လူနှစ်ဦးဟာ လမ်းထဲမှာ လမ်းလျှောက်လာရင်း သူတို့ချင်း တိုက်မိပြီဆိုပါတော့။ သူတို့တွေ ခါထုတ်လိုက်ပြီး လမ်းဆက်လျှောက်ရုံပေါ့။ တစ်ခါတစ်ရံ မော်လီကျူးတွေမှာလည်း ဒါမျိုးဖြစ်တတ်တယ်။ ဒါမျိုး ကန်ထွက်သွားရုံပေါ့။ ဒါပေမဲ့ လူနှစ်ဦး တိုက်မိကြမယ် ပြီးတော့ တိုက်မိချိန်မှာ တစ်ဦးရဲ့ လက်ဟာ ပြုတ်ထွက်ပြီး ကျန်တစ်ဦးရဲ့ မျက်နှာမှာ ချိတ်သွားရင် ဘာဖြစ်မလဲ။ ဒါက တကယ့်ကို ထူးဆန်းဖွယ်ပါ။ ဒါပေမဲ့ ဒါဟာ မော်လီကျူးတွေချင်း ဓာတ်ပြုနိုင်တဲ့ နည်းများစွာထဲက တစ်ခုနဲ့ဆင်ပါတယ်။ မော်လီကျူးနှစ်လုံးပေါင်းကာ တစ်လုံးဖြစ်နိုင်တယ်။ တစ်လုံးကနေ ကွဲပြီး နှစ်လုံးဖြစ်လာနိုင်တယ်။ မော်လီကျူးတွေဟာ ကွာထွက် သွားနိုင်ပါတယ်။ ဒီပြောင်းလဲမှု အားလုံးက ဓာတ်ပြုမှုတွေဖြစ်ပြီး ကျုပ်တို့ အနားမှာ ဒါတွေဖြစ်နေတာ မြင်နိုင်ပါတယ်။ ဥပမာ။ ။ မီးပန်းတွေပေါက်တာ ဒါမှမဟုတ် သံချေးတက်တာ (သို့) နို့သိုးတာ (သို့) လူတွေ မွေးရာကနေ အိုမင်း၊ သေဆုံး၊ နောက် ဆွေးမြည့်တာတွေပေါ့။ ဒါပေမဲ့ ဓာတုဓာတ်ပြုခြင်းတွေက ဖြစ်ခြင်တိုင်း ဖြစ်လို့မရပါ။ အရာရာတိုင်း နေသားတကျ ဖြစ်ဖို့လိုပါတယ်။ တစ်.. မော်လီကျူးတွေဟာ တခုကိုတခု မှန်ကန်တဲ့ တူရူချက်အတိုင်း ဝင်တိုက်ရပါမယ်။ နှစ်.. တခုနဲ့တခု ပြင်းထန်စွာ တိုက်ရပါမယ်။ တနည်းဆိုရင်.. စွမ်းအင် လုံလောက်ရမယ်ပေါ့။ အခု ဓာတ်ပြုမှုက ဦးတည်ချက် တစ်ဖက်ထဲလို့ ခင်ဗျား ထင်ကောင်း ထင်နိုင်ပါတယ်၊ ဒါမျိုးပေါ့။ တစ်ခါတစ်ခါ မှန်ပါတယ်။ ဥပမာ။ ။ မီးရှို့လို့မရ(သို့) ဖောက်ခွဲမရတဲ့ အရာတွေ မဖြစ်နိုင်တဲ့အခါပေါ့။ ဒါပေမဲ့ ဓာတ်ပြုမှုအများစုမှာ ရှေ့သွားနဲ့ နောက်ပြန်ဆိုတဲ့ လားရာနှစ်ရပ် ဖြစ်နိုင်ပါတယ်။ မျက်နှာပေါ် လက်ပေါက်နေတဲ့ ကျုပ်တို့လူက လက်ရဲ့မူလနေရာမှာ ပြန်တပ်လို့ရအောင် လက်မရှိတဲ့ မိန်းကလေးနဲ့ မတိုက်မိရဘူးဆိုတဲ့ အကြောင်းမရှိပါဘူး။ ကဲ.. နည်းနည်း အနုစိတ်ကြည့်စို့။ အခု ခင်ဗျားအနေနဲ့ လမ်းပေါ်မှာ လူထောင်ချီ တွေ့ထားပြီး သူတို့အားလုံး သူတို့လက်တွေ ပုံမှန်တပ်ဆင်လျက်ပဲ ဆိုပါစို့။ အစမှာ.. တိုက်မိလိုက်တိုင်း A ဆိုတဲ့လူက လက်ကို B ဆိုတဲ့ လူရဲ့ မျက်နှာဆီပေးဖို့ အခွင့်အရေး ရရှိပါတယ်။ ဒီတော့ အစပိုင်းမှာ.. မျက်နှာမှာ လက်ပေါက်နေသူ (သို့)လက်ပျောက်နေသူတွေ ပိုပိုများလာပေမဲ့ မျက်နှာမှာ လက်ပေါက်တဲ့ လူဦးရေလိုပဲ လက်ပျောက်တဲ့ လူဦးရေဟာ တိုးမယ်၊ ဒီလူတွေကြားမှာ တိုက်မိတာတွေ ပိုအဖြစ်များပါမယ်။ သူတို့ချင်း တိုက်မိတဲ့အခါ ခန့်မှန်းကြည့်ပါတော့။ ပုံမှန် ကိုယ်အင်္ဂါရှိတဲ့ လူတွေ ပြန်ထွက်ပေါ်ပါတယ်။ အခု.. ၁ စက္ကန့်မှာ ပြုတ်ထွက်တဲ့ လက် အရေအတွက် လွှဲပြောင်းမှု စတင်ပါလိမ့်မယ် နောက်တော့ ကျမယ်၊ ပြီးတော့ ၁ စက္ကန့်မှာ ပြန်တပ်တဲ့ လက် အရေအတွက် လွှဲပြောင်းမှုက သုံညမှ စတင်ပါလိမ့်မယ် နောက်တော့ တက်လာမယ်။ အဆုံးမှာ သူတို့တွေ ဆုံကြမယ်၊ သူတို့တွေ တူသွားပါမယ်။ အဲဒါ ဖြစ်တဲ့အခါ အခြေအနေတစ်ခုစီမှာ ရှိကြတဲ့ လူအရေအတွက် ပြောင်းနေတာ ရပ်ပါမယ် ဒါတောင်မှ လူတွေက တစ်ဦးနဲ့တစ်ဦး တိုက်နေကြပြီး ခြေတံလက်တံတွေ ဖလှယ်နေကြဆဲပါ။ အခြေအနေ တစ်ခုစီမှာရှိတဲ့ လူဘယ်လောက်ရှိမယ်လို့ ခင်ဗျားထင်လဲ။ တဝက်၊ တဝက်စီဆိုမှန်လား။ မဟုတ်ဘူး။ ဖြစ်နိုင်ပါတယ်။ ဒါက အခြေအနေအရပါ။ ဒါက ၅၀/၅၀ ဖြစ်နိုင်ပေမဲ့ ၄၀/၆၀ ဖြစ်နိုင်တယ် ဒါမှမဟုတ် ၁၅/၈၅ ပါ သို့မဟုတ် ဘာမဆိုပေါ့။ ကျုပ်တို့ရဲ့ ဓာတုသမားတွေက ကျုပ်တို့ လက်အိတ်လေးတွေပေရေအောင် လုပ်တာပါပဲ။ အ.. ကျုပ်တို့တွေ ဓာတ်ခွဲခန်းမှာပါ၊ တကယ် မညစ်ပတ်ပါဘူး။ မော်လီကျူးတွေရဲ့ တကယ့် ဖြန့်ဝေနေရာယူခြင်းက ဘာဆိုတာရှာဖို့ပါ။ လက်တစ်ခုစီ လွှဲပြောင်းပေမဲ့ ပါဝင်ကြသူတွေကို အနီးကပ်ကြည့်ရင် သိပ်ကို ယောက်ယက်ခတ်တဲ့ ဖြစ်ရပ်ပါ၊ လူအရေအတွက်က မပြောင်းတာကို တွေ့မှာပါ။ ဒါကို Nirvana မျှခြေခေါ်ပါတယ်။ ပြီးတော့ ဓာတ်ပြုခြင်းတွေနဲ့ ဖြစ်ပွားရုံပဲမဟုတ်ပါဘူး မျိုးပေါင်းစုလို အရာတွေနဲ့ အမြန်လမ်း ကားကြပ်တဲ့ ပုံစံတူမျိုးပါ။ ယင်းက ပေ ၃၀ ၀၀၀ မှ ကောင်းကောင်းရှိပါတယ် ဒါပေမဲ့၊ လက်တွေ့မှာ ရူးကြောင်ကြောင် ဖြစ်စရာ များစွာ ဒီမှာရှိပါတယ်၊ ခင်ဗျားအနေနဲ့ ဒါကို ချဲ့ကြည့်ရုံပါပဲ။