(ဂီတသံ)
ဒီပျားကောင်တွေဟာ California၊ Berkeley ရှိ
ကျွန်တော့ နောက်ဖေးခြံထဲမှာပါ။
မနှစ်တုန်းကအထိ ကျွန်တော်ဟာ
ပျားတွေကို မမွေးခဲ့ဘူးပါ၊
ဒါပေမဲ့၊ National Geographic က သူတို့
အကြောင်း ဓာတ်ပုံရိုက်ဖို့ ပြောလာတာနဲ့
ဆွဲဆောင်မှုရှိမယ့်
ဓာတ်ပုံတွေ ရိုက်နိုင်ဖို့
ကိုယ်တိုင် ပျားတွေကို မွေးရန်
ဆုံးဖြတ်ခဲ့တယ်။
ပျားတွေဟာ သီးနှံတွေရဲ့
သုံးပုံတပုံကို ဝတ်မှုန် ကူးပေးတာ
ခင်ဗျားတို့ သိကြမယ်ထင်တယ်၊
နောက်ဆုံးအချိန်ပိုင်းမှာ ပျားတွေရဲ့ ဘဝဟာ
အတော့်ကို ခက်ထန်လာခဲ့တယ်။
အဲဒါနဲ့ ဓာတ်ပုံဆရာ တဦးအနေနဲ့ အဲဒီပြဿနာကို
စူးစမ်းရန် ဆုံးဖြတ်လိုက်တယ်။
နောက်ဆုံး တနှစ်မှာ ကျွန်တော်
တွေ့ရှိခဲ့တာကို ခင်ဗျားတို့ကို ပြပေးမှာပါ။
အမွေးထူတဲ့ ဒီအကောင်လေးတွေဟာ
ပျားပေါက်စ အကောင်တွေ သူတို့နေနေခဲ့ကြရတဲ့
အခန်းငယ်ထဲမှ ကိုယ်တဝက် ထွက်လာကြတယ်၊
ဒီပျားတွေဟာ ပိုးသတ်ဆေး၊ ရောဂါတွေ နဲ့
နေထိုင်စရာ ပျောက်လာနေခြင်းတို့လို၊
ပြဿနာ တော်တော်များများကို
ကိုင်တွယ် ဖြေရှင်းနေကြရပေမဲ့၊
တခုတည်းသော အကြီးဆုံး အန္တရာယ်မှာ
Varroa ဖျက်ဆီးသူလို့ ခေါ်ကြတဲ့ အာရှတိုက်မှ
ကမျဉ်းကောင်ဆိုတဲ့ ကပ်ပါးကောင်ပါပဲ။
အပ်ခေါင်း အရွယ် အဲဒီကမျဉ်းကောင်ဟာ
ပေါက်ခါစ ပျားတွေဆီကို တွာသွားလျက်
သူတို့ရဲ့ သွေးကို စုတ်ယူပါတယ်။
အဲဒါက ပျားတွေရဲ့ ကိုယ်ခံ စနစ်ကို
အားနည်းလာစေတာမို့
ပျားအုံဟာ တဖြည်းဖြည်းနဲ့
ပျက်ပြုန်းသွားရမှာပါ၊
အဲဒါကြောင့် ပျားတွေဟာ ဖိစီးမှု နဲ့
ရောဂါတွေကို ခုခံနိုင်စွမ်း ကျဆင်းလာကြပါတယ်။
ပျားတွေဟာ သူတို့မွေးဖွားရာ အခန်းငယ်ထဲမှာ
ဖွံ့ဖြိုးလာနေချိန်မှာ သိပ်ကို
ထိခိုက်လွယ်ကြပါတယ်၊
အဲဒီဖြစ်စဉ် တခုလုံးကို စူးစမ်း
လေ့လာချင်လို့ ကျွန်တော်ဟာ
U.C.Davis မှ အသင်းဆီသွားကာ
ပျားပုံတွေကို ရိုက်မယ့် အဖွဲ့စီစဉ်ခဲ့တယ်၊
ပြီးတော့ ကင်မရာ ရှေ့မှာ ပျားတွေကို ဘယ်လို
ကြီးပြင်းလာစေမလဲ စဉ်းစားခဲ့တယ်။
ကျွန်တော်ဟာ ပျားဘဝရဲ့ ပထမ ၂၁ ရက်ကို
စက္ကန့် ၆၀ တည်းနဲ့ ပြပေးမှာပါ။
ဒါက ပျားဥကနေပြီး ပိုးလောက်ကောင်
ပေါက်လာနေပုံပါ၊
အသစ်ပေါက်ခါစ ပိုးလောက်ကောင်တွေဟာ
သူတို့ အခန်းငယ်ကို ရစ်ပတ် ကူးနေကြတယ်၊
သူတို့ စားဖို့ ပြုစုရေ ပျားတွေမှ ထုတ်လုပ်
