WEBVTT 00:00:01.206 --> 00:00:07.125 (ဂီတသံ) 00:00:14.325 --> 00:00:18.822 ဒီပျားကောင်တွေဟာ California၊ Berkeley ရှိ ကျွန်တော့ နောက်ဖေးခြံထဲမှာပါ။ 00:00:18.822 --> 00:00:21.221 မနှစ်တုန်းကအထိ ကျွန်တော်ဟာ ပျားတွေကို မမွေးခဲ့ဘူးပါ၊ 00:00:21.221 --> 00:00:25.270 ဒါပေမဲ့၊ National Geographic က သူတို့ အကြောင်း ဓာတ်ပုံရိုက်ဖို့ ပြောလာတာနဲ့ 00:00:25.270 --> 00:00:27.769 ဆွဲဆောင်မှုရှိမယ့် ဓာတ်ပုံတွေ ရိုက်နိုင်ဖို့ 00:00:27.769 --> 00:00:30.253 ကိုယ်တိုင် ပျားတွေကို မွေးရန် ဆုံးဖြတ်ခဲ့တယ်။ 00:00:30.253 --> 00:00:31.948 ပျားတွေဟာ သီးနှံတွေရဲ့ 00:00:31.948 --> 00:00:34.572 သုံးပုံတပုံကို ဝတ်မှုန် ကူးပေးတာ ခင်ဗျားတို့ သိကြမယ်ထင်တယ်၊ 00:00:34.572 --> 00:00:37.730 နောက်ဆုံးအချိန်ပိုင်းမှာ ပျားတွေရဲ့ ဘဝဟာ အတော့်ကို ခက်ထန်လာခဲ့တယ်။ 00:00:37.730 --> 00:00:42.281 အဲဒါနဲ့ ဓာတ်ပုံဆရာ တဦးအနေနဲ့ အဲဒီပြဿနာကို စူးစမ်းရန် ဆုံးဖြတ်လိုက်တယ်။ 00:00:42.281 --> 00:00:45.466 နောက်ဆုံး တနှစ်မှာ ကျွန်တော် တွေ့ရှိခဲ့တာကို ခင်ဗျားတို့ကို ပြပေးမှာပါ။ 00:00:46.276 --> 00:00:47.900 အမွေးထူတဲ့ ဒီအကောင်လေးတွေဟာ 00:00:47.900 --> 00:00:52.243 ပျားပေါက်စ အကောင်တွေ သူတို့နေနေခဲ့ကြရတဲ့ အခန်းငယ်ထဲမှ ကိုယ်တဝက် ထွက်လာကြတယ်၊ 00:00:52.243 --> 00:00:55.283 ဒီပျားတွေဟာ ပိုးသတ်ဆေး၊ ရောဂါတွေ နဲ့ နေထိုင်စရာ ပျောက်လာနေခြင်းတို့လို၊ 00:00:55.283 --> 00:00:59.535 ပြဿနာ တော်တော်များများကို ကိုင်တွယ် ဖြေရှင်းနေကြရပေမဲ့၊ 00:00:59.535 --> 00:01:04.146 တခုတည်းသော အကြီးဆုံး အန္တရာယ်မှာ Varroa ဖျက်ဆီးသူလို့ ခေါ်ကြတဲ့ အာရှတိုက်မှ 00:01:04.146 --> 00:01:06.475 ကမျဉ်းကောင်ဆိုတဲ့ ကပ်ပါးကောင်ပါပဲ။ 00:01:06.475 --> 00:01:09.354 အပ်ခေါင်း အရွယ် အဲဒီကမျဉ်းကောင်ဟာ ပေါက်ခါစ ပျားတွေဆီကို တွာသွားလျက် 00:01:09.354 --> 00:01:11.699 သူတို့ရဲ့ သွေးကို စုတ်ယူပါတယ်။ 00:01:11.699 --> 00:01:13.696 အဲဒါက ပျားတွေရဲ့ ကိုယ်ခံ စနစ်ကို အားနည်းလာစေတာမို့ 00:01:13.696 --> 00:01:16.940 ပျားအုံဟာ တဖြည်းဖြည်းနဲ့ ပျက်ပြုန်းသွားရမှာပါ၊ 00:01:16.940 --> 00:01:20.476 အဲဒါကြောင့် ပျားတွေဟာ ဖိစီးမှု နဲ့ ရောဂါတွေကို ခုခံနိုင်စွမ်း ကျဆင်းလာကြပါတယ်။ 00:01:21.776 --> 00:01:23.773 ပျားတွေဟာ သူတို့မွေးဖွားရာ အခန်းငယ်ထဲမှာ 00:01:23.773 --> 00:01:26.513 