စိတ်ကူး တဒင်္ဂ ကာလထဲမှာ...
၁၉၂၀ နှစ်လွန်တွေပါ။
၎င်းအမျိုးအစားမှာ ပထမဆုံးဖြစ်တဲ့
ရောဂါပိုးတွေကို သတ်ပြီး ပိတ်ပေးတဲ့
ကြီးမားတဲ့ ပိတ်ကျဲ ဆေးပတ်တီးတွေ
ထုတ်လုပ်ရေးအတွက် Johnson and Johnson ဟာ
အခြေတကျ ရပ်တည်နေပါပြီ။
Earle Dickson လို့ခေါ်တဲ့ ဝန်ထမ်းဟာ
မကြာခင်မှာပဲ အတော် မတော်တဆဖြစ်တတ်တဲ့
အမျိုးသမီးငယ် တစ်ယောက်ကို လက်ထပ်လိုက်တယ်။
သူမအိမ်တွင်းက ထိရှတာ၊ လောင်တာတွေဟာ ကုမ္ပဏီ
ခွဲစိတ်ခန်း ပတ်တီးစည်းတာအတွက် အပယိကဆိုတော့
Earle ဟာ စိတ်ကူး တဒင်္ဂလေးမှာ ပိုးသတ်ဆေး
ပိတ်ကျဲကို လေးထောင့်ဖြတ်ပြီး
သူမရဲ့ လက်ချောင်းကို ကော်ပါတဲ့
အစနဲ့ မြဲအောင်လုပ်ပေးတယ်။
Earle ဟာ သူ့ရဲ့ ကိုးရိုးကားယား ဇနီးအတွက်
ဒီပတ်တီးတွေး အများကြီး လုပ်ခိုင်းခံရတယ်။
ဒါတွေ ထုတ်လုပ်ရေး အသေးစားအတွက်
နည်လမ်းတစ်ခု သူကြံဆတယ်။
ကော်ပါတဲ့ အပိုင်းကို အတူတူ
ကပ်မသွားရအောင်
ဒါတွေကို အတွင်းခံပိတ်စနဲ့
လိုင်းခံလိုက်တယ်။
Johnson and Johnson ဟာ
Earle ရဲ့ တီထွင်မှုကို စတင်ထုတ်လုပ်တယ်။
ပြောင်မြေက်တဲ့ စျေးကွက်
လှုပ်ရှားမှု တစ်ခုမှာ
အကန့်အသတ်မရှိတဲ့ ဆေးပလတ်စတာတွေကို
အမေရိက တစ်လွှားက
ကင်းထောက်တပ်ဖွဲ့တွေကို အခမဲ့ ဝေငှလိုက်တယ်။
အိမ်သုံးပစ္စည်း တစ်ခုဖြစ်လာဖို့
အချိန် သိပ်မကြာခဲ့ပါဘူး။
Johnson and Johnson ဟာ
ဖန်တီးခဲ့တဲ့ နောက်မှာ
အံ့ဖွယ်ရာ ဘီလီယံ ၁၀၀ ဆေးပလတ်စကာ
လုပ်ပြီးပြီလို့ ခန့်မှန်းကြတယ်။