ပေးတဲ့ အဖြူရောင် အကျိအချွဲကို စားနေကြတယ်။
အဲဒီနောက်မှာ သူတို့ဟာ ပိုးတုံးလုံး
ပုံစံပြောင်းလဲသွားရင်းနဲ့
ဦးခေါင်း နဲ့ ခြေတွေ ကွဲပြားလာကြပါတယ်။
ပိုးတုံးလုံး ဖြစ်လာတဲ့
ဖြစ်စဉ်က ဒီလိုရှိပါတယ်၊
ကမျဉ်းကောင်တွေ အခန်းငယ်ထဲ ပတ်ပြေးနေကြတာ
ခင်ဗျားတို့ ဒီမှာ လက်တွေ့မြင်နိုင်ကြတယ်။
အဲဒီနောက် သူတို့ကိုယ်ထဲက အမျှင်ဟာ
ဖွဲ့စည်းမှု ပြောင်းလာလျက်
အမည်းစက်ဟာ တဖြည်းဖြည်းချင်း သူတို့ရဲ့
မျက်လုံးတွေ ဖြစ်လာကြမှာပါ။
ဖြစ်စဉ်ရဲ့ နောက်ဆုံးအဆင့် အဖြစ် သူတို့ရဲ့
အရေပြား အပေါ်ဘက်ကို ရှုံ့တွထွက်လာပြီး
သူတို့ဆီမှာ အမွေးအမျှင်တွေ ပေါ်လာတယ်။
(ဂီတသံ)
ဒီတော့-- (လက်ခုပ်သံများ)
ခုနက ဗီဒီယို တဝက်နေရာမှာ ခင်ဗျားတို့
မြင်ခဲ့ရသလို
ကမျဉ်းကောင်တွေဟာ ပေါက်ခါစ ပျားတွေ
တဝိုက်မှာ ပြေးနေခဲ့ကြတယ်၊
အစောင့်ပျားတွေက အဲဒီ ကမျဉ်းကောင်တွေကို
ထိန်းချုပ်ကြပုံက
သူတို့ပျားအုံကို ဓာတုပစ္စည်းတွေနဲ့
မွမ်းမံပေးကြတာပါ။
ရေရှည်အတွက် ဒါဟာ ဆိုးဝါးတဲ့နည်းလမ်းပါ၊
အဲဒီ ကမျဉ်းကောင်တွေကို ထိန်းချုပ်ဖို့
အခြားနည်းလမ်းတွေကို
သုတေသီတွေ ရှာကြံနေကြပါတယ်။
ဒါက အဲဒီလို အစားထိုးစရာထဲက တခုပါ။
Baton Rouge မှာရှိတဲ့ USDA Bee Lab မှ
စမ်းသပ်ရေး အကောင်ဖောက်ရေး အစီအစဉ်ပါ၊
ဒီဘုရင်မ နဲ့ သူ့အစေးအပါး ပျားတွေဟာလည်း
အစီအစဉ်ရဲ့ တစိတ်တဒေသပါ။
သုတေသီတွေ တွေ့ခဲ့ကြတာက
အချို့ပျားတွေဟာ ကမျဉ်းကောင်တွေကို
တိုက်ခိုက်ဖို့ သဘာဝ စွမ်းပကား ရှိကြတယ်၊
သူတို့ဟာ ကမျဉ်းကောင်တွေကို ခံနိုင်ရည်ရှိတဲ့
ပျားတွေအတွက် လိုင်းတလိုင်းကို စီစဉ်ခဲ့တယ်။
အဲဒီလိုနည်းဖြင့် စမ်းသပ်ခန်းထဲမှာ
ပျားတွေကို မွေးကြတာပါ။
ဘုရင်မကို စိတ်ငြမ်းဆေး တိုက်ပေးလိုက်ကာ
တိကျတဲ့ စက်ကိရိယာကို သုံးပြီး
ဓာတုနည်းဖြင့် သားစပ်ပေးလိုက်တာပါ။
အဲဒီလိုနည်းဖြင့် သုတေသီတို့ဟာ
မျိုးစပ်မယ့် ပျားတွေကို
အတိအကျ ရွေးချယ်ခွင့်ကို ပေးလာပါတယ်၊
ဒါပေမဲ့ အဲဒီလို ထိန်းချုပ်ရွေးချယ်မှုကြောင့်
ဆုတ်ယုတ်မှု တခု ရှိလာတယ်။
သူတို့ဟာ ကမျဉ်းကောင်တွေကို နိုင်နိုင်နေကြတဲ့
ပျားတွေကို မွေးထုတ်ပေးနိုင်ခဲ့ကြပေမဲ့၊
အဲဒီလုပ်ငန်းစဉ် အတွင်းမှာ အဲဒီပျားတွေဟာ
နူးညံ့မှု နဲ့ ပျားရည် စုစည်းမှုလို
