ကျွန်မ ဘာတွေကိုနှစ်သက်လဲသိလား? စာရင်းလေးတွေလေ.. သင့်မှာ လုပ်စရာတစ်ခုခု ဒါမှမဟုတ် ဈေး၀ယ်ထွက်မယ့်အခါမျိုးတွေမှာဆို စာရင်းလုပ်ထားဖူးလား? အင်တာနက်စာမျက်နှာတစ်ခုခုမှာ မျက်နှာအပြောင်ဆုံး ထိပ်တန်း ခွေး(၁၀)မျိုးရဲ့စာရင်းတွေကောဖတ်ဖူးလား? ကမ္ဘာကြီးဟာ စာရင်းတွေနဲ့ပဲ ပြည့်နက်နေတဲ့တော့ အဲ့လိုဟာမျိုးတွေ သင်ဖတ်ဖူးလိမ့်မယ်ဆိုတာ ကျွန်မကျိန်းသေပြောရဲပါတယ်. "HTML" မှာ အဲ့လိုစာရင်းတွေလုပ်နိုင်ဖို့အတွက် သတ်မှတ်ပေးထားတဲ့ အတွဲလေးတွေပါရှိတယ်။ အဲ့ဒီတော့ ကျွန်မတို့ "ယုန်တွေဟာ ဘာကြောင့် အိမ်မွေးတိရစ္ဆာန် ဖြစ်လာရသလဲ"ဆိုတာ နံပါတ်စဉ်တပ် စာရင်းလုပ်ကြည့်ရင်းနဲ့ "HTML" နဲ့ စာရင်းလုပ်နည်းကို လေ့ကျင့်ကြတာပေါ့။ ကဲ....အခု ကျည်ဆံပုံစံလေးနဲ့ စတဲ့စာရင်းတစ်ခုကိုလုပ်ဖို့ဆိုရင် ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ "ul" ဆိုတဲ့ အတွဲလေးနဲ့စတင်ရပါတယ်။ ဟုတ်ပြီ.. ဒါဆို "ul" ရဲ့အရှည်ကောက်ပါ ဘာလဲ? 'l' ရဲ့အရှည်ကောက်က 'list' (စာရင်း)ဖြစ်မှန်း သင်ခန့်မှန်းမိလိမ့်မယ်ဆိုတာ ကျွန်မပြောရဲပါတယ် 'u' ကတော့ နည်းနည်းခက်လိမ့်မယ် သူက 'unordered' (အစဥ်လိုက်မရှိဘူး) ဆိုတဲ့စကားလုံးပါပဲ အဲ့တော့ အဲ့ဒီ "ul" လေးတွေနဲ့ထည့်ရေးလိုက်ခြင်းအားဖြင့် Browser တွေမှာ ကိုယ့်ရဲ့ပစ္စည်းစာရင်းကို နံပါတ်စဥ်အနေနဲ့မဟုတ်တော့ဘဲ ကျည်ဆံအထောင့်လေးတွေပဲ မြင်ရတော့တာပေါ့ ကျွန်မပြောတဲ့ဟာတွေသဘောပေါက်ဖို့အတွက် ပထမဆုံးအနေနဲ့ တစ်ခုခုထည့်ရေးကြည့်ရအောင် " They're Furry" (သူတို့ တွေဟာ အမွှေးထူကြတယ်) ဒီဘက်ဘေးက စက်၀ိုင်းလေးလိုလိုဟာလေးကို မြင်ရလား ကျည်ဆံပုံစံလေးနဲ့လေ။ ဟုတ်ပြီ အခုနောက်တစ်ခုက 'li' ဆိုတဲ့စာလုံးနှစ်လုံး သူတို့ရဲ့အရှည်ကောက်က ဘာတွေဖြစ်မယ်ထင်လဲ အဲ့မှာ 'l' က 'list' (စာရင်း) ဖြစ်ပြီး 'i' က 'item' (ပစ္စည်းအမျိုးအမည်) ပေါ့ ပစ္စည်းအသစ်တစ်ခုကို ထပ်ထည့်တိုင်း ကျွန်မတို့ 'li' ဆိုတဲ့ဟာလေးကို 'ul' ရဲ့အောက်မှာ အသစ်ထည့်ပေးရတယ် 'ul' တစ်ခုရဲ့အောက်မှာ 'li' အနည်းဆုံးတစ်ခုရှိရတယ် ဘာလို့လဲဆိုတော့ ပစ္စည်းမပါဘဲ နံပါတ်စဥ်သက်သက်ပဲဆိုရင် မြင်ရတာငြီးငွေးစရာကြီးလေ။ ကောင်းပြီ.. အဲ့တော့ နောက်ထပ်ပြီး အဲ့လိုလေး ထပ်ထည့်ကြည့်ရအောင် "Great