဗျာ၊ အဲဒီ အကြောင်းတရားနဲ့ ကြုံတွေလိုက်ရတာက ကျွန်တော့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ကွန့်မြူးစေခဲ့တာပေါ့။ 31 00:01:08,354 --> 00:01:11,905 ကျွန်တော် Lunch Lady ဆိုတဲ့ ရုပ်ပြဝတ္ထုတွဲတွေကို ဖန်တီးခဲ့ပါတယ်။ 32 00:01:11,905 --> 00:01:14,082 နေ့လည်စာ စီစဉ်ပေးတဲ့ အမျိုးသမီးဟာ မကောင်းဆိုးဝါး 33 00:01:14,082 --> 00:01:16,680 လူသားစက်ရုပ်ကြီးတွေ၊ ကျောင်းကားမှာရှိတဲ့ သတ္တဝါကြီးတစ်ကောင်၊ 34 00:01:16,680 --> 00:01:19,582 သန္ဓေပြောင်း သင်္ချာပြိုင်ပွဲဝင်တွေကို သူမရဲ့ ငါးတုတ်ချောင်း နန်ချပ်ကူကိုသုံးပြီး 35 00:01:19,582 --> 00:01:22,889 တိုက်ထုတ်တဲ့ ကာတွန်းဇာတ်လမ်းတွဲတွေပေါ့။ 36 00:01:22,889 --> 00:01:24,356 ပြီးတော့ စာအုပ်အဆုံးသတ်တိုင်းမှာ 37 00:01:24,356 --> 00:01:25,862 သူတို့တွေဟာ လူဆိုးကို ဆံထုံးအုပ်နဲ့ဖမ်းပြီး 38 00:01:25,862 --> 00:01:29,616 ကြေညာလိုက်တာက "တရားမျှတမှုကို ထမ်းဆောင်လိုက်ပါတယ် ဗျို့"တဲ့။ 39 00:01:29,616 --> 00:01:33,869 (ရယ်သံများ) (လက်ခုပ်သံများ) 40 00:01:33,869 --> 00:01:36,476 ပြီးတော့ ဒါဟာ အံ့ဩစရာကောင်းနေခဲ့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်လမ်းတွဲကို 41 00:01:36,476 --> 00:01:39,369 ကလေးတွေရဲ့ စာဖတ်ခြင်း လောကမှာ အရမ်းကြီး ကြိုဆိုလက်ခံကြပြီး 42 00:01:39,369 --> 00:01:41,608 သူတို့တွေက အံ့ဩစရာအကောင်းဆုံး စာတွေ၊ 43 00:01:41,608 --> 00:01:43,765 ကတ်ပြားတွေ၊ သရုပ်ဖော်ပုံတွေကို ကျွန်တော့ဆီကို ပို့ခဲ့ကြတယ်လေ။ 44 00:01:43,765 --> 00:01:46,239 နောက်ပြီး ကျောင်းတွေကို ကျွန်တော်သွားသွားနေတုန်း သတိထားမိလိုက်တာက 45 00:01:46,239 --> 00:01:48,793 နေ့လည်စာ ဝန်ထမ်းတွေဟာ အစီအစဉ်မှာ အင်မတန်ကိုမှ အဓိပ္ပါယ်ရှိလှတဲ့ 46 00:01:48,793 --> 00:01:50,939 နည်းလမ်းတစ်ခု ပါဝင်ပတ်သက်နေနေတာပါပဲ။ 47 00:01:50,939 --> 00:01:52,685 နောက်ပြီးတော့ တစ်နံတစ်လျားမှာရှိတဲ့ 48 00:01:52,685 --> 00:01:54,780 နေ့လည်စာဝန်ထမ်း အမျိုးသမီးတွေအားလုံးက တစ်လေသံတည်း ကျွန်တော့ကို ပြောပြကြတာက 49 00:01:54,780 --> 00:01:58,675 "ကျွန်မတို့နဲ့ ဆင်တဲ့ ထိပ်တန်းလူစွမ်းကောင်းတစ်ဦးကို ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"တဲ့လေ။ 