သူတို့ရဲ့ လက္ခဏာတွေကို ဆုံးရှံးသွားကြပါတယ်။
အဲဒီပြဿနာကို ကျော်လွှားနိုင်ဖို့အတွက်
သုတေသီတို့ဟာ အခုတော့ စီးပွားဖြစ် ပျားတွေကို
မွေးကြသူတို့နဲ့ လက်တွဲ ဆောင်ရွက်နေကြတယ်။
ဒါကတော့ Bret Adee က သူရဲ့ ပျားအုံ
၇၂၀၀၀ ထဲက တခုကို ဖွင့်ပြနေတာပါ။
သူတို့ ညီအကိုတို့ဟာ ကမ္ဘာမှာ ပျားမွေးမြူရေး
အကြီးဆုံး လုပ်ငန်းကို ပိုင်ဆိုင်ကြပြီး
USDA ဟာ သူတို့ရဲ့ ကမျဉ်းကောင် ပီကြတဲ့
ပျားတွေကို သူ့လုပ်ငန်းထဲ ထည့်ပေးလျက်
တနေ့တွင် သူတို့ဟာ ကမျဉ်းကောင် ပီကြတဲ့
ပျားတွေကိုသာမက ပျားတွေ ကျွန်ုပ်တို့အတွက်
အသုံးဝင်ခြင်းဆိုင်ရာ
အခြား လက္ခဏာတွေကိုပါ ရရှိလာနိုင်ကြမယ်လို့
မျှော်လင့်ထားကြပါတယ်။
အဲဒီလိုပြောလိုက်လို့ ကျွန်တော်တို့ဟာ
ပျားတွေကို
အသုံးချအမြတ်ထုတ်ဖို့ ကြိုးစားနေသလို
ထင်မြင်စရာ ရှိနိုင်ပေမဲ့၊
တကယ်တမ်းမှာတော့၊ လူသားတွေ အဲဒီလို
လုပ်ကိုင်လာခဲ့ကြတာ နှစ်ထောင်ချီနေပါပြီ။
တချိန်တုန်းက အရိုင်းကောင်တွေကို ယူပြီး
သေတ္တာတွေထဲ ထည့်ပေးလိုက်ကာ
အိမ်မွေးတိရိစ္ဆာန်လို မွေးရန်ကြံစည်ခဲ့စဉ်က
အစပိုင်းတွင် ပျားရည်ကို စုစည်းရန် အတွက်ပါ၊
ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ဟာ
မူရင်း ဝတ်မှုန်ကူးစက်ပေးတဲ့ ပျားတွေကို
ပျားအရိုင်းတွေကို ဆုံးရှုံးလာကြပါတယ်။
အခုဆိုရင် ပျားအရိုင်းတွေက လယ်ယာလုပ်ငန်း
အတွက် လိုအပ်သလောက်
ဝတ်မှုန်ကူးမှုကို လုပ်ပေးနိုင်စွမ်း
မလောက် ဖြစ်လာပါတယ်၊
အဲဒါကြောင့်မို့လို့ လူကထုတ်လုပ်တဲ့ ပျားတွေဟာ
အစားအစာ စနစ်ရဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့တယ်။
ဒီတော့ လူတွေကို ပျားတွေကို
ကယ်တင်ဖို့ကို ပြောကြတဲ့အခါမှာ
ကျွန်တော် အမြင်က ကျန်တော်တို့ဟာ
ပျားတွေဆိုင်ရာ ကျွန်တော်တို့ရဲ့ ဆက်ဆံမှုကို
ထိန်းသိမ်းထားချင်ကြရင်၊
ပြီးတော့ ဝတ်မှုန်ကူးစက်ပေးဖို့ အဖြေအသစ်တွေ
ရှာကြံချင်ကြရင်၊
ကျွန်တော်တို့ဟာ ပျားတွေရဲ့
အခြေခံ ဇီဝဗေဒကို နားလည်ရန်၊
ကျွန်တော်တို့ မြင်မရနိုင်တဲ့ ဖိစီးချက်တွေရဲ့
အကျိုးသက်ရောက်မှုကို နားလည်ရန် လိုပါတယ်။
နောက်တမျိုး ပြောရရင်၊ ကျွန်တော်တို့ဟာ
ပျားတွေကို နီးကပ်စွာ သိရှိဖို့ လိုအပ်တယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)