ဖွံ့ဖြိုးလာနေချိန်မှာ သိပ်ကို ထိခိုက်လွယ်ကြပါတယ်၊ 00:01:26.513 --> 00:01:29.624 အဲဒီဖြစ်စဉ် တခုလုံးကို စူးစမ်း လေ့လာချင်လို့ ကျွန်တော်ဟာ 00:01:29.624 --> 00:01:32.248 U.C.Davis မှ အသင်းဆီသွားကာ ပျားပုံတွေကို ရိုက်မယ့် အဖွဲ့စီစဉ်ခဲ့တယ်၊ 00:01:32.248 --> 00:01:35.343 ပြီးတော့ ကင်မရာ ရှေ့မှာ ပျားတွေကို ဘယ်လို ကြီးပြင်းလာစေမလဲ စဉ်းစားခဲ့တယ်။ 00:01:35.993 --> 00:01:38.981 ကျွန်တော်ဟာ ပျားဘဝရဲ့ ပထမ ၂၁ ရက်ကို 00:01:38.981 --> 00:01:41.770 စက္ကန့် ၆၀ တည်းနဲ့ ပြပေးမှာပါ။ 00:01:43.763 --> 00:01:48.567 ဒါက ပျားဥကနေပြီး ပိုးလောက်ကောင် ပေါက်လာနေပုံပါ၊ 00:01:48.567 --> 00:01:53.012 အသစ်ပေါက်ခါစ ပိုးလောက်ကောင်တွေဟာ သူတို့ အခန်းငယ်ကို ရစ်ပတ် ကူးနေကြတယ်၊ 00:01:53.012 --> 00:01:57.335 သူတို့ စားဖို့ ပြုစုရေ ပျားတွေမှ ထုတ်လုပ် ပေးတဲ့ အဖြူရောင် အကျိအချွဲကို စားနေကြတယ်။ 00:01:59.616 --> 00:02:04.159 အဲဒီနောက်မှာ သူတို့ဟာ ပိုးတုံးလုံး ပုံစံပြောင်းလဲသွားရင်းနဲ့ 00:02:04.159 --> 00:02:07.509 ဦးခေါင်း နဲ့ ခြေတွေ ကွဲပြားလာကြပါတယ်။ 00:02:09.833 --> 00:02:11.853 ပိုးတုံးလုံး ဖြစ်လာတဲ့ ဖြစ်စဉ်က ဒီလိုရှိပါတယ်၊ 00:02:11.853 --> 00:02:15.243 ကမျဉ်းကောင်တွေ အခန်းငယ်ထဲ ပတ်ပြေးနေကြတာ ခင်ဗျားတို့ ဒီမှာ လက်တွေ့မြင်နိုင်ကြတယ်။ 00:02:15.243 --> 00:02:19.510 အဲဒီနောက် သူတို့ကိုယ်ထဲက အမျှင်ဟာ ဖွဲ့စည်းမှု ပြောင်းလာလျက် 00:02:19.510 --> 00:02:24.115 အမည်းစက်ဟာ တဖြည်းဖြည်းချင်း သူတို့ရဲ့ မျက်လုံးတွေ ဖြစ်လာကြမှာပါ။ 00:02:26.869 --> 00:02:32.757 ဖြစ်စဉ်ရဲ့ နောက်ဆုံးအဆင့် အဖြစ် သူတို့ရဲ့ အရေပြား အပေါ်ဘက်ကို ရှုံ့တွထွက်လာပြီး 00:02:32.757 --> 00:02:35.245 သူတို့ဆီမှာ အမွေးအမျှင်တွေ ပေါ်လာတယ်။ 00:02:35.245 --> 00:02:39.237 (ဂီတသံ) 00:02:48.805 --> 00:02:51.659 ဒီတော့-- (လက်ခုပ်သံများ) 00:02:54.703 --> 00:02:57.907 ခုနက ဗီဒီယို တဝက်နေရာမှာ ခင်ဗျားတို့ မြင်ခဲ့ရသလို 00:02:57.907 --> 00:03:00.461 ကမျဉ်းကောင်တွေဟာ ပေါက်ခါစ ပျားတွေ တဝိုက်မှာ ပြေးနေခဲ့ကြတယ်၊ 00:03:00.461 --> 00:03:04.390 အစောင့်ပျားတွေက အဲဒီ ကမျဉ်းကောင်တွေကို ထိန်းချုပ်ကြပုံက 00:03:04.390 --> 00:03:07.404 သူတို့ပျားအုံကို ဓာတုပစ္စည်းတွေနဲ့ မွမ်းမံပေးကြတာပါ။ 00:03:07.404 --> 00:03:09.670 ရေရှည်အတွက် ဒါဟာ ဆိုးဝါးတဲ့နည်းလမ်းပါ၊ 00:03:09.670 --> 