1 00:00:01,206 --> 00:00:07,125 (ဂီတသံ) 2 00:00:14,325 --> 00:00:18,822 ဒီပျားကောင်တွေဟာ California၊ Berkeley ရှိ ကျွန်တော့ နောက်ဖေးခြံထဲမှာပါ။ 3 00:00:18,822 --> 00:00:21,221 မနှစ်တုန်းကအထိ ကျွန်တော်ဟာ ပျားတွေကို မမွေးခဲ့ဘူးပါ၊ 4 00:00:21,221 --> 00:00:25,270 ဒါပေမဲ့၊ National Geographic က သူတို့ အကြောင်း ဓာတ်ပုံရိုက်ဖို့ ပြောလာတာနဲ့ 5 00:00:25,270 --> 00:00:27,769 ဆွဲဆောင်မှုရှိမယ့် ဓာတ်ပုံတွေ ရိုက်နိုင်ဖို့ 6 00:00:27,769 --> 00:00:30,253 ကိုယ်တိုင် ပျားတွေကို မွေးရန် ဆုံးဖြတ်ခဲ့တယ်။ 7 00:00:30,253 --> 00:00:31,948 ပျားတွေဟာ သီးနှံတွေရဲ့ 8 00:00:31,948 --> 00:00:34,572 သုံးပုံတပုံကို ဝတ်မှုန် ကူးပေးတာ ခင်ဗျားတို့ သိကြမယ်ထင်တယ်၊ 9 00:00:34,572 --> 00:00:37,730 နောက်ဆုံးအချိန်ပိုင်းမှာ ပျားတွေရဲ့ ဘဝဟာ အတော့်ကို ခက်ထန်လာခဲ့တယ်။ 10 00:00:37,730 --> 00:00:42,281 အဲဒါနဲ့ ဓာတ်ပုံဆရာ တဦးအနေနဲ့ အဲဒီပြဿနာကို စူးစမ်းရန် ဆုံးဖြတ်လိုက်တယ်။ 11 00:00:42,281 --> 00:00:45,466 နောက်ဆုံး တနှစ်မှာ ကျွန်တော် တွေ့ရှိခဲ့တာကို ခင်ဗျားတို့ကို ပြပေးမှာပါ။ 12 00:00:46,276 --> 00:00:47,900 အမွေးထူတဲ့ ဒီအကောင်လေးတွေဟာ 13 00:00:47,900 --> 00:00:52,243 ပျားပေါက်စ အကောင်တွေ သူတို့နေနေခဲ့ကြရတဲ့ အခန်းငယ်ထဲမှ ကိုယ်တဝက် ထွက်လာကြတယ်၊ 14 00:00:52,243 --> 00:00:55,283 ဒီပျားတွေဟာ ပိုးသတ်ဆေး၊ ရောဂါတွေ နဲ့ နေထိုင်စရာ ပျောက်လာနေခြင်းတို့လို၊ 15 00:00:55,283 --> 00:00:59,535 ပြဿနာ တော်တော်များများကို ကိုင်တွယ် ဖြေရှင်းနေကြရပေမဲ့၊ 16 00:00:59,535 --> 00:01:04,146 တခုတည်းသော အကြီးဆုံး အန္တရာယ်မှာ Varroa ဖျက်ဆီးသူလို့ ခေါ်ကြတဲ့ အာရှတိုက်မှ 17 00:01:04,146 --> 00:01:06,475 ကမျဉ်းကောင်ဆိုတဲ့ ကပ်ပါးကောင်ပါပဲ။ 18 00:01:06,475 --> 00:01:09,354 အပ်ခေါင်း အရွယ် အဲဒီကမျဉ်းကောင်ဟာ ပေါက်ခါစ ပျားတွေဆီကို တွာသွားလျက် 19 00:01:09,354 --> 00:01:11,699 သူတို့ရဲ့ သွေးကို စုတ်ယူပါတယ်။ 20 00:01:11,699 --> 00:01:13,696 အဲဒါက ပျားတွေရဲ့ ကိုယ်ခံ စနစ်ကို အားနည်းလာစေတာမို့ 21 00:01:13,696 --> 00:01:16,940 ပျားအုံဟာ တဖြည်းဖြည်းနဲ့ ပျက်ပြုန်းသွားရမှာပါ၊ 22 00:01:16,940 --> 00:01:20,476 အဲဒါကြောင့် ပျားတွေဟာ ဖိစီးမှု နဲ့ ရောဂါတွေကို ခုခံနိုင်စွမ်း ကျဆင်းလာကြပါတယ်။ 23 00:01:21,776 --> 00:01:23,773 ပျားတွေဟာ သူတို့မွေးဖွားရာ အခန်းငယ်ထဲမှာ 24 00:01:23,773 --> 00:01:26,513 ဖွံ့ဖြိုးလာနေချိန်မှာ သိပ်ကို ထိခိုက်လွယ်ကြပါတယ်၊ 25 00:01:26,513 --> 00:01:29,624 အဲဒီဖြစ်စဉ် တခုလုံးကို စူးစမ်း လေ့လာချင်လို့ ကျွန်တော်ဟာ 26 00:01:29,624 --> 00:01:32,248 U.C.Davis မှ အသင်းဆီသွားကာ ပျားပုံတွေကို ရိုက်မယ့် အဖွဲ့စီစဉ်ခဲ့တယ်၊ 27 00:01:32,248 --> 00:01:35,343 ပြီးတော့ ကင်မရာ ရှေ့မှာ ပျားတွေကို ဘယ်လို ကြီးပြင်းလာစေမလဲ စဉ်းစားခဲ့တယ်။ 28 00:01:35,993 --> 00:01:38,981 ကျွန်တော်ဟာ ပျားဘဝရဲ့ ပထမ ၂၁ ရက်ကို 29 00:01:38,981 --> 00:01:41,770 စက္ကန့် ၆၀ တည်းနဲ့ ပြပေးမှာပါ။ 30 00:01:43,763 --> 00:01:48,567 ဒါက ပျားဥကနေပြီး ပိုးလောက်ကောင် ပေါက်လာနေပုံပါ၊ 31 00:01:48,567 --> 00:01:53,012 အသစ်ပေါက်ခါစ ပိုးလောက်ကောင်တွေဟာ သူတို့ အခန်းငယ်ကို ရစ်ပတ် ကူးနေကြတယ်၊ 32 00:01:53,012 --> 00:01:57,335 သူတို့ စားဖို့ ပြုစုရေ ပျားတွေမှ ထုတ်လုပ် ပေးတဲ့ အဖြူရောင် အကျိအချွဲကို စားနေကြတယ်။ 33 00:01:59,616 --> 00:02:04,159 အဲဒီနောက်မှာ သူတို့ဟာ ပိုးတုံးလုံး ပုံစံပြောင်းလဲသွားရင်းနဲ့ 34 00:02:04,159 --> 00:02:07,509 ဦးခေါင်း နဲ့ ခြေတွေ ကွဲပြားလာကြပါတယ်။ 35 00:02:09,833 --> 00:02:11,853 ပိုးတုံးလုံး ဖြစ်လာတဲ့ ဖြစ်စဉ်က ဒီလိုရှိပါတယ်၊ 36 00:02:11,853 --> 00:02:15,243 ကမျဉ်းကောင်တွေ အခန်းငယ်ထဲ ပတ်ပြေးနေကြတာ ခင်ဗျားတို့ ဒီမှာ လက်တွေ့မြင်နိုင်ကြတယ်။ 37 00:02:15,243 --> 00:02:19,510 အဲဒီနောက် သူတို့ကိုယ်ထဲက အမျှင်ဟာ ဖွဲ့စည်းမှု ပြောင်းလာလျက် 38 00:02:19,510 --> 00:02:24,115 အမည်းစက်ဟာ တဖြည်းဖြည်းချင်း သူတို့ရဲ့ မျက်လုံးတွေ ဖြစ်လာကြမှာပါ။ 39 00:02:26,869 --> 00:02:32,757 ဖြစ်စဉ်ရဲ့ နောက်ဆုံးအဆင့် အဖြစ် သူတို့ရဲ့ အရေပြား အပေါ်ဘက်ကို ရှုံ့တွထွက်လာပြီး 40 00:02:32,757 --> 00:02:35,245 သူတို့ဆီမှာ အမွေးအမျှင်တွေ ပေါ်လာတယ်။ 41 00:02:35,245 --> 00:02:39,237 (ဂီတသံ) 42 00:02:48,805 --> 00:02:51,659 ဒီတော့-- (လက်ခုပ်သံများ) 43 00:02:54,703 --> 00:02:57,907 ခုနက ဗီဒီယို တဝက်နေရာမှာ ခင်ဗျားတို့ မြင်ခဲ့ရသလို 44 00:02:57,907 --> 00:03:00,461 ကမျဉ်းကောင်တွေဟာ ပေါက်ခါစ ပျားတွေ တဝိုက်မှာ ပြေးနေခဲ့ကြတယ်၊ 45 00:03:00,461 --> 00:03:04,390 အစောင့်ပျားတွေက အဲဒီ ကမျဉ်းကောင်တွေကို ထိန်းချုပ်ကြပုံက 46 00:03:04,390 --> 00:03:07,404 သူတို့ပျားအုံကို ဓာတုပစ္စည်းတွေနဲ့ မွမ်းမံပေးကြတာပါ။ 47 00:03:07,404 --> 00:03:09,670 ရေရှည်အတွက် ဒါဟာ ဆိုးဝါးတဲ့နည်းလမ်းပါ၊ 48 00:03:09,670 --> 00:03:13,223 