50 00:01:58,675 --> 00:02:01,444 ဘာဖြစ်လို့လဲဆိုတော့ဗျာ ကြာလာတော့ ခေတ်သစ်ယဉ်ကျေးမှုမှာ 51 00:02:01,444 --> 00:02:04,966 နေ့လည်စာဝန်ထမ်း အမျိုးသမီးကို ဖော်ဖော်ရွေရွေနဲ့ မဆက်ဆံကြတော့ဘူးလေ။ 52 00:02:04,966 --> 00:02:07,138 ဒါပေမဲ့ ဒါက ဂျင်းနီအတွက် အရမ်းကို အဓိပ္ပါယ်အရှိဆုံးဖြစ်နေတယ်လေ။ 53 00:02:07,138 --> 00:02:08,828 စာအုပ်တွေပထမဆုံး ပုံနှိပ်ထုတ်ဝေတော့ 54 00:02:08,828 --> 00:02:10,931 စာအုပ်မိတ်ဆက်ပွဲမှာ သူမကိုဖိတ်ကြားခဲ့ပါတယ်။ 55 00:02:10,931 --> 00:02:12,743 လူတိုင်းရဲ့ရှေ့မှောက်မှာ၊ 56 00:02:12,743 --> 00:02:14,040 သူမနှစ်ပေါင်းများစွာ ကျွေးမွေးပြုစုခဲ့တဲ့ သူတွေရဲ့ရှေ့မှောက်မှာပေါ့၊ 57 00:02:14,040 --> 00:02:16,980 ကျွန်တော် သူမကို ပန်းချီလက်ရာတစ်ခုနဲ့ စာအုပ်တစ်ချို့ကို ပေးခဲ့ပါတယ်။ 58 00:02:16,980 --> 00:02:19,549 ဒီဓါတ်ပုံရိုက်ပြီး နောက်(၂)နှစ် အကြာမှာတော့ 59 00:02:19,549 --> 00:02:21,360 သူမ ကွယ်လွန်သွားရှာခဲ့ပါတယ်။ 60 00:02:21,360 --> 00:02:22,447 သူမရဲ့ အသုဘ ညစောင့်အိပ်တာကို ကျွန်တော်တက်ရောက်တော့ 61 00:02:22,447 --> 00:02:25,286 ကျွန်တော်မြင်လိုက်ရတာက ကျွန်တော်လုံးဝ မမျှော်လင့်ထားခဲ့တဲ့အရာပါ။ 62 00:02:25,286 --> 00:02:28,774 အကြောင်းကတော့ သူမရဲ့ ခေါင်းဘေးမှာရှိခဲ့တာက ဒီပန်းချီကားလေးဗျာ။ 63 00:02:28,774 --> 00:02:32,340 ပြီး သူမရဲ့ အမျိုးသားကပြောတာက ကျွန်တော် အသိအမှတ်ပြုခဲ့မိလိုက်တဲ့ 64 00:02:32,340 --> 00:02:34,758 သူမရဲ့ အလုပ်ကြိုးစားမှု၊ ကျွန်တော် သက်သေပြုခဲ့လိုက်တဲ့ သူမလုပ်ခဲ့တာတွေဟာ 65 00:02:34,758 --> 00:02:37,624 သူမအတွက်အတော်ကို အရေးပါခဲ့တယ်တဲ့လေ။ 66 00:02:37,624 --> 00:02:39,516 နောက်ပြီးတော့ ဒါက နိူင်ငံတလွှားမှာရှိတဲ့ 67 00:02:39,516 --> 00:02:41,766 မုန့်စားတန်းတွေမှာရှိတဲ့ ခံစားချက်ကို ကျွန်တော်တို့ ပြန်လည်ထူထုတ်ဖော်နိူင်တဲ့ 68 00:02:41,766 --> 00:02:44,781 နေ့တစ်နေ့ကို ဖန်တီးဖို့ ကျွန်တော့ကို စေ့ဆော်ပေးခဲ့ပါတယ်။ 69 00:02:44,781 --> 00:02:46,434 "ကျောင်းမုန့်စာတန်း လူစွမ်းကောင်းများနေ့"။ ကျောင်းက ကလေးတွေ သူတို့ရဲ့ နေလည်စာ ဝန်ထမ်းတွေအတွက် 70 00:02:46,434 --> 00:02:49,292 