00:03:13.223 အဲဒီ ကမျဉ်းကောင်တွေကို ထိန်းချုပ်ဖို့ အခြားနည်းလမ်းတွေကို 00:03:13.223 --> 00:03:15.387 သုတေသီတွေ ရှာကြံနေကြပါတယ်။ 00:03:16.195 --> 00:03:18.963 ဒါက အဲဒီလို အစားထိုးစရာထဲက တခုပါ။ 00:03:18.963 --> 00:03:23.328 Baton Rouge မှာရှိတဲ့ USDA Bee Lab မှ စမ်းသပ်ရေး အကောင်ဖောက်ရေး အစီအစဉ်ပါ၊ 00:03:23.328 --> 00:03:27.045 ဒီဘုရင်မ နဲ့ သူ့အစေးအပါး ပျားတွေဟာလည်း အစီအစဉ်ရဲ့ တစိတ်တဒေသပါ။ 00:03:27.735 --> 00:03:31.430 သုတေသီတွေ တွေ့ခဲ့ကြတာက 00:03:31.430 --> 00:03:35.152 အချို့ပျားတွေဟာ ကမျဉ်းကောင်တွေကို တိုက်ခိုက်ဖို့ သဘာဝ စွမ်းပကား ရှိကြတယ်၊ 00:03:35.152 --> 00:03:39.322 သူတို့ဟာ ကမျဉ်းကောင်တွေကို ခံနိုင်ရည်ရှိတဲ့ ပျားတွေအတွက် လိုင်းတလိုင်းကို စီစဉ်ခဲ့တယ်။ 00:03:40.782 --> 00:03:43.418 အဲဒီလိုနည်းဖြင့် စမ်းသပ်ခန်းထဲမှာ ပျားတွေကို မွေးကြတာပါ။ 00:03:43.418 --> 00:03:46.158 ဘုရင်မကို စိတ်ငြမ်းဆေး တိုက်ပေးလိုက်ကာ 00:03:46.158 --> 00:03:51.200 တိကျတဲ့ စက်ကိရိယာကို သုံးပြီး ဓာတုနည်းဖြင့် သားစပ်ပေးလိုက်တာပါ။ 00:03:51.200 --> 00:03:53.478 အဲဒီလိုနည်းဖြင့် သုတေသီတို့ဟာ မျိုးစပ်မယ့် ပျားတွေကို 00:03:53.478 --> 00:03:58.500 အတိအကျ ရွေးချယ်ခွင့်ကို ပေးလာပါတယ်၊ 00:03:58.500 --> 00:04:01.627 ဒါပေမဲ့ အဲဒီလို ထိန်းချုပ်ရွေးချယ်မှုကြောင့် ဆုတ်ယုတ်မှု တခု ရှိလာတယ်။ 00:04:01.627 --> 00:04:04.832 သူတို့ဟာ ကမျဉ်းကောင်တွေကို နိုင်နိုင်နေကြတဲ့ ပျားတွေကို မွေးထုတ်ပေးနိုင်ခဲ့ကြပေမဲ့၊ 00:04:04.832 --> 00:04:07.920 အဲဒီလုပ်ငန်းစဉ် အတွင်းမှာ အဲဒီပျားတွေဟာ နူးညံ့မှု နဲ့ ပျားရည် စုစည်းမှုလို 00:04:07.920 --> 00:04:11.685 သူတို့ရဲ့ လက္ခဏာတွေကို ဆုံးရှံးသွားကြပါတယ်။ 00:04:11.685 --> 00:04:14.194 အဲဒီပြဿနာကို ကျော်လွှားနိုင်ဖို့အတွက် 00:04:14.194 --> 00:04:17.742 သုတေသီတို့ဟာ အခုတော့ စီးပွားဖြစ် ပျားတွေကို မွေးကြသူတို့နဲ့ လက်တွဲ ဆောင်ရွက်နေကြတယ်။ 00:04:18.252 --> 00:04:23.120 ဒါကတော့ Bret Adee က သူရဲ့ ပျားအုံ ၇၂၀၀၀ ထဲက တခုကို ဖွင့်ပြနေတာပါ။ 00:04:23.120 --> 00:04:27.750 သူတို့ ညီအကိုတို့ဟာ ကမ္ဘာမှာ ပျားမွေးမြူရေး အကြီးဆုံး လုပ်ငန်းကို ပိုင်ဆိုင်ကြပြီး 00:04:27.750 --> 00:04:33.409 USDA ဟာ သူတို့ရဲ့ ကမျဉ်းကောင် ပီကြတဲ့ ပျားတွေကို သူ့လုပ်ငန်းထဲ ထည့်ပေးလျက် 00:04:33.409 --> 00:04:35.052 