အဲဒီ ကမျဉ်းကောင်တွေကို ထိန်းချုပ်ဖို့ အခြားနည်းလမ်းတွေကို 49 00:03:13,223 --> 00:03:15,387 သုတေသီတွေ ရှာကြံနေကြပါတယ်။ 50 00:03:16,195 --> 00:03:18,963 ဒါက အဲဒီလို အစားထိုးစရာထဲက တခုပါ။ 51 00:03:18,963 --> 00:03:23,328 Baton Rouge မှာရှိတဲ့ USDA Bee Lab မှ စမ်းသပ်ရေး အကောင်ဖောက်ရေး အစီအစဉ်ပါ၊ 52 00:03:23,328 --> 00:03:27,045 ဒီဘုရင်မ နဲ့ သူ့အစေးအပါး ပျားတွေဟာလည်း အစီအစဉ်ရဲ့ တစိတ်တဒေသပါ။ 53 00:03:27,735 --> 00:03:31,430 သုတေသီတွေ တွေ့ခဲ့ကြတာက 54 00:03:31,430 --> 00:03:35,152 အချို့ပျားတွေဟာ ကမျဉ်းကောင်တွေကို တိုက်ခိုက်ဖို့ သဘာဝ စွမ်းပကား ရှိကြတယ်၊ 55 00:03:35,152 --> 00:03:39,322 သူတို့ဟာ ကမျဉ်းကောင်တွေကို ခံနိုင်ရည်ရှိတဲ့ ပျားတွေအတွက် လိုင်းတလိုင်းကို စီစဉ်ခဲ့တယ်။ 56 00:03:40,782 --> 00:03:43,418 အဲဒီလိုနည်းဖြင့် စမ်းသပ်ခန်းထဲမှာ ပျားတွေကို မွေးကြတာပါ။ 57 00:03:43,418 --> 00:03:46,158 ဘုရင်မကို စိတ်ငြမ်းဆေး တိုက်ပေးလိုက်ကာ 58 00:03:46,158 --> 00:03:51,200 တိကျတဲ့ စက်ကိရိယာကို သုံးပြီး ဓာတုနည်းဖြင့် သားစပ်ပေးလိုက်တာပါ။ 59 00:03:51,200 --> 00:03:53,478 အဲဒီလိုနည်းဖြင့် သုတေသီတို့ဟာ မျိုးစပ်မယ့် ပျားတွေကို 60 00:03:53,478 --> 00:03:58,500 အတိအကျ ရွေးချယ်ခွင့်ကို ပေးလာပါတယ်၊ 61 00:03:58,500 --> 00:04:01,627 ဒါပေမဲ့ အဲဒီလို ထိန်းချုပ်ရွေးချယ်မှုကြောင့် ဆုတ်ယုတ်မှု တခု ရှိလာတယ်။ 62 00:04:01,627 --> 00:04:04,832 သူတို့ဟာ ကမျဉ်းကောင်တွေကို နိုင်နိုင်နေကြတဲ့ ပျားတွေကို မွေးထုတ်ပေးနိုင်ခဲ့ကြပေမဲ့၊ 63 00:04:04,832 --> 00:04:07,920 အဲဒီလုပ်ငန်းစဉ် အတွင်းမှာ အဲဒီပျားတွေဟာ နူးညံ့မှု နဲ့ ပျားရည် စုစည်းမှုလို 64 00:04:07,920 --> 00:04:11,685 သူတို့ရဲ့ လက္ခဏာတွေကို ဆုံးရှံးသွားကြပါတယ်။ 65 00:04:11,685 --> 00:04:14,194 အဲဒီပြဿနာကို ကျော်လွှားနိုင်ဖို့အတွက် 66 00:04:14,194 --> 00:04:17,742 သုတေသီတို့ဟာ အခုတော့ စီးပွားဖြစ် ပျားတွေကို မွေးကြသူတို့နဲ့ လက်တွဲ ဆောင်ရွက်နေကြတယ်။ 67 00:04:18,252 --> 00:04:23,120 ဒါကတော့ Bret Adee က သူရဲ့ ပျားအုံ ၇၂၀၀၀ ထဲက တခုကို ဖွင့်ပြနေတာပါ။ 68 00:04:23,120 --> 00:04:27,750 သူတို့ ညီအကိုတို့ဟာ ကမ္ဘာမှာ ပျားမွေးမြူရေး အကြီးဆုံး လုပ်ငန်းကို ပိုင်ဆိုင်ကြပြီး 69 00:04:27,750 --> 00:04:33,409 USDA ဟာ သူတို့ရဲ့ ကမျဉ်းကောင် ပီကြတဲ့ ပျားတွေကို သူ့လုပ်ငန်းထဲ ထည့်ပေးလျက် 70 00:04:33,409 --> 00:04:35,052 တနေ့တွင် သူတို့ဟာ ကမျဉ်းကောင် ပီကြတဲ့ 71 00:04:35,052 --> 00:04:38,723 ပျားတွေကိုသာမက ပျားတွေ ကျွန်ုပ်တို့အတွက် အသုံးဝင်ခြင်းဆိုင်ရာ 72 00:04:38,723 --> 00:04:43,707 အခြား လက္ခဏာတွေကိုပါ ရရှိလာနိုင်ကြမယ်လို့ မျှော်လင့်ထားကြပါတယ်။ 73 00:04:44,165 --> 00:04:45,860 အဲဒီလိုပြောလိုက်လို့ ကျွန်တော်တို့ဟာ ပျားတွေကို 74 00:04:45,860 --> 00:04:49,157 အသုံးချအမြတ်ထုတ်ဖို့ ကြိုးစားနေသလို ထင်မြင်စရာ ရှိနိုင်ပေမဲ့၊ 75 00:04:49,157 --> 00:04:52,593 တကယ်တမ်းမှာတော့၊ လူသားတွေ အဲဒီလို လုပ်ကိုင်လာခဲ့ကြတာ နှစ်ထောင်ချီနေပါပြီ။ 76 00:04:52,593 --> 00:04:57,747 တချိန်တုန်းက အရိုင်းကောင်တွေကို ယူပြီး သေတ္တာတွေထဲ ထည့်ပေးလိုက်ကာ 77 00:04:57,747 --> 00:04:59,861 အိမ်မွေးတိရိစ္ဆာန်လို မွေးရန်ကြံစည်ခဲ့စဉ်က 78 00:04:59,861 --> 00:05:03,970 အစပိုင်းတွင် ပျားရည်ကို စုစည်းရန် အတွက်ပါ၊ 79 00:05:03,970 --> 00:05:06,725 ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ဟာ မူရင်း ဝတ်မှုန်ကူးစက်ပေးတဲ့ ပျားတွေကို 80 00:05:06,725 --> 00:05:08,420 ပျားအရိုင်းတွေကို ဆုံးရှုံးလာကြပါတယ်။ 81 00:05:08,420 --> 00:05:11,485 အခုဆိုရင် ပျားအရိုင်းတွေက လယ်ယာလုပ်ငန်း အတွက် လိုအပ်သလောက် 82 00:05:11,485 --> 00:05:15,284 ဝတ်မှုန်ကူးမှုကို လုပ်ပေးနိုင်စွမ်း မလောက် ဖြစ်လာပါတယ်၊ 83 00:05:15,284 --> 00:05:20,508 အဲဒါကြောင့်မို့လို့ လူကထုတ်လုပ်တဲ့ ပျားတွေဟာ အစားအစာ စနစ်ရဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့တယ်။ 84 00:05:20,508 --> 00:05:23,227 ဒီတော့ လူတွေကို ပျားတွေကို ကယ်တင်ဖို့ကို ပြောကြတဲ့အခါမှာ 85 00:05:23,227 --> 00:05:25,360 ကျွန်တော် အမြင်က ကျန်တော်တို့ဟာ 86 00:05:25,360 --> 00:05:28,588 ပျားတွေဆိုင်ရာ ကျွန်တော်တို့ရဲ့ ဆက်ဆံမှုကို ထိန်းသိမ်းထားချင်ကြရင်၊ 87 00:05:28,588 --> 00:05:33,592 ပြီးတော့ ဝတ်မှုန်ကူးစက်ပေးဖို့ အဖြေအသစ်တွေ ရှာကြံချင်ကြရင်၊ 88 00:05:33,592 --> 00:05:38,693 ကျွန်တော်တို့ဟာ ပျားတွေရဲ့ အခြေခံ ဇီဝဗေဒကို နားလည်ရန်၊ 89 00:05:38,693 --> 00:05:44,936 ကျွန်တော်တို့ မြင်မရနိုင်တဲ့ ဖိစီးချက်တွေရဲ့ အကျိုးသက်ရောက်မှုကို နားလည်ရန် လိုပါတယ်။ 90 00:05:45,909 --> 00:05:49,114 နောက်တမျိုး ပြောရရင်၊ ကျွန်တော်တို့ဟာ ပျားတွေကို နီးကပ်စွာ သိရှိဖို့ လိုအပ်တယ်။ 91 00:05:49,114 --> 00:05:51,384 ကျေးဇူးတင်ပါတယ်။ 92 00:05:51,384 --> 00:05:53,198 (လက်ခုပ်သံများ)