Listeners" (ယုန်တွေက) ဆိုတဲ့စာကြောင်းနဲ့ (သင်မစားရသေးတဲ့ ခါကြက်ဥတွေကို အကုန်စားပစ်တယ်) ဟုတ်ပြီ ခုစာရင်းလုပ်ထားတဲ့ စာကြောင်းလေးက သဘောကျစရာစာကြောင်းလေးဖြစ်နေတော့ ဒီဟာကို ဖတ်ပြီး ယုန်ကို မလိုချင်တော့တဲ့သူ ရှိမလားပဲ ကျွန်မ အခုဒီစာရင်းတွေကို စဥ်မတပ်ထားဘူး ဘာလို့လဲဆိုတော့ ဘယ်ဟာက ဘယ်ဟာထက် ပိုအရေးကြီးတယ်ဆိုတာ မထင်ရလို့လေ ဒါပေမယ့် လူသိများတဲ့ "ထိပ်ဆုံးယုန်သုံးမျိုး" လို့ ကျွန်မတို့ရေးချင်တဲ့အခါမျိုးတွေမှာတော့ နံပါတ်စဥ် တပ်ဖို့လိုမှာပေါ့။ ကောင်းပြီ နောက်တစ်ခုက ကျွန်မတို့ 'ul' အစား 'ol' ကိုသုံးပြီး နံပါတ်စဥ်တပ်ကြည့်ကြရအောင် 'ol' ဆိုတဲ့အရှည်ကောက်လေးတွေကော ဘာဖြစ်လိမ့်မယ်လို့ ထင်ရလဲ သဲလွန်စအနေနဲ့ပေးရမယ်ဆိုရင် စောစောတုန်းက ပြောခဲ့တဲ့ 'ul' အရှည်ကောက်ရဲ့ ပြောင်းပြန်ဆိုပါတော့ ဘာဖြစ်မှာလဲဆိုတော့ 'ordered list' (နံပါတ်စဥ်တပ်ထားတဲ့စာရင်း) ဆိုတာပေါ့။ အဲ့ဒီ 'ol' လေး ထည့်လိုက်ခြင်းအားဖြင့် Browser က စာကြောင်းအသစ် (ပစ္စည်းအသစ်) တွေကို အလိုအလျှောက် နံပါတ်စဥ်တပ်ပေးသွားမှာ။ စာရင်းတွေထဲကို ကျွန်မတို့ ပစ္စည်းအသစ်တွေထည့်တဲ့အခါမှာ 'li' ဆိုတဲ့ဟာလေးနဲ့လည်း ပြန်သုံးလို့ရပါသေးတယ် ဥပမာဆိုပါဆို့ "Bugs Bunny" ပြီးတော့ "Thumper" နောက်ထပ်တစ်ခု "Easter Bunny" ဆိုတဲ့စာကြောင်းသုံးကြောင်းကို Browser က ကျကျနနနဲ့ နံပါတ်စဥ်တပ်ပြီး စီပေးလိုက်တော့ သပ်သပ်ရပ်ရပ် ရှိသွားတာပေါ့။ ဒါကြောင့် ကျွန်မတို့ ပစ္စည်းတွေကို ပြန်စီမယ်၊ ဖျက်မယ် ဒါမှမဟုတ် အသစ်ထည့်မယ်ဆိုရင်တောင် Browser က နံပါတ်စဥ်တွေကို အမြဲမှန်နေအောင် ပြန်စီပေးသွားမှာဖြစ်တယ်။ တကယ်လို့ သင်တို့က ကျွန်မကို "Thumper" ဆိုတာ ဘယ်သူတုန်း သူ့ကိုမသိဘူးလို့ ပြောလာခဲ့ရင် ကျွန်မက ပထမဆုံးဦးဆုံးအနေနဲ့ သင်တို့ "Bambi" ရုပ်ရှင်ကို အရင်ကြည့်သင့်တယ် ဆိုပြီး ကတ်သီးကတ်သပ်နဲ့ အဲ့ "Thumper" ဆိုတဲ့စာကြောင်းကို အောက်မှာ သွားထားလိုက်မယ်ဆိုရင် "Thumper" ဆိုတဲ့စာကြောင်းက အလိုအလျောက် နံပါတ်စဥ် သုံး ဖြစ်သွားမှာ။ ကဲ့ ဒီလောက်ဆို စာရင်းတွေဘယ်လိုစီရလဲဆိုတာ အကုန်လည်းသိပြီးသွားပြီဆိုတော့ ဆက်ပြီး ပစ္စည်းတွေအားလုံးကို စာရင်းတွေ လုပ်ကြည့်ကြပါစို့ ..