တနေ့တွင် သူတို့ဟာ ကမျဉ်းကောင် ပီကြတဲ့ 00:04:35.052 --> 00:04:38.723 ပျားတွေကိုသာမက ပျားတွေ ကျွန်ုပ်တို့အတွက် အသုံးဝင်ခြင်းဆိုင်ရာ 00:04:38.723 --> 00:04:43.707 အခြား လက္ခဏာတွေကိုပါ ရရှိလာနိုင်ကြမယ်လို့ မျှော်လင့်ထားကြပါတယ်။ 00:04:44.165 --> 00:04:45.860 အဲဒီလိုပြောလိုက်လို့ ကျွန်တော်တို့ဟာ ပျားတွေကို 00:04:45.860 --> 00:04:49.157 အသုံးချအမြတ်ထုတ်ဖို့ ကြိုးစားနေသလို ထင်မြင်စရာ ရှိနိုင်ပေမဲ့၊ 00:04:49.157 --> 00:04:52.593 တကယ်တမ်းမှာတော့၊ လူသားတွေ အဲဒီလို လုပ်ကိုင်လာခဲ့ကြတာ နှစ်ထောင်ချီနေပါပြီ။ 00:04:52.593 --> 00:04:57.747 တချိန်တုန်းက အရိုင်းကောင်တွေကို ယူပြီး သေတ္တာတွေထဲ ထည့်ပေးလိုက်ကာ 00:04:57.747 --> 00:04:59.861 အိမ်မွေးတိရိစ္ဆာန်လို မွေးရန်ကြံစည်ခဲ့စဉ်က 00:04:59.861 --> 00:05:03.970 အစပိုင်းတွင် ပျားရည်ကို စုစည်းရန် အတွက်ပါ၊ 00:05:03.970 --> 00:05:06.725 ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ဟာ မူရင်း ဝတ်မှုန်ကူးစက်ပေးတဲ့ ပျားတွေကို 00:05:06.725 --> 00:05:08.420 ပျားအရိုင်းတွေကို ဆုံးရှုံးလာကြပါတယ်။ 00:05:08.420 --> 00:05:11.485 အခုဆိုရင် ပျားအရိုင်းတွေက လယ်ယာလုပ်ငန်း အတွက် လိုအပ်သလောက် 00:05:11.485 --> 00:05:15.284 ဝတ်မှုန်ကူးမှုကို လုပ်ပေးနိုင်စွမ်း မလောက် ဖြစ်လာပါတယ်၊ 00:05:15.284 --> 00:05:20.508 အဲဒါကြောင့်မို့လို့ လူကထုတ်လုပ်တဲ့ ပျားတွေဟာ အစားအစာ စနစ်ရဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့တယ်။ 00:05:20.508 --> 00:05:23.227 ဒီတော့ လူတွေကို ပျားတွေကို ကယ်တင်ဖို့ကို ပြောကြတဲ့အခါမှာ 00:05:23.227 --> 00:05:25.360 ကျွန်တော် အမြင်က ကျန်တော်တို့ဟာ 00:05:25.360 --> 00:05:28.588 ပျားတွေဆိုင်ရာ ကျွန်တော်တို့ရဲ့ ဆက်ဆံမှုကို ထိန်းသိမ်းထားချင်ကြရင်၊ 00:05:28.588 --> 00:05:33.592 ပြီးတော့ ဝတ်မှုန်ကူးစက်ပေးဖို့ အဖြေအသစ်တွေ ရှာကြံချင်ကြရင်၊ 00:05:33.592 --> 00:05:38.693 ကျွန်တော်တို့ဟာ ပျားတွေရဲ့ အခြေခံ ဇီဝဗေဒကို နားလည်ရန်၊ 00:05:38.693 --> 00:05:44.936 ကျွန်တော်တို့ မြင်မရနိုင်တဲ့ ဖိစီးချက်တွေရဲ့ အကျိုးသက်ရောက်မှုကို နားလည်ရန် လိုပါတယ်။ 00:05:45.909 --> 00:05:49.114 နောက်တမျိုး ပြောရရင်၊ ကျွန်တော်တို့ဟာ ပျားတွေကို နီးကပ်စွာ သိရှိဖို့ လိုအပ်တယ်။ 00:05:49.114 --> 00:05:51.384 ကျေးဇူးတင်ပါတယ်။ 00:05:51.384 --> 00:05:53.198 (လက်ခုပ်သံများ)