မကြာသေးခင်က George Frideric Handel ရဲ့
ဂီတကို Brazil ကထောင်ချီပြီးရှိတဲ့
လူစုရဲ့အပေါ်မှနေပြီး ကျွန်မ ပျံသန်းခဲ့ပါတယ်။၊
Amsterdam ကလမ်းတွေ တစ်လျှောက်မှာလည်း
မောင်းနှင်ခဲ့ပါတယ်၊
ဒီတစ်ဦးတည်းသောတေးပြု စာဆိုကြီးရဲ့
တေးဂီတကို ထပ်ခါထပ်ခါ တီးခဲ့တာပါ။
တစ်ချက် ကြည့်လိုက်ကြရအောင်။
ဂီတသံ၊ George Fridericမှ Handel "စည်းချက်အရိုင်"
Daria van den Bercken မှ တင်ဆက်ထားသည်။"
(ဗီဒီယို) Daria van den Bercken၊
ကျွန်မက အဲဒီက တတိယအလွှာမှာနေပါတယ်။
(ဒတ်ချ်ဘာသာဖြင့်) အဲဒီထောင့်ချိုးမှာ နေပါတယ်။
အဲဒီမှာတကယ်ပဲနေပါတယ်။
အားလုံးကို တကယ်ပဲကြိုဆိုနေမှာပါ။
အမျိုးသား၊ (ဒတ်ချ်ဘာသာ) ဒီအသံက ပျော်စရာအသံလား။
ကလေး၊ (ဒတ်ချ်ဘာသာ) ဟုတ်တယ်။
(ဒတ်ချ်ဘာသာ) "Handel အိမ်တွင်း ဂီတပွဲ"
(လက်ခုပ်သံများ)
Daria van den Bercken၊
ဒါအားလုံးဟာ ရာချီပြီးရှိနေတဲ့
အကြောင်းပြချက်တွေအတွက်
မှော်ဆန်တဲ့အတွေ့အကြုံတစ်ခုပါ
အခုမေးနိူင်တာက
ကျွန်မ ဘာဖြစ်လို့ဒါတွေလုပ်တာတာလဲ။
ဒါတွေဟာ ဂီတသမားတွေရဲ့ နေ့စဉ်ဘဝမှာ
တကယ့် ဖြစ်နေကျတော့ မဟုတ်ပါဘူး။
ကောင်ပြီ၊ အကြောင်းကတော့ ကျွန်မဟာဂီတကို
မြတ်နိူးသွားပြီး
ဒါကို လူတွေများနိူင်သလောက်
များများနဲ့ မျှဝေချင်ပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်၂ နှစ်လောက်က
စခဲ့တာပါ
တုတ်ကွေးမိပြီး အိမ်မှာ ဆိုဖာပေါ်ထိုင်ရင်း၊
အင်တာနက်မှာ ဟိုကြည့်ဒီကြည့် လုပ်နေတုန်း
ကီးဘုတ်အတွက် Handel သီကုံးခဲ့တဲ့
လက်ရာတွေကို တွေ့မိတယ်။
အင်း ကျွန်မအံ့ဩသွားတာပေါ့။
ဒါကိုကျွန်မ မသိခဲ့ဘူးကိုး။
ဒီတော့ ဂီတသင်္ကေတတွေကို
ကူးချလိုက်ပြီး စတီးခဲ့ပါတယ်
နောက်ဆက်တွဲ ဖြစ်လာတာကတော့
ဒီဖြူစင်ပြီး အဂတိတရားကင်းတဲ့ အံ့ဩဖွယ်ရာ
အနေအထားကို ရောက်သွားခဲ့တယ်။
ဒါဟာ ဂီတရဲ့ လုံးဝထူးကဲခြင်းထဲမှာ အကြွင်းမဲ့
နစ်မြုပ်စိမ့်ဝင်သွားခြင်းရဲ့
တွေ့ကြုံခံစားမှု တစ်ခုပါ
ဒါကို မခံစားခဲ့ရတာ ကြာခဲ့ပါပြီ။
ဒါကိုကြားထားရမှ ပြန်ပြောပြရတာ
လွယ်လိမ့်မလားပဲ။
ကျွန်မ တောက်လျောက်
တီးခတ်ခဲ့တဲ့ ပထမဆုံးတေးသွားက
ဒီလိုစပါတယ်။
(တေးဂီတသံ)