ထိုးထွင်းဖန်တီးထားတဲ့ ပရောဂျက်တွေ ပြုလုပ်နိူင်တဲ့ နေ့တစ်နေ့ပေါ့ဗျာ။ 71 00:02:49,292 --> 00:02:51,496 ကျွန်တော် "ကျောင်းအဟာရ အဖွဲ့အစည်းနဲ့ တွဲဖက်လိုက်ပါတယ်။ 72 00:02:51,496 --> 00:02:54,624 နေ့စဉ်နေ့တိုင်း ကျောင်းနေ့လည်စာ အစီအစဉ်မှာ ကလေးပေါင်း 73 00:02:54,624 --> 00:02:56,446 သန်း (၃၀)ကျော်ကျော် ပါဝင်ဆောင်ရွက်ကြတယ်ဆိုတာ သင်သိပါသလား။ 74 00:02:56,446 --> 00:02:59,798 ဒါဟာဆိုရင် ကျောင်းစာသင်နှစ်တိုင်းမှာ ပြုလုပ်တဲ့ နေ့လည်စာ သန်း(၅၀၀၀)ကျော်ကျော် 75 00:02:59,798 --> 00:03:01,305 အရေအတွက်နဲ့ ညီမျှတာပေါ့။ 76 00:03:01,305 --> 00:03:03,691 သူရဲကောင်း ဆန်တဲ့ ဇာတ်လမ်းတွေဟာ ကလေးတစ်ယောက်က သူတို့ရဲ့ လင်ပန်းပေါ်မှာ 77 00:03:03,691 --> 00:03:05,678 အပိုကြက်သားတုံးကလေး အနည်းငယ်ကိုတင်လိုက်တယ် ဆိုတာထက်ကို 78 00:03:05,678 --> 00:03:06,843 အများကြီးကျော်လွန် သွားပါတယ်။ 79 00:03:06,843 --> 00:03:08,552 ကယ်လီဖိုးနီးယားမှာ Ms. Brenda ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ 80 00:03:08,552 --> 00:03:11,341 သူမဟာဆိုရင် သူမရဲ့ လိုင်းကို ဖြတ်လျှောက်လာတဲ့ ကလေးတိုင်းကို 81 00:03:11,341 --> 00:03:13,826 အနီးကပ်စောင့်ကြည့်ပြီး၊ တစ်ခုခုလွဲချော်သွားရင် လမ်းညွှန်ချက်ပေးတဲ့ 82 00:03:13,826 --> 00:03:15,176 အကြံပေးပုဂ္ဂိုလ်ကို အစီရင်ခံပါတယ်။ 83 00:03:15,176 --> 00:03:16,600 ကျောင်းသာ(၆၇)ရာခိုင်နှုန်းဟာ နေ့တိုင်းပဲ ဒီနေ့လည်စာတွေကို 84 00:03:16,600 --> 00:03:19,235 မှီခိုနေရတယ်ဆိုတာကို နားလည်သဘောပေါက်သူတွေကတော့ 85 00:03:19,235 --> 00:03:21,208 ကန်တပ်ကီမှာရှိတဲ့ နေ့လည်စာဝန်ထမ်း အမျိုးသမီးတွေပါ။ 86 00:03:21,208 --> 00:03:23,324 သူတို့တွေဟာ နွေရာသီမှာ မစားမသောက်ပဲနေခဲ့မှာဆိုတော့ 87 00:03:23,324 --> 00:03:25,348 သူတို့တွေဟာ ရွေ့လျား ကျွေးမွေးခြင်း ယူနစ်တစ်ခုကို ဖန်တီးဖို့ 88 00:03:25,348 --> 00:03:27,100 ကျောင်းကားတစ်စီးကို ပြန်လည်ပံ့ပိုးပေးခဲ့ပါတယ်။ 89 00:03:27,100 --> 00:03:28,335 နောက်ပြီး နွေရာသီကာလအတွင်းမှာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ရပ်ကွက်တွေကို 90 00:03:28,335 --> 00:03:31,134 ခရီးဆန့်ပြီး တစ်နေ့ကို ကလေး(၅၀၀) ကျွေးမွေးခဲ့ပါတယ်။ 91 00:03:31,134 --> 00:03:33,729 နောက်ပြီးတော့ ကလေးတွေဟာ အံ့ဩဖွယ်ရာ အကောင်းဆုံး ပရောဂျက်တွေကို ဖန်တီးခဲ့ကြပါတယ်။ 92 00:03:33,729 --> 00:03:34,779 သူတို့လုပ်လိမ့်မယ်လို့ ကျွန်တော်သိနေတယ်လေ။ 93 00:03:34,779 --> 00:03:36,391 ကလေးတွေဟာ ရောင်စုံ ကတ်ထူစက္ကူတွေကိုသုံးပြီး 94 00:03:36,391 --> 00:03:38,385 ဟန်ဘာဂါ ကတ်ပြားတွေလုပ်ခဲ့ကြတယ်။ 95 00:03:38,385 --> 00:03:40,286 သူတို့ရဲ့ နေ့လည်စာ ဝန်ထမ်းအမျိုးသမီးရဲ့ ဦးခေါင်းကို ဓာတ်ပုံရိုက်ယူပြီး၊ 96 00:03:40,286 --> 00:03:42,094 ကျွန်တော့ရဲ့ ကာတွန်းရုပ်ပေါ်မှာလာကပ်၊ 97 00:03:42,094 --> 00:03:43,887 ပြီးတော့ နွားနို့ဘူးတစ်ဘူးပေါ်မှာ တပ်ဆင်လိုက်ပြီး 98 00:03:43,887 --> 00:03:46,373 သူတို့ကို ပန်းပွင့်တွေနဲ့အတူ လက်ဆောင်ပေးလိုက်ကြတယ်။ 99 00:03:46,373 --> 00:03:48,376 နောက်ပြီး သူတို့ကိုယ်ပိုင် ရုပ်ပြောင်တွေဖန်တီးခဲ့ကြတယ်၊ 100 00:03:48,376 --> 00:03:49,737 ကာတွန်း နေ့လည်စာ ဝန်ထမ်းအမျိုးသမီးနဲ့ 101 00:03:49,737 --> 00:03:51,960 တကယ့် နေ့လည်စာ ဝန်ထမ်းအမျိုးသမီးတို့ ယှဉ်တွဲ သရုပ်ဆောင်နေတဲ့ပုံတွေပေါ့။ 102 00:03:51,960 --> 00:03:53,896 နောက်ပြီး ကျေးဇူးတင်ချီးမွမ်းတဲ့ ပီဇာတွေ သူတို့လုပ်ကြပါတယ်၊ 103 00:03:53,896 --> 00:03:55,811 ဒီမှာ ရောင်စုံ ကတ်ထူစက္ကူ ပီဇာရဲ့ အပေါ်က လောင်းထားတဲ့ အလွှာအမျိုးမျိုးမှာ 104 00:03:55,811 --> 00:03:58,770 ကလေးတိုင်းက လက်မှတ်ထိုးထားကြတယ်လေ။ 105 00:03:58,770 --> 00:04:02,370 ကျွန်တော့အဖို့ကတော့ဗျာ နေ့လည်စာ တည်ခင်းတဲ့ အမျိုးသမီးတွေဆီကလာတဲ့ 106 00:04:02,370 --> 00:04:04,349 တုံ့ပြန်မှုကြောင့် အရမ်းကြီးကို စိတ်လှုပ်ရှားမိခဲ့တာပေါ့။ 107 00:04:04,349 --> 00:04:06,228 ဘာဖြစ်လို့လဲဆိုတော့ဗျာ အမျိုးသမီးတစ်ယောက်က ကျွန်တော့ကို ပြောလိုက်လို့ပါ၊ သူပြောလိုက်တာက 108 00:04:06,228 --> 00:04:08,763 "ဒီနေ့မတိုင်ခင်က ကျွန်မဟာ ဒီကျောင်းမှာရှိတဲ့ 109 00:04:08,763 --> 00:04:11,200 ဂြိုဟ်ကမ္ဘာရဲ့ အစွန်းကိုရောက်သလိုမျိုး ခံစားမိပါတယ်ရှင်။ 110 00:04:11,200 --> 00:04:13,575 ကျွန်မတို့ ဟောဒီမှာရှိနေတာကို ဘယ်သူကမှ သတိထားမိခဲ့တယ်လို့တောင် မထင်မိခဲ့ဘူးရှင်"တဲ့လေ။ 111 00:04:13,575 --> 00:04:15,442 နောက်ထပ် အမျိုးသမီးတစ်ယောက် ပြောတာက 112 00:04:15,442 --> 00:04:17,990 "ရှင်သိတဲ့အတိုင်းပဲလေ၊ ကျွန်မ ဒီကနေ ရရှိလိုက်တဲ့ အကျိုးကျေးဇူးက 113 00:04:17,990 --> 00:04:20,944 ကျွန်မလုပ်ဆောင်တာဟာ အရေးပါတယ်ဆိုတာပါပဲရှင်"တဲ့။ 114 00:04:20,944 --> 00:04:23,284 သူမလုပ်ဆောင်တာဟာ အရေးပါတယ်ဆိုတာ မှန်တာပေါ့ဗျာ။ 115 00:04:23,284 --> 00:04:25,388 သူတို့အားလုံး လုပ်ဆောင်တာတွေဟာ အရေးပါပါတယ်ဗျာ။ 116 00:04:25,388 --> 00:04:28,777 သူတို့တွေဟာ ကျွန်တော့တို့ ကလေးတွေကို နေ့တိုင်း ကျွေးမွေးနေကြတာဖြစ်ပြီးတော့ 117 00:04:28,777 --> 00:04:31,236 ကလေးတစ်ယောက်ဟာ စာမသင်ခင် 118 00:04:31,236 --> 00:04:33,766 သူတို့ရဲ့ ဗိုက်တွေပြည့် နေဖို့လိုတာပေါ့။ 119 00:04:33,766 --> 00:04:35,544 ရှေ့တန်းမျက်နှာစာတွေမှာ အလုပ်လုပ်နေကြတဲ့ 120 00:04:35,544 --> 00:04:37,467 ဒီအမျိုးသမီး၊ အမျိုးသားတွေဟာ ပညာတတ် 121 00:04:37,467 --> 00:04:39,670 လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖို့ပါ။ 122 00:04:39,670 --> 00:04:42,440 ဒါကြောင့်မို့လို့ ခင်ဗျားတို့ရဲ့ နေ့လည်စာ ဝန်ထမ်းအမျိုးသမီးတွေကို 123 00:04:42,440 --> 00:04:44,341 ကျေးဇူးတင်စကားပြောဖို့ "ကျောင်းနေ့လည်စာ လူစွမ်းကောင်းများနေ့" 124 00:04:44,341 --> 00:04:46,376 အထိရောက်တဲ့အထိကို စောင့်နေကြမှာ မဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်မိပါတယ်။ 125 00:04:46,376 --> 00:04:48,424 ကျေးဇူးတင်မှုတစ်ခုဟာ ဘယ်လိုအစွမ်းထက်မြက်တယ်ဆိုတာကို 126 00:04:48,424 --> 00:04:51,270 ခင်ဗျားတို့ မှတ်မိကြမယ်လို့လည်း ကျွန်တော်မျှော်လင့်မိပါတယ်။ 127 00:04:51,270 --> 00:04:53,265 ကျေးဇူးတင်မှုတစ်ခုဟာ ဘဝတစ်ခုကို ပြောင်းလဲနိူင်ပါတယ်။ 128 00:04:53,265 --> 00:04:56,467 ဒါကို လက်ခံရရှိသူ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေပါတယ်။ 129 00:04:56,467 --> 00:04:58,751 ဒါကို နှုတ်မြွက်ပြောဆိုသူတစ်ယောက်ရဲ့ 130 00:04:58,751 --> 00:05:00,377 ဘဝကို ပြောင်းလဲစေပါတယ်။ 131 00:05:00,377 --> 00:05:02,733 ကျေးဇူးတင်ပါတယ်ဗျာ။ 132 00:05:02,733 --> 00:05:06,733 (လက်ခုပ်သံများ)