ကဲ ဒီအသံတွေကတော့ အရမ်းကို
လွမ်းဆွေးစရာကြီး ဖြစ်နေတယ်မို့လား။
ဒီစာမျက်နှာကို လှန်လိုက်တော့ နောက်လာတာက
ဒါပါ။
(တေးဂီတသံ)
ကဲ ဒီအသံကျတော့ အရမ်း တက်ကြွေနေတယ်မို့လား။
ဒါကြောင့် တစ်မိနစ် နှစ်မိနစ်အတွင်းမှာ၊
တေးသွားက ဆုံးတောင်မဆုံးသေးဘူး၊
အရမ်းကို ဆန့်ကျင်နေတဲ့
လက္ခဏာနှစ်ရပ်ကို ကြုံလိုက်ရပါတယ်၊
လှပတဲ့လွမ်းဆွေးခြင်းနဲ့
စွမ်းအင်ချည်းသက်သက်လေ။
ဒီအခြေခံ သဘောတရားနှစ်ခုဟာ လူသားရဲ့အဓိက
ခံစားချက်တွေလို့ ယူဆမိပါတယ်။
ပြီးတော့ ဂီတရဲ့ စင်ကြယ်မှုဟာ လူတွေကို
အရမ်းထိထိမိမိကို
ကြားမိလာစေပါတယ်။
ရ နှစ် ၈ နှစ်ကလေးတွေအတွက် ကလေးဂီတ
ဖျော်ဖြေပွဲတွေ အများကြီးလုပ်ဖူးပါတယ်။
ကျွန်မ ဘာပဲတီးတီး Bach၊ Beethoven၊
နောက် Stockhausen ဒါမှမဟုတ်
ဂျမ်ဆန်ဆန် ဂီတမျိုးတောင်မှပဲပေါ့။
သူတို့တွေ လိုလိုလားလား နားဆင်ကြတယ်။
တကယ့်ကိုနှစ်နှစ်ကာကာ နားဆင်ချင်ကြတာပါ။
ဒီလိုနားထောင်တာလည်း သက်တောင့်သက်သာနဲ့ပါ။
နောက် အသက်နည်းနည်းကြီးလာတဲ့
၁၁၊ ၁၂ နှစ် ကလေးတွေကျတော့
ဒီလိုမျိုးနဲ့ သူတို့ဆီကို ရောက်ဖို့ဟာ
တစ်ခါတစ်လေတော့ မလွယ်လှဘူးလို့ ခံစားမိတယ်။
ဂီတရဲ့ခက်ခဲနက်နဲမှုဟာ
အကြောင်းတစ်ရပ်ဖြစ်လာပြီး၊
တကယ်တော့ အခြားသူတွေရဲ့အမြင်တွေပေါ့၊
မိဘ သူငယ်ချင်း၊ မီဒီယာစတာတွေကို
စထည့်တွက်လာကြတယ်။
ဒါပေမဲ့ ကလေးတွေကတော့ သူတို့အမြင်ကို
စစ်ကြောမေးမြန်းမနေပါဘူး။
ဒီရင်သပ်ရှုမောမှုဖွယ် အနေအထားမှာပဲ
အမြဲတမ်းရှိနေတာဖြစ်ပြီး
ကျွန်မတို့ဟာ အသက်ကြီးလာတာတောင်မှ
ဒီ ၇ နှစ်သားကလေးတွေလိုပဲ ဆက်ပြီး
နားထောင်နိူင်တယ်ဆိုတာ
အခိုင်အမာယုံကြည်တယ်။
ဒါကြောင့်ပဲ ကျွန်မဟာ
ဂီတခန်းမကြီးတွေမှာတင် မကပဲ
လမ်းတွေပေါ်မှာ၊ အွန်လိုင်းမှာ၊ လေထုထဲမှာ တီးခတ်ထားတာပါ၊
အံ့ဩဖွယ်အနေအထားမှာ ခံစားနိုင်ဖို့၊
အစစ်အမှန်နားဆင်ဖို့၊
ဘယ်သူကိုမှ ဖက်မလိုက်ပဲ နားဆင်ဖို့ပါ။
အားလုံးကိုလည်း ဒီလိုလုပ်ကြဖို့အခု
ဖိတ်ခေါ်ပါရစေရှင်။
(ဂီတသံ) George Frideric Handel,
"Chaconne in G Major."
Daria van den Bercken မှ တင်ဆက်ထားသည်။
(လက်ခုပ်သံများ)
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)